သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းပြည်နယ်တွင် အာသံ ရိုင်ဖယ်တပ်က လက်နက်များနှင့် စစ်ဘက်သုံးပစ္စည်းများ ဖမ်းဆီးရမိ



အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းပြည်နယ်တွင် အာသံ ရိုင်ဖယ်တပ်က လက်နက်များနှင့် စစ်ဘက်သုံးပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယ သတင်းများတွင်ဖော်ပြထားသည်။

တိကျသည့် ထောက်လှမ်းရေးများ၏သတင်းအချက်အလက်ပေးပို့ခြင်းကြောင့်  အာသံ ရိုင်ဖယ်သည် လက်နက် ခဲယမ်း မီးကျောက် နှင့် အခြား စစ်ဘက်ပစ္စည်း အများအပြားကို နာဂလန်း ပြည်နယ်၊ မွန်ခရိုင်၌ ဧပြီလ ၂၉ ရက် တွင် ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း The Financial Express သတင်းတွင်ဖော်ပြထားသည်။

နံနက်အစောပိုင်းတွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ် လူတစ်ဦးကို သံသယရှိ၍ စစ်ဆေးခဲ့ရာစစ်ဘက်ပစ္စည်း အများအပြားနှင့်အတူ ပစ္စတို ၁၀ လက်၊ လက်ကိုင်ရေဒီယို များ ၊ ဂြိုလ်တုဖုန်းတစ်လုံး၊ Kenbo စက်ဘီးတစ်စီး၊ Bolero ကားတစ်စီးဖမ်းမိခဲ့ကြောင်းသိရသည်။

နယ်စပ်ဒေသအနီးရှိ လက်နက်ကြီးများနှင့် စစ်ဘက်သုံးပစ္စည်းများကိုဖမ်းမိခြင်းသည် အာသံရိုင်ဖယ်ဆပ်၏  နယ်စပ်စစ်ဆင်ရေးအတွက် အဓိက အောင်မြင်မှုတစ်ခုဖြစ်ကြောင်းလည်း အိန္ဒိယ သတင်းများတွင်ဖော်ပြထားသည်။

ဖမ်းဆီးရမိသူနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများအား နာဂလန်း ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ- The Financial Express

 

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!