Preview

တရုတ်အပေါ်မှီခိုမှုကို ချိန်ဆ ရမည့် မြန်မာ

ဇန်နဝါရီ ၁၈/ ၂၀၂၀ | ကြည့်ရှုသူ :2825
ဆောင်းပါး

မောင်ဝင်းမော်

တရုတ်နှင့်မြန်မာ တို့ ဒီသတင်းပတ်အတွင်းမှာ ရေးထိုးမယ့် နှစ်နိုင်ငံသဘောတူညီမှုတွေဟာ အနာဂတ်မျိုးဆက်တွေအထိ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ ဒီသတင်းပတ်အတွင်း မြန်မာပြည်ကိုလာရောက်မယ့် သမ္မတရှီကျင့်ပင် ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာပြည်ကို လာရောက်တဲ့ တရုတ်ခေါင်းဆောင်ဖြစ်ပါတယ်။ ဒီခရီးစဉ် အပြီး နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတွေဟာ မြန်မာ့အနာဂတ် နှင့် တရုတ်ရဲ့ ဒေသတွင်းရပ်တည်မှုအနေအထားကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဘေဂျင်းအစိုးရဟာ ဟာ ဒေါ်လာ ဘီလီယံများစွာ တန်ကြေးရှိသည့် အခြေခံအဆောက်အဦး စီမံကိန်းကြီးတွေပါဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်း မြန်မြန်အကောင်အထည်ဖော်ဖို့ မျှော်လင့်နေပါတယ်။

ဒီစင်္ကြံစီမံကိန်းရဲ့ အဓိက ကျောရိုးကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ ရန်ကုန် နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း တွေကို ဆက်သွယ်မယ့် ရထားလမ်းစီမံကိန်းဖြစ်ပါတယ်။ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း(BRI) မှာပါဝင်တဲ့ ဒီစင်္ကြံစီမံကိန်းမှာ ဧရာ၀တီမြစ်ပေါ်မှာတည်ဆောက်မယ့် လျှပ်စစ် မဂ္ဂါဝပ် (၆၀၀၀) ထုတ်လုပ်နိုင်မယ့် ဆည်စီမံကိန်းတစ်ခု နှင့် ရန်ကုန်အနီးဝန်ကျင်းမှာ တည်ဆောက်မယ့် စက်မှုမြို့သစ် စီမံကိန်းတို့လည်း ပါဝင်ပါတယ်။ ဒါဇင်ပေါင်းများစွာရှိတဲ့ ဒီစီမံကိန်းတွေဟာ မြန်မာကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဒေသ ဈေးကွက်နှင့်စည်းနှောင်ချိတ်ဆက်စေမှဖြစ်ပါတယ်။
ဘေဂျင်းအတွက် ပိုအရေးကြီးတာက ဒီစီမံကိန်းတွေဟာ တရုတ်ရဲ့ကုန်းတွင်းပိတ် ဒေသတွေကို အိန္ဒိယ သမုဒ္ဒရာ နှင့် ချိတ်ဆက်မိစေမှာဖြစ်ပါတယ်။ သို့သော် ပြဿနာတစ်ခုရှိနေတာက ဒီစင်္ကြံ စီမံကိန်းဟာ ကမ္ဘာမှာ နိုင်ငံရေးအရ အရှုပ်ထွေးဆုံး ပဋိပက္ခဒေသတွေကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ တရုတ်နှင့် မြန်မာနိုင်ငံဟာ မိုင်ပေါင်း (၁၃၀၀) ခန့်နယ်နမိတ်ချင်း ထိစပ်နေပြီး နယ်စပ်မျဉ်းနှင့် ဧရာ၀တီ မြစ်ဝှမ်းဒေသအကြားက ဗြိတိန်နိုင်ငံ အရွယ်စားရှိတဲ့ နယ်မြေဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တစ်ဒါဇင်လောက် ရဲ့နယ်မြေဖြစ်ပါတယ်။

၂၀၁၀ ဝန်းကျင်ကာလတွေမှာ မြန်မာဗိုလ်ချုပ်ကြီးတွေဟာ တရုတ်တို့ ကြာတောင့်ကြာရှည် တိုက်တွန်းခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေ စတင်ခဲ့ပြီး တရုတ်တို့ မျှော်လင့်ထားတာထက် ကျော်လွန်တဲ့ အနောက်နိုင်ငံတွေ နှင့် ချစ်ကြည်ရင်းနှီးမှု တွေရရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ နယ်စပ်တစ်လျှောက် တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး သောင်းနှင့်ချီတဲ့ ဒုက္ခသည်တွေ ယူနန်ပြည်နယ်ဖက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဂျပန်နိုင်ငံနှင့် အနောက်နိုင်ငံတွေ ကူညီထောက်ပံ့မှုနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် စတင်လာခဲ့ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ ဝါရှင်တန် ကိုသွားရောက်လည်ပတ်တာ အမေရိကန် ထိပ်တန်းအရာရှိကြီးတွေ တရုတ်နယ်စပ်ဒေသတွေမှာ လည်ပတ်သွားလာပြီး လူ့အခွင့်အရေးကိစ္စရပ်တွေ ပြောဆိုဆွေးနွေးတာတွေ က တရုတ်ကို မျက်ခုံးလှုပ်စေပါတယ်။ ၂၀၁၅ ခုနှစ်မှာ လူနည်းစုတိုင်းရင်းသာ လက်နက်ကိုင် ခေါင်းဆောင်တွေနှင့် မြန်မာအစိုးရနှင့် အပစ်ရပ် လက်မှတ်ထိုးဖို့ ညှိနိုင်းခဲ့ကြပါတယ်။ တရုတ်ဟာ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်မှတ်မထိုးဖို့ တိုက်တွန်း ခဲ့ပါတယ်။ တကယ်လည်း တစ်ဖွဲ့မှ မထိုးခဲ့ပါဘူး။ တရုတ်အတွက် အဓိကအရေးကြီးတာက နယ်စပ် တစ်လျှောက်မှာ တိုက်ပွဲမဖြစ်ဖို့နှင့် အနောက်အုပ်စုနှင့် ဂျပန်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြောင်းပြုပြီး မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေမှာ လွှမ်းမိုးမလာစေဖို့ဖြစ်ပါတယ်။ လျင်လျင်မြန်မြန် တိုးတက်နေတဲ့ အနောက်အုပ်စုနှင့် ဆက်ဆံရေးဟာ ဘင်္ဂလီ/ရိုဟင်ဂျာ အကြပ်အတည်းကြောင့် နောက်ဆုပ်သွားခဲ့ပါတယ်။

သို့သော်တရုတ်အနေနှင့် မြန်မာအပေါ် အပြည့်အ၀ မယုံကြည်နိုင်ဖြစ်နေပါတယ်။ နောက်ထပ် အခွင့်အလမ်း တစ်ခု ပေါ်ပေါက် လာတာနှင့် တရုတ်ရဲ့ မဟာဗျူဟာ ပြိုင်ဖက်နိုင်ငံတွေဆီ ပြန်လှည့် သွားမှာကို စိုးရိမ်မကင်းဖြစ်နေပါတယ်။ တရုတ်အတွက် အရေးကြီးတာက အခြေခံအဆောက်အဦ စီမံကိန်းတွေ သက်သက်မဟုတ်ပါဘူး။ တရုတ်ဟာ မြန်မာအတွက် အနီးကပ်ဆုံး မိတ်ဆွေနိုင်ငံတစ်ခု အဖြစ် အခင်းအကျင်းအသစ်တစ်ခု တည်ဆောက်ဖို့ဖြစ်ပါတယ်။  မြန်မာတွေ အမြင်မှာတော့ အခြေအနေက အတော်လေးခြားနားပါတယ်။ တပ်အင်အား ၃၀၀၀၀ လောက်ရှိပြီး သံချပ်ကာယာဉ်တွေနှင့် အမြှောက်တပ်တွေ ပိုင်ဆိုင်ထားတဲ့ အကြီးဆုံးလက်နက်ကိုင်အဖွဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ ၎င်းစတင်တည်ထောင်ချိန် ၁၉၈၉ ခုနှစ် ကတည်းက တရုတ်နှင့် နီးကပ်တဲ့ဆက်ဆံရေးရှိနေခဲ့ပါတယ်။ UWSA က ကူညီထောက်ပံ့ထားတဲ့ လက်နက်ကိုင်အဖွဲ့ နှစ် ဖွဲ့ဟာလည်း ထောင်နှင့်ချီတပ်သားတွေရှိနေပြီး ဒီနှစ်အတွင်း အစိုးရတပ်နှင့် ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ရလဒ်အနေနှင့် သောင်းပေါင်းများစွာသော အရပ်သားတွေ နေရပ်စွန့်ခွာ တိမ်းရှောင် ခဲ့၇ပါတယ်။


အနာဂတ် အပစ်ရပ် ဆွေးနွေးမှုတွေမျာ တရုတ်ဟာ မပါမဖြစ်အနေအထားကို ရောက်ရှိနေပီ ဖြစ်ပါတယ်။ ပိုအရေးကြီးတဲ့ အချက်က တရုတ်ရဲ့ စီးပွားရေးအင်အားဖြစ်ပါတယ်။ နှစ်နိုင်ငံကြားမှာ ထောင်နှင့်ချီတဲ့ အပေးအယူညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး သိန်းနှင့်ချီတဲ့ တရုတ်နိုင်ငံသားတွေဟာ လုပ်ငန်းတွေလုပ်ကိုင်ဖို့ မြန်မာပြည်ကို ရွှေ့ပြောင်းနေကြပါတယ်။ ဒီနှစ်အတွင်းမှာ တရုတ်ခရီးသွား တစ်သန်းကျော် ဝင်ရောက်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာ့စီးပွားရေးဟာ ချေးငွေရရှိနိုင်မှု အခက်အခဲနှင့် အိမ်ခြံမြေဈေးကွက် ပြိုလဲမှုကြောင့် ရုန်းကန်ရေရပါတယ်။ အစိုးရဟာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ဂျပန် နှင့် အခြားနိုင်ငံတွေဆီ ဦးလှည့်ခဲ့ပါတယ်။ သို့နှင့်တိုင် ဘယ်နိုင်ငံမှ တရုတ်ရင်းနှီးမြှုပ်နှံမှု အင်အားကို မမီပါဘူး။ တရုတ်ရင်းနှီးမြှုပ်နှံမှုကို ငြင်းဆန်ဖို့က မဖြစ်နိုင်ပါဘူး။ တရားမဝင်စီးပွားရေး လုပ်ငန်းတွေကလည်း အလေးထားစဉ်းစားရမည့်ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့မှာ မူးယစ်ဆေးဝါး (methamphetamines) အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီမူးယစ်ဆေး တွေကို ရထားလမ်း စီမံကိန်း ဖြတ်သန်းမည့် လက်နက်ကိုင်အင်အားစုတွေထိန်းချုပ်ရာ ဝန်းကျင်နေရာတွေမှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မူးယစ်ဆေးက ရရှိတဲ့ ဝင်ငွေတွေကို တရုတ် နယ်စပ်က ကာဆီနို လောင်းကစား ရုံတွေမှာ ငွေကြေးခဝါချ တာတွေ လုပ်ဆောင်နေပါတယ်။ ဒီငွေပမာဏ ဟာ အမေရိကန်ဒေါ်လာ (၆၀) ဘီလီယံ ခန့်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

မူးယစ်ဆေးထုတ်လုပ်ဖို့လိုအပ်တဲ့ ဓါတုပစ္စည်းတွေ အများစုကလည်း တရုတ်က လာတာဖြစ်ပါတယ်။  ဒီတရားမဝင် လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ပူးပေါင်းကူညီမှုက မရှိမဖြစ်လိုအပ်ပါတယ်။ မြန်မာဟာ တရုတ်အတွက် စမ်းသပ်ချက် တစ်ခုဖြစ်ပါတယ်။ တရုတ်ဟာ နိုင်ကွက်အားလုံးကို ကိုင်ထားပီးဖြစ်ပါတယ်။ တာဝန်သိသော မဟာအင်အားကြီးနိုင်ငံတစ်ခုအဖြစ် လုပ်ဆောင်နိုင်ဖို့အသာထား၊ ရှုပ်ထွေးလှတဲ့ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်တို့ ၎င်းတို့ရဲ့အကျိုးစီးပွားကိုရအောင် လုပ်ဆောင်နိုင်မလား ဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ မြန်မာအတွက် စိန်ခေါ်မှု ကတော့ ရှင်သန်ရပ်တည်မှုကို အဆုံးအဖြတ်ပေးနိုင်လောက်အောင် အရေးကြီးပါတယ်။ မြန်မာနိုင်ငံဟာ အရေးတကြီးစိန်ခေါ်မှုများစွာ နှင့် ရင်ဆိုင်နေရပါတယ်။ တိုင်းရင်းသား လူမျိုးစုပဋိပက္ခ၊ ဆင်းရဲချမ်းသာကွာဟမှု ကြီးထွားလာခြင်းနှင့် ရာသီဥတု ပြောင်းလဲမှု ကြောင့်ပျက်စီး ဆုံးရှုံးနိုင်ချေ ခြိမ်းခြောက်မှု တို့ဖြစ်ပါတယ်။ ဒီမိုကရေစီအားကောင်းခိုင်မာစေဖို့၊ ခွဲခြားမှုတွေအဆုံးသတ်ဖို့၊ နိုင်ငံ့စီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့ နှင့် သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှု အန္တရာယ် အတွက် ပြင်ဆင်ထားဖို့ အတွက် အခြေခံကျကျ ဆန်းသစ်တဲ့ အစီအစဉ်တွေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ အမျိုးသားရေး သံသယတွေ နှစ်ဖက်လုံးမှာ မြင့်တက်လာနိုင်ပါတယ်။

မောင်ဝင်းမော်
Financial Times သတင်းစာတွင်ဖော်ပြထားသော ဆရာ သန့်မြင့်ဦး ရေးသားသည့် Myanmar must weigh up the extent of its dependence on China ဆောင်းပါးအား ပြန်ဆိုသည်။

----------------------

Unicode











#ဆောင်းပါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.