သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြောက်ကယ်ရိုလိုင်းနားတွင် ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိလေးဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 296

ဂျွန်နသန်၊နိရဉ္စရာ၊ ဧပြီ ၃၀/ ၂၀၂၄ (နိုင်ငံတကာ)

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte ရှိ အိမ်တစ်အိမ်တွင် တရားမ၀င် သေနတ်ကိုင်ဆောင်သူဟုသံသယရှိသူ တရားခံဟောင်းတစ်ဦးကို ဖမ်းဆီးရန် ကြိုးပမ်းရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲအရာရှိလေးဦး ပစ်ခတ်မှုအတွင်းသေဆုံ: ခဲ့သည်။

ပစ်ခတ်မှုသည်သည်သုံးနာရီကြာမြင့်ခဲ့ပြီး ရဲအချို့လည်းထိခိုက်ဒဏ်ရာရှိခဲ့သည်။ နောက်ဆုံးတွင် ရဲများက အဆိုပါ သံသယရှိသူအား ၄င်းအိမ်ရှေ့ ပန်းဥယျာဥ်၌ သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။


ပစ်ခတ်မှုအတွင်း၎င်း၏ အေးဂျင့်တစ်ဦး သေဆုံးကြောင်း၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အရွယ်ရောက်သူပြုပြင်ရေးဌာနမှ အရာရှိ နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း မြောက်ကယ်ရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper က ပြောကြားခဲ့သည်။




ရဲအရာရှိ Joshua Eyer သည် ဆေးရုံတွင် နာရီအနည်းငယ်အကြာတွင် သေဆုံးသွားခဲ့ကြောင်း ရဲချုပ် Johnny Jennings က အမေရိကန်မီဒီယာသို့ ပြောကြားခဲ့သည်။

 

ရဲအရာရှိ Joshua Eyerသည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ဧပြီလအတွက် ဌာန၏ တစ်လတာ အကောင်းဆုံးရဲအရာရှိဖြစ်ကြောင်းရဲချုပ် Johnny Jennings ပြောကြားသည်။

“ဒီနေ့မှာ  ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်အချို့ဟာ ကျွန်ုပ်တို့ရပ်ရွာရဲ့ ဘေးကင်းရေးနဲ့ ကာကွယ်ရေး အတွက် အဆုံးစွန်သောစွန့်လွှတ်အနစ်နာခံမှုကို ပြုလုပ်ခဲ့ကြ ပါတယ်။  အရာရှိအားလုံးရဲ့ ရဲစွမ်းသတ္တိကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟုCMPD [Charlotte-Mecklenburg Police Department] မှ  ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Source/The Telegraph and Photo: Internet

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!