သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မောင်တောတွင် မြိုတိုင်းရင်းသား လူငယ်တစ်ဦး သတ်ဖြတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 696

သဥ္ဇာနွယ်/ နိရဥ္စရာ၊ မေ ၂ / ၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ပျောက်ဆုံးနေသည့် မြိုလူငယ်တစ်ဦးအလောင်းကို ၂ရက်အကြာတွင်  ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

 သေဆုံးသွားသူမှာ မောင်တောမြို့နယ် တရိန်း ( မြို) ရွာမှ အဖ ဦးမေဆန်း၏သား မောင်ပေါ်ဝေ အသက်( ၁၃ )နှစ် ဖြစ်သည်။

မောင်ပေါ်ဝေသည်ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က နွားကျောင်းသွားစဥ် ပျောက်ဆုံးသွားခဲ့ပြီး ရွာသားများက လိုက်လံရှာဖွေရာ  ဧပြီ ၂၇ ရက်နေ့  မွန်းလွ၁၂ နာရီကျော်ခန့်က တူလာကီမွတ်ဆလင်(ရွာဟောင်း)တွင် အလောင်းကိုတွေ့ရှိခဲ့သည်ဟု ၎င်းကျေးရွာသား တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

ရွာကနေ သူနဲ့သူ့ သူငယ်ချင်း ၃ ယောက် နွားကျောင်းသွားကြတယ်။ အဲ့ဒီ မှာ မောင်ပေါ်ဝေက သူကျောင်းနေတဲ့နွား ၂ ကောင်က မင်းကြီးရွာဟောင်းဘုန်းကြီးကျောင်းနားက တောထဲကိုဝင်သွားလို့ လိုက်ရှာရင်းနဲ့ ပျောက်သွားတာ။ သူ့သူငယ်ချင်းတွေက အိမ်ကိုညနေ ၄ နာရီလောက်ပြန်ရောက်ပြီး သူကပြန်မရောက်တေ့ာ မိဘတွေက စိတ်ပူလို့ ရွာသားတွေကို အကူအညီတောင်းပြီး လိုက်ရှာတာ ၂၇ ရက်နေ့ မှာပဲ သေဆုံးနေတဲ့ရုပ်အလောင်းကိုတွေ့တယ်ဟုပြောသည်။

မောင်ပေါ်ဝေကို သတ်ဖြတ်သူမှာ မည်သူမည်ဝါမသိရသေးသော်လည်း နွားမှောင်ခိုလုပ်နေသည့် လူအုပ်စုက သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု တရိန်းရွာသားများက ယူဆကြောင်းသိရသည်။

ဘယ်သူဘယ်ဝါဘယ်အဖွဲ့က သတ်တယ်လို့မသိရသေးပေမယ့် ရွာသားတွေထင်တာက  အဲ့ဒီဖက်မှာ နွားမှောင်ခိုလုပ်တဲ့သူရှိနေတယ်။ အနည်းဆုံး ၇ ယောက် အုပ်စုလိုက်စီရှိကြတယ်။ ၂၆ ရက်နေ့ကရှာတုန်းက တောထဲမှာ မြင်းခြံဖိနပ်တစ်ဖက်ကိုတွေ့ခဲ့တယ်။ အဲ့ဒါက လူသတ်သမားဖိနပ်လို့ ယူဆကြတယ်ဟုပြောသည်။

မောင်ပေါ်ဝေတွင် ဘယ်ဖက်မှေးရိုးကျိုးပြီး၊ဘယ်ဖက်မျက်လုံး တစ်ဖက်ထွက်ကျနေကာ၊ လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း ရွာသားများကပြောသည်

ယခုကဲ့သို့ လူငယ်တစ်ဦးသတ်ဖြတ်ခံရသဖြင့် ကျေးရွာသားများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

ဆက်စပ် သတင်းများ