သဘာ၀က လက်ဆောင်ပေးထားသည့် ဒီရေတောများ၏ ဥယျာဉ်မှူး


အောင်ကြည်မိုး (သင်းပုန်းတန်း)

အိမ်သူသက်ထားပြင်ဆင်ပေးလိုက်သည့် တမင်းထုပ်ကိုယူဆောင်လျက် နေအိမ်မှ အတော်တန်ဝေးကွာ သောလမ်းခရီးကို ခြေကျင်သွားရပြီး ထိုမှတဆင့် ပင်လယ်ကမ်းစပ်နှင့် မြစ်ကမ်းစပ်သို့ စက်တပ်လှေငယ်တစ် စီးဖြင့် အမ်းမြို့နယ်၊မြစ်ချောင်းများရှိ ဒီရေတောများ၌ အပင်များကိုစိုက်ပျိုးဖို့ စိတ်တူ၊ကိုယ်တူ လူငယ်များနှင့် အတူ ကိုမျိုးလွင် အမြဲသွားဖြစ်နေတတ်သည်။

တစ်ချိန်က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မြစ်ချောင်းများရှိ ဒီရေ တောများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကို မည်သူတစ်ဦးတယောက်ကမျှ မလုပ်ဆောင်နိုင်ခဲ့။  ‘’သူခုတ်၊ ကိုယ် ခုတ်’’ ရှိနေခဲ့ရသည်။ ဒီရေတောများကိုခုတ်ထွင်ရှင်းလင်းပြီး ပုစွန်မွေးမြူရေး၊ ငါးမွေးမြူရေးကန်များ၊ တာတမံ ဆည်များကို လုပ်ကိုင်လျက်ရှိသဖြင့် ရေနေသတ္တဝါများ မှီခိုကျက်စားပေါက်ဖွားရာ ဒီရေတောများ ပျက်စီးဆုံး ရှုံးမှုများပြားလာနေရ၍ ဒေသခံရေလုပ်သားတံငါသည်များ စားဝတ်နေရေး အခက်ခဲကြုံတွေ့ခြင်းကို ကိုမျိုးလွင် မြင်တွေ့နေခဲ့ရသည်။

ဒီရေတောများသည် လူသားတို့အတွက် သဘာဝတရားကပေးထားသော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင် မွန်ဖြစ်နေသည်။  အမ်းမြို့နယ်၊လင်ပန်းကျွန်းကျေးရွာတွင် နေထိုင်သော လူလတ်ပိုင်းအရွယ် ကိုမျိုးလွင်သည် ဒီ ရေကာတောများ၏ အရေးပါပုံအကြောင်းကို သိရှိ၍  အမ်းမြို့နယ်ရှိ ပင်လယ်ကမ်းစပ်နှင့် မြစ်ချောင်းများအတွင်း စက်တပ်လှေငယ်တစ်စီးဖြင့် ဒေသခံလူငယ်များနှင့်အတူ ဒီရေတောစိုက်ပျိုးသည့်အလုပ်ကို ဆောင်ရွက်လုပ် ကိုင်နေသည်။ ယခုလက်ရှိ၌ ကိုမျိုးလွင်နှင့်အဖွဲ့က ဒီရေတောဧက သုံးထောင်ကျော်အထိ အစားထိုးစိုက်ပျိုးထိန်း သိမ်းထားနိုင်ပြီး ၎င်းထိန်းသိမ်းဧရိယာများထဲတွင် ဒေသခံရေလုပ်သား ရာပေါင်းများစွာက လွတ်လပ်စွာ အသက် မွေးဝမ်းကျောင်းပြုနေနိုင်ကြပြီဖြစ်သည်။

ဒီရေတောများကို ထိန်းသိမ်းနေသူ  ကိုမျိုးလွင်ကို ၁၉၈၂ ခုနှစ်၊ ဇွန်လ(၁၅)ရက်၊ ကြသပတေးနေ့တွင် ဖခင်ဖြစ် သူ ဦးဝေစိန်အောင်၊ မွေးစားဖခင်ဖြစ်သူ ဦးမောင်ခင်နု၊မိခင် ဒေါ်မဲယဉ်တို့ထံမှ အမ်းမြို့နယ်၊ လင်ပန်းကျ ကျေး ရွာတွင် မွေးဖွားခဲ့သည်။မွေးချင်းသုံးဦးအနက် အကြီးဆုံးသားဖြစ်သည်။ ကျောင်းပညာကို ဆုံးခန်းတိုင်အောင် သင်ခဲ့ရသူဖြစ်သော်လည်း သဘာ၀ကလက်ဆောင်ပေးထားသည့် ဒီရေတောများကို ချစ်မြတ်နိုး၍ ထိန်းသိမ်း စောင့်ရှောက်နေသူတစ်ဦးဖြစ်နေရပါသည်။ ၂၀၁၈ ခုနှစ်က တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း များတည်ရှိသည့် ကျောက်ဖြူမြို့နယ်၊မဒေကျွန်း အနီးတဝိုက်ရေပြင်တွင် ရေအရောင် ပြောင်းလဲနေမှု၊ ရေထုညစ် ညမ်းနေမှုဖြစ်ခဲ့ရသည်ကို ကြားသိ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို စိတ်ဝင်စားကာ ၂၀၁၉ ခု နှစ်ကစပြီး သူ့အနေနှင့် ဒီရေတောများ ထိန်းသိမ်းစောင့်ရှောက်ရေးကို ဇောက်ချလုပ်ကိုင်ကိုင်နေခဲ့သည်။

ဒီရေတောများကို ထိန်းသိမ်းစိုက်ပျိုးနေခြင်းသည် သူ၏ ကိုယ်ပိုင်စီးပွားရေးလည်းမဟုတ်။ သဘာ၀ လက် ဆောင် ဒီရေတောများကို မပျက်စီး၊မပြုန်းတီးစေဖို့အတွက် ကိုယ့်ထမင်းကိုယ်စားပြီး လုပ်ကိုင်နေသူဖြစ်သည်။  ပတ်ဝန်းကျင်ဂေဟစနစ်များ မပျက်စီးစေဖို့နှင့် ဒေသခံရေလုပ်သားများ၏ စီးပွားရေးလုပ်ကွက်များ မပျောက်စေ ဖို့အတွက် ဒီရေတောများကို ထိန်းသိမ်းစောင့်ရှောက်ပြီး ကိုယ်ကျိုးစွန့်

()

အနစ်နာခံလုပ်ဆောင်နေသူဖြစ်၍ ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် DMG ဆယ်နှစ်ပြည့် အထိမ်းအ မှတ်နေ့တွင် ရခိုင်ပြည်နယ်အတွင်းက လူပုဂ္ဂိုလ်တစ်ဦးကို DMG Hero ဆုအဖြစ် ဂုဏ်ပြုဆုချီးမြှင့်ရာ ကိုမျိုးလွင် (အမ်း)ကို  DMG Hero ဆုနှင့်အတူ ငွေ(၁၀) သိန်းကို ချီးမြှင့်ပေးခဲ့သည်။

ီရေတောများသည် ပင်လယ်မှလာသည့် သဘာဝဘေးအန္တရာယ်များအား ဟန့်တားရာ သဘာဝအစိမ်းရောင် တံတိုင်းအနေဖြင့်လည်းကောင်း၊ ငါးပုစွန်များကျက်စားရှင်သန်ရာ ဂေဟစနစ်တစ်ရပ်အဖြစ်လည်းကောင်း၊ ဒေ သခံပြည်သူအများစုအတွက် ဒီရေတောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရာ အရင်းအမြစ်အနေဖြင့်ရှိနေသော် လည်း ငါးပုစွန်မွေးမြူဖို့အတွက် ဒီရေတောများကိုပတ်ပြီး တာတမံကန်လုပ်လိုက်သည့်အခါ ဒီရေတောများ သေ ဆုံးသွားခြင်းများ ရှိနေတတ်သည်။ နောက်တစ်ခါ ဒီရေတောများကိုခုတ်ပြီး စပါးစိုက်ပျိုးခြင်းများ ရှိနေတတ်၍ ဒီရေတောများ ပြုန်းတီးလာနေရသည်။

ကိုမျိုးလွင်က ဒီရေတောတွေက ကျွန်တော်တို့ကို ထမင်းကျွေးနေတာ။ ဒီရေတောရှိနေရင် ငါး၊ ပုစွန်၊ ဂဏန်း၊ ခုံးတွေ ပေါများနေတယ်။ကျွန်တော့်တို့မှာ စားဝတ်နေရေးအခက်အခဲရှိလာရင် ဒီရေတောထဲသွား၊ ခုံးရှာပြီး ရောင်း စားရင်တောင် ထမင်းစားဖို့တော့ ရကြတယ်။ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိနေတဲ့ ကျေးရွာတွေကို လေ မုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီရေလှိုင်းရိုက်ခတ်ခြင်း စတဲ့သဘာဝဘေးအန္တရာယ်များဘေးကနေ ဒီရေတောရှိ အပင် တွေက တံတိုင်းကြီးတစ်ခုသဖွယ် ကာကွယ်တားဆီးပေးထားနိုင်တယ်။ ဒီရေတောနယ်နိမိတ်အတွင်း သားငှက် တိရစ္ဆာန်တွေအတွက် ဘေးကင်းလုံခြုံပြီး တည်ငြိမ်သောဂေဟစနစ်ကို ဖြစ်ပေါ်လာစေဖို့နဲ့ ကျွန်တော်တို့ဒေသခံ ပြည်သူတွေအတွက် ထင်း၊မီးသွေး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့စတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာ ဖြစ်လို့ ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ကျွန်တော်တို့မှာလည်း တာဝန်ရှိနေတယ်ဆိုပြီး ပြောဆိုထား သည်။

 ဒီရေတောစိုက်ခင်းများ ရေရှည်တည်တံ့စေရေးနှင့် ထင်းလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ပင်ပူးခွာ၊ ကိုင်းတက်ချိုင်ခြင်းလုပ်ငန်းများအား ကိုမျိုးလွင်နှင့်အဖွဲ့သားများက စနစ်တကျ လုပ်ဆောင်နေခြင်းအား ကိုမျိုး လွင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် မြင်တွေ့နေရပါသည်။ ဒီရေတော စိုက်ပျိုးသည့်အလုပ်ကို  ရေလုပ်ငန်းလုပ်ကိုင်နေသူများက  သဘောကျကြ၍  ရေလုပ်ငန်းလုပ်ကိုင်နေသည့်မိသားစုများက သူနှင့်အတူ ဒီရေတော စိုက်ပျိုးရေး လုပ်ငန်းကို အားတက်သရော လုပ်ဆောင်နေခြင်းဖြစ်ကြောင်းကို  ကိုမျိုးလွင်က ဤသို့ပြောဆိုထားပါသည်။

  ဒီရေတောနဲ့ဆက်စပ်နေတဲ့ ချောင်းငယ်လေးတွေကိုလည်း ပိတ်ဆို့လိုက်တဲ့အခါ ရေသယံဇာတကနေ ထွက် ရှိတဲ့ ငါး၊ ပုစွန်၊ ကဏန်းတို့  အဲဒါတွေရှာပြီးလုပ်စားတဲ့ ရေလုပ်သားတံငါသည်တွေအဖို့ စားဝတ်နေရေး ခက်ခဲသွား တယ်။ ကျွန်တော်နဲ့ပူးပေါင်းပါဝင်လုပ်ကိုင်နေသူတွေဟာ တံငါသည်တွေအများစုဖြစ်ကြပြီး ဒီရေတောများက သူ တို့ရဲ့ အသက်မွေးကျောင်း ပြုရာနေရာ တစ်ခုဖြစ်နေရလို့ပါ။ ဒါကြောင့် ဒီရေတောတွေ တစ်ဦးတယောက်ပိုင် မဖြစ်စေဖို့ သူတို့က လိုလားမှုရှိနေကြတယ်။ ဒီရေတောကို မှီခိုစားသောက်နေရသူတို့အဖို့ ဘ၀တိုးတက်မှုမရှိ ဆိုသော်ငြား ဘ၀ရည်တည်မှုအတွက် တည်ဆောက်လို့ရနိုင်ပါသေးတယ်။ ရှာဖွေစားသောက် ဖို့ နေရာရှားပါးသွားရင် တံငါသည်တွေအနေနဲ့ စားဝတ်နေရေးအခက်ခဲတွေ့လာကြမှာဖြစ်လို့ ဒီရေတောတွေပျက် စီးပြုန်းတီးသွားမှာကို သူတို့လုံး၀မလိုလားကြပါဘူး

 ဒီရေတောများ ပျက်စီးမပြုန်းတီးဖို့နှင့် ဒေသခံတံငါသည်များ စားဝတ်နေရေး အဆင်ပြေစေဖို့  ကိုယ်ကျိုး စွန့် အနစ်နာခံလုပ်ဆောင်နေကြသည့် ကိုမျိုးလွင်တို့အဖွဲ့၌ ပျိုးပင်များကိုဝယ်ယူဖို့ ငွေကြေးအခက်အခဲရှိသဖြင့် အလွယ်တကူရရှိပြီး ဖြစ်ထွန်းအောင်မြင်သည့် ‘’ပြူးပင်’’ကို အများအားဖြင့် ဒီရေတောများ၌ စိုက်ပျိုးသည်။ တခြားအပင်များ၏ မျိုးစေ့ကို ယူပြီးလည်း စိုက်ပျိုးနေကြသည်။ သဘာဝအလျောက် ပေါက်ရောက်နေသော ပင်များကို ထိန်းသိမ်းထားမှုဆောင်ရွက်နေသလို စိုက်ပျိုးမှုကိုလည်း ကိုမျိုးလွင်တို့အဖွဲ့က တစ်ပြိုင်နက်တည်း လုပ်ဆောင်နေကြသည်။

 မြန်မာနိုင်ငံရှိ ဒီရေတောများဖုံးလွှမ်းလျက်ရှိသောဧရိယာသည် အာရှတိုက်တွင်တတိယအကြီးဆုံးသော ဒီ ရေတောဂေဟစနစ်ကြီးပင် ဖြစ်ပါသည်။ ဒီရေတောများသည် လေထုထဲမှ GHG ဓာတ်ငွေ့ အမြောက်အမြားကို စုပ်ယူထားနိုင်စွမ်းရှိသောကြောင့် ၎င်းတို့သည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် အလွန်အရေးပါသော သယံဇာတအရင်းအမြစ်များဖြစ်လာပါသည်။ ပြောင်းလဲလာသော ရာသီဉတုနှင့်အညီ လိုက်လျောညီထွေ ဖြစ် စေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒီရေတော ထိန်းသိမ်းကာကွယ်ရေးတွင် အမ်းမြို့နယ်၊အနီးတ၀ိုက် ရှိ ရေလုပ်သားများက ကိုမျိုးလွင်တို့နှင့်အတူ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းစဉ်၌ ပူးပေါင်းပါဝင် လုပ်ဆောင် လာသည့်အတွက် သဘာဝပတ်ဝန်းကျင်ကောင်းမွန်လာခြင်းအား လက်တွေ့ ခံစားနေကြရပြီး  ဒီရေတောများထိန်း သိမ်းရေးလုပ်ငန်းစဉ်ကြောင့် ဂုံး၊ပုစွန်အစရှိသည်တို့အား ရှာဖွေရောင်းချစားနိုင်မှုကို လက်တွေ့ခံစားရရှိနေကြပြီ လည်းဖြစ်သည်။

ဒီရေတောများသည် ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းသစ်တောများ အားလုံး၏ တစ်ရာခိုင်နှုန်းပင် မရှိသော်လည်း ၎င်းတို့သည် အလွန်အဖိုးတန်သော ဂေဟစနစ်များဖြစ်ပြီး ကမ်းရိုးတန်းဒေသ နေပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းမှုလုပ်ငန်းများ၊ လူမှုဘဝဖူလုံမှုနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အထောက်အကူပြုနေသည့် ခြေခံကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးပေးလျက်ရှိပါသည်။ဒီရေတောအတွင်းရှိ ဓနိပင်မှ ဓနိကိုင်းများ ကို အမိုးအကာအဖြစ် အသုံးပြုသည့်နေအိမ်များ ကိုမျိုးလွင်တို့ဒေသ၌  အများအပြားရှိနေ၍ ဓနိပင်များကလည်း  သူတို့ဒေသအတွက် တန်ဖိုးရှိနေရပါသည်။

ဒီရေတောများတည်ရှိခြင်းဖြင့် ဒေသခံပြည်သူလူထုအတွက် ထင်း၊ မီးသွေး၊ တိုင်၊ မျော၊ ဆေးဘက်ဝင် အပင် များနှင့် အခြားသစ်တောထွက်ပစ္စည်းများ ပေးစွမ်းနိုင်ခြင်း၊ ငါး၊ ပုစွန် စသည့်များ ရေသတ္တဝါများ ပေါများကြွယ် ဝခြင်း၊ စိုက်ပျိုးမြေများအား ရေငန်ဝင်ရောက်မှုမှ တားဆီးပေးနိုင်ခြင်း၊ ကမ်းပါးပြိုမှုအား

ကာကွယ်ပေးနိုင်ခြင်း၊  မုန်တိုင်းအစရှိသည့် သဘာဝဘေးအန္တရာယ်တို့မှ ကြံ့ကြံ့ခံကာကွယ် ပေးနိုင်ခြင်း စသည့် ကျိုးကျေးဇူးများ ရရှိနေကြသည်။ ဒီရေရောက်တောများကို သာမန်အမြင်ဖြင့်ကြည့်လျင် ကမ်းစပ်များ၌ အလေ့ ကျပေါက်ရောက်နေကြသော တန်ဖိုးမဲ့သစ်ပင်များဟုသာ ထင်မြင်ဖွယ် ရှိနိုင်သော်လည်း တကယ့်လက်တွေ့၌မူ လူ နှင့်သတ္တဝါတို့၏အကျိုးစီးပွားကို ဘက်စုံထောင့်စုံမှ ထိထိရောက်ရောက် ကာကွယ်ပေးကြသော သဘာဝ၏ လက်ဆောင်မွန်များ ဖြစ်နေသည်။

ကိုမျိုးလွင်တို့ ဒီရေတောများထိန်းသိမ်းရေးအဖွဲ့သည် ရခိုင်ပြည်နယ်ရှိ အမ်း၊ကျောက်ဖြူ၊တောင်ကုတ်၊ မြေပုံ စသည့်မြို့နယ်များတွင် ဒီရေတောသစ်ပင်များကို ကိုယ်ထူကိုယ်ထ စိုက်ပျိုးနေရာ လက်ရှိ အချိန်တွင် အပင်ပေါင်း တစ်သိန်းနီးပါးကို စိုက်ပျိုးထားပြီးလည်းဖြစ်သည်။ ဒီရေတောစိုက်ပျိုးမှုကို

စိတ်တူကိုယ်တူဒေသခံများနှင့် ပူး ပေါင်ပြီးလုပ်ကိုင်နေသူ ကိုမျိုးလွင်က သဘာ၀ကပေးထားတဲ့ ဒီရေတောကို ငါးကန်တွေ၊ ပုစွန်ကန်တွေ၊ ဂဏန်း ကန်တွေဆည်ဖို့ တစ်ဦးပိုင်လုပ်ကိုင်ခွင့် ပြုပေးလိုက်တော့ မိမိဒေသကလူတွေ အဆင်မပြေဖြစ်ကြရပါတယ်။  ကျွန်တော်နေထိုင်တဲ့ အမ်းဒေသတဝိုက်မှာ ဒီရေရောက်သစ်တောများ ပြုန်းတီးလာနေပြီး မထိန်းသိမ်း၊မကာ ကွယ်နိုင်ရင် ရေလုပ်ငန်းကို မှီခိုအားထားပြီး လုပ်ကိုင်စားသောက်နေကြရတဲ့ ဒေသခံတံငါသည်တွေအနေနဲ့ ငါး၊ဂုံး ၊ဂဏန်း စတာတွေကို ရှာရ၊ဖွေရ ခက်ခဲလာမယ်။  ဒါကြောင့် ဒီရေတောတွေကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ် ချက်နဲ့ စိုက်ပျိုခြင်းဖြစ်နေရကြောင်း’’ဆိုပြီး စာရေးသူ အင်တာဗျူးမေးမြန်းစဉ်က ဖြေဆိုထားခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင်ရှိသည့် ဝမ်ဖိုက်ဒီရေတောဆိုပါလျင် ဧက ၅၆၀၀၀ ကျော်ရှိပြီး  ၁၉၃၁ ခုနှစ်က ဝမ်ဖိုက်ဒီရေတောကြိုးဝိုင်းအဖြစ်သတ်မှတ်ခဲ့ကာ အာရှတွင်ဒုတိယအကြီးဆုံး ဖြစ်သည်။ အခြားမြို့နယ်များမှ စက် လှေများဖြင့်လာရောက်ကာ ထင်းခုတ်ယူမှုများရှိနေသဖြင့် ဒီရေတောပျက်စီးမှုကို ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ် လာကြောင်းကို ဒေသခံများက ပြောဆိုခြင်းများအား သတင်းဌာနများတွင် ဖတ်ရှုနေရပါသည်။ ရခိုင်ပြည်နယ်အ တွင်းက ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ စသည့်မြို့နယ်လေးခုတွင်လည်း ဒီရေတောပျက်စီးပြုန်းတီးမှု ၇၅ ရာခိုင်နှုန်းခန့်အထိရှိလာနေကြောင်းကို ပြည်နယ်အတွင်းက ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များထံမှ သိရှိရကြောင်းအား သတင်းဌာနများတွင် ဖော်ပြထားကြသည်။

နိဂုံးချုပ်ရပါလျင် ရွှံ့နွံများအတွင်း၌ ရှင်သန်ပေါက်ရောက်နေကြသော ဒီရေရောက်တောများသည် ရေချိုနှင့် ရေငန် နှစ်မျိုးစလုံး၏ ဖုံးလွှမ်းမှုဒဏ်ကိုခံနိုင်သော အရည်အသွေးနှင့် ပြည့်စုံရုံမျှမက ရေ၏ ချဉ်ဖန်နှုန်း ပြောင်းလဲ မှုဒဏ်ကိုပါ ခံနိုင်သော အစွမ်းသတ္တိနှင့်လည်း ပြည့်စုံကြသည်။ သို့ဖြစ်၍ ဒီရေတောရှိ အပင်ကြီးများကို ခုတ်လဲ လျင် သက်ဆိုင်ရာက ထိရောက်သည့်အရေးယူမှု လုပ်ဆောင်ရန်လိုအပ်ပါမည်။ ဒီရေတောများပြုန်းတီးလာလျင် ဒေသခံများ၏ အလုပ်အကိုင်ကိုသာမက သဘာဝဘေးအန္တရာယ်ပါ တွေ့ကြုံရလာနိုင်သည်။  ရေချိုနှင့်ရေငန် နှစ်မျိုးစလုံး၌ ရှင်သန်သော ငါး၊ပုစွန်စသည်တို့ ဒီရေရောက်တောများ၌ မှီခိုကျက်စားရာ၊ ဥချရာ၊ သားပေါက်ရာ၊ မျိုး ပွားရာ အသိုက်အမြုံကြီးတစ်ခုလည်းဖြစ်၍ ဒီရေတောများကို ထိန်းသိမ်းကြရမည်ဖြစ်သည်။

ကမ္ဘာကြီး ပူနွေးလာမှုကိုလျော့ချရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း(MSDP)(၂၀၁၈-၂၀၃၀) မဏ္ဍိုင်သုံးရပ်တွင် ဒီရေတောများကို ထိန်းသိမ်းရေးကလည်း တစ်ခု အပါအဝင်ဖြစ်နေသည်။  ဒီရေတောများနှင့် ငါးသယံဇာတ ဖွံ့ဖြိုးမှုက အပြန်အလှန်ဆက်စပ်နေ၍  ငါး၊ပုစွန် အစရှိသည်တို့ ပေါက်ဖွားနိုင်သည့် နေရာများကို ထိန်းသိမ်းခြင်းက ဒေသခံရေလုပ်သားများအနေဖြင့် မိသားစု စား ဝတ်နေရေးအား အထောက်အကူဖြစ်နေရပါသည်။ သို့ဖြစ်၍ မိမိတို့ဒေသ၊ မိမိတို့ဝန်းကျင်ရှိ ဒီရေတောများအား ရေရှည်တည်တံ့စေရေးပြုစုထိန်းသိမ်းခြင်းနှင့် စနစ်တကျအသုံးချခြင်းတို့ကို ဟန်ချက်ညီစွာ ဖော်ဆောင်နိုင်ရေး အတွက် ကိုမျိုးလွင်တို့ ဒီရေတောများထိန်းသိမ်းရေးအဖွဲ့က ကြိုး ပမ်းဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ဒီရေတော ဧက (၃၀၀၀)ကျော်ကို ထိန်းသိမ်းစောင့်ရှောက်နေသူ ကိုမျိုးလွင်သည် ဇနီးဒေါ်နှင်းရီ၊သားနှစ်ဦးနှင့် အတူ ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊လင်ပန်းကျကျေးရွာတွင် ပျော်ရွှင်စွာနေထိုင်လျက်ရှိနေပါသည်။

 အောင်ကြည်မိုး(သင်းပုန်းတန်း)

 

 

Share: