Preview

စစ်ရှောင်စခန်းထဲက အမျိုးသမီးတို့၏ဘ၀မလုံခြုံမှုနဲ့ ငိုညည်းသံများ

စက်တင်ဘာ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :8677
ဆောင်းပါး



ဇော်ဝင်းအောင်၊  (စက်တင်ဘာ ၂၄/၂၀၂၂)


၇ခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ်လာသည်နှင့်အမျှ နေရပ်စွန့်ခွာ ထွက်ပြေးကြရသည့် စစ်ဘေးရှောင်အရေအတွက် တဖြည်းဖြည်းတိုးလာပြီး ထောက်ပံ ကူညီမှုတွေလည်း လျော့ပါးလာ၍ စစ်ရှောင်ပြည်သူတို့၏ စားဝတ်နေရေးမှာ ယခင်ကထက် ပိုကျပ်တည်းနေကြကြောင်းပြောပါသည်။


အထူးသဖြင့် ဆန်ဈေး၊ ဆီဈေး အပါအဝင် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနူန်းများ အဆမတန် မြင့်တက် လာသောကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် မိသားစုများမှာ စားသောက်ရေးနှင့် လူမှုဘ၀နေထိုင်ရေးတွင် ယခင်ကထက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေ၇ကြောင်း စစ်ဘေးရှောင် အမျိုးသမီးများက ပြောဆိုကြသည်။


၇ခိုင်ပြည် ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်သည့် ဒေါ်စိန်မြခိုင်က ကုန်ဈေးနူန်းတွေလည်း အရမ်းမြင့်တယ်။ အရင်ကဆိုရင် ပိုက်ဆံ ၅,၀၀၀ နဲ့ဈေးသွားရင် အကုန်ဝယ်လို့ ၇တယ်။ အခုက ဘာမှဝယ်လို့ မရတော့ဘူး။ ဆန်ဝယ်ပြီးပဲ ပြန်လာ၇တယ်။ သားသမီတွေကိုလည်း အရင်ကလို အသား၊ ငါးတွေ ချက်မကျွေးနိုင်တော့ဘူး။ မုန့်ပဲသရေစာလည်း မကျွေးနိုင်တော့ သူတို့လည်း မပျော်ရွှင်ကြတော့ဘူး " ဟု ပြောသည်။

 

၇ခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ကတည်းက စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နားလည်မှုနှင့် ရယူထားသော အပစ်ရပ်စဲရေးသည် ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့က ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာ (၅)ရှိ အေအေစခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်ပြားသွားခဲ့ကာ တကျော့ပြန်တိုက်ပွဲများ ၇ခိုင်တွင် ပြန်လည် စတင်ဖြစ်ပွားလာခဲ့သည်။


အဆိုပါ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ရှောင်များသည်  နီးစပ်ရာဆွေမျိုးများရှိသည့် ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စစ်ရှောင်စခန်းများသို့ ထွက်ပြေး ခိုလှုံနေကြ၇သည်။


ထိုသို့ထွက်ပြေးလာသည့် စစ်ဘေးရှောင် ထပ်တိုးဒုက္ခသည် အရေအတွက်မှာ တစ်သောင်းဝန်းကျင်အထိ ရှိနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောဆိုသည်။


စစ်ရှောင်ပြေးလာသူများထဲတွင် အမျိုးသမီးများမှာ အများစုဖြစ်ပြီး ၎င်းတို့သည် ကျည်းကြပ်သော နေရာများတွင် ပြွတ်သိပ်စွာ နေထိုင်နေကြ၇ပြီး စားနပ်ရိက္ခာ အခက်အခဲများလည်း ကြုံနေကြ၇ကြောင်း ၎င်းတို့က ပြောဆိုကြသည်။


၇ခိုင်ပြည်နယ်မြောက်ပိုင်းတွင်  ၂၀၁၅ ခုနှစ်က စတင်ခဲ့သည့် ၇က္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ယခင်ကတည်းက ရှိနေသည့်  စစ်ဘေးရှောင်ဒုက္ခသည်ဦးရေမှာ မူလစာရင်းများအ၇ ခြောက်သောင်းဝန်းကျင်ရှိနေပြီး လက်ရှိတွင် ထပ်တစ်သောင်းခန့်တိုးလာသဖြင့် ခုနှစ်သောင်းအထိဖြစ်လာခဲ့သည်။ ထိုအထဲတွင် အမျိုးသမီးဦးရေမှာ ပိုမို များပြားကြောင်း စစ်ရှောင်းများကို ကူညီပေးနေသည့် ဒေသခံအဖွဲ့များက ပြောသည်။


တိုက်ပွဲများ၊ လက်နက်ကြီးပစ်ခတ်မှုများကြားက အဝတ်အတစ်ထည် ကိုယ်တစ်ခုနှင့် ထွက်ပြေးလာကြရသော စစ်ဘေးရှောင်များတွင် လိုအပ်ချက်များစွာ ရှိနေသလို အထူးသဖြင့် စစ်ရှောင်အမျိုးသမီးများအတွက် အရေးပေါ် အကူအညီများစွာ လိုအပ်နေကြောင်း စစ်ရှောင်သူများကို ကူညီပေးနေသည့် အမျိုးသမီးအဖွဲ့အစည်းများ က ပြောကြသည်။


ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက “ အိုးအိမ်ကို ပစ်လို့ပြေးလာ၇တယ်ဆိုကတည်းက အဝတ်အထည်က အစ၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်းကအစ လိုအပ်တယ်။ လုံခြုံမှု ဘယ်လောက် အတိုင်းအတာအထိ စိတ်ချရမလဲဆိုတာလည်း ရှိသေးတယ်။ သူတို့ အမိုးအကာအရိပ်အောက်ကို ရောက်ဖို့ ပထမ အရေးကြီးတယ်” ဟု ပြောဆိုသည်။


အမျိုးသမီးများအပါအဝင် စစ်ရှောင်များအတွက် စားနှပ်ရိက္ခာနှင့် လုံခြုံသည့်နေရာထိုင်ခင်းရရှိရန် ဦးစွာလိုအပ် ကြောင်း ၎င်းက ဆက်ပြောသည်။


စစ်ရှောင်စခန်းတွေက လုံခြုံရဲ့လား၊ စခန်းတွေ ဘယ်အန္တရယ်ကျရောက်နိုင်မလဲဆိုတာလည်း စိုးရိမ်နေ၇တယ်ဟု ဒေါ်ညိုအေးက ဆိုသည်။


ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိကြသည့် စစ်ရှောင်အမျိုးသမီးများသည် ဓနိမိုးဝါးထရံကာ တဲအိမ်များ၊ တာလပတ်မိုးတာလပတ်ကာ အခန်းကျဉ်းများတွင် ခိုလှုံနေကြ၇သည်။

တချို့စစ်ရှောင်စခန်းများတွင်  အမျိုးသမီးများသည် ရေချိုးဖို့ရာနေရာ သီးသန့်မရှိသည့်အတွက် အမျိုးသားများနည်းတူ ချောင်းစပ်များ၌ ရေချိုးကြ၇သည်။ ထိုသို့ ရေချိုးကြ၇ခြင်းက အမျိုးသမီးများကို လုံခြုံမှု မဲ့စေသည်။


တဖက်တွင်လည်း စစ်ရှောင်ပြည်သူများအား ထောက်ပံမှုပေးနေသည့် အကူအညီများ လျော့နည်းလာသည့်အပြင် အာဏာ သိမ်းပြီးနောက်ပိုင်း တရှိန်ထိုးမြင့်တက်နေသည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအပြင် စက်သုံးဆီ ဈေးနူန်းများကြောင့် စစ်ရှောင်စခန်းများတွင် ရေတင်ရန် ဓါတ်ဆီဝယ်ယူဖို့ မတတ်နိုင်ကြောင်း စစ်ရှောင်များက ပြောသည်။


ကျောက်တော်မြို့နယ် ဝါးတောင်စစ်ရှောင်စခန်းတွင် အမျိုးသမီးများအတွက် ရေချိုးခန်းများ ရှိသော်လည်း ဓါတ်ဆီဝယ်ယူရန် မတတ်နိုင်သဖြင့် ချောင်းရေတင်နိုင်ခြင်းမရှိဘဲ ချောင်းစပ်ကိုဆင်းပြီး ရေချိုးနေကြ၇သည်ဟု ဆိုကြသည်။


ဝါးတောင်စစ် ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ရေချိုးရတာလည်း ချောင်းမှာ ချိုးကြ၇တယ်။ ရေချိုးခန်း ရှိပေမယ့် ရေတင်ဖို့ဆီမရှိလို့ ချောင်းမှာ မိန်းကလေးတွေ၊ ယောကျာ်းလေးတွေ ရောပြီးတော့ ရေချိုး၇တယ်။ သိပ်ပြီးမလုံခြုံသလို ခံစား၇တယ်ဟု ပြောသည်။


ယခင်ကဆိုလျှင် ရေချိုးခန်းထဲသို့ ရေတင်ရန် ဓါတ်ဆီအထောက်အပံ့များ ရခဲ့သော်လည်း လက်ရှိကာလတွင် ထိုသို့ မရတော့ကြောင်းအမျိုးသမီးစစ်ရှောင်များက ပြောသည်။


ထို့အပြင် စစ်ရှောင်အမျိုးသမီးများအတွက် အတွင်းခံဘောင်းဘီ၊ အင်္ကျီနှင့် လစဉ်သုံးပစ္စည်းများလည်း လိုအပ်ချက်ရှိနေကြောင်း အမျိုးသမီးစစ်ရှောင်များက ပြောကြသည်။ ယခင်က ထိုပစ္စည်းများကို လာရောက်လှူဒါန်းမှုရှိသော်လည်း ယခုအခါ ကူညီလှူဒါန်းမှုများ မရောက်သည်မှာ အတော်ကြာပြီဟု ၎င်းတို့က ဆိုသည်။


အမျိုးသမီးစစ်ရှောင်တစ်ဦးက “လစဉ်သုံးပစ္စည်းတွေလည်း လိုအပ်တယ်။ အတွင်းခံအင်္ကျီတွေ၊ ဘောင်းဘီတွေက အစ လစဉ်ပုံမှန် ထောက်ပံ့ပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။

ကုန်ဈေးနူန်းများ အဆမတန် ကြီးမြင်လာသဖြင့် ယခုအခါ အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ခုကို ကျပ် ၁ထောင် ကျော် အထိ ပေးနေ၇သဖြင့် စားနပ်ရိက္ခာပင် လုံလုံ လောက်လောက် မရကြသော စစ်ဘေးရှောင်အမျိုးသမီးများ အတွက် လစဉ်သုံးပစ္စည်း ဝယ်ယူနိုင်ဖို့ဆိုသည်မှာ ခက်ခဲသည့်အနေအထားဖြစ်ကြောင်း  စစ်ဘေးရှောင် အမျိုးသမီးများက ပြောကြသည်။


မြို့ပြအရပ်တွင်နေထိုင်ကြသည့် မျိုးသမီးများအတွက်ပင် လုံခြုံမှုအပြည့်အ၀ မရှိသည့် အခြေအနေတွင် စစ်ဘေးရှောင် ဒုက္ခသည်အမျိုးသမီးများ၏ လူမှုဘ၀သည် ပို၍ပင်အခက်အခဲများ ရှိနေသည်ဟု ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌဒေါ်ညိုအေးက ထောက်ပြသည်။


နေရပ်လုံခြုံမှုမရှိ၍ ထွက်ပြေးလာကြရသည့် စစ်ဘေးရှောင်အမျိုးသမီးများသည် စစ်ရှောင်စခန်းများတွင် စားသောက်ရိက္ခာ အခက်အခဲများ ကြုံနေကြရသည့်အပြင် လုံခြုံမှုမရှိသည့် အခြေအနေသို့ရောက်၇ှိနေသဖြင့် သူတို့တွေ၏ ဘ၀လုံခြုံရေးကို အထူးဂရုပြုကြရန် လိုအပ်သည်ဟု  အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။


ထိုသို့ အခက်အခဲ အကျပ်အတည်းများဖြစ်ပေါ်နေချိန်တွင် တိုင်းပြည်အာဏာကို ရယူထားသည့် စစ်ကောင်စီသည် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်း၊ သွားလာခွင့်ကို ပိတ်ပင်ခြင်း၊ စစ်ဘေးရှောင်စခန်းများကို ရိက္ခာမထောက့်ပံ့မှုကို တားမြစ်ခြင်းစသည့် အခြေခံ လူသားတို့၏ ရပိုင်ခွင့်များကို တမင်ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်လျက်ရှိနေသည်။

 

ထိုလုပ်ရပ်သည် လက်ရှိ ၇ခိုင်ပြည်နယ်တွင် ၇ခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် အမျိုးသမီးအများစုအပါအဝင် စစ်ဘေးဒုက္ခသည်ပြည်သူများ၏ဘ၀ကို ဗူးလေးရာဖရုံဆင့်” ဆိုသလို  အခက်အခဲများနှင့် ဘ၀ရှင်သန်ရပ်တည်ရေးကိုပါ ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။

 

သို့အတွက် စစ်ဘေးရှောင်များကို ကူညီပေးနေကြသည့် နိုင်ငံတကာ အန်ဂျီအိုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုများကို ကန့်သတ်ပိတ်ပင်ခြင်း မပြုလုပ်ကြရန် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများကို ထောက်ပြတောင်းဆိုနေကြသည်။


စစ်ပွဲများကြောင့် အသက်အန္တရာယ်နှင့် ဘ၀မလုံခြုံများကြောင့် ထွက်ပြေးလာကြ၇သည့်  စစ်ရှောင်စခန်းများရှိ အမျိုးသမီးများသည် အုပ်ချုပ်သူများ၏ ပေါ်လစီနှင့် စီမံခန့်ခွဲမှု အမှားများကြောင့် စစ်ဘေးရှောင်စခန်းတွင်လည်း နောက်ထပ် တဖန် သူတို့ ဘ၀မလုံခြုံများနှင် ရင်ဆိုင်ကြုံတွေ့နေကြ၇သည်။

 

လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းကာလတွင် အမျိုးသမီးများ၏ နေ့စဉ် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မလုံမခြုံဖြစ်နေ၇သည့် ဘ၀များကို သက်ဆိုင်ရာ အာဏာရှိ အဖွဲ့အစည်းများ အနေဖြင့် အထူးသက်ညှာထည့်သွင်းစဉ်းစားရန် လိုအပ်လျက်ရှိနေပေသည်။

#ဆောင်းပါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.