စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

လူမှုမီဒီယာကို အကျိုးရှိရှိအသုံးပြု၍ ဘ၀အောင်မြင်လာသူ ရခိုင်လူငယ်တစ်ဦး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

ခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကဲ့သို နယ်မြို့လေးတစ်မြို့မှ ရခိုင်လူငယ် စန်းမြင့်ထွန်း သည်  အင်တာနက်ကို အကျိုးရှိရှိ အသုံးချပြီး ဘဝရပ်တည်ချက် ခိုင်မာလာသူဖြစ်သည်။ ၂၀၁၂ ခုနှစ်လောက်က စတင်ခဲ့ပြီး ဟာသတိုဇာတ်လမ်း(funny)များ ရိုက်ကူးရင်း ဆယ်စုနှစ်တစ်ခုအတွင်း အွန်လိုင်းပေါ်၌ သူအနေနှင့် နေရာတစ်ခုရရှိလာပြီး လူသိထင်ရှားသည့် Celebrity ဆယ်လီတစ်ဦးဖြစ်လာခဲ့သည်။ နောက်တွင် သူသည် food vlogger အဖြစ် လုပ်ဆောင်ရင်း ကြော်ငြာရိုက်ကူးခငွေများရရှိသဖြင့်  အွန်လိုင်းပေါ်မှ ဝင်ငွေရှာနိုင်သော လူငယ် တစ်ဦးဖြစ်လာနေသည်။

 င်တာနက်နည်းပညာများ ဖွံ့ဖြိုးလာသည်နှင့်အမျှ လုပ်ငန်းများနှင့်လူအများအပြားသည် ၎င်းကိုပံ့ပိုးပေး သည့်အရာမှ အွန်လိုင်းပေါ်တွင် အကျိုးအမြတ်များ ရရှိနေကြသည်။ အွန်လိုင်းပေါ်တွင် အောင်မြင်နေသော ဆယ် လီများသည်လည်း follower များကြောင့်  ပေါ်ပြူလာကျော်ကြားခြင်းကို အရင်းတည်ပြီး ငွေရှာနိုင်သူများဖြစ် လာနေကြသည်။ ထိုအထဲတွင် ရခိုင်လူငယ်တစ်ဦးဖြစ်သည့် စန်းမြင့်ထွန်း သည် အွန်လိုင်းပေါ်တွင်  food vlogger အဖြစ် မြန်မာနိုင်ငံအနှံ လူသိများလာသဖြင့် စားသောက်ဆိုင်များ နှင့်ရွှေဆိုင်များမှ ကြော်ငြာရိုက်ကူးရန် ကမ်းလှမ်းမှုများကြောင့် ဘ၀ကိုရပ်တည်လာနိုင်သူဖြစ်သည်။

ရခိုင်လူမျိုးတို့၏အစားအသောက်ပိုင်းနှင့်ပတ်သက်  သူသိသမျှ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို သူ၏ San Myint Tun  page မှ စဉ်ဆက်မပြတ် ဝေမျှ ပေးနေသည်ကို တွေ့မြင်နေရသည်။  စန်းမြင့်ထွန်းသည် ရခိုင်လူမျိုးတို့၏နေ့စဉ်စားသောက်ဖွယ်ရာများကို food Volgger အဖြစ် အွန်လိုင်းပေါ်တွင် သာဘ၀ကျကျရိုက်ကူးလုပ်ဆောင်ရင်းမှ သူ့ကို မြန်မာအနှံ လူသိများလာရ ခြင်းဖြစ်ပြီး ကြော်ငြာရိုက်ကူးခငွေများ ရရှိသဖြင့် ဝင်ငွေရှာနိုင်သောလူငယ်တစ်ဦးဖြစ်လာနေရခြင်းပါ။ ယနေ့ အချိန်တွင် စန်းမြင့်ထွန်း၏ food vlogger အဖြစ် တင်ဆက်မှုဗီဒီယိုဖိုင်များကို လူပေါင်းသန်းချီ၍ ကြည့်ရှုနေကြ သဖြင့် အောင်မြင်မှုရရှိနေသလို သူ၏ အမြူးအကြွ ကိုယ်ပိုင်သံစဉ် ရခိုင်တေးသီချင်းများကြောင့်လည်း စတိတ်ရှိုး ပွဲများ၌  သီဆိုမှုရှိလာနေသည်။

စန်းမြင့်ထွန်းဆိုသည့် လူငယ်လေးတစ်ဦး ဘယ်လိုကနေ၊ဘယ်လို အောင်မြင်သည့် Food Blogger တစ် ယောက်ဖြစ်လာရသလဲဆိုသည့် အကြောင်းအရာနှင့်ဘ၀တစ်ခုကို သူမည်သို့တည်ဆောက်ပုံကလည်း စိတ်ဝင်စား စရာ ဖြစ်နေရပါသည်။ သူ၏ ဘ၀အစ၌ ဆင်းရဲခြင်းဖြင့် အစပြုခဲ့ရသည်။ သူ၏ငယ်နာမည်မှာ စန်းမြင့်ထွန်း ဖြစ် ပြီး မွေးချင်း()ဦးအနက် အငယ်ဆုံးဖြစ်သည်။

()

မိသားစုတွင်အငယ်ဆုံးသားဖြစ်၍ ရွာ၌ သူ့ကို အများက  ညီစေ့ ဟု ခေါ်ဆိုကြသည်။  အဖ ဦးမောင်ထွန်းကျော်၊ အမိ ဒေါ်မသန်းမြတို့မှ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက် အင်္ဂါနေ့တွင် ရခိုင်ပြည်နယ်၊ ကမ်းထောင်းကြီးမြို ရွာသစ်ပိုင်း၌ မွေးဖွားခဲ့သည်။  သူငယ်တန်းမှ ဒသမတန်းအထိ ..က ကမ်းထောင်းကြီးတွင် တက်ရောက် သင်ကြားပြီး   ၂၀၀၆ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ စစ်တွေတက္ကသိုလ်၌ ဥပေဒဘာသာရပ် အထူးပြုဖြင့် နေ့ကျောင်း (Day)တက်ရောက်သင်ကြားခဲ့ပြီး  ၂၀၁၁ ခုနှစ်တွင် စစ်တွေတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။

 သူ၏ငယ်စဉ်ဘ၀၌  ဖခင်ဖြစ်သူသေဆုံးသွား၍ မိခင်ဖြစ်သူသည် အကြော်သည်မုဆိုးမဘ၀ဖြင့် သားသမီး ခြောက်ဦးကို ကျွေးမွေး စောင့်ရှောက် ခဲ့ရသည်။  စန်းမြင့်ထွန်းငယ်စဉ်ဘ၀တွင်  မိခင်ဖြစ်သူနှင့်အတူ ထိုင်၍ ညဘက် လမ်းဘေး၌ ဘူသီးကြော်၊ငှက်ပျော်ကြော်များကို ရောင်းချခဲ့ဖူးသည်။ မူလတန်းကျောင်းသားဘ၀၌ ကျောင်းမတက်ရောက်မီ ကျောင်းစျေးတန်း၌ ဆီးယိုထုတ်များကို ရောင်းချပြီးမှ ကျောင်းတက်ရောက်သည်။ ကျောင်းပိတ်ရက်များ၌ ဗီဒီယိုရုံများရှေ့ ပဲကြီးလှော်ထုပ်များကို ရောင်းချဖူးသည်။ စန်းမြင့်ထွန်း တက္ကသိုလ် ကျောင်းသားဘ၀၌ သူ၏ အစ်မဖြစ်သူများက ကွမ်းယာဆိုင်ဖွင့်၍ ရောင်းချပြီး သူ့ ပညာရေးစရိတ်အတွက် ထောက်ပံ့ပေးခဲ့ကြသည်။

 စန်းမြင့်ထွန်း တက္ကသိုလ်ကျောင်းသားဘ၀ စစ်တွေမြို့၊ကျောင်းကြီးလမ်းရပ်ကွက်၌ အဆောင်ငှား၍နေထိုင်စဉ် ကွန်ပျူတာပညာကိုတတ်ချင်လွန်း၍ ထမင်းကိုတနပ်တည်းစားသောက်ကာ ငွေစုပြီး ထိုစုထားသောငွေကြေးဖြင့် စစ်တွေမြို့၊ Winner ကွန်ပျူတာသင်တန်းကျောင်း၌  တက်ရောက် သင်ကြားသည်။ ကွန်ပျူတာနည်းပညာသိနား လည်ရန် စာအုပ်များကို ဝယ်ယူ၍လည်း ဖတ်ရှုခဲ့သည်။ MP-4 ခေတ်စားလာပြီးနောက် ဝယ်ယူနိုင်ဖို့လည်း သူ့ ဘ၀၌ ငွေကြေးအခက်အခဲရှိသဖြင့် ထမင်းကို တစ်နပ်သာစားသောက်ပြီး ငွေစု၍ ဝယ်ယူခဲ့သည်။ 

ထို MP-4 ဖြင့် ကမ်းထောင်းကြီးဒေသမှ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများကို အခကြေးငွေနှင့် ဓာတ်ပုံ ရိုက်ကူးခြင်းကို သူ ပြုလုပ်ပြီး ငွေစုနိုင်ခဲ့သည်။ ဓာတ်ပုံတစ်ပုံကို သုံးရာကျပ်ယူပြီး စစ်တွေမြို့၊အမျိုးသားဓာတ် ပုံတိုက်၌ ဓာတ်ပုံကူးခ (၁၅၀) ကျပ်သာကုန်ကျသဖြင့် ဓာတ်ပုံတစ်ပုံရိုက်ခွင့်ရရှိလျင် သူ့အတွက် ငွေတစ်ရာ့ငါး ဆယ်ကျပ အမြတ်ရရှိနေခဲ့သည်။  များမကြာမီ ဓာတ်ပုံရိုက်ကူးရန် ကင်မရာတစ်လုံးကို ဝယ်ယူ လာနိုင်သဖြင့် ဓာတ်ပုံဆရာဘ၀ကို  ခံယူလိုက်သည်။ ၂၀၁၁ ခုနှစ်၊ စစ်တွေတက္ကသိုလ်မှ ဥပဒေဘွဲ့(L.L.B.) ရရှိ ပြီးနောက် သူ၏ ဇာတိ ကမ်းထောင်းကြီးမြို့၌ ညီစေ့ အမည်ဖြင့် ဖိတ်စာရိုက်နှင့်ဓာတ်ပုံရိုက်ကူးရေး ဆိုင်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ သည်။ ရခိုင်ဒေသ၌ ဥပေဒပညာရပ်ဖြင့် နေရာတစ်ခုရရှိရန်ခက်ခဲသဖြင့် သူဝါသနာပါရာ ဓာတ်ပုံဆရာဘ၀ကို ခံ ယူဖြစ်လိုက်ခြင်းအား ဤသို့ ပြောဆိုထားပါသည်။

 ()

 "၂၀၁၁ ခုနှစ်၊ စစ်တွေတက္ကသိုလ်ကနေ ကျွန်တော် ဥပဒေဘွဲ့ရရှိတော့ ရှေနေ့လုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ချိန်ဘာဆင်းဖို့  နာမည်ကြီး ရှေ့နေများစုဝေးရာ စစ်တွေမြို့မှာ ပြန်ပြီးနေထိုင်ရမှာဖြစ်လို့ ပိုက်ဆံထပ်ကုန် မှာဖြစ်တဲ့အတွက် အမေနဲ့အစ်မတွေကို ဒုက္ခမရောက်စေချင်တော့ဘူး။ ဒါကြောင့် ကိုယ်ဝါသနာပါရာ ဓာတ်ပုံဆ ရာဘ၀ကိုပဲရွေးချယ်ဖြစ်လိုက်ရပါတယ်။ ဘွဲ့ရပြီးခါစကဆိုရင် ငါဥပဒေပညာကို သင်ယူခဲ့တဲ့ လူတစ်ယောက်ဆို ပြီး ကိုယ်နဲ့ရင်းနှီးတဲ့လူတွေ အမှုအခင်းတွေဖြစ်ရင် အကြံအဉာဏ်တွေ ပေးခဲ့ဖူးပါသေးတယ်’’ ဟု ကိုစန်းမြင့်ထွန်းက သူဓာတ်ပုံဆရာဘ၀ကို ရွေးချယ်ခဲ့ဖြစ်ပုံကို ပြောပြသည်။

 ၂၀၁၂ ခုနှစ်လောက်တွင်  အကောင်းစားမဟုတ်သည့် စမတ်ဖုန်းတစ်လုံးကို စန်းမြင့်ထွန်း ဝယ်ယူနိုင်သဖြင့် တစ် ဘက်နှင့်တဘက် သီချင်းဆိုနိုင်သည့် ဆန်မို ဆိုသော ဖုန်းဆော့ဝေလ်ကို သူအသုံးပြုလာခဲ့သည်  ဆန်မို၌ သူ၏ ဟာသသီချင်းများကို လူကြိုက်များပြီး fan များရရှိလာ၍လူသိလာသဖြင့် သတင်းဌာနများမှ အင်တာဗျူးများကို သူ ဖြေဆိုလာရသည်။  အွန်လိုင်းကို မြန်မာနိုင်ငံ၌ လူသုံးများလာသဖြင့် (funny) ဟာသဇာတ် လမ်းတိုများကို စန်းမြင့်ထွန်းကိုယ်တိုင်ရိုက်ကူးပြီး အွန်လိုင်းပေါ်ထင်ခဲ့ရာ လူကြိုက်များသဖြင့် တဟုန်ထိုးနာမည် ရရှိလာခြင်း ဖြစ်သည်။

 စန်းမြင့်ထွန်းသည် ဝါသနာပါသည့်အနုပညာဖြင့် သူ့ဘ၀ကိုရပ်တည်ဖို့ စိတ်ကူးဖြစ်သွားသဖြင့် food vlogger အဖြစ် လုပ်ဆောင်လာခဲ့သည်။ သူ့အနေဖြင့် ထိုင်းနိုင်ငံမှ food vlogger များ၏ ဗီဒီယိုဖိုင်များကို ကြည့်ရှုခဲ့ရ၍  food vlogger အဖြစ် ဗီဒီယိုဖိုင်များကို ရိုက်ကူးဖို့ စိတ်ကူး ဖြစ်လာခဲ့သည်။ ထိုအချိန်၌ မြန်မာနိုင်ငံ၌ လူသိ များသော food vlogger များများစားစား  မရှိသေး၍  ဆိုထားသည်။

 ()

"ကျွန်တော်တို့ ရခိုင်ဒေသမှာ ပင်လယ်စာတွေအလွန်ပေါများတယ်။ နောက်ပြီး ငါး၊ဂဏန်း၊ဂုံး စတာတွေကို ရှာ ဖွေဖို့ကလည်း ချောင်းတွေ၊မြောင်းတွေ အများကြီးရှိနေတယ်။ ဒါကြောင့်  ထိုင်းနိုင်ငံက food vlogger တွေရဲ့ ဗီဒီ ယိုဖိုင်တွေကို ကြည့်ရင်းကနေ food vlogger လုပ်ဖို့ ကျွန်တော် စိတ်ကူးရသွားခြင်းဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ ငယ်စဉ်ကတည်းက အချက်အပြုတ်ဝါသနာပါတယ်’’ ဆိုပြီး စာရေးသူ အင်တာဗျူး မေးမြန်းစဉ်က သူြေဆိုထားခဲ့ပါသည်။

Food vlogger အဖြစ်နှင့် စန်းမြင့်ထွန်းရိုက်ကူသည့် ဗီဒီယိုဖိုင်များ၌ သူအမြဲပြုးပျော်ခြင်းအား တွေ့မြင်နေရ သည်။ သူ၏ ရွာမှ အိမ်နီးနားချင်း စကားကိုမပီကလာပြောတတ်သော အပိ ဆိုသည့် ဆယ်ကျော်သက် ယောကျာ်း ငယ်လေးတစ်ဦးနှင့် စန်းမြင့်ထွန်းတို့ တောထဲ၌တောကြက်များထောင်ဖမ်းပုံ၊ ချောင်းမြောင်းများ၌ ဂုံးများ၊ဂဏန်း များကို ရှာဖွေနေသည့် ဗီဒီယိုဖိုင်များကို လူအများက စိတ်ဝင်စားမှုရှိနေကြရသည်။ ကမ်းထောင်းကြီးမြို့ အနီးရှိ ဒလက်ချောင်း၊မဲချောင်း၊သရက်တောင်ချောင်းတို့မ သူတို့ရှာဖွေရရှိလာသော ပင်လယ်စာများနှင့် ဆည်တာတမံ များမှ ဖမ်းယူရရှိသော ငါး၊ပုစွန်၊ဂဏန်းများကို လတ် လတ်ဆတ်ဆတ် ချက်ပြုတ်ပြီး အပိနှင့်အတူ သူတို့နှစ်ဦး အားရပါးရ စားသောက်နေပုံများက ကြည့်ရှုနေရသူများ အဖို့ လျှာရည်တဖြုတ်ဖြုတ်ကျစေပါသည်။

နောက်တစ်ခုက ကိုစန်းမြင့်ထွန်းသည် food vlogger အဖြစ် တင်ဆက်ရာ၌ သူများနှင့်မတူအောင် အပင်ပန်းခံ သဘာ၀ကျကျ ရှာဖွေပြီး ရိုက်ကူးပြနေသူလည်းဖြစ်သည်။ ချောင်းထဲမြောင်းထဲတွင် အပိနှင့်အတူ လှေတစ်စီးဖြင့် နှစ်ယောက်သွားကြပြီး . ကွန်ပစ်၍ ရရှိလာသော သားငါးပုဇွန်များကို အစိမ်းလတ်လတ် ချက်ပြုတ်စားသောက်ပြ သည်။   food vlogger အဖြစ် ရိုက်ကူးတင်ဆက်ရာ၌ သူ၏ ရိုးရှင်းသောဘ၀ကို မြင်တွေ့ရပြီး လတ်ဆတ်သော အစားအသောက်များကို ရိုက်ကူးပြသည်။ ရခိုင်သဘာ၀ကမ်းအလှများနှင့်အတူ ရွံမြေထဲမှ ဂုံးနှင့် ဂဏန်းများကို အပင်ပန်းခံ၍ သူတို့ရှာဖွေသည်။ ချေင်းကမ်းစပ်ရှိ ဓနိပင်များ၌ကပ်နေသည့် ခရုငယ်များကို ကောက်ယူသည်။ ရခိုင်ရိုးမရှိ တောတောင်များ၌ တောကြက်တည်သည်။ သဘာ၀ ပေါက်ရောက်နေသည့်မှို များကိုလည်း ရှာဖွေကာ ချက်ပြုတ်ကြော်လှော်၍ ရိုက်ကူးပြသည်။ လှေပေါ်၌ ဂစ်မီးဖိုနှင့် ချက်ပြုတ်၍ စားသောက်ပြပုံက သူ့အနေဖြင့် ဖန်တီးမှုကောင်းသည်ဟု ဆိုရပေမည်။ စားသောက်နေစဉ် မည်သို့အရသာရှိခြင်းအား သူတို့နှစ်ဦး ပြောပြနေပုံက လည်း သဘာ၀ကျနေပေသည်။

သူ ချက်ပြုတ်သည့် အစားအသောက်များ၌  ဆီကိုများများစားစား ထည့်၍မထား၊ဟင်းချိုမုန့် ကို အနည်းငယ် ပါရုံသာ ထည့်ပြီး ချက်ပြုတ်နေခြင်းကလည်း အားလုံးအတွက် အတုယူစရာဖြစ်နေရသည်။ မိုးတွင်းကာလဆိုရင်၊ လယ်ကွင်းထဲ၌ ရွံအလူးလူးနှင့် ခရုများကို သူတို့နှစ်ဦးကောက်ယူကာ တဲအိမ်ငယ်အတွင်း၌ ချက်ပြုတ်စား သောက်ပြခြင်းက သဘာ၀အလွန်ကျနေတေတ်ပေသည်။ ဖမ်းယူရရှိလာသည့် သားငါးပုစွန်များကို  ကျန်းမာရေး နှင့် ညီညွတ်အောင် လတ်လတ်ဆတ်ဆတ် သဘာ၀အတိုင်း စန်းမြင့်ထွန်းက သူ၏ page ချက်ပြုတ်ကာ ရိုက် ကူးပြသနေခြင်းအား အမြဲတွေ့မြင်နေရသည်။ တချို့ food vlogger များ ကဲ့သို့ သူ၏ဗီဒီယိုများ၌ လောင်းကစား ကြော်ငြာများကို ထည့်မထားခြင်းကလည်း ဂုဏ်ယူစရာတစ်ခုဖြစ်သည်။

ရခိုင်ဒေသနှင့် ကိုယ့်မြို့လေးကို ကိုယ်စားပြုနိုင်သည့် food vlogger တစ်ယောက်ဖြစ်အောင် ငါကြိုးစားမယ် ဆိုသည့် ခံယူချက်ထားခဲ့၍ စန်းမြင့်ထွန်းအနေဖြင့် food vlogger ဖြစ်လာရခြင်းဆိုရင်လည်းမမှား။ သူအနေနှင့် food vlogger စတင်လုပ်ဖြစ်စဉ်က

()

စိတ်အနှောင့်အယှက်ဖြစ်စရာအချိန်၊ဝေဖန်ခြင်းမျာကိုလည်း ကြုံတွေ့ခဲ့ဖူးရသည်။ အချက်အပြုတ်ဝါသနာပါ သည့်အတွက် သူနှင့်အလိုက်ဖက်ဆုံးအလုပ်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးပြီး ဖြတ်ကျော်ခဲ့ကြောင်းအား စာ ရေးသူအင်တာဗျူးမေးမြန်းစဉ်က  လူငယ်များအတုယူနိုင်ဖို့ သူ ပွင့်ပွင့်လင်းလင်း ဖြေဆိုထားပါသေးသည်။  ‘’ လူငယ်တွေအနေဖြင့်  အိပ်မက်တွေရှိနေရင် ဒါတွေဟာ ရှေ့ဆက်သွားနိုင်ဖို့ တွန်းအားတစ်ခုပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ၊ လုပ်ချင်တဲ့အရာတွေအတွက် အခက်အခဲတွေ ရင်ဆိုင်ရမှာနှင့် ခြေလှမ်းတစ်လှမ်းကို စလှမ်းဖို့ကို မတွန့်ဆုတ်ပါနဲ့။ ဝေဖန်မှု၊ အပြစ်တင်သံတွေဟာ တစ်ချိန်မှာ ကိုယ့်ကိုအားပေးနေတဲ့ လက်ခုပ်သံတွေ ဖြစ်လာ ပါလိမ့်မယ်။နောက်တစ်ခုက လူငယ်တွေအနေဖြင့် လူမှုမီဒီယာအသုံးဝင်လာတာနဲ့အမျှ မှန်မှန်ကန်ကန် အကျိုးရှိရှိ အသုံးပြုကြစေလိုပါတယ်။ ကျွန်တော်ဆိုရင်လည်း ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာခဲ့ရပေမဲ့ အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုကာ food vlogger အဖြစ် ရပ်တည်နေလို့ အထိုက်အလျောက် ဝင်ငွေရရှိလာတဲ့အတွက် မိသားစုကို တစ်ဘက်တလမ်းက ကူညီပေးနေနိုင်ပြီဖြစ်ပါတယ်။လူငယ်တွေအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်မွေးပြီး အပျက်သဘောဆောင်တဲ့အတွေးတွေကို မောင်းထုတ်ပါ။ တစ်နေ့တာတိုင်းမှာ အောင်မြင်ရမဲ့ အတိုင်း အတာလေးတွေကို ကိုယ်တိုင်သတ်မှတ်ပါ။ရောက်နိုင်မဲ့ ပန်းတိုင်သေးသေးလေးတွေကို ချမှတ်စေချင်ပါတယ်။ တစ်ခုချင်းစီကို အောင်မြင်အောင်လုပ်ဖို့လည်း မမေ့ပါနဲ့’’ ဆိုပြီ ပြောကြားထားပါသည်။

စန်းမြင့်ထွန်း ဆိုသည့်အတိုင်း  ပညတ်သွားရာ ဓားသက်ပါဆိုသလို ယနေ့အချိန်၌ အွန်လိုင်းပေါ်တွင် စန်းထ လာသော လူငယ်တစ်ဦးဖြစ်နေသည်။ နဂိုပါလာသည့် ဝါသနာကို သူ့အရည်အချင်းနှင့် ပေါင်းစပ်လိုက်သောအခါ သီချင်းအဆိုဂီတနယ်ပယ်၌လည်း ပါရမီအခံရှိ၍ သူ အောင်မြင်မှုရရှိနေပြီဖြစ်သည်။ အာရ်ကန်မျိုးထူး ရေးစပ် ထားသည့် ကိုယ့်ပြည်ကိုချစ်ကတ်မယ် သီချင်းသည်  မြောက်ဦးမြို့ရှိ အထင်ကရဘုရားများရှေ့၌ အမျိုးသမီးငယ် များ၏ ရခိုင်ရိုးရာအကတင်ဆက်မှု performance ကြောင့် အွန်လိုင်းပေါ်၌ လူကြိုက်များနေသည့် သီချင်းတစ် ပုဒ်ဖြစ်နေသည်။ သူ၏ ပြည်ရခိုင်မှာ ဘုရားဖူးကြမယ် သီချင်းကလည်း အွန်လိုင်းပေါ်တွင် လူကြည့်အများဆုံး ဖြစ်လာနေသည်။ မိတ္တီလာမြို့၌ ပြုလုပ်ခဲ့သည့် Miss Universe’s ပြိုင်ပွဲတွင် တေးရေး Boyလေး ရေးစပ်သည့်  ခင်ပျိုမေသီချင်းကို သူ သီဆိုခဲ့ရာ လူကြိုက်များခဲ့သည်။ မန္တလေးမှ ကိုစိုးရေးစပ်ပေထားသည့် နန်းရွှေရီ သီချင်း အား မကြာမီ အွန်လိုင်းပေါ်တွင် ထုတ်လွင့်ပေးဖို့ သူ စီစဉ်နေသည်။ ရခိုင်စတီရီယိုလောကမှ အဆိုတော် ဝင်းကိုခိုင် ကို သဘောကျပြီး မြန်မာစတီရီယိုလောကတွင် တိုင်းရင်းသားအသံ ဝဲဝဲလေးနှင့် သီဆိုခဲ့သည့် စိုင်းထီးဆိုင် နှင့် စိုင်းဆိုင်းမော်တို့ကို သူ အထူးကြိုက်နှစ်သက်သည်ဟု ဆိုသည်။

 ()

Food vlogger အဖြစ်နှင့်အောင်မြင်မှုရရှိနေသည့် စန်းမြင့်ထွန်းသည် အသက်(၃၀) ကျော် လူပျိုကြီးအရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရည်မှန်းထားသူမရှိသေးကြောင်းနှင့် အသက်(၃၅)နှစ်ကျော်လျင် အိမ်ထောင်ပြုဖို့ သူ စိတ်ကူးထားကြောင်းအား သိရှိနေရပါသည်။

နိဂုံးချုပ်ရပါလျင် ငယ်စဉ်က အခက်ခဲမျိုးစုံနှင့်ကြီးပြင်းခဲ့ရသော်လည်း food vlogger အဖြစ်နှင့် အောင်မြင် နေသူ စန်းမြင့်ထွန်းသည် သူ၏ ဝါသနာကို ဖုန်းတစ်လုံးအသုံးပြု၍ အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူဟု ဆိုရပေမည်။ သို့ဖြစ်၍ လူငယ်များအနေဖြင့် အင်တာနက်ကို စနစ်တကျနှင့် အကျိုးရှိရှိအသုံးပြုလျင် အသုံးချ တတ်သလောက် အကျိုးရှိနိုင်ကြောင်းအားSan Myint Tun page က သက်သေပြနေကြောင်းအား  သိမြင်စေ လိုပါသည်။ နောက်တစ်ခုက လူငယ်များအနေဖြင့် ဘ၀မှာအောင်မြင်သောသူတစ်ယောက်ဖြစ်လာဖို့  ဘယ် အရာပဲ ကြုံတွေ့ရပါစေ မတုန်လှုပ်တတ်ဖို့နှင့် ဘယ်သူရိုက်ချိုးချိုး ပျက်စီးမသွားသည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုမျိုးရှိနေဖို့ လိုအပ်ပါသည်။ ကမ္ဘာနှင့်တစ်ဝန်း Facebook အမြဲတစေသုံးစွဲမှု လစဉ်မြှင့်တက်နေသလို  မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက်အမျိုးမျိုးကို အသုံးပြုသူနှုန်း တစ်ဟုန်ထိုး မြင့်မားနေဆဲဖြစ်သည်။

လူမှုမီဒီယာသည်  ကောင်း ကျိုးများစွာရှိသကဲ့သို  မသုံးတတ်ရင်ဘေးဖြစ်နိုင်၍ လူငယ်များအနေဖြင့် စနစ်တကျ သုံးစွဲကြစေလို ပါသည်။ လူမှုမီဒီယာ အွန်လိုင်းပေါ်မှ လေ့လာတတ်မည်ဆိုပါလျင် ပညာအမျိုးမျိုးရရှိနိုင်သလို၊ ရခိုင်လူငယ် စန်း မြင့်ထွန်းကဲ့သို့ကြိုးစားလျင် နေရာတစ်ခု  ရရှိလာနိုင်သဖြင့် နောက်လူငယ်များလည်း မိမိတို့၏ဝါသနာကို အွန်လိုင်းတွင် ချပြခြင်းဖြင့် ဘ၀တိုးတက်လာနိုင်ပါစေဟု မျှော်လင့်နေမိကြောင်း တင်ပြရင်း---

အောင်ကြည်မိုး(သင်းပုန်းတန်း)

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး