Preview

အာရှတိုက်ရဲ့ ………နေဝန်းနီ (မြန်မာ့လွတ်လပ်ရေး - အဖိုးရှင်) ဆရာတော် -ဦးဥတ္တမ

စက်တင်ဘာ ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :5890
ဆောင်းပါး


(၁)

ကျနော်ဟာ- ၂၀၂၀ - ခု၊ အောက်တိုဘာလထုတ်၊ သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ(၇) အမှတ်(၆)မှာ (၈၁)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အမှတ်တရ အနေဖြင့် ( အာရှရဲ့နေဝန်းနီ ဆရာတော်ဦးဥတ္တမ၊အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်  ၇ခိုင်၊ မြန်မာပဏ္ဍိတ် - ဆရာကြီး ဦးဦးသာထွန်း)ဆိုတဲ့ခေါင်းစီးနှင့် စာတစ်ပုဒ် ရေးဖြစ်ခဲ့ဖူးပါတယ်။အခု ဒီစာကိုဖြည့်စွက်ရေး၇တာပါ။

ထိုစာအတွင်- မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းသည် - အမျိုးသားခေါင်းဆောင်၊လွတ်လပ်ရေး ဖခင်တစ်ဦးဖြစ်သကဲ့သို့ - မြန်မာနှင့် အာရှတိုက်သားများနိုးကြားအောင်စတင် မျိုးစေ့ချပေးခဲ့သော - ဆရာတော်ဦးဥတ္တမကျေးဇူးကို ( မဖုံးကွယ်၊မဖြယ်ဖျက်သင့်ကြောင်း) အလားတူ ၇ခိုင်သူ/သားများ အတွက် ၇ခိုင်မြန်မာ ပဏ္ဍိတ် - ဆရာကြီးဦးဦးသာထွန်း၏ဘ၀ပေးဆောက်ရွက်မှုများကိုဂုဏ်ပြုမှတ်တမ်းတင်သင့်ကြောင်း ရေးသားနိုးဆော်ခဲ့ပါသည်။ အခုတဖန်- ထပ်ရေးရသည်ကဆရာတော်ဦးဉတ္တမရဲ့ ထေရုပ္ပတ္တိကို ကျနော် - ရေးသားရန် မရည်ရွယ်ပါ။ကျနော်လက်လှမ်းမှီသလောက် - (ဦးနု) အစိုး၇လက်ထက် - စာပေဗိမ္မာန်မှ ထုတ်ဝေသော (ဆရာတော်-ဦးဉတ္တမ ထေရုပ္ပတ္တိစာအုပ်) ယခုနောက်ပိုင်း -ဆရာတော်ဦးဉတ္တမနှင့်ပတ်သက်လို့(အသျှင်ဣန္ဒဝံသ(ကိန်းသာ) ရေးသားပုံနှိပ်ထုတ်ဝေတဲ့အာရှတိုက်ရဲ့ မီးရှုးတန်ဆောင်- အသျှင်ဥတ္တမ - စာအုပ်၊ ဘိက္ခုဦးဥတ္တမ၏အဘိဓမ္မာ(မြန်မာ- အင်္ဂလိပ်)ပ + ဒု၊ စာအုပ်၊ ၇ဟန်းတော် - ဦးဉတ္တမ၏ ဥရောပ၊အာရှကမ္ဘာလှည့် ခရီးစဉ်စာအုပ်၊ ဦးဥတ္တမ၏ နိုင်ငံရေးအမှုကောက်ကြောင်းစာအုပ်၊ဦးဥတ္တမအတွက်- ဒိုင်ယာရီစာအုပ်၊ ဦးဥတ္တမနှင့်တရုတ်ပြည်စာအုပ် ဦးဥတ္တမနှင့်အိန္ဒိယပြည်စာအုပ် တို့တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ ကျနော့်အနေနဲ့ ဒီစာမှာ….ကျနော် ပေးထားတဲ့ …. ခေါင်းစီး ( အာရှတိုက်ရဲ့နေဝန်းနီ၊မြန့်မာ့လွတ်လပ်ရေး(အဘိုးရှင် ဆရာတော်ဦးဥတ္တမ ) နှင့်ဆက်စပ်တဲ့ -အကြောင်းအရာ(ကိုယ်တွေ့)အချို့ကိုဘဲအတိုဆုံး၊အကျဉ်းဆုံးတင်ပြသွားမှာဖြစ်ပါတယ်။ဒီကနေ့ထိနယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာနယ်ချဲ့အစိုးရဘုရင်ခံကို၊(ဟေ့….ကရက်ဒေါက်၊မင်းငါတို့နိုင်ငံက အခု ထွက်သွား) လို့ ပြောရဲတာ၊ ထောင်ကျခံတိုက်ပွဲဝင်ခဲ့တာ၊ဦးဥတ္တမ ဆိုတာလူတိုင်းသိ။

(၃ )

ဒီကနေ့လူငယ်များအနေဖြင့်ဆရာတော်ဦးဥတ္တမကိုမြန်မာ့လွတ်လပ်ရေးအတွက်လမ်းပြရှေ့ဆောင်ခဲ့တဲ့ -ဆရာတော်တစ်ပါးအဖြစ် နားလည်ကြမှာ မလွဲပါ။ အမှန်က - ဆရာတော် ဦးဥတ္တမဟာ မြန်မာနိုင်ငံသာမကအာရှတိုက်နိုင်ငံများ လွတ်မြောက်ရေးနှင့် ညီညွတ်ရေး အတွက်- မီးရှူးတန်ဆောင်သဖွယ်ရှေ့ဆောင်လမ်းပြပြီး စာတွေရေး တိုက်ပွဲဝင်ခဲ့သည့် ပုဂ္ဂိုလ်ဆိုသည်ကိုအလေးထားမိသူတော့ရှိမှာမလွဲပါ။ ဒါ့ကြောင့် အိန္ဒိယ၊ ဂျပန်၊ ပြင်သစ်စတဲ့နိုင်ငံတွေကအစ - အခုထက်ထိ ဆရာတော်ကိုအောက်မေ့ဂုဏ်ယူ သတိရဆဲဖြစ်နေကြတာပါ။ဆရာတော်ဟာ.. မြန်မာ့လွတ်လပ်ရေး ကနဦး မျိုးစေ့ချခဲ့သူ၊ မြန့်မာ့လွတ်လပ်ရေးခေါင်းဆောင်တွေကို (လွတ်လပ်ရေး မျိုးစေ့ ချပေးခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။သမိုင်းကိုပြောင်းပြန်ပြောရမယ်ဆိုရင် (၁၉၁၁) ခုနှစ်ကတည်းက စပြီး ဆရာတော်ဟာ ဗြိတိသျှနယ်ချဲ့ကိုအကြိမ်ကြိမ်ဆန့်ကျင်ပြီးမျိုးချစ်ခေါင်းဆောင်တွေကိုစုစည်းကာ၊ နည်းလမ်းမျိုးစုံနှင့်လွတ်လပ်ရေးကို တောင်းဆိုခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ပြော၇မယ်ဆိုယင်- ဒီကနေ့မြန်မာပြည်သူတစ်ရပ်လုံးက (လွတ်လပ်ရေးဖခင်ကြီး၊အမျိုးသားခေါင်းဆောင်ကြီးလို့သတ်မှတ်ထားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း) ဆိုတာဦးဥတ္တမဆရာတော် နယ်ချဲ့ဆန့်ကျင်ရေးလုပ်နေတဲ့ည(၁၉၁၁)ခုမှာ- ဗိုလ်ချုပ်အောင်ဆန်းကိုမမွေးဖွားသေးပါဘူး။ ဦးဥတ္တမဆရာတော်ကို.. လွတ်လပ်ရေးဘိုးအေ ( ရခိုင်လိုလွတ်လပ်ရေးအဖိုးသျှင်) လို့ခေါ်ဝေါ်သမုတ်လို့ရတယ်ဆိုတာ ၊ သမိုင်း အထောက်အထားများစွာကသက်သေခံနေပါတယ်။ သမိုင်းဆိုတာကို တမင်တကာဖျက်ဖြယ်လို့ မ၇စကောင်းပါ။

(၄)

ကုန်လွန်လေပြီးသော( ၁၉၇၆/ရရ)ကာလက ကျနော်ဟာ (စစ်တွေကောလိပ်) ကျောင်းသားဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတော့မှဦးဥတ္တမပန်းခြံ ၊ ဦးဥတ္တမခန်းမ၊ ဦးဥတ္တမရုပ်တု) စတာတွေကိုစတင်မြင်တွေ့ခဲ့ရဖူးပါတယ်။ အဲဒီမှာ… ဦးဥတ္တမပန်းခြံဆိုတာ၊စိုစိုပြေပြေမရှိတဲ့အပြင်၊ ဦးဥတ္တမ၏ရုပ်တု၊ ဦးဥတ္တမ၏ခေါင်းပေါ်မှာ..ငှက်ချေးဖြူတွေဗလပြစ် မြင်တွေ့ဖူးမြော်ရတော့တော်တော်ကြီး စိတ်ပျက်ခဲ့၇ဖူးပါတယ်။ထို့ထက် စိတ်ပျက်ဖွယ် အဖြစ်အပျက်ကတော့ .. ဦးဥတ္တမနေ့မို့ ဦးဥတ္တမရုပ်ကိုလာပြီး(ပန်းစီးကိုင်ကာ) ကန်တော့ဘို့လာတဲ့ လူငယ်နှစ်ဦးကို.. ရဲက ဟန့်တားခံခဲ့ရဖူးတဲ့အဖြစ်အပျက်အတွက်ပါ။ ထားလိုက်ကြဦးစို့ရဲ့။

၁၉၉၇-ခုနှစ် - ရန်ကုန်တက္ကသိုလ်ကိုရောက်တော့ - ဟံသာ၀တီအဝိုင်းမှာ ဆရာတော်ဦးဝိစာရကိုယ်တော်ရဲ့ မတ်ရပ်ရုပ်ထုတော်ကို ဖူးတွေ့ရတော့စိတ်ထဲမှာ တစ်မျိုးကြီး ခံစားရပါတယ်။ဆရာတော်- ဦးဝိစာရဆိုတဲ့ ပုဂ္ဂိုလ်ထူးကလည်း၊ နယ်ချဲ့အစိုးရကို ရက်ပေါင်း( ၁၆၆)ရက်ကျော်ကြာထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြရင်း ပျံလွန်တော်မူသွားတဲ့ အာဇာနည်၇ဟန်းတော်။ လေးစားဂုဏ်ယူ ဂုဏ်ပြုထိုက်ပါပေတယ်။ ဒီလိုနှင့်.. ရန်ကုန်မြို့ရွှေတိဂုံစေတီ-ဦးထောင်ဘိုလမ်းမှာတည်ထားတဲ့၊ ဦးဥတ္တမရုပ်တုနှင့်ဦးဥတ္တမ ပန်းခြံနေရာသို့ အသွား၊ဦးဥတ္တမရုပ်ထု၊ ဦးဥတ္တမပန်းခြံဆိုတာ ရုပ်တုလည်းပျောက်၊ ပန်းခြံလည်းပျောက်ပြီး ….ကန်တော် မင်္ဂလာ ပန်းခြံဖြစ်နေတာကိုပဲ တွေ့ခဲ့၇ပါတော့တယ်။ ၁၉၆၂ - ခုနှစ်တော်လှန်ရေးကောင်စီ တက်လာပြီးနောက်- (တာဝန်ရှိသူတစ်ဦးက မင်းတို့အရုပ်မင်းတို့ယူသွား )ဆိုပြီး ဖြိုဖျက်လိုက်ကြပါသတဲ့။ ဒီလိုနှင့် လွတ်လပ်ရေးအဖိုးသျှင် -ဦးဥတ္တမ) နေ့၊ ဦးဥတ္တမရုပ်တု၊ဦးဥတ္တမ ပန်းခြံဆိုတာ……….။နောက်ပိုင်းအစိုးရအဆက်ဆက်တိုင် ပျောက်ကွယ် ငြိမ်သက်ခဲ့ရာက၊ ပြည်သူ့အစိုး၇လက်ထက်မှာ- ရန်ကုန်နှင့် ရခိုင်ဒေသမြို့နယ်အချို့မှာပါ ( ဦးဥတ္တမရုပ်တု၊ ဦးဥတ္တမပန်းခြံ၊ဦးဥတ္တမနေ့ အခမ်းအနား) တွေပြန်လည် အသက်ဝင်တာတော့အမှန်ပါဘဲ။ တကယ်တော့ဒါတွေရဲ့ပင်မအကြောင်းရင်းခံဟာစစ်တွေပြည်သူ့လွှတ်တော် ကိုယ်စားလှယ် - ဦးမောင်ညို ( ပန်းချီ မင်းညို )ရဲ့ပြည်သူ့လွှတ်တော်တွင်း စတင်တင်ပြလှုံဆော်မှု အခြေခံလို့(ကျနော်လက်လှမ်းမှီရာသိ၇သလောက်) ပြောလိုပါတယ်။

မည်သို့ပင်ဖြစ်စေကာမှု၊ဆရာတောဦးဥတ္တမရဲ့… နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် လုပ်ရပ်ကိုနောင်လာနောင်သားများ သိရှိနမှုနာ ယူနိုင်ကြပါစေ။ကျေးဇူးတရားကိုအောက်မေ့သတိ၇စိတ်နှင့် မျက်မှောက်ခေတ် လူမှုဘ၀ကောင်းကျိုးများကိုဖန်တီးသူများဖြစ်ကြပါစေဟု ဆန္ဒပြုပြီး နောင်အနာဂတ်သမိုင်းစာမျက်နှာများတွင်(ဆရာတော်၏ ကျေးဇူးတရား) ရုပ်ပုံလွှာများကို ညစ်ထေးအောင်/ ပျက်ပြယ်အောင်ဖန်တီးမည့်သူများ၊ ဖန်တီးမည့်ခေတ်စနစ်များ မဖြစ်ပေါ်ပါစေနှင့်ဟုဆန္ဒပြုရုံမှတပါး…….။

 

ဆရာတော်ဦးဥတ္တမ …၏ ရဲရဲတောက် လမ်းညွှန်ဩဝါဒ

 

ရဲရဲကြံ၊ ကြောက်လျှင်ပြန်

သူရသတ္တိနည်းလျှင်၊ ပျက်စီး၇မည်။

မတရားသောအမိန့် ဟူသမျှကို ဖီဆန်ကြ။

လွတ်လပ်ရေးအောင်ဆုသည်၊ ငါတို့လက်ထဲတွင်ရှိသည်။

လွတ်လပ်ရေးကိုနယ်ချဲ့သမားများထံမှ

ရှိခိုးတောင်းပန်၍မ၇နိုင်။

 

လူဖြစ်လာသောဘ၀သည်

အများအကျိုးအတွက်မဟုတ်လျှင်

အများအကျိုးအတွက်မဟုတ်လျှင်တန်ဖိုးမရှိ။  ။

 

             (ကိုယ်ရမ္မာ)

တန်းချောင်းမီဒီယာအင်အားစု

         ၂၉၊ ၇ ၊ ၂၀၂၁

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.