Preview

မြိုလူမျိုးများအပေါ် ကံကြမ္မာဆိုးဝင်ခဲ့တဲ့ ထိုတစ်ရက်

နိုဝင်ဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :3101
ဆောင်းပါး
မြထွီးသျှင်ရေးသားသည်

နိရဉ္စရာ၊ နိုဝင်ဘာ ၂၆

လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်က  ရခိုင်ပြည်နယ်ရဲ့အနောက်ဘက်နယ်စပ်မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာငယ်လေးတစ်ခုမှာနေထိုင်တဲ့  မြိုတိုင်းရင်းသားတွေဆီကို ကံကြမ္မာဆိုးတစ်ခုဆိုက်ကပ်ဝင်ရောက်ို့လာခဲ့ပါတယ်။

 အဲဒီကံကြမ္မာဆိုးကတော့ သူတို့နေထိုင်ရာဂြစ်ချောင်းဆိုတဲ့ ကျေးရွာလေးထဲကို နိုဝင်ဘာ ၁၆ ရက်က လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီးအသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် ရွာသား ၁၃ ဦး သေဆုံးခဲ့ရတဲ့ ကြေကွဲရင်နင့်ဖွယ်ရာကံကြမ္မာဆိုးပါပဲ။

 ဒီကံကြမ္မာဆိုး မကျရောက်ခင် သူတို့တွေဟာ  ပျော်ပျော်ပါးပါးနဲ့ သူတို့ရဲ့ ရိုးရာဓလေ့ထုံးစံအတိုင်း ကလေးငယ်တစ်ဦးရဲ့ ကင်းပွန်းတပ် နားထိုးပွဲကို ကျင်းပနေခဲ့ကြတာပါ။

 ဒီအချိန်မှာ မမျှော်လင့်ဘဲ မောင်တောမြို့နယ် ကြိမ်ချောင်းနခခ (ရ) က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် သုံးလုံးဟာ နားထိုးပွဲကျင်းပနေတဲ့ နေရာကိုကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ပျော်ပွဲရွှင်ပွဲကနေ ချက်ချင်းဆိုသလို သွေးသံရဲရဲနဲ့ အနိဌာရုံအမင်္ဂလာပွဲအဖြစ် တဒင်္ဂတ အတွင်းမှာ ပြောင်းလဲသွားပါတော့တယ်။ သေတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေနဲ့ပွတ်လောရိုက်ကုန်ပါတယ်။ ငိုရှိက်သံ၊ညဉ်းတွားသံ၊နာကြည်းကြေကွဲသံတွေနဲ့ ဆူညံကုန်ပါတော့တယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သားဖြစ်သူ ဒဏ်ရာ၇သွားတဲ့ ဖခင် ဦးမောင်မောင်(နာမည်လွဲ)က  ဝမ်းနည်းစိတ်ပျက်မှုတွေနဲ့ ခုလိုပြောဆိုပါတယ်။

ရွာသားတွေ စုရုံးပြီး နာထိုးပွဲပြုလုပ်ချိန်မှလက်နက်ကြီးကျလာပါတယ်။ လူတွေအကုန်လုံးက အံ့အားသင့်ဖြစ်ကုန်ပါတယ်။ လက်နက်ကြီးကျည် ၃ လုံးက အိမ်ခေါင်ကနေပွဲ၀ိုင်းအထဲကိုတခါတည်းကျသွားတာပါ။ ကျနော့်သားတစ်ယောက် ထိသွားလို့ အခြားဘာတစ်ခုမှလည်းအာရုံမစိုက်နိုင်လိုက်တော့ဘူး။ သေဆုံးသွားတဲ့ သူတွေ အတွက်လည်း အရမ်းခံစား၇ပါတယ်၊တစ်အိမ်တည်းက နှစ်ယောက်သေတဲ့ အထဲပါသွားတာလည်း ရှိတယ်။ တကယ့်ကိုကြေကွဲ ရင်နာရတဲ့ ဖြစ်ရပ်ပါ။ ော်တော်လေး အထိနာ သွားပါတယ်။ အဖေဆုံးသွားတယ်။သားဆုံးသွားတယ်။  မိသားစုဝင်နဲ့ ကလေးတွေအများကြီးကျန်ခဲ့ပြီး အဖေမရှိ၊ အစ်ကိုမရှိ ဖြစ်သွားပါတယ်။

 အဲဒီကြေကွဲဖွယ်ရာ ဖြစ်စဉ်အတွင်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့အထိအသက် ၀နှစ်အောက်ကလေးငယ် ဦးအပါအဝင်ဒေသခံ ၁ ဦးသေဆုံးပြီး ရွာသား ၂ယောက် ဒဏ်ရာ၇ရှိခဲ့ပါတယ်။

 ဒီပစ်ခတ်မှုကို စစ်ကောင်စီက ကြိမ်ချောင်းအခြေစိုက် နခခ(၇) စခန်းကနေ ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပြီး တမင်ရည်ရွယ်ချက်ချက်ရှိရှိပစ်ခတ်လိုက်တာဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ ရက္ခိုင့်တပ်တော်ဘက်ကလည်း ဒီလုပ်ရပ်အပေါ်မှာမြန်မာစစ်တပ်ကို ပြစ်တင် ရှုတ်ချထားပါတယ်။ ဒီအပေါ်မှာ စစ်ကောင်စီဘက် တဖန်ငြင်းဆိုပြီးရက္ခိုင့်တပ်တော် အေအေကို ထိုးချထားပါတယ်။

ဒီလို အပြစ်မဲ့ ကျေးရွာသားတွေ တစ်ဆယ်ကျော်ထိ သေဆုံးခဲ့၇တဲ့ ဖြစ်ရပ်ဟာ အလွန်ဆိုးရွာပြီး မြိုတိုင်းရင်းသားတွေရဲ့သမိုင်းမှာ အကျဉ်းတန် အဖြစ်ဆိုးတဲ့ နေ့တစ်နေ့ ဖြစ် သမိုင်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်နက်ကြီးကျည်နဲ့ ရိုးသားတဲ့မြိုတိုင်းရင်းသားကျေးရွာသားတွေရဲ့ ကင်းပွန်းတပ် မင်္ဂလာအခမ်းအနားကိုပစ်တဲ့အပေါ် ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဦးမောင်မောင်(နာမည်လွဲ)က ပြောဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ဂြစ်ချောင်း(မြို)ကျေးရွာရဲ့ရွာအလယ်မှာရှိတဲ့ ဦးမောင်မဲအောင်ရဲ့နေအိမ်မှာ ပြုလုပ်နေတဲ့ လသမီးကလေးရဲ့ နာမည်ထိုးပွဲနှင့်ကင်းပွန်းတပ်ပွဲမှာ  အစားအသောက်တွေ ချက်ပြုတ်ပြီးလို့  နေ့လယ် ၁၂ နာရီလောက်မှာရွာသားတွေ စားသောက်ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်က မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်ခဲ့တဲ့ငြိမ်းချမ်းတဲ့ ဂြစ်ချောင်းရွာကလေးဟာ တဒင်္ဂ အတွင်းမှာပဲ ရွာပျက်တစ်ရွာလိုဖြစ်သွားပြီးရွာသားတွေကတော့ ရွာကနေ တကွဲတပြားစီ  စွန့်ခွာထွက်သွားကြ၇ပြီဖြစ်တယ်လို့ ကျေးရွာသားတစ်ဦးဖြစ်တဲ့  ဦးမောင်နီ(နာမည်လွဲ)က ပြောဆိုပါတယ်။

အရင်တုန်းကတော့ဒီလိုဖြစ်စဉ်မျိုးမရှိခဲ့ပါဘူး။ ဒါက အလွန် ဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီတုန်းက ပွဲမှာလူ ၄၀၊ ၅၀လောက်ရှိပါတယ်။လူတွေအများအပြားသေဆုံးပြီး  ကင်းပွန်းတပ်တဲ့ ကလေးငယ်မှာလည်း ဒဏ်ရာ၇သွားပါတယ်။ အဲဒီနေ့ကအနီးအနားမှာ တိုက်ပွဲဖြစ်တာတွေတော့ မရှိဘူး။ အဝေးက ပစ်ခတ်နေကြတဲ့ လက်နက်ကြီး၊ ငယ်သံတွေကိုတော့ ကြားခဲ့၇ပါတယ် ဘာတိုက်ပွဲမှ မရှိဘဲ ခုလို လက်နက်ကြီးနဲ့ ပစ်တာခံ၇တော့ င်မတန်မှခံစား၇ပါတယ်။ အခု တစ်ရွာလုံးကတောထွက်ပြေးနေကြ၇ပါတယ်။ လောလောဆယ်ကတော့လုံခြုံမယ့်နေရာမှာ စစ်ဘေးရှောင်နေကြပါတယ်။လို့ သူကပြောပါတယ်/

အဲဒီဖြစ်ရပ်ဆိုးကြောင့်ဂြစ်ချောင်းကျေးရွာနေသူများဖြစ်ကြတဲ့  ဦးရွှေမောင်(၆၅ နှစ်)၊ ကိုမင်ယာ(၂၇နှစ်)၊ ဦးပြိုလ်ထွဲ(၃၀ နှစ်)၊ ကိုကြိုးအောင် (၂၅ နှစ်)၊ ဦးစိန်လှမောင်(၃၅ နှစ်)၊ မောင်ငင်ဝိုင်(၅ နှစ်)၊ ဦးသင်ယုန်( ၆၀ နှစ်)၊ မောင်ကာပုတ်(၁၅နှစ်)၊ မလှသိန်း( ၆ နှစ်)၊ ဦးခင်မောင်ဇော်( ၅၅ နှစ်)၊မောင်အောင်အောင်ဦး( ၈ နှစ်)၊ မောင်ငွေပိုင် (၁၆ နှစ်) နဲ့  (၄)လအရွယ်  မောင်ဆောင်ဝေတို့ သေဆုံးခဲ့၇ပါတယ်။

ဒါ့အပြင်နာမည်ပေးတဲ့ပွဲနဲ့ ကင်းပွန်းတပ်ပွဲပြုလုပ်နေတဲ့သုံးလသမီးအပါအဝင် ဒေသခံ ၂  ကျော်ဟာလည်း ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်။

ဒီလို အပြစ်မဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာထဲကို လက်နက်ကြီးတမင်ပစ်ခတ်တာကတော့ လူသားမျိုးနွယ်တစ်ခုအပေါ်မှာ စစ်ရာဇဝတ်မှုကျူးလွန်တာနဲ့ တူနေတယ်လို့  မြိုတိုင်းရင်းသား ပညာတတ်လူငယ်တစ်ဦးဖြစ်တဲ့ကိုမျိုးအောင်(နာမည်လွဲ)က ပြောဆိုပါတယ်။

ကျနော်တို့လူမျိုးက နဂိုကတည်းကနေလည်းပညာတတ်မြောက်မှုအားနည်းပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု လုံး၀ မရှိဘူး။ အစစအရာရာ နိမ့်ကျနေတဲ့လူမျိုးတစ်မျိုးရဲ့ ကျေးရွာထဲကို လက်နက်ကြီးပစ်တဲ့ အပေါ်   ကျနော်တို့ အရမ်းခံစား၇ပါတယ်။ ဒီလိုပဲစစ်တပ်ကဆက်ပြီး လုပ်နေမယ်ဆိုရင် ကျနော်တို့လူမျိုးတွေဟာပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်တာနဲ့လည်း တူနေပါတယ်။ ကျနော်တို့လူမျိုးတွေက လူနည်းစုဖြစ်တဲ့အပြင်ပညာရေးမှာ နိမ့်ကျတာကြောင့် ခေတ်နောက်ကျကျန်နေခဲ့ပါတယ်။  ဒီလိုသူတို့ လက်ချက်ကြောင့် ကျနော်တို့ လူမျိုးတွေအများအပြား သေသွားာဟာ လွန်စွာ ကြေကွဲစရာဖြစ်ပါတယ်။ ကျနော်က ကိုယ့်ဖာသာကိုယ် အားမလိုအားမ၇ဖြစ်မိပါတယ်။ ကိုယ်ကစ်ခုခုပြန်ပြီး တုံ့ပြန်ချင်ပေမယ့်ကျနော်တို့မှာ အခွင့်အလန်းမရှိဘူး။ဒီအတိုင်းပဲ ကြည့်နေ၇တော့ ရင်နာတာကလွဲပြီး ဘာပြော၇မှန်းတောင်မသိတော့ဘူး။

ခုလို အရပ်သားတွေသာ နေထိုင်တဲ့ကျေးရွာတစ်ခု  လက်နက်ကြီးနဲ့တိုက်ခိုက်ခံရပြီးနောက်မှာတော့ ဂြစ်ချောင်း ကျေးရွာသားတွေသာမက မြိုတိုင်းရင်းသား တစ်ခုလုံးပါမြိုလူမျိုးတွေရဲ့ အနာဂတ်ရပ်တည် နေထိုင်ရေးအတွက်ပါ စဉ်းစားစရာ ဖြစ်လာ၇ပြီလို့ သူက ပြောပါတယ်။

 “ လူမျိုးတစ်မျိုးတိုးတက်ဖို့အတွက်လူသားအရင်းအမြစ်က တော်တော်များများလိုပါတယ်။ ကျနော်တို့လူမျိုးတွေကလူဦးရေနည်းတဲ့အထဲ၊ ပညာကလည်းမတတ် တောတောင်ကိုမှီခိုပြီးတော့ လုပ်စားနေကြတဲ့သူတွေဆိုတော့ ကျနော်တို့က အရင်ကတည်းကနေနိုင်ငံရေး၊ စီးပွားရေးဘာတခုဆို တခုမှ မသိကြဘူး။ ဆိုတော့ကျနော်တို့အနာဂတ်က ဝေဝါးသထက်ဝေဝါးလာတဲ့ ပုံစံ ဖြစ်လာနေပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင်ကျနော်တို့လူမျိုးတွေက လူ့အခွင့်အရေးဆိုတာ ဘာမှန်းတောင်မသိကြပါဘူး။ကျနော်ကိုယ်တိုင်တောင်မှ သိပ်ပြီးမသိပါဘူး။ ဒါကြောင့် စစ်တပ်ကမိုင်းထောင်ထားတာကြောင့် သေသွားရင်လည်း အော် မိုင်းနင်းမိပြီးသေသွားတယ်။ ဒါပဲရှိပါတယ်။ အဲဒါဟာ အရမ်းကြီးရင်နာဖို့ကောင်းပါတယ်။နောက်ထပ်တော့ ဒီလိုမျိုးဖြစ်စဉ်တွေကို ထပ်ပြီး မဖြစ်ချင်တော့ဘူး။

 ဒါ့အပြင်ရခိုင်တိုင်းရင်းသားမျိုးနွယ်ထဲမှာ ပါဝင်တဲ့ မြိုတိုင်းရင်းသားတွေ ခုလိုမျိုး ထပ်လို့လူ့အခွင့်အရေး ချိုးဖောက်ခံတာတွေ ရှိလာရင်လည်းရခိုင်မှာရှိတဲ့ လူမျိုးတွေအားလုံးလည်း စုပေါင်းပြီးတော့ ဝန်းရံပေးဖို့တောင်းဆိုလိုပါတယ်လို့လည်းသူက ဆက်လက်ပြောဆိုပါတယ်။

 တဲ့ဖက်ကနေ ကျနော်တို့အတွက် speak outလုပ်ပေးသင့်တယ်လို့လည်း မြင်ပါတယ်။ ဒီလို လုပ်ပေးမှသာ ကျနော်တို့လူမျိုးတွေအပေါ်လက်ရှိစစ်တပ်က ရက်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံမှုတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်။  ကျနော်တို့တတ်နိုင်သလောက် ပူးပေါင်း လက်တွဲပြီးတော့ တခြားလူမျိုးတွေအပါအဝင်ဝန်းရံကြပါမယ်လို့ ပြောချင်ပါတယ်။ တစ်ဖက်မှာလည်း မတူကွဲပြားခြင်းတွေကိုလက်ခံတတ်အောင် တည်ဆောက်ရင်းပေါ့နော်။ ဒီလိုမျိုးလုပ်သင့်ပါတယ်၊ ဒီလိုမှလည်းကျနော်တို့တွေ အချင်းချင်းစည်းလုံးမှုရှိလာပါမယ် လို့ ကိုမျိုးအောင်(နာမည်လွဲ)ကပြောဆိုသွားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြိုတိုင်းရင်းသားပါတီကလည်း နိုဝင်ဘာ၂၁ ရက်နေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အပြစ်မဲ့ပြည်သူတွေကိုစောင့်ထိန်းကြဖို့လည်း တောင်းဆိုထားပါတယ်။

"နှစ်ဘက်လက်နက်ကိုင်ဆိုတာကတပ်မတော်နဲ့ တပ်တော်နှစ်ဖွဲ့ပေါ့လေ။ အခု ကျနော်တို့ဒေသမှာဖြစ်ပျက်နေတာကအဲဒီလက်နက်ကိုင်နှစ်ဖွဲ့နဲ့ ဖြစ်ပျက်နေတာကိုး။ ဆိုတော့ အဲဒီနှစ်ဖွဲ့စလုံးသည်ကျနော်တို့ပြည်သူလူထုကိုငဲ့ညာပြီးတော့ အသက်အိုးအိမ်ကိုနည်းနည်းကာကွယ်ပေးဖို့အတွက်လုပ်ခြင်းဖြစ်တဲ့အတွက် နောက်နောင်မှာ အဲလိုမဖြစ်ရအောင်၊ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှုအများကြီးမဖြစ်ရအောင်၊ မဖြစ်ပွားအောင်ငဲ့ညာပြီးတော့ တိမ်းရှောင်ပေးပါ၊ ရှောင်ကြဥ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။ဖြစ်သွားတာတော့ ဖြစ်ပြီးခဲ့ပြီလေ" လို့ မြိုတိုင်းရင်းသားပါတီမှတာဝန်ရှိသူတစ်ဦးက  ပြောဆိုပါတယ်။

မိမိတို့ မြိုတိုင်းရင်းသား လူမျိုးစုတွေဟာ ရိုးသားပြီးလောဘနည်းသလို မိရိုးဖလာ ဘာသာဓလေ့ထုံးတန်းစဉ်လာများနဲ့ ငြိမ်းအေးစွာနေထိုင်ကြတဲ့ လူမျိုးစုဖြစ်ပါတယ်။ နှစ်ဘက်လက်နက်ကိုင်များရဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုအကြားမှာ အရပ်သားများရဲ့ အကြောက်တရားနဲ့  ဒုက္ခများကို နားလည်ပေးပြီး အပြစ်မဲ့ပြည်သူတွေရဲ့  အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးကြဖို့ ကြေညာချက်ထုတ်ပြန်ရာမှာလည်းဖော်ပြထားပါတယ်။

မြိုတိုင်းရင်းသားတွေဆိုတာကတော့ ရခိုင်မျိုးနွယ်စု ရ စုအထဲမှာ ပါဝင်ပြီး လူဦးရေအားဖြင့် တစ်သိန်းဝန်းကျင်သာရှိတယ်လို့ သိ၇ပါတယ်။ မြိုတိုင်းရင်းသားတွေဟာ၇ခိုင်ပြည်ထဲကပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာများသောအားဖြင့် နေထိုင်ကြပါတယ်။ များသောအားဖြင့် သူတို့တွေဟာတောတောင်ထူထပ်တဲ့အရပ်ဒေသတွေ၊ မြစ်ချောင်းအင်းအိုင်အနီး ရာသီဥတုအေးမြတဲ့နေရာ ဒေသတွေမှာ နေထိုင်လေ့ရှိကြပါတယ်။

 မြိုတိုင်းရင်းသားတွေဟာ ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာနဲ့ နတ်ကိုးကွယ်ကြတဲ့သူတွေဖြစ်ကြပါတယ်။ တောင်ယာလုပ်ငန်း၊မွေးမြူရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတဲ့သူတွေဖြစ်ပါတယ်။မြိုလူမျိုးမှာကိုယ်ပိုင် ဘာသာ စကား၊ ယဉ်ကျေးမှုတို့ ရှိကြပါတယ်။ မြိုလူမျိုးများထဲမှာ  မြိုအမျိုးကွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ မြိုလူမျိုးတွေမှာနေရာဒေသနှင့်လိုက်၍ ဒေသိယဘာသာစကားများလည်း ကွဲပြားမှုရှိပါတယ်။ရှေးယခင်က မြိုလူမျိုးတို့ဟာ ၇ခိုင်ပြည်မှာ မင်းဧကရဇ်များအဖြစ်နန်းတက်ခဲ့တဲ့  မြိုမင်းဆက်နှစ်ဆက်ကိုလည်း တည်ထောင်ခဲ့ကြတယ်လို့ သိ၇ပါတယ်။ မြိုလူမျိုးတွေဟာချင်းပြည်နယ်နဲ့ ၇ခိုင်ပြည်နယ်တို့မှာ အများဆုံးနေထိုင်ကြပါတယ်။

လက်ရှိ ရခိုင်ပြည်မှာနေထိုင်နေတဲ့မြိုတိုင်းရင်းသားတွေဟာ ရိုးသားတဲ့တောင်ပေါ်တိုင်းရင်းသား လူနည်းစုဖြစ်တဲ့အပြင် စီးပွားရေး၊ပညာရေး၊ ကျန်းမာရေးကအစ အဘက်ဘက် နိမ့်ကျလွန်းတဲ့ အနေအထားမှာ ရှိနေပြီး  ခုလို ဖြစ်ရပ်ဆိုးကြောင့်သူတို့တွေရဲ့ အနာဂတ်ဟာလည်း ရတတ်မအေးစရာဖြစ်နေပါတယ်။

စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဂြစ်ချောင်းမြိုရွာကလေးရဲ့မင်္ဂလာအခမ်းအနားလေးဟာအမင်္ဂလာအဖြစ်သို့ကူးပြောင်းခဲ့၇ပြီးတဲ့နောက်မှာ  မြိုတိုင်းရင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာ ုံခြုံမှုတွေကိုပါ ခံစားနေရပြီး စိုးရိမ်ကြောက်လန့်မှုတွေ တိုးပွားနေတယ်လို့လည်းသိရပါတယ်။ ဒီ မလုံခြုံမှုနဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကို ပြေပျောက်စေဖို့ဆိုရင်တော့ပြည်နယ်ထဲမှာ နေထိုင်တဲ့ လူများစုဖြစ်တဲ့ ၇ခိုင်လူမျိုးတွေ အနေနဲ့ ကိုယ်ချင်းစာစိတ်နဲ့ သူတို့တွေကို နွေးထွေးစွာ ပွေ့ပိုက်နှစ်သိမ့်ပေးဖို့လိုအပ်နေပါတယ်။

၇ခိုင်လူမျိုးဆိုတာကလည်းကျွန်းတွင် ဇမ္ဗူလူတွင်၇ခိုင်၊ ကြိုင်ဘိသတင်း၊ ကြိုးဘိလုံ့လ၊ မြတ်ဇာဂနဲ့၊ နှစ်၀နတ်လူ၊ချစ်ကြည်ဖြူသည်၊ နိဗ္ဘာန်ဆုတောင်း၊ ပြည့်အံ့တည်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားတာကြောင့်အဘက်ဘက်ကနိမ့်ကျနေတဲ့ ရခိုင်မျိုးနွယ်စုဝင်မြိုတိုင်းရင်းသားတွေကို လက်တွဲ ဖေးကူရင်း သူတို့တွေရဲ့အနာဂတ်ဘ၀လှပအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တာဝန်ကိုယ်စီ ရှိကြတယ်လို့ ပြောဆိုရင်လွန်မယ်လို့ တော့ မထင်ပါ..... ။

 

မြထွီးသျှင်

#ဆောင်းပါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.