တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြို့နယ်မှ AA သိမ်းပိုက်ထားသည့် စခန်းဝန်းကျင်ကို စစ်ကောင်စီက ဂျက်လေယာဉ် သုံးစင်းဖြင့် လာရောက်ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 5.5k

(ကျေးရွာ ၈ ရွာမှ နေအိမ်အချို့မီးလောင်)

 နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၆ ရက်/၂၀၂၄

 

အာရက္ခတပ်တော် (AA) လက်ထဲသို့ ကျရောက်သွားပြီဖြစ်သည့် ကျီးကန်းပြင်၊ လှဖိုးခေါင်၊ ကြိမ်ချောင်းဝန်းကျင်များကို စစ်ကောင်စီက ယနေ့ နေ့လယ်က ဂျက်တိုက်လေယာဉ် ၃ စင်းဖြင့် အနည်းဆုံး ဗုံး(၄) ကြိမ်အထိ လာရောက် ကြဲချခဲ့သည်ဟု သိရသည်။

 

ဒေသခံ တစ်ဦးက တစ" ဒီနေ့တစ်ရက်လုံး မောင်တောမြောက်ပိုင်းနဲ့ တောင်ပိုင်းတွေကို ဂျက်ဖိုက်တာနဲ့ အေအေ သိမ်းထားတဲ့ နယ်ခြားစောင့်စခန်းနေရာတွေနဲ့ အေအေ စခန်းချနိုင်တယ်လို့ ထင်တဲ့ ကျေးရွာ တွေကို ဗုံးဆက်တိုင်း ကြဲနေတာ။ တစ်ကြိမ်မှာ ဂျက် ၃ စီးပါတယ်။ ၄ ကြိမ်အထိ လာရောက် ဗုံးကြဲချခဲ့ကြတယ်" ဟု ပြောဆိုသည်။  

 

ထိုသို့ ဗုံးကြဲသဖြင့် ကျေးရာအချို့တွင် မီးလောင်မှုများရှိကြောင်း သိရသည်။

 

၎င်းဒေသခံက "လှဖိုးခေါင် နခခ(၁၀) အနီးတစ်ဝိုက်ကို ဂျက်လေယာဥ်နဲ့ ၃ ကြိမ်ဗုံးလာကြဲတာ။ ဂေါင်ညာရွာက နေအိမ်အချို့ မီးလောင်သွားတယ်။ တခြားရွာတွေမှာလည်း အိမ်တွေ မီးလောင် ပြိုပျက်တာတွေရှိတယ်။ အနီးအနားက မွတဆလင်ကျေးရွာ ၆ ရွာနဲ့ ရခိုင်ရွာ ၂ ရွာက ရွာသူ ရွာသားတွေ ထွက်ပြေးနေကြတယ်။ အိမ်တွေက ဘာမှမယူနိုင်ခဲ့ကြဘူး။ ပြေးလာကြတာ ဖိနပ်တောင် မပါကြဘူး"ဟု ြောဆိုသည်။

 

ဂျက်ဖိုင်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ယနေ့ မေလ ၆ ရက် နေယ်ပိုင်၌ ၄ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး အထူးသဖြင့်  လှဖိုးခေါင် နခခ(၁၀)၊ ကျီးကန်းပြင်ဌာနချုပ်၊ ကြိမ်ချောင်း နခခ(၇) စသည့်နေရာဝန်းကျင်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု  ဒေသခံတွေထံမှ တဆင့် သိရသည်။

 

 လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်း အနီးရှိ နခခ(၁၀) အနီးတစ်ဝိုက်အား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မူကြောင်  ပြလဘော်ဇား၊ ပေါင်းဇား၊ ဂေါင်ညှာ၊ မင်္ဂလာကြီး၊ ကျောက်လှေကား၊ သရက်အုပ် (မွတ်ဆလင် )၊ ပြားသား(ရခိုင်)နှင့် မောင်တောတောင်ပိုင်းရှိ ရွှေဗဟိုကျေးရွာများဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ (Photo: MDW)

ဆက်စပ် သတင်းများ