သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

တရုတ်နိုင်ငံတွင် မိုးကြီး၍ အမြန်လမ်းမြေပြိုမှုကြောင့် သေဆုံးသူ ၃၆ ဦးထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 179

ဂျွန်နသန်၊ နိရဉ္စရာ၊ မေလ ၂

 တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံတွင် မိုးကြီးပြီး အမြန် လမ်းပြိုကျမှုကြောင့် သေဆုံးသူ ၃၆ ဦးအထိ မြင့်တက်လာကြောင်း တရုတ်Xinhua သတင်းကဖော်ပြသည်။

 

တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်သို့သွားသော ကွမ်တုန်းပြည်နယ် မိန်သာ့အမြန်လမ်း တွင် မေ ၁ ရက် နံနက် ၂ နာရီ ၁၀ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုမှုကြောင့် အမြန်လမ်းမြေပြိုမှု ဖြစ်ပွားခဲ့သည်။



 

အဆိုပါ အမြန်လမ်းမြေပြိုမှုကြောင့် မေ ၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်အထိ ယာဉ် ၂၃ စီး ပြုတ်ကျခဲ့ကြောင်းတွေ့ရှိခဲ့ပြီး လူ ၃၆ ဦး သေဆုံးခဲ့ကာ  ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိန်ကျိုးမြို့ သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ သတင်းရရှိခဲ့သည်ဟု တရုတ်နိုင်ငံပိုင် Xinhuaသတင်းက ဖော်ပြသည်။

 

မြေပြိုမှုကြောင့်လမ်းနှစ်ဖက်စလုံးတွင် ယာဉ်ကြောပိတ်ဆို့နေသောကြောင့် ရဲတပ်ဖွဲ့နှင့် အခြားအရေးပေါ်ဌာနများမှ ကယ်ဆယ်ရေးသမား ၅၀၀ ကျော်ကို ဖိအားပေးခေါ်ယူခဲ့ရကြောင်း ပြည်နယ်အစိုးရသည် လက်ရွေးစင်ပထူးတပ်ဖွဲ့များကို စုစည်းကာ ရှာဖွေကယ်ဆယ်ရေးများကို လုပ်ဆောင်ခဲ့ကြောင်း၊ ယခုချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်း

ပြည်နယ်အစိုးရတာ၀န်ရှိသူကဆိုသည်

ဆက်စပ် သတင်းများ