တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရှမ်းတော်လှန်ရေးတပ် SSPP/SSA လည်း စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်တော့မည်ဖြစ်ကြောင်းကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 5.1k

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ မေ / ၂၀၂၄

 

ရှမ်းပြည်ထဲမှ လက်နက်ကိုင် တော်လှန်​ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)  စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

 

ထိုသို့ တော်လှန်တိုက်ခိုက်မည်ဖြစ်ကြောင်းကို SSPP/SSA  မှ ဒုတိယ က္ကဋ္ဌ  ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ၎င်းတို့၏ SSPP Info စာမျက်နှာမှ တဆင့် ယနေ့ မေ ရက်နေ့ ညပိုင်းတရားဝင် ကြေညာလိုက်သည်။

 

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည်ဖြစ်ကြောင်း တိုက်ပွဲဝင်ရသည့် အကြောင်းကို ရှင်းလင်း ဖော်ပြသည်။

 


စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်နိုင်ရန် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှုပစ်ပယ်ကာ တပြည်ထောင် စနစ် တည်ဆောက် ခဲ့သောကြောင့် ယခုလို ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၎င်းက ဆိုသည်။

 

နိုင်ငံရေးကို နိုင်ငံရေး လမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကထဲကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမျိုပြီး ပင်လုံ စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စား ပွဲဝိုင်းပေါ် ဆွေးနွေး ညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝ မပေးနိုင် တော့တဲ့ အဆုံး လက်နက် ကိုင် တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြော သည်။

ထို့အပြင်စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် ဦးဆောင်မှု အောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပါအဝင် ပြည်သူလူထု အား လုံး ကြိုးစား တိုက်ပွဲဝင်ကြရန် ဆက်လက် တိုက်တွန်း နှိုး ဆော်ခဲ့သည်။



 ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က တွေဝေနေလို့ မဖြစ်တော့ပါဘူး အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခု ချိန်မှာတော့ အဖြေရှာဖို့ လမ်း စဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့ အတွက် ဒီနေ့ ရုန်းကန်ရပါမယ်ပြောသည်။

 

SSPP/SSA သည် ဉီးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် ပဏာမအပစ်ရပ် စာချုပ်များ လက်မှတ်ရေးထိုးခဲ့သော် လည်း စစ်တပ်နှင့် တိုက်ပွဲများ တခါတရံ ဖြစ်ပွားခဲ့ပါသည်။

 

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များ အတွင်း ဌာနချုပ် ရှိရာ ဝမ်ဟိုင်းကို ဗမာစစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ ကြီး မားသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

ဓာတ်ပုံ- SSPP Info

 

 

ဆက်စပ် သတင်းများ