ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တွက်ကိန်းမှားခဲ့လေပြီ စစ်ကောင်စီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

ရေးသားသူ -  မင်းခေတ်ပြည့်စုံ

စစ်ခေါင်းဆောင်နှင့်အပေါင်းအပါဗိုလ်ချုပ်များသည် အခုရက်ပိုင်းအိပ်ပျော်ကြမည်မဟုတ်ပေ။ အမေရိကန် လွှတ် တော်နှစ်ရပ်စလုံးက အမေရိကန် အမျိုးသား ကာကွယ်ရေးအာဏာအပ်နှင်းခြင်း ဥပဒေ(National Defense Authorization Act 2023) ကိုအတည်ပြုပြီးနောက်ပိုင်းကစ၍ ဖြစ်သည်။

အခုဆို အဆိုပါ ဥပဒေကြမ်းကို အမေရိကန် သမ္မတ မစ္စတာ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့ပါပြီ။ အဲဒီအတွက် မကြာခင် အသက် ဝင်လာတော့မှာဖြစ်ပါတယ်။ ဒီဥပကြောင်းစစ်ကောင်သည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏သမ္မတဖြစ်ရေး အစီအစဉ်ကိုအဟန့်အတား ပေးလာနိုင်မည်ဖြစ်သည်။

စစ်ခေါင်းဆောင်များအနေဖြင့် အာဏာမသိမ်းခင်ကတည်းက အာဏာသိမ်းပြီးဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်ကိုသုံးသပ်ထားခဲ့ကြသည်။ဖြစ်ပေါ်လာမည့်သက်ရောက်မှုများကိုဖြေရှင်းရန်ကြိုးစားထားခဲ့ကြသည်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်လက်ရုံးလို့ဆိုနိုင် သည့် နိုင်ငံတကာထောက်ခံမှုအင်အားကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်များအရေးကိုဖန်တီးက ချေဖျက်ပစ်ခဲ့သည်။

စစ်ခေါင်းဆောင်များဖန်တီးခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွါးသော မွတ်ဆလင် အရေးကြောင့် ဒေါ်အောင်ဆန်းစုကြည်အား အနောက်နိုင်ငံများ၏ ဝေဖန်မှုကို ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမူ့လျော့ကျသွားခဲ့သည်။

ထို့ကြောင့်စစ်တပ်ကအာဏာသိမ်းသည့်အခါ အမေရိကန်နိုင်ငံ အပါအဝင်အနောက်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ဖက်က ရပ်တည်လာလိမ့်မည်မဟုတ်ဟု စစ်ခေါင်း ဆောင်များက တွက်ချက်ထားခဲ့သည်။ သို့သော်မကြာခင်က ပြဌန်းလိုက်တော့ Burma Act 2022 ကြောင့် ထို့တွက်ကိန်းမှာလွဲချောခဲ့ရသည်။

ဒုတိယအချက်အနေဖြင့် စစ်တပ်ကအာဏာသိမ်းခြင်းကိုဆန့်ကျငသူများအနေဖြင့် လက်နက်ကိုင်၍ ပြန်လည်တိုက်ခိုက်လာမည်မဟုတ်ဟု စစ်ခေါင်းဆောင်များကတွက်ချက်ထားခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သော ဗမာလူထုအား မည်သည့်နိုင်ငံကမှ လက်နက်ကိုင်တပ်တခု ဖြစ်လာအောင် ထောက်ပံပေးမည်မဟုတ်ဟု စစ်ခေါင်းဆောင်များကတွက်ချက်ထားခဲ့သည်။ ဗမာတပ်မတော်ဖြစ်လာမည့် ရဲဘော်သုံး ကျိပ်အား ဂျပန်နိုင်ငံကကူညီခဲ့၍သာဖြစ်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ မည်သည့်နိုင်ငံ ကမှ ကူညီပေးမည်မဟုတ်ဟု စစ်ခေါင်းဆောင်များက တွက်ချက်ထားခဲ့သည်။ ထို့ကြောင့်အာဏာသိမ်း သည့်ကိုဆန့်ကျငဆန္ဒပြသူများ ရှိလာမှာဖြစ်သော်လည်း လက်နက်ကိုင်တော်လှန်ရေးတခုထိ ဖြစ်လာမည် မဟုတ်ဟု စစ်ခေါင်းဆောင်များကတွက်ချက်ထားခဲ့ကြသည်။

သို့သော်လည်းအာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများမှ တခဲတနက် ငွေကြေး ထောက်ပံ့ပေးခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့မှာ စစ်သင်တန်းပေးခြင်းနှင့် လက်နက်ထောက်ပံ့ ခြင်းအချို့ကူညီပေးခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) ဆိုသည့်လက်နက် ကိုင် အင်အားစုတခုပေါ်ပေါက်လာခဲ့သည်။

သို့သော်စစ်ခေါင်းဆောင်များအနေဖြင့် အဆိုပါ PDF တပ်များ အနေဖြင့် နှစ် နှစ်ခန့်ကြာသည့်အခါ ပြည်သူ လူထု၏ထောက်ပံ့မှု ကျဆင်းသွားသဖြင့် အင်အားချိနဲ့သွား မည်ဟုတွက်ချက်ထားခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအနေဖြင့် သယံဇတ တူးဖော်ရရှိငွေနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှဝင်ငွေရနေသည့်အတွက် ထောက်ပံရေး လမ်းကြောင်း မပျက်သွားပဲအခုအချိန်ထိရှင်သန်နေနိုင်ခဲ့ကြသည်။သို့သော် ပြည်မအခြေစိုက် PDF တပ်ဖွဲ့များမှာမူထိုကဲ့သို့အခြေအနေမရှိနိုင်ပဲ ပြည်သူလူထု၏ထောက်ပံ့မှုလျော့ကျလာပါက အင်အား ချိနဲ့သွားမည်ဟုစစ်ဗိုလ်ချုပ်များကတွက်ချက်ထားခဲ့သည်။

အမှန်တကယ်လဲ တော်လှန်ရေးကာလ ၂ နှစ်ခန့်ကြာလာသည့်အခါထောက်ပံ့ရေးလမ်းကြောင်းမှ စိတ်ပူစရာရှိလာခဲ့သည်။ထို့ကဲ့သို့သော်အခြေအနေတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က Burama Act of 2022 ပါဝင်သည့် NADAA ဥပဒေအားအတည်ပြုလိုက်သည့်အတွက် တော်လှန်ရေးအင်အားစုများအ တွက် အားတက်စရာဖြစ်လာခဲ့သည်။

သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးလိုက်သောဘား NDAA တွင် အဓိက အာဖြင့် စစ်အာရှင်ပြုကျရေး တော်လှန်တိုက်ပွဲဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ NUG CRPH နှင့် PDF များအား လက်နက်မဟုတ်သည့်အကူအညီများပေးရန် ပါရှိလာသည်။အဆိုပါအဖွဲ့အစည်းများအတွက် ၂၀၂၃ ခုနှစ် မှ ၂၀၂၇ နှစ်ထိထောက်ပံ့ရမည်ဟုပါရှိသည်။

အမေရိကန်အစိုးရမှ ထောက်ပံ့ပေးမည့်ငွေကြေးပမာဏအား အတည်မပြုနိုင်သေးသော်လည်း ၂၀၂၃ခုနှစ် အတွက်ထောက်ပံ့မည့် ပမာဏမှာ အမေရိကန်ဒေါ်လာ သန်၁၃၀ အထက်ရှိမည်ဟု လေ့လာသူများကသုံး သပ်ကြသည်။

NDAA ဥပဒေတွင်ပြဌါန်းထားသော ထောက်ပံ့မည့်အစီအစဉ်များတွင် မေရိကန်အစိုးရက အောက်ပါအကြောင်းအရာများ၊ အဖွဲ့အစည်းများကို ထောက်ပံ့ကူညီရမှာ ဖြစ်ပါသည်။

(က) တန်းတူညီမျှ ဖက်ဒရယ်ဝါဒကို တည်ဆောက်ရေး တိုင်းရင်းသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (Ethnic Revolutionary Organizations/ EROs) ရဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ မပါတ်သက်တဲ့ လှုပ်ရှားမှုများ၊

(ခ) အားလုံးပါဝင်ပြီး အညီအမျှကိုယ်စားပြုသော ဒီမိုကရေစီစနစ်ကို တည်ထောင်ရန်ကြိုးစားနေသည့် နိုင်ငံရေးအဖွဲ့အစည်းများ (NUGNUCCCRPHCDM)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၏ စီမံခန့်ခွဲရေးနှင့် အစီအစဉ်များ၊

(ဂ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ (People’s Defense Forces/ PDF) အကြား ဆက်သွယ်ရေး၊ အမိန့်ပေးဗဟိုဋ္ဌာနနှင့် ကွပ်ကဲမှုများ (Communications, Command and Control)  အားကောင်းစေမည့် နည်းပညာ အထောက်အပံ့များ၊ လက်နက်မပါသော အထောက်အပံ့များ၊ နိုင်ငံတကာလူသား ချင်းစာနာ ထောက်ထားမှုအကူအညီများနှင့် ပါတ်သက်ပြီး ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေမည့် နည်းပညာအထောက်အပံ့များ ဟု မြန်မာ့အရေးလေ့လာသူ ကိုအောင်ဒင်၏ ဖေစ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာ့အရေးလေ့လာသူများ၏အဆိုအရ လက်နက်မဟုတ်သော အထောက်အပံ့များဟုစကားသည် အလွန်ကျယ်ပြန့်သည်ဟုဆိုကြသည်။ဂျပန်နိုင်ငံအနေဖြင့် ယူကရိန်းနှင့် ရုရှားစစ်ပွဲတွင် လက်နက်မဟုတ် သောအထောက်အပံများပေးမည်ဟုကြေငြာခဲ့သည်။ဂျပန်အစိုးရမှ ယူကရိန်းအားထောက်ပံ့သောပစ္စည်း များတွင် ကျဉ်ကာအင်ကျီများနှင့်ဦးထုတ်များပါဝင်သည်။

ထို့ကြောင့်နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်ခါနီးတွင် အမေရိကန်အစိုးရ၏ NDAA ဥပဒေတွင်ပါရှိသော Buram Act of 2022 တွင်ပါဝင်သောအချက်အလက်များသည်တော်လှန်ရေးအင်အားစုများအတွက် များစွာ အထောက်အကူဖြစ်ပေလိမ့်မည်။ထို့အပြင်အမေရိကန်အစိုးရမှ ဥပဒေပြဌါန်းက နွေဦးတော်လှန်ရေး အင်အားစုများအားထောက်ပံ့လာသည့် ကနေဒါအပါအဝင် အနောက်နိုင်ငံများနှင့်အာဆီယံနိုင်ငံအချို့ကပါထောက်ပံ့ပေးလာနိုင်မည်ဖြစ်သည်။ထို့အတွက်တော်လှန်ရေးအင်အားစုအတွက် ထောက်ပံ့ရေးလမ်းကြောင်းမှာ ဆက်လက်အားကောင်းလာတော့မည် ဖြစ်သည်။ ထို့အချက်သည်စစ်ခေါင်းဆောင်များအတွက် အိမ်မက်ဆိုးဖြစ်လာပေတော့မည်။

 

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး