ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး၊ ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ် Dr.ညိုထွန်းအောင်မိုင်ထောင်ကျော် ဖြတ်ကျော်ပြီး အစည်းအဝေးတက်ရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k

                                                                                                                                                                                    ထိုက်ရန်


“ဝ”ပြည်၏ မဟာမိတ် ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ်လည်းဖြစ်  ဗိုလ်မှူးချုပ်ညိုထွန်းအောင် ခုတလော မိုင်းလားသို့ လာရောက်ပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင်သစ်/ဟောင်းများနှင့်တွေ့ဆုံခဲ့ပါတယ်။ ဒု-စစ်ဦး စီးချုပ် Dr.ညိုထွန်းအောင်သည် ကချင်တပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာမှာ နေထိုင်သော်လည်း ယခုအကြိမ် တွေ့ဆုံဆွေးနွေးမည့် အခွင့်အရေးကို အလေးထားသောကြောင့် လမ်းခရီး အကူအညီတောင်းခံခြင်းဖြင့် မိုင်ထောင်ချီ ဖြတ်ကျော်ပြီး မိတ်ဆွေ ဟောင်း/သစ်တွေ နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဖို့လာခဲ့ပါတယ်။ လွန်ခဲ့သော တစ်ပတ်က ရက္ခိုင့်တပ်တော်၏ ထိုးစစ်က လှိုင်းလုံးသဖွယ် ပြင်းထန်ခဲ့ပြီး ဗမာစစ်တပ်၏ အမာခံစခန်းတချို့ကို တစ်ပြိုင်တည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြန်မာ့ တပ်မတော်သည် ဂျက်တိုက်လေယာဥ်နှင့်ရဟတ်ယာဥ်သုံးပြီး ဘက်ပေါင်းစုံက တိုက်ခိုက်ခဲ့ပါတယ်။ နှစ်ဖက်စလုံး ထိပ်တိုက် ရင်ဆိုင်မှုတွေ စတင်လို့နေပါပြီ။

ရက္ခိုင့်တပ်တော်သည် ပင်လယ်ကမ်းရိုးတမ်းကို ပိုင်ဆိုင်သော တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ပြီး မြန်မာပြည်မြောက်ပိုင်း အဖွဲ့တွေအတွက် အလွန်အရေးကြီးပါတယ်။ ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင်နှင့်ပေါက်ကျွိန်းဖင်း ဒု-စစ် ဦးစီးချုပ် တို့သည် ၁၉၈၁ ခုနှစ်တွင် မွေးဖွားကြတဲ့ သက်တူရွယ်တူတွေ ဖြစ်ကြပြီး ပေါက်ကျွိန်းဖင်း တပ်မဟာမှူးက မြန်မာ ဘာသာစကားလည်း ကျွမ်းကျင်ပါတယ်။ နှစ်ဖက်ကြား တွေ့ဆုံမှုသည် တိုးမြှင့်ပူးပေါင်းဆောင်ရွက်မှုနှင့် ပုဂ္ဂိုလ်ရေး ချစ်ကြည်ရင်းနှီးမှုကို အကျိုးရှိစေပါတယ်။ ယခု ဆောင်ပါးက ရက္ခိုင့်တပ်တော်နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၏ တွေ့ဆုံမှုအခြေအနေ၊ နှစ်ဖက်မျက်နှာချင်းဆိုင်တွေ့ဆုံမှု လိုအပ် အရေးပါမှု၊ ရက္ခိုင့်တပ်တော်၏ အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဥ် အလားအလာကို ခွဲခြမ်းစိတ်ဖြာထားတာဖြစ်ပါတယ်။

 

မိုင်ထောင်ချီအဝေးကနေ တွေ့ဆုံဆွေးနွေးဖို့ လာခဲ့တဲ့ ဗိုလ်မှူးချုပ် ညိုထွန်းအောင်


မြန်မာပြည်မြောက်ပိုင်းက နယ်မြေကျယ်ပြန့်တယ်။ ကချင်ပြည်မှ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) သို့ အစည်းအဝေး တက်ဖို့ လမ်းခရီးအကူအညီ တောင်းခံပြီးလာရင်လည်း မိုင်ထောင်ချီဝေးလွန်းသော လမ်းခရီးကို ဖြတ်ကျော်ရမှာဖြစ်ပြီး  တစ်နေ့လုံး အချိန်ကုန်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် “ဝ”တပ်မတော်ခေါင်းဆောင်သစ်/ဟောင်းများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့အတွက် ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင်ဟာ ကားစီးကာ မိုင်းလားသို့လာခဲ့ပြီး ညီနောင်အဖွဲ့ အစည်းများနှင့် မြန်မာ ပြည်မြောက်ပိုင်းအစီအစဥ်များကို ဆွေးနွေးခဲ့ပါတယ်။ ယခုအကြိမ် မိုင်းလားဆွေးနွေးပွဲက လက်နက်ကိုင် အဖွဲ့အစည်းကြီး နှစ်ဖွဲ့ အတွက် ၂၀၂၂ ခုနှစ်တွင် အရေးကြီးသော တွေ့ဆုံမှု ဖြစ်ပါတယ်။


ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် အနေနဲ့ မိုင်းလားက သိပ်စိမ်းတဲ့နေရာ မဟုတ်ပါဘူး။ ရက္ခိုင့်တပ်တော်က မိုင်းလားမှာ ရုံးဖွင့်လို့ မရှိပေမယ့်  ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင်က အကြိမ်အများကြီး မိုင်းလားသို့ အလည်လာဖူးပြီး အစည်းအဝေး တွေလည်း တက်ရောက်ဖူးပါတယ်။ ၂၀၁၉ ခုနှစ် ၆ လပိုင်း ၃၀ ရက်နေ့ မြောက်ပိုင်းခုနှစ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ ဆွေးနွေးပွဲ အပါအဝင် နောက်ပိုင်း ကျိုင်းတုံဆွေးနွေးပွဲ နှစ်ကြိမ်မှာလည်း မိုင်းလားကိုဖြတ်၍ တက်ရောက်ဖူးပြီး နောက်ပိုင်း မိုင်းလား ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းမှာ တက်ရောက်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင်သည် တဖြည်းဖြည်း ရက္ခိုင့်တပ်တော်၏ ပြည်ပအတွက် အရေးကြီးသော အသံထွက် ပြတင်းပေါက်တစ်ခုဖြစ်လာသလို လက်တွေ့မှာ ရက္ခိုင့်တပ်တော်၏ ပြည်ပ ဆက်ဆံရေးဌာန၏ အဓိက တာဝန်ခံလည်း ဖြစ်ပါတယ်။ သူက အသက် ၂၀ ကျော် ကောင်လေးမှ စ၍ လိုင်ဇာမှာ ၁၃ နှစ်ကြာ နေထိုင်ခဲ့ပြီး အသက် ၄၀ ကျော် လူလတ်ပိုင်းတစ်ယောက် ဖြစ်လာပါပြီ။

သူအခု အသက် ၄၁ နှစ်ရှိပြီး ကျောင်းတုန်းက ဆေးပညာလေ့လာခဲ့ပြီး ဒေါက်တာ ဘွဲ့ရရှိထားပါတယ်။ ၂၀၀၉ ခုနှစ် ရက္ခိုင့်တပ်တော်ကို တည်ထောင်ပြီးနောက် သူက အစောဆုံး အဖွဲ့ဝင် ၂၆ ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ရက္ခိုင့်တပ် တော်၏ အစောဆုံးစစ်သင်တန်းကိုလည်း တက်ရောက်ခဲ့ပါတယ်။ သူက မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်း ဆောင်များထဲတွင် ပညာအတတ်ဆုံး ထိပ်တန်းစစ်ဖက်အရာရှိထဲမှ တစ်ယောက်ဖြစ်ပါတယ်။ သူက ရက္ခိုင့်တပ်တော် ပြည်ပဆက်ဆံရေးအတွက် တာဝန်ယူရသည်သာမက ရက္ခိုင့်တပ်တော် လေ့ကျင့်ရေး အတွက်လည်း တာဝန်ယူရပါတယ်။ ရက္ခိုင့်တပ်တော်သည် လက်ရှိ ကချင်ပြည်တွင် အခြေခံလေ့ကျင့်ရေးသင်တန်းရှိသေးပြီး သူက ရက္ခိုင့်တပ်တော်၏ လေ့ကျင့်ရေးကို အလွန်အလေးထားပါတယ်။ တပ်သားသစ်များ၏ ပြင်းထန်သော လေ့ကျင့်မှုကြောင့် ရက္ခိုင့်တပ်တော် သည် ရက္ခိုင်စစ်မြေပြင်သို့ ရောက်ပြီးနောက် ရေထဲ ငါးရောက်သွားသကဲ့သို့ ဖြစ်သွားပါတယ်။


“ဝ - ရက္ခိုင့်” တပ်တော်နှစ်ခု တွေ့ဆုံမှုအပေါ်  သုံးသပ်ချက်


လွန်ခဲ့သော နှစ်အနည်းငယ်က ရက္ခိုင့်တပ်တော်နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့၏ တွေ့ဆုံမှုမှာ ဘယ် တော့မှရပ်တန့်မနေခဲ့ပါ။လူပုဂ္ဂိုလ်တစ်ချို့ထင်တာကတော့ ရက္ခိုင့်တပ်တော်နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တို့ကြား ပုံမှန် အဆက်အသွယ်ရှိနေခဲ့တာဟာ ရက္ခိုင့်တပ်တော်က “ဝ”ပြည်မှာ ရုံးဖွင့်ထားလျက် ကိုယ်စားလှယ်တွေကို လည်း စေလွှတ်ကာ နေခိုင်းထားလို့ဖြစ်ပြီး၊ နှစ်ဖက် ဖုန်း၊ အွန်လိုင်း စသည့်နည်းလမ်းအမျိုးမျိုး ဖြင့်လည်း ဆက်သွယ်လို့ ရနိုင်ပါတယ်။ သို့ပေမယ့်လက်ရှိအခြေအနေက နှစ်ဖက်အားလုံးက ခေါင်းဆောင်အဆင့် တွေ့ဆုံဆွေးနွေးမှု ကျင်းပဖို့ လိုအပ် တယ်ထင်ပြီး “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့က ရှမ်းပြည်အရှေ့ပိုင်းသို့ လာရောက်ပြီး နှစ်ဖက်လုံးအတွက် ကောင်းသော အခွင့်အရေးပေးခြင်းလည်းဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်က “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ အသစ်ခန့်အပ်ထားသောအဖွဲ့ဝင်များကို အပြည့်အဝထောက်ခံပြီး တစ်ချိန်တည်းတွင် “ဝ”ပြည်အားပြည်နယ်အဆင့် တိုးမြှင့် ပေးရေး တောင်းဆိုချက်ကို တက်ကြွစွာ ထောက်ခံကြောင်း  ဖော်ြပပါတယ်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ရှုထောင့်ကကြည့်လျှင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် ရက္ခိုင့် တပ်တော်တွေ့ဆုံမှုသည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ အသစ်ရာထူးတိုးမြှင့် ခန့်အပ်ထားသော စစ်ဖက် ထိပ်တန်းအရာရှိများကို ညီနောင်အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တိုက်ရိုက် ပိုပြီးပူးပေါင်းဆောင်ရွက်ဖို့နှင့် ပုဂ္ဂိုလ်ရေး ချစ်ခင်ရင်းနှီးမှုဆက်ဆံရေးတို့ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အသစ်ရာထူးတိုးမြှင့်ခန့်အပ်ထားတဲ့ လူငယ်ခေါင်းဆောင် တွေနှင့် တိုက်ရိုက်စကားပြောခြင်းက မြန်မာ့အခြေအနေသွေးကြောကို ဆုပ်ကိုင်ဖို့ ပိုပြီးလွယ်ကူတယ်။ ဥပမာ - “ဝ”ပြည် သွေး စည်းညီညွတ်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ပေါက်ကျွိန်းဖင်း နှင့် ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ် Dr.ညိုထွန်းအောင် တို့က ၁၉၈၁ ခုနှစ်မှာ မွေးဖွားကြပြီး နှစ်ယောက်လုံးက အဆင့်မြင့် ပညာရေးကို စနစ်တကျ သင်ဖူးတဲ့သူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ပေါက်ကျွိန်းဖင်းက မြန်မာဘာသာဖြင့်ဆက်ဆံပြောဆိုနိုင်တယ်။ နှစ်ဖက် ဒုတိယစစ်ဦးစီးချုပ်အဆင့်က တိုက်ရိုက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတာဟာ မြောက်ပိုင်းအဖွဲ့အစည်းက ရက္ခိုင့်လတ်တလော အခြေအနေနှင့်ပတ်သက်လို့ အဖက်ဖက်က အမိအရဆုပ်ကိုင်နိုင်စေတာ ဖြစ်ပါတယ်။ “ဝ”ပြည်လည်း အခြေအနေပြောင်းလဲမှုကို အချိန်မီ အာရုံစိုက်နိုင် သလိုမြန်မာနှင့်ပတ်သက်လို့ နည်းဗျူဟာတွေကိုလည်း ပြင်ဆင်နိုင်မယ်၊ညီနောင်အဖွဲ့အစည်းအားကူညီမှုကိုလည်း တိုးတက်  စေနိုင်မယ်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် တိုက်လေ ရဲရင့်လေ ဖြစ်ပြီး မြန်မာ့တပ်မတော်၏ အမာခံစခန်းတချို့အား တစ်ပြိုင်နက် သိမ်းပိုက်လိုက်ရာ ရက္ခိုင်-မြန်မာ တိုက်ပွဲစတင်ဖွင့်လိုက်နေပြီဖြစ်ပြီး ဘက်စုံစစ်ပွဲကြီးလည်း တရားဝင် စတင် တိုက်နေပြီ ဖြစ်သည်။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ်က မိုင်ထောင်ချီဝေးရာကနေ အစည်း အဝေးလာတက်တာဟာ ရက္ခိုင့်တပ်တော်က တပ်တော်နှစ်ခုလုံး၏ ဆက်ဆံရေးအား အလေးထားပုံကို ဖော်ပြနေတာ သိသာ ပါတယ်။ ရက္ခိုင်စစ်မြေပြင်၏ အရေးတကြီးဖြစ်မှုကိုလည်း ဖော်ပြနေပါတယ်။

ခုလက်ရှိ မြန်မာစစ်တပ်က  ဂျက်တိုက်လေယာဥ်များနှင့် ရဟတ်ယာဥ်တွေကို ထပ်ပြီး မကြာခဏ ထုတ်သုံးပြီး တိုက်နေလို့ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်မှာ ထိရောက်သော လေကြောင်းကာကွယ်ရေး လက်နက်မရှိခြင်း၊ မြန်မာ့တပ်မတော်၏ လေကြောင်းလက်နက်အားသာချက် သိသာစွာမြင်ရခြင်း၊ စစ်နည်းဗျူဟာပိုင်းတို့မှာ ရက္ခိုင့်တပ်တော်က မျက်နှာချင်းဆိုင် ထိရောက်စွာ တွေ့ဆုံခြင်းဖြင့် ညီနောင်အဖွဲ့အစည်းများထံမှာ အကူအညီတောင်းလို့ ရနိုင်ပါတယ်။ မြန်မာ့တပ်မတော် အတွက် သမိုင်းဝင်အခက်အခဲနှင့်ရင်ဆိုင်နေရပေမယ့် ရက္ခိုင့်တပ်တော်၊ကရင်တပ်မတော်နှင့် ကချင်တပ်မတော် ဤအဓိက လက်နက်ကိုင်သုံးဖွဲ့အား ဖိအားပေးသည့် အနေအထားတွင် ရှိနေဆဲဖြစ်ပြီး ကြီးမားသော လေတပ်အင်အားကို အသုံးပြု တိုက်ဖို့လည်း တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။

“ဝ”ပြည်ဖက်က ရက္ခိုင်အခြေအနေနှင့်ပတ်သက်၍ တသမတ်တည်းရပ်တည်ချက်က ငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်း ကို သွားနိုင်ဖို့ မျှော်လင့်တာဖြစ်ပါတယ်။ တကယ်တော့ ၎င်းနှစ်က “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်လည်း ငြိမ်း ချမ်းရေး အကောင်အ ထည်ဖော်ဖို့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုကနေတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်က ရက္ခိုင့်တပ်တော် စတဲ့လက်နက်ကိုင်တွေကို အနိုင်ကျင့် နေရင်တော့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်ကလည်း တရားမျှတမှုရှိတဲ့ ဘက်ကနေ ရပ်တည်မှာ ဖြစ်ပါတယ်။ ရက္ခိုင်ပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေ မြှင့်တင်ရန်အတွက် “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို အကြိမ်များစွာ ဦးဆောင် စီစဥ်ခဲ့ပါတယ်။ အဲ့ဒီအထဲ အထိရောက်ဆုံးကတော ၂၀၂၀ ခုနှစ် ၁၁ လပိုင်းရဲ့ ပန်ဆန်း ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ရက္ခိုင်-မြန်မာ နှစ်ဖက် အဆင့်မြင့်ခေါင်းဆောင်တွေ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး နှစ်ဖက် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီး အပစ်ရပ် တစ်နှစ်ကျော်ထိ ကြာရှည်ခဲ့ပါတယ်။ နှစ်ဖက်အပစ်ရပ်ကာလ အကြာရှည်ဆုံးကို ဖော်ဆောင်ခဲ့ ပါတယ်။

လက်ရှိ နှစ်ဖက် ဘက်စုံစစ်ရေးအခြေအနေတွင် ထပ်ပြီး ကျရောက်နေပေမယ့် နှစ်ဖက်ထိတွေ့စကားပြောဖို့အတွက် “ဝ” ဖက်က ကြားဝင်နိုင်စွမ်း ရှိနေဆဲပါ။ အနာဂတ်မှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က မြန်မာ့တပ်မတော် ကျင်းပ တဲ့ နေပြည်တော်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ပြီး “ဝ”-မြန်မာ နှစ်ဖက်ဆွေးနွေးမှုခေါင်းစဥ်ထဲတွင် ရက္ခိုင် အခြေ အနေ ကိစ္စလည်း ပါနိုင်ပါတယ်။


မင်းအောင်လှိုင်ရုရှားသွားတာကို လျစ်လျူရှုလို့ မရ

မြန်မာ့တပ်မတော် အာဏာသိမ်းကတည်းက မင်းအောင်လှိုင် ရုရှားသို့ မကြာခဏ အလည်အပတ်သွားတာဟာ အကူအညီ လိုလို့ ရုရှားဆီသွားတာသိသာလွန်းတယ်။ မြန်မာ့တပ်မတော်က ရုရှားစွမ်းအင်ကိုတိုးမြှင့်ပြီး ဝယ်ယူဖို့ ပြောဖူးသလို တစ်ချိန် တည်းတွင် ရုရှားဖက်အား ဝယ်ယူထားတဲ့ တပ်ဆင်ပစ္စည်းတွေကို တတ်နိုင်သမျှ အမြန်ဆုံးပေးပို့ဖို့ တိုက်တွန်း ခြင်းလည်းဖြစ်ပါတယ်။ အထူးသဖြင့် ခေတ်မီတိုက်လေယဥ်တွေ၊ မြန်မာ့တပ်မတော်မှာ ချို့တဲ့နေသော တပ်ဆင်ပစ္စည်းနှင့် အရာဝတ္ထုတွေကို ဖြည့်ဖို့အတွက် ဖြစ်ပါတယ်။

၎င်းအပြင် မြန်မာ့တပ်မတော်၏ အဓိက ရန်သူဖြစ်သော မြောက်ပိုင်းတပ်ပေါင်းစု၊ ရက္ခိုင့်တပ်တော်အပါအဝင် ကိုးကန့် တပ်မတော်နှင့် တအာင်းတပ်မတော် ဒီအဖွဲ့တွေအားလုံးဟာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ အစဥ်အလာ မဟာမိတ်လည်းဖြစ်ပါတယ်။ ပြီးတော့ မင်းအောင်လှိုင် ရုရှားသွားတာဟာ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၏ သတ်မှတ်ထားသော မဟာဗျူဟာနဲ့လည်း ဆက်စပ်နေတယ်။ ဒါကြောင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဖက် က ကိစ္စရေးရာကို ပြင်ဆင်ပြီးနောက် ရှမ်းပြည်အရှေ့ပိုင်းဒေသသို့ ချက်ချင်းသွားရောက်ပြီး ညီနောင်အဖွဲ့အစည်း များနှင့် တွေ့ဆုံခဲ့တာဟာ လက်တွေ့မှာ အခက်အခဲနဲ့ ရင်ဆိုင်နေရချိန် အချင်းချင်းအကူအညီ တောင်းတာဖြစ်သလို မြောက်ပိုင်း အဖွဲ့အစည်း၏ အတွင်းပိုင်း စည်းလုံးညီညွတ်မှု မြှင့်တင်ခြင်းကို ဖော်ဆောင်တာလည်း ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့်တွေ့ဆုံသည့်အပြင် ကိုးကန့်တပ်မတော်ဖက်နှင့်လည်း တွေ့ဆုံညှိနှိုင်း တိုင်ပင်မှု ပြုလုပ်နိုင်ပြီး နှစ်ဖက်အနာဂတ်တွင် ပူပေါင်းလုပ်ဆောင်ချက်များ ရှိနိုင်သည်။ ရက္ခိုင့်တပ်တော်သည် လက်ရှိ လားရှိုးမြောက်ဖက် မိုင်းရင်တွင် အင်အားရာကျော် တပ်စွဲထားပြီး MNDAA (၂၁၁) တပ်မဟာ ထိန်းချုပ်နယ်မြေ နှင့်လည်း နီးပါတယ်။ လက်ရှိ ရက္ခိုင်တွင် တိုက်ပွဲ ထပ်ဖြစ်လာသည်နှင့်အမျှ တအာင်းတပ်မတော်သည် မြန်မာ့တပ်မတော် ကို စပြီးပိတ်ဆို့လာတယ်။ အကယ်၍ မြန်မာ့တပ်မတော်က အနိုင်ကျင့်လွန်းလျှင် မြောက်ပိုင်းတပ်ပေါင်းစု ညီနောင် မဟာမိတ် သုံးဖွဲ့က တန်ပြန်တိုက်စစ် စတင်လာနိုင်ပါတယ်။

ဒီနှစ်ထဲမှာ ရက္ခိုင့်တပ်တော် က မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အစည်းထဲတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲအပြင်းထန်ဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်သလို ပင်လယ်ကမ်းရိုးတန်းကိုပိုင်ဆိုင်တဲ့ တစ်ခုတည်းသော၊ အရေးပါသော လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး မြောက်ပိုင်းအဖွဲ့အစည်းအသီးသီး၏ အလေးထားခြင်းကိုခံရသော အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ “ဝ”ပြည် သွေး စည်းညီညွတ်ရေးတပ်မတော်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ပြီး “ဝ”ပြည် အခြေ အနေနှင့်ဆက်စပ်သည့် အရေးကြီးသော ကိစ္စရေးရာ အပြောင်းအလဲများဖြစ်ပွားခဲ့ပါတယ်။ မြောက်ပိုင်းအဖွဲ့အစည်းတွေ အပေါ်  စစ်ကောင်စီရဲ့ သဘောထားနှင့် သူတို့ရဲ့စည်းလုံးညီညွတ်မှု၊ စုစည်းမှုဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နှင့် အဖြေအတွက် အရေးပါနေပါတယ်။ ရက္ခိုင့်တပ်တော်အနေဖြင့် UWSA ၏ မျိုးဆက်သစ်လူငယ်များ၏ ဦးဆောင်မှု အောက်တွင် လတ်တလော ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေမှုများကို အချိန်မီနားလည်သိရှိနိုင်ရန် ကြိုးစားသင့်ပြီး အဖွဲ့အစည်းနှစ်ခုကြား နှစ်ဖက် ပုံမှန်တွေ့ဆုံမှု နှင့် ဆက်ဆံမှုများကို ပြုလုပ်ရန် လိုအပ်သည်ဟု ထင်မြင်သုံးသပ်မိပါသည်။

 

ထိုက်ရန်

 

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင်  The Voice Of Myanmar(缅甸之音微信公众号) ဝ”သတင်း ဝဘ်ဆိုက် ၌ တရုတ်ဘာသာဖြင့် ရေးသားဖော်ပြထားသော ကလောင်ရှင် qi bang zhi chuang(七邦之窗) ၏ “The Wa coalition forces communicate with the Rakhine Army face to face! Deputy Commander Nyo Twan Awng thousands of miles to attend the meeting! ”( 佤联军与若开军当面沟通!诺吞昂副司令千里赴会!) ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

 

来源(Source): 缅甸之音微信公众号

作者(Writer): 七邦之窗

翻译者(Translator): 泰阳

 

https://mp.weixin.qq.com/s/LPo2YpdxDwd7i5vCpqBRZw

 

Weixin Official Accounts Platform (https://mp.weixin.qq.com/s/LPo2YpdxDwd7i5vCpqBRZw)

佤联军与若开军当面沟通!诺吞昂副司令千里赴会!

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!