- Web Master
- ၂၅ ဧပြီ ၂၀၂၄
ကနေဒါအစိုးရက
အိန္ဒိယ ထိပ်တန်းထောက်လှမ်းရေးအရာရှိ တစ်ဦးအား နိုင်ငံမှ နှင်ထုတ်လိုက်ပြီး
နာရီပိုင်းအကြာတွင် အိန္ဒိယနိုင်ငံကလည်း လက်တုန့်ပြန်သည့် အနေဖြင့်
အိန္ဒိယရှိ ကနေဒါ သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြီး
ငါးရက်အတွင်း နိုင်ငံမှ ထွက်ခွာသွားရန် နှင်ထုတ်လိုက်သည်ဟု
သိရှိရသည်။
ကနေဒါအစိုးရသည်
ဆစ်ခ် ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး ကနေဒါတွင် သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍
အိန္ဒိယအစိုးရ ထောက်လှမ်းရေး လက်ချက်ဖြစ်သည်ဟု
စွပ်စွဲကာ အိန္ဒိယသံအမတ်အား နိုင်ငံမှ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနှင့် ကနေဒါနိုင်ငံအကြား ဆစ်ခ်ခေါင်းဆောင် လုပ်ကြံခံရမှုကို အကြောင်းပြု၍ တင်းမာမှုများ မြင့်တက်နေပြီး ကနေဒါအစိုးရသည် ဗြိတိသျှကိုလံဘီယာတွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် လုပ်ကြံမှုနှင့် ပတ်သက်၍ ခိုင်မာသည့် သက်သေပြချက်ရရှိအောင် ကြိုးပမ်းလျှက် ရှိနေသည်။
အိန္ဒိယအစိုးရသည်
နယူးဒေလီရှိ ကနေဒါသံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြီး နိုင်ငံမှ
ထွက်ခွာသွား ရန် အမိန့်ပေးခဲ့သည်ဟု
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
“ ဒီဆုံးဖြတ်ချက်ဟာ စိုးရိမ်စရာ ဖြစ်လာနေတဲ့ ကနေဒါသံတမန်တွေရဲ့ အိန္ဒိယပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု နဲ့ အိန္ဒိယဆန့်ကျင်ရေးလှုပ်းရှားမှုတွေအပေါ် အိန္ဒိယအစိုးရရဲ့ တုန့်ပြန်မှုပါပဲ” “ လာမယ့် ငါးရက်အတွင်း သက်ဆိုင်တဲ့ သံတမန်တွေအားလုံး နိုင်ငံက ထွက်ခွါသွားဖို့ ညွှန်ကြားထားပါတယ်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
NN-27
Ref: Financial Express