သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းမှားများ၊ လုပ်ကြံသတင်းများနှင့် ပြန့်နှံ့နေခြင်းကို ကုလသမဂ္ဂက စိုးရိမ်မိကြောင်းပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

နိရဉ္စရာ၊ မေ ၂/၂၀၂၄

 မြန်မာနိုင်ငံတွင် အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းမှားများ၊ လုပ်ကြံသတင်းများနှင့် ပြန့်နှံ့နေခြင်းကို ကုလသမဂ္ဂ က စိုးရိမ်မိကြောင်းကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ပြောခွင့်ရသူ က ပြောကြားသည်။

 

အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းအမှားများ၊ မဟုတ်မမှန်လုပ်ကြံသတင်းများနှင့်  အမုန်းစကားများ ပြန့်နှံ့နေခြင်းကို  စိုးရိမ်မိကြောင်းကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ပြောခွင့်ရသူ  Stéphane Dujarric က မေလ ၁ ရက်ကကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲသည်။

 

လက်ရှိ နှစ်ဖက်တင်းမာမှု တိုးမြင့်လာနေသည့်လက္ခဏာများ ၊ မငြိမ်မသက်ဖြစ်နေသည့်အခြေအနေ ၊အကြမ်းဖက်မှုများ ပြန်လည်ပေါ်ပေါက်လာနိုင်သည့် အနေအထားတွင် နှစ်ဖက်စလုံးစည်းလုံးညီညွတ်မှု ရအောင် နှစ်ဆတိုးလုပ်ဆောင်ပေးနေသည့် ရခိုင်ဒေသရှိ ရပ်ရွာခေါင်းဆောင်များ အထူးသဖြင့် အမျိုးသမီးများနှင့်လူငယ်များကို အပြည့်အဝ ထောက်ခံပါကြောင်း ၄င်းကဆက်လက်ပြောကြားသည်။


ရခိုင်ပြည်နယ်တွင် စနစ်တကျ ခွဲခြားဆက်ဆံခြင်းနှင့် ပြစ်ဒဏ်ပေးခြင်း စသည့်မူလဇစ်မြစ်ကို ဖြေရှင်းမှာသာ မြန်မာနိုင်ငံ တွင်လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ 

 

ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် မြန်မာနိုင်ငံ၏ ဆိုးရွားသော အကြမ်းဖက်မှုသံသရာကို မီးထိုးပေးရုံသာဖြစ်ကြောင်း ၄င်းကပြောဆိုသည်

 

မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချရာတွင် တသမတ်တည်း လုပ်ဆောင်ခဲ့ပြီး အကူအညီပေးရေး လုပ်သားများ အပါအဝင် အရပ်သားများကို အကာအကွယ်ပေးရန် ၊နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် အညီ ဆောင်ရွက်ကြရန် ၄င်းက တောင်းဆိုလိုက်သည်။ .

 

Source/UN News

ဆက်စပ် သတင်းများ