သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မင်းပြားမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

စောရှင်မေ၊ နိရဉ္စရာ၊ မေ ၁/၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့ (မြေပုံကားလမ်း၏အနောက်ဘက်) စစ်ကောင်စီ တပ်ရင်းဟောင်းများဖြစ်ကြသည့်  ခမရ (၃၇၉)၊ (၃၈၀)၊ (၅၄၁) တပ်တို့ကို စစ်ကောင်စီက ယနေ့ နေ့လယ် ၁၁ နာရီခွဲခန့်တွင် လေယာဥ်ဖြင့် ဗုံးလာကြဲသွားသည်ဟု မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" စစ်ကောင်စီတွေက သူတို့ အသိမ်းခံလိုက်ရတော့စခန်းတွေမှာ အာရက္ခတပ်သားတွေနေတဲ့ပုံစံနဲ့ လေယာဥ်နဲ့ ဗုံး ၃ လုံးချခဲ့တယ်။ အထိအခိုက်တွေကတော့ သေချာမပြောတတ်ဘူး " ဟုပြောသည်။

ထိခိုက်ပျက်စီးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ မနက် ၁၀ နာရီခန့် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသည့်အတွက် စျေးဟောင်းပိုင်းရပ်ကွက်ရှိ ရဲစခန်းနဲ့  သပြေညို ရပ်ကွက်မှာ ဗုံးများ ကျရောက်ခဲ့ပြီး သပြေညိုရပ်ကွက်က  နေအိမ် ၅ လုံးမီးလောင်ခဲ့ပြီး၊ ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။ 

၎င်းအပြင် ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်တွင်လည်း စစ်တွေမြို့ ရဲတပ်ရင်း ၁၂ မှလည်း လက်နက်ကြီးပစ်ခတ်သည့်အတွက် မင်းပြားမြို့နယ် သမင်ခြေရာကျေးရွာတွင်လည်း အမျိုးသားနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟုလည်း မြို့ခံများကပြောသည်။

ဆက်စပ် သတင်းများ