သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်သင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ်က ရေအမြောက်နဲ့ ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 261

(နယ်မြေပိုက်နက် အငြင်းပွားနေမှု ပဋိပက္ခများကို ပိုမိုတင်းမာလာ)

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁ /၂၀၂၄

 

 တောင်တရုတ်ပင်လယ်ရှိ နှစ်နိုင်ငံအငြင်းပွားနေသည့် ကမ်းရိုးတန်းအနီးတွင် ဖိလစ်ပိုင်ကင်းလှည့် သင်္ဘောနှစ်စင်းအား တရုတ်ကမ်းခြေစောင့်သင်္ဘောများက ရေအမြောက်များဖြင့်ပစ်ခတ်ခဲ့ကြောင်း အေပီသတင်ကိုကိုးကားပြီး ဝါရှင်တန်ပို့စ်ကသတင်းဖော်ပြသည်

 

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွင်  ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် သင်္ဘော BRP BAGACAY (MRRV-4410) သည် တောင်တရုတ်ပင်လယ် အတွင်း Bajo De Masinloc ဟုလူသိများသည့် Scarborough ကမ်းရိုးတန်းအနီးရှိ ရေပြင်တွင်တရုတ်ကမ်းခြေစောင့် တပ်မှ ရေအမြောက်ဖြင့် ပစ်ခတ်မှုကိုခံခဲ့ရသည်။

 

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ကမ်းရိုးတန်းအနီးတွင် ဖိလစ်ပိုင်ကင်းလှည့် သင်္ဘောနှစ်စင်းအား တရုတ်ကမ်းခြေစောင့်သင်္ဘောများက ရေအမြောက်များဖြင့် အင်္ဂါနေ့က ပစ်ခတ်ခဲ့ရာ ယင်းသည် နယ်မြေပိုက်နက် အငြင်းပွားနေမှု ပဋိပက္ခများကို ပိုမိုတင်းမာလာစေခဲ့သည်။

 

ယမန်နှစ်ကတည်းကစပြီးတရုတ်နှင့်ဖိလစ်ပိုင်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားနေသည့် အငြင်းပွားဒေသနှစ်ခုအနက် တစ်ခုဖြစ်သည့် Scarborough Shoal တွင် ဖြစ်ပွားခဲ့သည့် ယခုဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိမှု သတင်းကို ချက်ခြင်းထုတ်ပြန်ခြင်းမရှိသေးပေ။

 

Source/The Washington Post.

ဆက်စပ် သတင်းများ