(တစ်)
ဒီဇင်ဘာ၏ဆောင်းမနက်ခင်းသည်မြောက်ဦးမြို့ကို နှင်းပင်လယ်ထဲ၌နစ်မြှုပ်ထားသည်လားဟုပင်ထင်မှတ်မှားစရာ ရှိသည်။ ကြည့်လေရာ၊မြင်လေရာတိုင်းတွင် နှင်းမြူဆိုင်း၍မှုန်မှိုင်းပြာ ရီနေ၏။ အလွှာလိုက် အ ထပ်လိုက် တည်ရှိနေသော မြို့ရံတောင်တန်းညို့ညို့များ၊သက္ကရာဇ်တို့ ဖိုဖျက်တိုက်စားထားသောနန်းရာ ကုန်းတံတိုင်းနှင့် ကျောက်ဆစ်လှေကားထစ်များ၊ ရေညှိရောင် ကျောက်တုံးကြီးများဖြင့် ထုဆစ်တည်ဆောက်ထားသာ သျှစ်သောင်း၊ကိုးသောင်းနှင့် ထုက္ကန့်သိမ်စသော စေတီပုထိုးတော်များ၊ ၇ခိုင့်သမိုင်း၏ အထင်က၇နေရာများဖြစ်သော ဘောင်းဒွတ်၊ဒိုင်းကျီ၊ ဘားပူ၊ လက်ဆည်ကန် စသည်တို့တွင်မူ နှင်းပြာကလေးများရစ် သိုင်းနေပုံက ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းလှသည်။ ချမ်းအေးစိမ့်မြလှပလွန်းနေလေသည်။
မနွယ်နွယ်သည် “Discovery View Point” ဟုအမည်ပေးထားသော တောင်တန်းကလေးပေါ်မှနေ၍ မြောက်ဦး၏ ဆောင်းနံနက်ခင်းကိုငးမောကြည့်နေမိသည်။ သည်တောင်ကုန်းကအမြင့်ပေ-၁၀၀ မှ ၂၀၀ အကြားမြင့်မားပြီးကမ္ဘာလှည့်ခရီးသွားများ နေဝင်ချိန်ရှုမျှော်ခင်းကို ကြည့်ရှုခံစားသော နေရာတစ်ခုပင်ဖြစ်၏။သည်နေရာမှကြည့်လျှင် မြောက်ဦးမြို့၏ အနောက်စူးစူးနှင့် အနောက်တောင်ဘက်ရှိမြင်ကွင်းများကိုသာမောလှပစွာ မြင်တွေ့ရသည်။စင်စစ်သည်နေရာသည်မြောက်ဦးခေတ်ရခိုင်ဘုရင်ကြီးများ လက်ထက်က နက္ခတ်တာရာကြည့်ရှုသော နေရာတစ်ခုပင်ဖြစ်သည်။လက်ရှိအချိန်ထိတိုင်အောင် “နက္ခတ်တောင်တန်း”ဟု အမည်တွင်နေဆဲဖြစ်သည်။
လွန်ခဲ့သောနှစ်များအတွင်းကသည်တောင်ရိုးပေါ်တွင် မနွယ်နွယ်တို့မိသားစုက Discovery View Point ဟုခါ်သော ကော်ဖီဘားတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ နိုင်ငံခြားခရီးသွားများကို နေဝင်ချိန်မြင်ကွင်း(Sun Set View) ကြည့်ရှုရင်းအပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။၇ခိုင်ပြည်နယ်တွင်း တိုက်ပွဲများနှင့်ကိုဗစ်-၁၉ ကပ်ရောဂါကြီး မဖြစ်ပွားမီအချိန်ကမြောက်ဦးမြို့သည် နိုင်ငံရပ်ခြား ခရီးသွားများဖြင့်အလွန်တရာ စည်ကားခဲ့ဖူးသည်။
မနွယ်နွယ်တို့၏ Discovery View Point တည်ရှိရာနက္ခတ်တတောင်ပေါ်တွင်လည်းSun Set ကြည့်ရှုသောကမ္ဘာလှည့်ခရီးသွားများ ခြေရာချင်းပင်ထပ်ခဲ့ဖူးသည်။
လက်ရှိအချိန်တွင်တော့ရခိုင့်သမိုင်းအမွေအနှစ်များ စုစည်းတည်ရှိနေသော မြောက်ဦးမြို့ထဲ၌ ခရီးသွားဧည့်သည် တစ်ဦးတစ်ယောက်မျှပင် မမြင်တွေ့ရတော့ဘဲ တိတ်ဆိတ်ခာက်ကပ်နေသည်။ ဧည့်သည်ကိုမျှော်ကိုးကာ စီးပွားရှာ၇သော ဧည့်မျှော်မြို့ သို့မဟုတ် ထုထည်ကြီးမားသော ကျောက်တုံးကြီးများဖြင့်အနုပညာလက်ရာမြောက်စွာ ထုဆစ် တည်ဆောက်ထားသောကျောက်တုံးမြို့တော်၏ စည်ကားသိုက်မြိုက်သောနေ့ရက်များ ပြန်လည်ရရှိလာနိုင်ဦးမည်လားဟုပင် စိုးရိမ်စရာဖြစ်၏။မနွယ်နွယ်ကဲ့သို့သော ဧည့်မျှော်ဈေးသည် များအတွက်ကတော့ တိတ်ဆိတ်ခြောက်ကပ်နေသော မြောက်ဦး၏ နေ့ရက်များကို အမြန်ဆုံးကုန်လွန်စေချင် သည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
(နှစ်)
မနွယ်နွယ်သည် မြောက်ဦးမြို့၊ သျှစ်သောင်းပုထိုးတော်ကြီးရှေ့ဘက်တွင် သဇင်နွယ်အမည်ရှိသော ဈးဆိုင်ကလေးတစ်ဆိုင်နှင့် နက္ခတ်တောင်ပေါ်တွင်Discovery View Point အမည်ရှိသောကာ်ဖီဘားတစ်ခုကိုဖွင့်လှစ်ထားသူဖြစ်သည်။အသက် ၄၉စ်ခန့်အရွယ်ရှိသော သူ့တွင်န၀မတန်းတက်ရောက်နေသည့် သမီးပျိုတစ်ဦး ရှိသည်။ လင်ယောကျာ်းဖြစ်သူမှာ
ဓါတ်ပုံဆရာတစ်ဦးဖြစ်၏။မနွယ်နွယ်တို့မိသားစုသည် သျှစ်သာင်းဘုရားရှေ့မှ ပေ-၂၀ ပတ်လည်ခန့် ၇ှိသော သဇင်နွယ်ဆိုင်ခန်းကလေး၌နထိုင်ကာခရီးသည်မျှော်ရင်းဈေးရောင်းသော အလုပ်ကို နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့ကြသည်။သူ၏ ဆိုင်ကလေးမှ မြောက်ဦးရောက်အမှတ်တ၇ စာတန်းပါရှိသော အသုံးအဆောင်ပစ္စည်းများ၊ရခိုင်ရိုးရာ အဝတ်အထည်များ၊ ရခိုင်ကြေးသွန်းဗျာ လရုပ်ထုများနှင့်ကြးသွန်းဘုရားဆင်းတုတော်ကလေးများကိုရောင်းချသည်။
၂၀၁၈အလွန်ကာလများသည် မနွယ်နွယ် အပါအဝင်မြောက်ဦးမြို့နယ်ထဲမှ ဧည့်မျှော်ဈေးသည်များအတွက် အကျပ်အတည်း ကာလတစ်ခုကို စတင်ရင်ဆိုင်ခဲ့၇ချိန်များပင်ဖစ်သည်။ မြန်မာတပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့သည်၂၀၁၄ နော က်ပိုင်းမှစတင်ကာ ၇ခိုင်ပြည်နယ်ထဲတွင်ကြိုကြားကြိုကြားတိုက်ပွဲများ စတင်ဖြစ်ပွားနေခဲ့ကြပြီး၂၀၁၈ ခုနှစ် အလွန်ကာလများတွင်တော့၎င်းတို့၏ရင်ဆိုင်တိုက်ပွဲများကိုန့စဉ်ရက် ဆက်ဆိုသလို ကြားလာခဲ့၇သည်။
ယခင်အချိန်ကာလများကတာင်ကုန်းတောင်တန်းတို့၌သာ တိုက်ပွဲဖြစ်ပွား ခဲ့ကြသော်လည်း၂၀၁၈ အလွန်ကာလများတွင်မူ တိုက်ပွဲ ဧရိယာမှာ တစစနှင့် ကျယ်ပြန့်လာခဲ့သည်။ ၂၀၂၀ ခုနှစ်နိုဝင်ဘာ ရွေးကောက်ပွဲအလွန် တိုက်ပွဲများသည် တစ်ဖန်ငြိမ်သက်သွားသဖြင့် အခြေအနေ အကောင်းဖက်ကိုရောက်လာပြီဟု ထင်မှတ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဇူလိုင်လကစပြီး တိုက်ပွဲများ တစ်ကျော့ ပြန်ဖြစ်လာသည်။ယခုဖြစ်သော ရခိုင် တိုက်ပွဲများသည်ကား ယခင်တိုက်ပွဲများထက် ပိုမိုပြင်းထန်ပြီး သယ်ယူပို့ဆောင်ရေးကအစခရီးသွားရေးနှင့် ကုန်စည်စီးဆင်းရေးများပါ ရပ်တန့်သွားခဲ့သည်။ စစ်မက်ရေး၇ာအခြေအနေမှာလည်း ၇ခိုင်ပြည်နယ်၏မြို့နယ်အများသို့တိုင် လွှမ်းခြုံသွားခဲ့သည်။
သည်ကြားထဲတွင်၂၀၁၉ ခုနှစ်စပိုင်း၌တရုတ်နိုင်ငံမှာစတင်သော ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် စီးပွားရေး နလံစထူသည့် အချိန်တွင် ၇ခိုင်ပြည်နယ်၏ တိုက်ပွဲအခြေအနေမှာ ပြန်မြင့်တက်လာသဖြင့် ကပ်ဘေးအလွန်တွင် ကပ်ဘေးနှင့် စစ်ပွဲ ပူးသတ်ခံလိုက်ရသည့်ပမာရှိတော့သည်။နဂိုကမှ ယိုင်နဲ့နဲ့သာရှိခဲ့သော ပြည်နယ်နယ်၏စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးစသော အခြေအနေများသည်လည်း အနိမ့်ဆုံးအခြေအနေသို့ ချက်ချင်းလက်ငင်းဆိုက်ရောက် သွားခဲ့၇တော့သည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းကို အမှီသဟဲပြုကာ စီးပွားရှာကြသော မြောက်ဦးမြို့ထဲမှမနွယ်နွယ်တို့ကဲ့သို့ဧည့်မျှော်ဈေးသည်များ၏ အခြေအနေမှာ ဆိုးဆိုးဝါဝါး ခက်ခဲသွားခဲ့၇လေသည်။
(သုံး)
“ မြောက်ဦးမြို့ဆိုတာကခရီးသွားဧည့်သည်တွေကို အမှီသဟဲပြုပြီးတော့ လုပ်ကိုင်စားသောက်၇တဲ့မို့ပါ။ တခြားမြို့တွေမှာလိုအလုပ်အကိုင် အခွင့်အလန်းအတွက် စက်ရုံ အလုပ်ရုံတွေရှိနေတာ မဟုတ်ဘူးလေ။ ဒီမှာစစ်ပွဲတွေဖြစ်တယ်။ အရင်နှစ်တွေကကပ်ရောဂါတွေဖြစ်တယ်ဆိုတော့ခရီးသွားတွေ မလာကြတော့ဘူး။ အခုစစ်ပွဲတွေ ပြန်ပြီး ဆက်လာနေတာဆိုတော့ ခရီးသည်တွေ လာ လို့မ၇တဲ့အခြေအနေပေါ့။ခရီးသွားတွေ မလာတော့ဘူးဆိုတာနဲ့ မြောက်ဦးမြို့က ခြောက်ကပ်သွားတော့တာ ပါပဲ။ ဒီလိုဖြစ်သွားတော့ကျွန်မတို့လို ဧည့်သည်မျှော်ပြီး ဈေးရောင်းကြ၇သူတွေအတွက်အခက်အခဲ ဖြစ်လာပါတယ်။
ရပ်တည်နိုင်ဖို့ကြိုးစား၇တာတစ်နေ့ထက်တစ်နေ့ပိုပြီးတော့ ခက်ခဲလာပါတယ်” သျှစ်သောင်းပုထိုးတော်ရှေ့ဘက်တွင် မြောက်ဦးရောက်အမှတ်တ၇ ပစ္စည်းများ ရောင်းချနေသော မနွယ်နွယ်ဖွင့်ပာ ပြောဆိုသော စကားများပင်ဖြစ်၏။
စစ်ပွဲနှင့်ရောဂါကပ်ဘေးမရှိမီ အချိန်ကာလာများ၌ မြောက်ဦးမြို့ သည် နေ့စဉ်ရက်ဆက် ခရီးသည်များဖြင့် ပြည့်ကြပ်နေခဲ့ကြောင်း မနွယ်နွယ်ကဆိုသည်။ သျှစ်သောင်းပုထိုးတာ်ရှေ့တွင် ဈေးရောင်းချနေသောဈေးဆိုင်များသည်တစ်နေ့လျှင် အနည်းဆုံး သုံးသိန်းကျော်ခန့်မျှ ပုံမှန် ရောင်းချခဲ့၇ကြောင်းသူက ပြောပြသည်။ယခင်အချိန်များက သျှစ်သောင်းဘုရားပွဲကာလ၌
ဈေးရောင်း၇ငွေဖြင့် တစ်မိုးကုန်အောင်အထိသုံးစွဲနိုင်ခဲ့ကြောင်း သူမက ဆိုသည်။ လက်ရှိအချိန်တွင် နိုင်ငံရေး၊စစ်ရေးနှင့် တိုင်းပြည်တည်ငြိမ်းချမ်းရေးပျက်ပြားနေသော အခြေအနေအရပ်ရပ်များကြောင့်မြောက်ဦးမြို့သို့ နိုင်ငံခြားဧည့်သည်များနှင့် ဘုရားဖူးများ မရောက်သည်မှာ၂၀၁၈ ရေတွက်လျှင် လေးငါးနှစ်မျှပင် ကြာမြင်ခဲ့ပြီဖြစ်ကြာင်းမနွယ်နွယ်ကဆိုသည်။
(လေး)
“ တိုက်ပွဲတွေဖြစ်နေတုန်းကဆိုရင်ကျွန်မတို့ဈးဆိုင်တွေကိုပိတ်ထားခဲ့ပြီးတော့ ဘေးကင်းမယ့်နေရာတွေကိုသွားနေခဲ့ကြရတဲ့နေ့တွေ ရှိပါတယ်။ အလုပ်လည်း မရှိ၊ လုံခြုံမှုကလည်း စိုးရိမ်စရာဖြစ်နေတဲ့အချိန်မှာ ကုန်ဈေးနှုန်းကလည်း တက်တော့ မိသားစု ဘ၀ရပ်တည်ရေးက အထူးအခက်အခဲပါပဲ” ဒါက လက်ရှိသူမတို့ မိသားစု ကြုံတွေ့နေ၇တဲ့ အခြေအနေကို ပြောပြသွားတာဖြစ်ပါတယ်။
“ ထုက္ကန့်သိမ်ပုထိုးတော်အနီးကိုလက်နက်ကြီးကျ တုန်းကဆို ရင် ကျွန်မတို့မှာ ကြောက်လန့်ပြီးတော့သျှစ်သောင်းဘုရားထဲကို ဝင်ပြေးကြ၇တယ်။ ကျွန်မတို့ကိုမြင်ရင် လှမ်းပစ်လေမလားဆိုပြီးတော့လည်းစိုးရိမ်၇သေးတယ်။ တချိုဈေးသည်မိန်းကလေးတွေဆိုရင် ကြောက်လန့်ပီးတော့ ခြေတွေလက်တွေ သေသလိုမျိုး မလှုပ်ရှားနိုင် ဖြစ်စ်သွားကြတာ။ အဲဒီနေ့ကဘုရားထဲမှာပဲ တစ်ညလုံး အိပ်ခဲ့၇တယ်။ လက်နက် ကြီးပစ်သံတွေကိုလည်းညလုံးပေါက် ကြားနေခဲ့၇တယ်”ဟု တိုက်ပွဲကာလများ အတွင်း၌ရင်ဆိုင်ကြုံတွေ့ခဲ့၇သည်များကို မနွယ်နွယ်က ပြန်ပြောင်းပြောခြင်းပင်ဖြစ်သည်။
သျှစ်သောင်းပုထိုးတော်ရှေ့ဘက်တွင် မနွယ်နွယ်၏ဆိုင်အပါအဝင် ဆိုင်ခန်း လေးငါးခန်းတည်ရှိနေရာထုက္ကန်သိမ် အပါအဝင် ဘုရားများအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသံကြား၇သောနေ့မှစ၍ဆိုင်ခန်းများမှာ မဖွင့်တစ်ရက်ဖွင့်တစ်ရက်ဖြစ်နေ၍ စီးပွားရေးအထူးနစ်နာနေကြရသည်။ လက်ရှိတွင် မြောက်ဦးမြို့ပေါ်တွင် လက်နက်ကြီးပစ်ခတ်သံများမကြာခဏကြားနေရသလို အရပ်သားများကို ဖမ်းဆီးမှုများရှိနေ၍ လူတိုင်းစိုးရိမ်နေကြ၇သည်ဟုဆိုသည်။ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်း(UNESCO) ဝင်ဖို့ကြိုးစားနေကြချိန်တွင် ယခုလို အခက်အခဲ ဖြစ်သွားခဲ့၇စိတ်မကောင်းဖြစ်၇ကြောင်း မနွယ်နွယ်က ပြောဆိုပြန်ပါတယ်။
“ မြောက်ဦးစည်ကားနေရင် ကျွန်မ တို့လို ဈေးသည်တွေ အဆင်ပြေတာပေါ့။ အခြားတစ်ဖက်ကကြည့်ရင် မြောက်ဦးကို ကမ္ဘာ့အမွေ အနှစ်စာရင်း(UNESCO) ဝင်ဖို့ကြိုးစားနေကြချိန်မှာဧည်သည်တွေနဲ့ အများကြီးစည်ကားလာခဲ့မယ်လို့ ထင်ထားခဲ့တာ။ အခုလို အချိန်မှာအခက်အခဲတစ်စုံတစ်ရာ ဖြစ်သွားခဲ့၇တာကိုလည်းစိတ်မကောင်းဖြစ်၇ပါတယ်။မြောက်ဦးကိုကမ္ဘာ့အမွေအနှစ် စာရင်း ဝင်စေချင်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သွားမှစစ်ပွဲတွေဖြစ် လာခဲ့ရင်တောင် ဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်လို့ မ၇တော့ဘူးလို့ ပြောတာကြားဖူးတယ်။ ပီးတော့အမွေအနှစ်စာရင်းဝင် သွားရင် ခရီးသွားတွေပိုရောက်လာပြီးတော့ ဧည့်မျှော်ဈေးသည်တွေလည်းဈေးရောင်းကောင်းလာကြမှာပေါ့။”
မြောက်ဦးသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်လာခဲ့ပြီဆိုပါက ပျက်စီးလာနေသော သမိုင်းအမွေအနှစ်များထိန်းသိမ်းပြုပြင်ရေးနှင့်မဖော်ထုတ်ရသေးသော အမွေအနှစ်များကို ထပ်မံဖော်ထုတ်ရေးတို့အတွက်အထောက်အပံ့ဖြစ်လာလိမ့်မည်ဟုမျှော်လင့်ကြောင်း မနွယ်နွယ်ကဆိုသည်။
သူအမျှော်လင့်ဆုံးမှာ မြောက်ဦးမြို့ကိုယခင်ကကဲ့သို့ ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားသိုက်မြိုက်နေစေရန်ပင် ဖြစ်ကြောင်းဆိုသည်။ မြောက်ဦးမြို့သည် ခရီးသွားများမရှိဘဲလက်ရှိအတိုင်းဆက်လက်ခြောက်ကပ်တိတ်ဆိတ်နေမည်ဆိုပါကဧည့်မျှော် ဈေးသည်များအတွက်တဖြည်းဖြည်းနှင့်ရုန်းကန်၇ပိုမိုခက်ခဲလာနိုင်ပြီး နေရပ်စွန့်ခွာပြီး တိုင်းတစ်ပါးကို ထွက်ခွာသူ ယခင်က ပိုများလာနိုင်ကြောင်း သူကရှင်းပြသည်။
လက်ရှိ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ၏လက်ထက်၌ မြောက်ဦးကိုကမ္ဘာ့အမွေအနှစ်စာ ရင်းဝင်နိုင်ရန်အတွက်အပြီးသတ်အဆိုပြုလွှာကို တင်လိုက်ပြီဖြစ်ကြောင်း သတင်းများတွင် တွေ့နေ၇၏။သို့သော် ၇ခိုင် တို့၏ အသည်းနှလုံး မြောက်ဦးအမွေအနှစ်ဒေသအတွင်း၌ မူးယစ်ဆေးသုံးစွဲမှုများနှင့်အဆောက်အဦးအသစ်ဆာက်လုပ်ခြင်းများရှိနေကြပြီး ထိုအပြုအမူများက မြောက်ဦးကို ချစ်ရာမရောက် နစ်ရာရောက်နေသည်။ ထိုသို့ ပြုမူနေခြင်းများသည် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် အတွက် စိုးရိမ်စရာအကြောင်းများ ဖြစ်နေခဲ့သည်ဟုလည်း ဆိုသည်။ ဒေသခံ၇ခိုင်လူမျိုးများအနေနှင့် မြောက်ဦးကို ပါးစပ်မှချစ်ကြောင်း တန်ဖိုးထားကြောင်းပြောနေရန်ထက် လက်တွေ့ချစ်ခင်တန်ဖိုးထားကြောင်းကို အလုပ်နှင့် သက်သေပြသရန် လိုအပ်နေပါသေးသည်ဟု သူမက အမျိုးသားရေးအမြင်ဖြင့် ပြောဆိုပြန်သည်။
(ငါး)
မနွယ်နွယ်သည် သဇင်နွယ် ဆိုင်ကလေးထဲမှနေ၍ သျှစ်သောင်းပုထိုးတော်ကြီး၏ လှေကားထစ်များဆီသို့ မျှော်ကြည့်နေမိသည်။ကုန်လွန်ခဲ့ပြီးသော အချိန်ကာလများက သျှစ်သောင်းပုထိုးတော်ကြီး၏ရှ့ဘက်မုဒ်ဦး၌လည်းကောင်း၊ လှေကားထစ်များ ပေါ်၌လည်းကောင်း၊ လမ်းမကြီးတလျှောက်နှင့်သူတို့၏ဈးဆိုင်တန်းများ ထဲ၌လည်းကောင်းခရီးသွားခရီးလာများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့ဖူးသည်။
လက်ရှိအချိန်တွင်တော့အ တိတ်ကအရိပ်တို့သည်ဒဏ္ဍာရီလား၊ ပုံပြင်လားဟုတွေးစရာပင်ကောင်းတော့သည်။ရခိုင့်သမိုင်း အမွေအနှစ် များ စုပုံထားရာ ယဉ်ကျေးမှုမြို့ပြကြီးမြောက်ဦးတွင်ခရီးသည်များ ခြောက်ကပ်နေသရွေ့ခရီးသည်ကိုမှီကာ လုပ်ကိုင်စားသောက်နေကြ၇သော ဧည့်မျှော်ဈးသည်များ၏ဘ၀သည်လည်း ဝမ်းရေးစိုပြေလာရန် မဖြစ်နိုင်ပါချေ။ ရေညှိရောင်ကျောက်တုံးမြို့တော်ကြီးထဲမှ ဧည့်မျှော်တို့၏မနက်ဖြန်နေ့ရက်များကို တွေးရင်း မနွယ်နွယ် တစ်ယောက် သက်ပြင်းမောတစ်ချက်ကိုသာ ချမိလိုက်လေတော့သည်။
ရက္ခ