သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် ၁ နှစ်အတွင်း ထွက်ရှိခဲ့သည့် စာအုပ် (၂၃)အုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.9k

စုဆောင်းတင်ပြသူ- မင်းအဂ္ဂ

နိရဉ္စရာ၊ ဇန်နဝါရီ / ၂၀၂၂

 ၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က စာအုပ် (၂၃) အုပ်ထုတ်ဝေခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ စာအုပ်များအထဲတွင် သုတနှင့် ရသစာပေအမျိုးအစားများဖြစ်ကြပြီး စာရေးသူများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များ ပါဝင်သလို ဘာသာပြန်၊ အတွေးအမြင်၊ သမိုင်းဆိုင်ရာနှင့် ကဗျာစာအုပ်များလည်း ပါဝင်ပါသည်။  အဆိုပါ စာအုပ်များကို မင်းအဂ္ဂ မှတ်တမ်းတင်စုဆောင်းပြီး တင်ပြထားပါသည်။

ရခိုင်တွင် နှစ်အတွင်း ထွက်ရှိခဲ့သည့် ကိုယ်တိုင်ရေးစာအုပ် (၂၃)အုပ်

-------------------------------------------------------------------------------

 ရခိုင်တွင်၂ဝ၂၂ခုနှစ်အတွင်းထွက်ရှိခဲ့သည့်ကိုယ်တိုင်ရေးစာအုပ်များကိုလက်လှမ်းမီသလောက်ပြုစုခဲ့ရာစုစုပေါင်း (၂၃)အုပ်ရှိခဲ့ပါသည်။ယင်းစာအုပ်များအကြောင်းအကျဉ်းချုပ်နှင့်ရောင်းစျေးတို့ကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်။


(
) ကြယ်နီလှမြင့်ရေးသားသော ကြယ်နီလှမြင့်ဘဝမှတ်တမ်း (ကြယ်နီလှမြင့်)
ကြယ်နီလှမြင့်ရေးသားသော ကြယ်နီလှမြင့်ဘဝမှတ်တမ်းစာအုပ်သည် ဇန်နဝါရီလ ရက်ကထွက်ရှိခဲ့ခြင်းဖြစ်သည်။
ဆိုက်ကားအငှားနင်းဘဝမှ အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာသည့် စစ်တွေမြို့မှ ကြယ်နီဦးလှမြင့်၏ ပထမဆုံးရေးသားသော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်လည်းဖြစ်သည်။
သူသည် စစ်တွေအပါအဝင် ရခိုင်ရှိမြို့အချို့တွင် ကြယ်နီလှမြင့်အမည်ရှိ စက်ပစ္စည်းအရောင်းဆိုင်ခွဲပေါင်းများစွာကို ဖွင့်လှစ်ရောင်းချနေသည့် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးလည်းဖြစ်သည်။
သုညဘဝမှ အောင်မြင်သည့်လုပ်ငန်းရှင်ဖြစ်လာအောင် အလုပ်ပေါင်းများစွာကို အခက်အခဲအမျိုးမျိုးကြားမှ သမ္မာအာဇီဝကျကျ ကြိုးစားရုန်းကန်လှုပ်ရှားခဲ့ရသည့်အကြောင်းကို ကာယကံရှင်ကိုယ်တိုင် စေ့စေ့စုံစုံဖြင့် ရေးသားထားသည့်အတွက် ယနေ့ခေတ်လူငယ်များဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြန့်ချိလျက်ရှိသည်။
============
(
) တိုးတက်ပြောင်းလဲရေး ဒဿနစာစုများ (သျှားသူ)
တိုးတက်ပြောင်းလဲရေး ဒဿနစာစုများစာအုပ်သည် ဇန်နဝါရီလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ယခုစာအုပ်သည် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ ဒဿနများ၊ နိုင်ငံကျော်စာရေးဆရာကြီးများ၏ ဒဿနများ၊ စာရေးသူ၏ ဒဿနအမြင်များနှင့် အင်တာနက်ပေါ်မှ ကောင်းနိုးရာရာအတွေးအမြင်များ၊ စကားပုံများ၊ နီတိများနှင့် ပေါင်းစပ်ထားသည့် ဒဿနစုပေါင်း စာအုပ်ဖြစ်သည်။
မျိုးဆက်သစ်များအတွက် မရှိမဖြစ်လေ့လာသင့်၊ လေ့လာထိုက်သော တန်ဖိုးရှိသည့် ရှားရှားပါးပါးစာအုပ်ကောင်းတစ်အုပ်ဖြစ်သည်ဟုလည်း ရခိုင်မှ စာရေးဆရာကြီး သိန်းနောင်၏ အမှာစာတွင် ဆိုထားသည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ပြည်အတွင်း ဖြန့်ချိလျက်ရှိသည်။
========

(
) လက်ပံပွင့်ချိန်နှင့် သုတရသစာစုများ ပွင့်သစ်(တမန်းသား))
လက်ပံပွင့်ချိန်နှင့် သုတရသစာစုများစာအုပ်သည် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းက ထွက်ရှိခဲ့ခြင်းဖြစ်သည်။ သုတရသဆောင်းပါး ၃၁ ပုဒ်ကို ထည့်သွင်းထားသည်။
ပွင့်သစ်(တမန်းသား)သည် သတင်းထောက်တစ်ဦးလည်းဖြစ်သည့်အတွက် ယခုစာအုပ်သည် ရခိုင်ပြည်အတွင်းဖြစ်ပျက်နေသည့် အကြောင်းအရာမျိုးစုံကို သတင်းအချက်အလက်များနှင့် ရသများကို ပေါင်းစပ်ခြယ်မှုန်းတင်ပြထားသည်ကို တွေ့ရသည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ပြည်အတွင်း ဖြန့်ချိလျက်ရှိသည်။
======
(
) စစ်တလင်းမြေ (မင်းဆက်သက်ခိုင်)
စစ်တလင်းမြေကဗျာစာအုပ်သည် မတ်လအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
၂ဝ၁၉ နှင့် ၂ဝ၂ဝ ပြည့်နှစ်တို့တွင် ရခိုင်ပြည်၌ဖြစ်ပွားခဲ့သည့် စစ်ပွဲကာလအတွင်းဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်များကို ကဗျာများဖြင့် မှတ်တမ်းတင်ထားသည့် စာအုပ်ဖြစ်သည်။
တစ်အုပ်လျှင် ကျပ် ၂၅ဝဝ ဖြင့် ရခိုင်တစ်ပြည်လုံး ဖြန့်ချိလျက်ရှိသည်။
========
(
)သမီးချေဘားသို့ ဘာဘာရွီးရေစာ (ဝေသာ)
သမီးချေဘားသို့ ဘာဘာရွီးရေစာဘာသာပြန်စာအုပ်သည်လည်း မတ်လဒုတိယပတ်အတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ အိန္ဒိယဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သည့် ဂျဝါဟာလာနေရူး(Jawaharlal Nehru) ၁၉၇၃ ခုနှစ်က စတင်ထုတ်ဝေခဲ့သည့် Letters from A Father to His Daughter အမည်ရှိစာအုပ်ကို ရခိုင်ဘာသာဖြင့် ပြန်ဆိုထားခြင်းဖြစ်သည်။
အဆိုပါစာအုပ်သည် ဂျဝါဟာလာနေရူး အကျဉ်းကျခံနေရစဉ် ထောင်ထဲမှနေ၍ သူ၏သမီး အင်ဒရာဂန္ဒီထံသို့ ရေးသားပေးပို့သည့်စာများအနက် ပေးစာအစောင် ၃ဝ ကို ဘာသာပြန်ကာ စုစည်းထုတ်ဝေထားသည့်စာအုပ်ဖြစ်သည်။
လူငယ်တစ်ဦးကို ကမ္ဘာ့သမိုင်းနှင့်မိတ်ဆက်ပေးသည့်စာအုပ်လည်းဖြစ်သလို ကလေးများ နားလည်သဘောပေါက်နိုင်စေရန် ပုံ ၄ဝ နီးပါးကိုလည်း အားဖြည့်ဖော်ပြထားသည်။
တစ်အုပ်လျှင် ကျပ် ၂၅ဝဝ ဖြင့် ရခိုင်တစ်ပြည်လုံးသို့ ဖြန့်ချိလျက်ရှိသည်။
=======

(
) ကျွန်းသမချေနှင့် အခြားဝတ္ထုတိုများ (ဝေသာ)
ကျွန်းသမချေနှင့် အခြားဝတ္ထုတိုများဘာသာပြန်စာအုပ်သည် မတ်လဒုတိယပတ်အတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ပြင်သစ်ဝတ္ထုတိုရေးဆရာ ဂိုင်ဒီမိုပါဆွမ်း၏ The Mountain Inn ဝတ္ထုတိုစာအုပ်ပါ ဝတ္ထုတို ၁၉ ပုဒ်ကို ရခိုင်ဘာသာဖြင့် ပြန်ဆိုထားခြင်းဖြစ်သည်။
ကမ္ဘာ့ဂန္ထဝင်စာပေလက်ရာ ဝတ္ထုတိုများကို ရခိုင်ဘာသာဖြင့် မြိန်ရည်ယှက်ရည်ဖတ်ပြီး စာပေအရသာများကို ခံစားနိုင်စေရန်ထုတ်ဝေခြင်းဖြစ်သည်ဟု ထုတ်ဝေသူ ကိုကျော်လင်း(ရောင်စုံ)က ဆိုထားသည်။
တစ်အုပ်လျှင် ကျပ် ၃၅ဝဝ ဖြင့် ရခိုင်တစ်ပြည်လုံးသို့ ဖြန့်ချိလျက်ရှိသည်။
==========

(
) အဖတိ သားတိ (မောင်နှင်းခိုင် (ပုဏ္ဏားကျွန်း))
အဖတိ သားတိစာအုပ်သည် ဧပြီလအတွင်းက ထွက်ရှိခဲ့ခြင်းဖြစ်သည်။
၁၈၆၂ ခုနှစ်က ရှရှားစာရေးဆရာ အိုင်ဗန် တူရဂေညာ(Ivan Turgenev)ရေးသားထုတ်ဝေခဲ့သည့် Fathers and Sons စာအုပ်ကို ရခိုင်ဘာသာဖြင့် ဘာသာပြန်ထားခြင်းဖြစ်သည်။
ယင်းစာအုပ်သည် ၁၉ ရာစုခေတ်တွင် အကောင်းဆုံး ရှရှားဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။
ယင်းဝတ္ထုရှည်ကို ခေတ်သစ်ရခိုင်စာပေတွင် လိုအပ်နေသည့် ရခိုင့်ဘာသာပြန် ရသစာပေအတွက် ကူညီရာရောက်စေလို၍ ယခုစာအုပ်ကို ဘာသာပြန်ရခြင်းဖြစ်သည်ဟု စာရေးသူက ဆိုထားသည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ပြည်အတွင်း ဖြန့်ချိလျက်ရှိသည်။
========
(
) ၂၁ ရာစုအတွက် စွမ်းအား ၂၁ မျိုး (ခိုင်မင်းခန့်)
၂၁ ရာစုအတွက် စွမ်းအား ၂၁ မျိုးစာအုပ်သည် ဇူလိုင်လအတွင်းက ထွက်ရှိခဲ့ခြင်းဖြစ်သည်။
၂၁ ရာစုတွင် လူတိုင်းဖတ်ရှုသင့်သည့် စိတ်ခွန်အားပေးစာအုပ်တစ်အုပ်ဖြစ်သည့်အပြင် ၂၁ ရာစုတွင် ရှင်သန်နေထိုင်ရန်အတွက် ဘဝနေနည်း စာအုပ်တစ်အုပ်ဖြစ်သည်။ ယခုစာအုပ်တွင် စိတ်ဓာတ်ခွန်အားပေး ဆောင်းပါးပေါင်း ၃၄ ပုဒ်ပါဝင်သည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရန်ကုန်နှင့် ရခိုင်ရှိ စာအုပ်ဆိုင်များနှင့် စာပေနှင့်နီးစပ်သူများထံ စုံစမ်းဝယ်ယူနိုင်ပြီဖြစ်သည်။
=====

(
) လက်ခုပ်ထဲက မုန်တိုင်း (ဇော်မင်းထွန်း (သံတွဲ)နှင့် အောင် (လုံးသာမြေ))
လက်ခုပ်ထဲက မုန်တိုင်းစာအုပ်သည် ဇူလိုင်လအတွင်းက ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ရသ လုံးချင်းဝတ္ထုရှည် စာအုပ်တစ်အုပ်ဖြစ်သည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ပြည်အတွင်း ဖြန့်ချိလျက်ရှိသည်။
=========

(
၁ဝ) အမေ့ခံရခိုင်တော်လှန်ရေးခေါင်းဆောင်များနှင့် မိခင်တစ်ယောက်၏ သားပျောက်ရှာပုံတော် (ခိုင်မင်းညို)
အမေ့ခံရခိုင်တော်လှန်ရေးခေါင်းဆောင်များနှင့် မိခင်တစ်ယောက်၏ သားပျောက်ရှာပုံတော်စာအုပ်သည် သြဂုတ်လအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
စာရေးသူဆုံစည်းခဲ့ရသည့် ရခိုင်နိုင်ငံရေးခေါင်းဆောင်များနှင့်ပတ်သက်ပြီး မှတ်မိထားသမျှကို ဓာတ်ပုံများမှတ်တမ်းများဖြင့် ဝေဝေဆာဆာမှတ်တမ်းတင်ထားသည့်စာအုပ်ဖြစ်သည်။
ယခုစာအုပ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)နှင့် ရခိုင်မျိုးဆက်သစ်တပ်မတော် (ANGA)ပေါ်ပေါက်လာပုံအကြောင်း၊ ရခိုင်လက်နက်ကိုင်တော်လှန်ရေးကို

ဖြတ်သန်းခဲ့ကြသော၊ ဖြတ်သန်းနေကြဆဲဖြစ်သော တော်လှန်ရေးခေါင်းဆောင်()ဦးဖြစ်သည့် ဦးမောင်စိန်ညွန့်၊ ဦးရွှေသာ၊ ဦးခိုင်စိုးနိုင်အောင်၊ ဒေါက်တာခင်မောင်၊ ဦးကြာဖြူအောင်၊ ဦးဗစိုးအောင်နှင့် ဦးခိုင်မြဝါတို့အကြောင်း၊ ဗိုလ်ချုပ်ခိုင်ရာဇာမိသားစုအကြောင်းနှင့် စာရေးသူ၏ တော်လှန်ရေးလောကအတွေ့အကြုံအချို့ကို ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ရှိ စာအုပ်ဆိုင်များနှင့် စာပေနှင့်နီးစပ်သူများထံတွင် စုံစမ်းမေးမြန်းဝယ်ယူနိုင်ပြီဖြစ်သည်။
======

(၁၁) ဒရိုင်ဘာအဓိက (ဟိဟိဟဟ ဝတ္ထုတိ) သားလှ (ရသေ့တောင်)
ဒရိုင်ဘာအဓိက (ဟိဟိဟဟ ဝတ္ထုတိ)စာအုပ်သည် သြဂုတ်လအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ဆရာသားလှ (ရသေ့တောင်) အသက် ၅၃ နှစ်ပြည့်အဖြစ်ထုတ်ဝေခြင်းဖြစ်ပြီး ဟာသနှင့် သရော်စာဝတ္ထုတို ၅၃ ပုဒ်ကိုထည့်သွင်းဖော်ပြထားသည်။ယခုစာအုပ်တွင် စာရေးသူ၏ဘဝဖြတ်သန်းခဲ့ရမှုများတွင် တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များကို ဟာသနှောကာ ဆင်ခြင်ရန်၊ ဆောင်ရန်၊ ရှောင်ရန်၊ ပြုပြင်ရန် အထေ့အငေါ့များနှင့် သရော်ထားသည်ကို ဖတ်ရှုရမည်ဖြစ်သည်။
အထူးသဖြင့် စာရေးသူသည် ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည်နှင့်အညီ ပညာရေးလောကအတွင်း အောက်ခြေတွင်ဖြစ်ပျက်နေသည့် လဘ်စားမှုအချို့ကိုလည်း ပွင့်ပွင့်လင်းလင်းဝေဖန်ရေးသားထားသည်ကို တွေ့ရသည်။
တစ်အုပ်လျှင် ကျပ် ၃၅ဝဝ ဖြင့် ရခိုင်ရှိစာအုပ်ဆိုင်များနှင့် စာပေနှင့် နီးစပ်သူများထံဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
=======

(
၁၂) နီဝင်ရီတရောက ကောင်ချေ (လင်းနီ နှင့် နီငြိမ်း)
နီဝင်ရီတရောက ကောင်ချေစာအုပ်သည် စက်တင်ဘာလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
တရုတ်စာရေးဆရာ Yu Hua Boy in the Twilight - Hidden Stories of China စာအုပ်ကို ရခိုင်လူငယ်စာရေးဆရာနှစ်ဦးဖြစ်သည့် လင်းနီနှင့် နီငြိမ်းတို့က ရခိုင်ဘာသာဖြင့် ဘာသာပြန်ထုတ်ဝေထားခြင်းဖြစ်သည်။ ဝတ္ထုတို ၁၃ ပုဒ်ကိုဘာသာပြန်ထားခြင်းလည်း ဖြစ်သည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ရှိ စာအုပ်ဆိုင်များနှင့် စာပေနှင့်နီးစပ်သူများထံ မေးမြန်းဝယ်ယူနိုင်ပြီဖြစ်သည်။
========
(
၁၃)ကပြား နှောင်ကြိုး (ဘုန်းထက်အာကာ)
ကပြား နှောင်ကြိုးစာအုပ်သည် စက်တင်ဘာလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
တက်သစ်စ ရခိုင်လူငယ်စာရေးဆရာ ဘုန်းထက်အာကာ၏ ပင်ကိုယ်ရေး ဖြစ်ရပ်မှန်ဝတ္ထုစာအုပ်ဖြစ်သည်။
ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို အဓိက နောက်ခံထားကာ မတူကွဲပြားမှုနှင့် ပြည်တွင်းစစ်ကို အဓိက အခြေခံထားသည့် ရင်နှင့်ဖွယ် ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်ရှိ စာအုပ်ဆိုင်များနှင့် ရခိုင်စာပေနှင့်နီးစပ်သူများထံ ဝယ်ယူရရှိနိုင်ပါပြီ။
=======
(
၁၄)ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ် (အရှင် ဣန္ဒဝံသ(ကိန်းသာ))
ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်စာအုပ်သည် စက်တင်ဘာလအစောပိုင်းတွင် ထွက်ရှိခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ရက်တွင် ကျရောက်ခဲ့သည့် (၈၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနှင့် နိုင်ငံရေးအခြေအနေကို အဓိကမီးမောင်းထိုးပြထားသော သမိုင်းမှတ်တမ်းစာအုပ်တစ်အုပ်လည်း ဖြစ်သည်။
ရခိုင်ပြည်အသီးသီးရှိ ရခိုင်လူမျိုးများ၊ အထူးသဖြင့် ရခိုင့်လူငယ် စာဖတ်ပရိသတ်များဖတ်ရှုသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ပြီး ရခိုင်လူမျိုးတိုင်း၏ အိမ်တိုင်း အိမ်တိုင်းတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်လည်း ဖြစ်သည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ပြည်နယ်ရှိ စာအုပ်ဆိုင်များနှင့် စာပေနှင့်နီးစပ်သူများထံတွင် မေးမြန်းဝယ်ယူနိုင်ပြီဖြစ်သည်။
========
(
၁၅)အောင်မြင်နေသော ရခိုင်လူငယ်များ (အောင်ကြည်မိုး (သင်းပုန်းတန်း))
အောင်မြင်နေသော ရခိုင်လူငယ်များစာအုပ်သည် စက်တင်ဘာလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်ရှိ နယ်ပယ်အသီးသီးတွင် အောင်မြင်နေသော လူများစွာထဲမှ အသက် ၄ဝ အောက် လူငယ် ၁ဝ ဦးအကြောင်းကို ရေးသားထားသည့် စာအုပ်ဖြစ်သည်။နောင်လာနောက်သားလူငယ်များအနေဖြင့် မိမိ၏အိပ်မက်များကို စာအုပ်ထဲမှ လူငယ်များအား အားကျအတုယူပြီး မိမိလိုချင်သည့် အောင်မြင်မှုကိုရရှိစေရန်ရည်ရွယ်၍ ရေးသား ထုတ်ဝေလိုက်ခြင်းဖြစ်သည်ဟု စာရေးသူက ဆိုထားသည်။
တစ်အုပ်လျှင် ကျပ် ၃၅ဝဝ ဖြင့် ရခိုင်ရှိ စာအုပ်ဆိုင်များနှင့် စာပေနှင့်နီးစပ်သူများထံ မေးမြန်းဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
========

(၁၆)အမျိုးကိုထိလျှင် နာတတ်ပါသည် (မင်းပြား မင်းသိန်းဇံ)
အမျိုးကိုထိလျှင် နာတတ်ပါသည်စာအုပ်သည် စက်တင်ဘာအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
စာရေးဆရာ ဦးဆက်ထွန်းလင်းက ရခိုင်ဆိုသည်မှာ သီးခြားနိုင်ငံဟူ၍မရှိ၊ ခေတ်အဆက်ဆက် မြန်မာမင်းများ၏အစောင့်အရှောက်ခံများသာဖြစ်သည်။ အခွန်ဘဏ်ဏ္ဍာနှင့် သမီးကညာများဆက်သခဲ့ရသည်။ ရခိုင်များသည် အချို့ကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏လက်အောက်ခံဟူ၍ သူရဇ္ဇမဂ္ဂဇင်း၌ ရခိုင်လူမျိုးတစ်ခုလုံးကို ရစရာမရှိအောင် စော်ကားပြီး ရခိုင်သမိုင်းကို ထိုးနှက်ရေးသားထားခြင်းကို စာပေအထောက်အထားနှင့် သမိုင်းရုပ်ကြွင်းအကိုးအကားများဖြင့် ပြန်လည်ချေပရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် စစ်တွေရှိစာအုပ်ဆိုင်များနှင့် ရခိုင်စာပေနှင့်နီးစပ်သူများထံ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
=======
(
၁၇) တစ်မျက်နှာနှင့် ငယ်မျက်နှာပေါင်းများစွာ (ဗဂျီးကျော် (စစ်တွေ))
တစ်မျက်နှာနှင့် ငယ်မျက်နှာပေါင်းများစွာစာအုပ်သည် စက်တင်ဘာလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ရခိုင်ဗီဒီယို ဟာသ သရုပ်ဆောင်၊ ဟာသစာရေးဆရာကြီး ဗဂျီးကျော်(စစ်တွေ) စာရေးသက်တမ်း နှစ်(၆ဝ)ပြည့် အထိမ်းအမှတ်အဖြစ်ထုတ်ဝေခဲ့ခြင်းလည်းဖြစ်သည်။
ဟာသဝတ္ထုတို ၁၈ ပုဒ်ကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။
တစ်အုပ်လျှင် ကျပ် ၁၅ဝဝ ဖြင့် စစ်တွေရှိ စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
=====
(
၁၈) အာရကန် (ဝေသာ)
အာရကန်စာအုပ်သည် စက်တင်ဘာလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ဂျာမန်လူမျိုး ရှေးဟောင်းသုတေသနအရာရှိ အီမန်ညူဝယ် ဖော်ချမ်းမား၏ ၁၈၉၁ ခုနှစ်တွင် တင်သွင်းသည့် ရခိုင်ပြည်အတွက် အေစာဆုံး ရှေးဟောင်းသုတေသန အစီရင်ခံစာကို ရခိုင်ဘာသာပြန်စာရေးဆရာ ဝေသာက ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိ၊ မြောက်ဦးမြို့ဟောင်း၏အထင်ကရ သာသနိကအဆောက်အဦ(၁၆)ခု၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ရှေ့ဟောင်းသုတေသနဆိုင်ရာနေရာများ၊ အဆောက်အဦများ၊ မြို့တော်အသစ်၊ စစ်တွေ၊ သံတွဲမြို့မှ အထင်ကရ စေတီသုံးဆူနှင့် ပေါက်တောမြို့မှ နာမည်ကျော် ဆံတော်ရှင် တန်းခိုးကြီးဘုရား စသည်တို့၏ သမိုင်းနောက်ခံ၊ လက်ရှိအခြေအနေ၊ ဗုဒ္ဓဝင်ဆိုင်ရာဆက်နွယ်မှုများကို အသေးစိတ်သုတေသနပြုလုပ်ထားခြင်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၃ဝ က အစီအရင်ခံဖော်ပြချက်များကို ရှေးဟောင်းကျမ်းစာ၊ ပေစာ၊ ပရပိုက်စာများဖြင့် ညှိနှိုင်းကိုးကားပြီး ဆရာဝေသာက အပိုအလိုမရှိ သေသပ်တိကျစွာ မြန်မာဘာသာပြန်ဆိုတင်ဆက်ထားသည့် စာအုပ်လည်းဖြစ်သည်။
တစ်အုပ်လျှင် ကျပ် သောင်းဖြင့် ရခိုင်နှင့် ရန်ကုန်ရှိ စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
=====

(၁၉) ပလီပလာတိ (ပန်းသီကြိုး (ရသေ့တောင်))
ပလီပလာတိကဗျာစာအုပ်သည် အောက်တိုဘာလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ရခိုင်စကားဖြင့်ရေးစပ်ထားသည့် ကဗျာ ၂၄ ပုဒ်ပါရှိသည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်ပြည်တွင်း ဖြန့်ချိလျက်ရှိသည်။
===========

(၂ဝ) သူငယ်ချင်းရဲ့ သူငယ်ချင်း ကဗျာများ (ဂေါယာမြေစောဝင်း)
သူငယ်ချင်းရဲ့ သူငယ်ချင်း ကဗျာများစာအုပ်သည် နိုဝင်ဘာလအစောပိုင်းက ထွက်ရှိခဲ့ခြင်းဖြစ်သည်။ ကဗျာပေါင်း ၁၁၇ ပုဒ်ကို ဖော်ပြထားသည်။
လောကလူသားအကျိုးကို ဖြောင့်မတ်တည်ကြည်ကောင်းစေချင်သည့်အတွက် မျက်နှာမထောက် ဘာမထောက်ဘဲ ရေးသားထားခြင်းဖြစ်သည်ဟု စာရေးသူက ဆိုထားသည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်တွင် ဖြန့်ချိလျက်ရှိသည်။
=========

(
၂၁)ရခိုင်စါလုံးပေါင်း ခေတ်မီသတ်ပုံ (သထော်ဥ)
ရခိုင်စါလုံးပေါင်း ခေတ်မီသတ်ပုံစာအုပ်သည် နိုဝင်ဘာလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
တည်ငြိမ်မှုမရှိဖြစ်နေသည့် ရခိုင်စာလုံးပေါင်းသတ်ပုံများနှင့်ပတ်သက်ပြီး လူငယ်စာရေးဆရာတစ်ဦးက ကြိုးစား စုစည်းထုတ်ဝေလိုက်သော စာအုပ်ဖြစ်သည်။
တစ်အုပ်လျှင် ကျပ် သောင်း ထောင်ဖြင့် ရခိုင်ပြည်အတွင်း ဖြန့်ချိလျက်ရှိသည်။
=========

(
၂၂) စိတ်ခံစားမှု စာစုများ (ယူတီ (ပညာရေး))
စိတ်ခံစားမှု စာစုများစာအုပ်သည် ဒီဇင်ဘာလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ဆောင်းပါး ၂၉ ပုဒ်ကို စုစည်းဖော်ပြထားသည်။
တစ်အုပ်လျှင် ကျပ် ထောင်ဖြင့် ရခိုင်တစ်ပြည်လုံးဖြန့်ချိလျက်ရှိသည်။
========

(
၂၃)Zero To Rakhine Billionaires - အခက်အခဲလား... လာထား (ခိုင်မင်းခန့်)
“Zero To Rakhine Billionaires -
အခက်အခဲလား... လာထားစာအုပ်သည် ဒီဇင်ဘာလ လကုန်ပိုင်းတွင် ထွက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါစာအုပ်သည် ရခိုင်မှ လူသိများထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်၊ ကားစပယ်ယာဘဝမှ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ ဦးတင်ဇံကျော်၊ လယ်လုပ်သားဘဝမှ ဘဏ္ဍာရေးဆိုင်ရာအကြံပေးပညာရှင်ဖြစ်လာသည့် ဦးသန်းအောင်နှင့် စွန့်ဦးတီထွင်စီးပွားရေးပညာရှင်ဦးကျော်လှိုင်တို့အပါအဝင် ရခိုင့်ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၁၂ ဦး၏အကြောင်းတို့၏အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။
ယင်းစာအုပ်ကို ဘဝ၏အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်စေရေး၊ စီးပွားရေးကို စိတ်ဝင်စားသူတိုင်းအတွက် နည်းလမ်းကောင်းများရရှိရေး၊ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာရေး၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်ပေါ်လာစေရေးနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးစသည့် ရည်ရွယ်ချက် ()ချက်ဖြင့် ရေးသားထုတ်ဝေရခြင်းဖြစ်သည်ဟုလည်း စာရေးသူက ဆိုထားသည်။
တစ်အုပ်လျှင် ကျပ် ထောင်နှုန်းဖြင့် ရခိုင်ပြည်နှင့် ရန်ကုန်မြို့များရှိ စာအုပ်ဆိုင်များ၌ စတင်ရောင်းချနေပြီဖြစ်သည်။


ဆက်စပ် သတင်းများ