စစ်အာဏာရှင်သက်ဆိုးရှည်မည့် PR စနစ်


မင်းခေတ်ပြည့်စုံ

မြန်မာနိုင်ငံတွင်စစ်တပ်နှင့်မဟာမိတ်ပြုထားသည့်ပါတီကသာ အစိုးရဖွဲနိုင်မည့်ရွေးကောက်ပွဲတခုအား ၂၀၂၃ ခုနှစ်တွင်ကျင်းပဖိုစစ်ကောင်စီကပြင်ဆင်လာနေသည်။ ထို့ကြောင့်လဲရွေးကောက်ပွဲတွင် အနိုင်ရပါတီအား အာဏာလွဲပေးမည်ဟုလဲ ဇန်နဝါရီလ ၄ ရက်နေလွတ်လပ်ရေးနေတွင် စစ်ခေါင်းဆောင် ကတိပြုထားသည်။  ၂၀၂၃ ခုနှစ်တွင် PR စနစ်ဖြင့်ကျင်းပသောရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် မြန်မာ နိုင်ငံ တွင်ရှိသော မြိုနယ်ပေါင်း ၃၃၀ တွင် အားလုံးအနိုင်ရရှိသည်တိုင် အစိုးရဖွဲနိုင်ဖိုမဖြစ်နိုင်တော့ပေ။ ထိုကြောင့် လဲ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသောပါတီအား အာဏာလွဲပေးမည်ဟု စစ်ခေါင်းဆောင်က ဂတိပေး ထားခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ အဆိုပါဥပဒေ အရ သမ္မတရွေးချယ်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန်အပ်ထားသော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိသည်။တနည်းအားဖြင့်ဆိုရသော် စစ်တပ်ကသမ္မတရွေးချယ်ခွင့် တွင် ၂၅ ရာခိုင်နှုန်း အသာစီးရရှိထားပြီးဖြစ်သည်။ထိုကြောင့်လဲ စစ်တပ်၏ ကျောထောက်နောက်ခံပြုထားသောကြံ့ခိုင်ရေး ပါတီအနေဖြင့် ရွေးကောက်ပွဲတွင်၂၆ ရာခိုင်နှုန်းနှင့်ညီမျှသော ကိုယ်စား လှယ်ဦးရေ အနိုင်ရရှိပါက အစိုးရဖွဲနိုင်သည့် အခြေအနေရရှိထားခဲ့သည်။

သိုသော်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများအတွင် ကြံခိုင်ရေးပါတီအနေဖြင့် ၁၀ ရာခိုင်နှုန်းကျော်သာ အနိုင်ရရှိခဲ့သည်။NLD ပါတီရှိနေ သရွေ ကြံခိုင်ရေးပါတီအနေဖြင့် ၂၆ ရာခိုင်နှုန်း အနိုင်ရဖိုမလွယ်သည့်အခြေအနေဖြစ်လာခဲ့သည်။

ထိုကြောင့် မဲမသာမူှိသည်ဟုအကြောင်းပြကာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ တွင်အာဏာ သိမ်းခဲ့သည်။ စစ်တပ်ကအာဏာသိမ်းပြီးနောက် NLD ပါတီခေါင်းဆောင်များအားဖမ်းဆီး ထောင်ချခဲ့ပြီး နောက်NLDပါတီအား ဖျက်သိမ်းရန်ကြိုးစားခဲ့သည်။သိုသော်တရုတ်အစိုးရက NLD ပါတီဖျက်သိမ်းရန် လက်မခံသည့်အတွက် စစ်ခေါင်းဆောင်၏  NLD ပါတီဖျက်သိမ်ရေးအစီအစဉ်မအောင်မြင်ခဲ့ပေ။

သိုသော်စစ်ခေါင်းဆောင်အနေဖြင့် အာဏာသိမ်းပြီးနောက်ကျင်းပမည့်ရွေးကောက်ပွဲများတွင် စစ်တပ်က ကျောထောက် နောက်ခံပြုထားသည့် ပါတီသည်သာ အစိုးရဖွဲ့နိုင်ရေးစီစဉ်ခဲ့သည်။ထိုအတွက် ရွေး ကောက်ပွဲများ တွင် လက်ရှိကျင်းသုံးနေသော အနိုင်ရသူအကုန်ယူစနစ် ( FPTP ) စနစ်အစား အချိုးကျ ကိုယ်စားပြုစနစ် ( PR ) စနစ်ကိုပြောင်းလဲခဲ့သည်။

ထိုင်း PR စနစ်

အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် ထိုင်းနိုင်ငံတွင်အာဏာသိမ်းပြီးနောက်ကျင့်သုံးလာသည့် PR စနစ်ပုံစံ အားမြန်မာနိုင်ငံတွင်ကျင့်သုံးရန်ဆောင်ရွက်လာခဲ့သည်။

ထိုင်းနိုင်ငံတွင်လည်း စစ်တပ်က အာဏာသိမ်းပြီး ကျင်းပသည့် ၂၀၁၉ ရွေးကောက်ပွဲတွင် PRစနစ်ကို ပုံစံတမျိုးဖြင် ပြောင်းလဲကျင့်သုံးလာခဲ့သည်။

ထိုင်းနိုင်ငံတွင် အထက်လွှတ်တော်နှင်အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည်။ အထက်လွှတ်တော် တွင် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၂၅၀ ဦးရှိပြီး အောက်လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၅၀၀ ရှိသည်။

အထက်လွှတ်တော်တွင်ရှိသော ကိုယ်စားလှယ် ၂၅၀ ဦးသည် တိုက်ရိုက်ခန့်သည့်စနစ်ကြောင့် ကိုယ်စားလှယ် ဖြစ်လာသူများဖြစ်သည်။ ပြည်သူလူထု၏ မဲပေးရွေးချယ်မှုဖြင့် တက်လာသူများ မဟုတ်ပေ။ အဆိုပါ ကိုယ်စား လှယ်အားလုံးကို National Council for Peace and Order ( NCPO ) ကခန်အပ် ရသည်။ NCPO ၏ အကြီးအကဲမှာ ထိုင်းတော်ဝင်တပ်မတော်၏ အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်။

မြန်မာနိင်ငံတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်ရှိသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သား အစုအဖွဲ၂၅ ရာခိုင်နှုန်းပုံစံ ဖြစ်သည်။

သို့သော်အောက်လွှတ်တော်တွင်ရှိသော ကိုယ်စားလှယ်ဦးရေ ၅၀၀ လုံးကို မဲစနစ်ဖြင့် ရွေးချယ်ကြရသည်။ ကိုယ်စားလှယ် ၅၀၀ ထဲတွင် မဲအများဆုံရသူ အနိုင်ယူစနစ် ( FPTP ) ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၅၀ အားရွေးချယ်ရသည်။ ကျန် ၁၅၀ အား အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ရသည်။

ထိုင်းနိုင်ငံတွင် အစိုးရအဖွဲ့အကြီးအကဲဖြစ်သူ ဝန်ကြီးချုပ်အား လွှတ်တော်နှစ်ရပ်ပေါင်းတွင်ရှိသော ကိုယ်စား လှယ် ၇၅၀ ( ၅၀၀ +၂၅၀ )  ဦးက မဲပေးရွေးချယ်ကြရသည်။ မဲအများဆုံးရရှိသူကို ဝန်ကြီးချုပ်အဖြစ် ခန်အပ်ကြရသည်။ ဝန်ကြီးချုပ်လောင်းနှစ်ဦးထဲမှ တစ်ဦးကိုသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည်ဆိုပါက စုစုပေါင်း ၃၇၆ မဲရသူက ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။

ပြည်သူလူထုက ရွေးချယ်သော မဲအများဆုံးရသူ အနိုင်ယူစနစ် ( FPTP ) ဖြင့်ရွေးချယ်ခွင့်ရှိသော ကိုယ်စားလှယ် ၃၅၀ စလုံးအား ပါတီတခုတည်းမှ အနိုင်ရရှိသည့်တိုင် ထိုပါတီက ကြိုက်နှစ်သက်သူတစ်ဦး ဝန်ကြီးချုပ်ဖြစ်ရန် မလွယ်ကူသည့် အနေအထားဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသူ အနိုင်ရစနစ်ဖြင့် ရွေးချယ်သောဆန္ဒနယ် များတွင် Pheu Thai Party က အမတ်အများစုရရှိခဲ့သည်။ သို့သော် PR စနစ်ဖြင့် ရွေးချယ်ထားသော ကိုယ်စားလှယ်များရှိနေခြင်းနှင့် တိုက်ရိုက်ခန့်အပ်သော လွှတ်တော်ကိုယ်စားလှယ်များရှိနေသည့်အတွက် Pheu Thai ပါတီက ဝန်ကြီးချုပ်ရာထူးမရရှိခဲ့ပေ။ အောက်လွှတ်တော်ကိုယ်စားလှယ် ၂၅၀ ဦးအားခန့်ခွင့်ရှိသူ ထိုင်းတော်ဝင် တပ်မတော်၏ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်ကြီးပရာရွတ်က ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

အကယ်၍ အောက်လွှတ်တော်တွင်ရှိသော လွှတ်တော်ကိုယ်စားလှယ် ၅၀၀ ဦးအား PR စနစ် မကျင့်သုံးပဲ မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြစ်နေပါက မဲအများဆုံးရသည့်ပါတီက ရွေးချယ်သူတစ်ဦးဝန်ကြီးချုပ်ဖြစ်လာနိုင်သည်။

မြန်မာ PR စနစ်

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းPR စနစ်ပုံစံမျိုး မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင်ကျင်းပ ရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။တမြိုနယ်လျင် လွှတ်တော်ကိုယ်စားလှယ် တဦးရွေးချယ်ရသော ပြည်သူလွှတ်တော်  မဲဆန္ဒနယ်တွင် PR စနစ်ကျင့်သုံးရန်ပြောင်းလဲခဲ့သည်။

ထိုအတွက် အာဏာသိမ်းပြီးနောက် ပြည်သူလွှတ်တော်မဲဆန္ဒနယ်သတ်မှတ်နိုင်ရန် ခရိုင်ပေါင်း ၄၆ ခုကို ထပ်မံတိုး ချဲဖွဲစည်းခဲ့သည်။ ထိုကြောင့်မြန်မာနိုင်ငံတွင် ခရိုင်ပေါင်း ၁၂၁ ခရိုင်ရှိလာပြီဖြစ်ပြီး အဆိုပါခရိုင်များအား ပြည်သူလွှတ်တော်မဲ ဆန္ဒနယ်အဖြစ်သတ်မှတ်မည်ဖြစ်သည်။

ယခင်က မြို့နယ်တခုလျင်မဲဆန္ဒနယ်တနယ် အဖြစ်သတ်မှတ်သော ပြည်သူလွှတ်တော်မဲဆန္ဒနယ် နေရာတွင် PR စနစ်ဖြင့်ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအား မြိုနယ်အလိုက်  ကျင်းပမည် ဖြစ်သော်လည်း ကိုယ် စားလှယ်လောင်းရွေးချယ်သည့်အခါ ခရိုင်အလိုက် ရွေးချယ်ရတော့မည် ဖြစ်သည်။ယခင်ကျင်းပခဲ့သော အနိုင်သူ အကုန်ယူစနစ်အရ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် မြိုနယ်အလိုက်မဲအများဆုံးရသည့်သူက လွှတ် တော် ကိုယ်စားလှယ်ဖြစ်ခွင့်ရရှိမည်ဖြစ်သည်။သိုသော် PR စနစ်တွင်ထိုကဲ့သိုမဟုတ်တော့ပေ။

ဥပမာအားဖြင့် သံတွဲ ခရိုင်တွင်  တောင်ကုတ် သံတွဲ နှင့် ဂွ ဟူ၍ မြိုနယ် ၃ မြိုနယ်ရှိသည် ဆိုပါစို့ ။ အဆိုပါမြိုနယ် ၃ တွင် ANP ပါတီက မြိုနယ် ၃ ခုစလုံးတွင် အနိုင်ရရှိပါသော်လည်း လွှတ်တော်ကိုယ်စားလှယ် ၃ ဦးမဖြစ်တော့ပေ။အချိုးကျ ကိုယ်စားပြုစနစ်အရ မြိုနယ် ၃ ခုတွင် မဲအများဆုံးရသူ တစ်ဦးကလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမည် ဖြစ်ပြီး ကျန်နှစ်ဦးမှာ အချိုးကကိုယ်စားပြုစနစ်အရ ဒုတိယမဲအများဆုံးရသူလဲ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာ တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်သော တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းရှိသည် ပြည်သူ့လွှတ်တော်တွင် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅၆ ဦး ရှိသဖြင့် လွှတ်တော်နှစ်ရပ်ပေါင်းထားသော ပြည်ထောင်စုလွှတ်တော်တွင် ၁၆၆ ဦးရှိသည်။

နိုင်ငံတော်သမ္မတအား ရွေးချယ်ရသော ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း ကိုယ်စားလှယ် ၆၆၄ ဦးရှိသည်။ ထို ၆၆၄ ဦးထဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သူ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးနှင့် မဲဆန္ဒနယ်အားလုံး ကျင်းပနိုင်ပါက ပြည်သူက ရွေးချယ်ခွင့်ရှိသူ ကိုယ်စားလှယ် ၄၉၈ ဦးရှိသည်။

လက်ရှိဖွဲစည်းပုံအခြေခံဥပဒေအရ ပြည်သူကရွေးချယ်ခွင့်ရှိသော ကိုယ်စားလှယ် ၄၉၈ ဦးထဲတွင် ၃၃၃ ဦး အနိုင်ရသောပါတီက ကြိုက်နှစ်သက်သူတစ်ဦး သမ္မတဖြစ်လာမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက် ပွဲတွင် NLD ပါတီက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်းကိုယ်စားလှယ် ၃၆၀ ဦးအနိုင်ရရှိခဲ့သည်။ ထိုကြောင့် NLD ပါတီကရွေးချယ်ခဲ့သော ဦးထင်ကျော်မှာ သမ္မတဖြစ်လာခဲ့သည်။

ထိုကဲ့သိုရွေးချယ်နိုင်ခြင်းမှာ မြိုနယ်တခုလျင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတခုလျှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂  ဦးစီ စုစုပေါင်းလွှတ်တော်ကိုယ် စားလှယ် ၄၉၈ ဦးအား မဲအများဆုံးရသူ အနိုင်ယူစနစ် ( FPTP ) ဖြင့် ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

လက်ရှိဖွဲစည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအားရွေးချယ်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၉၈ ဦးတွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးရှိသည်။ပြည်သူလွှတ်တော် တွင် အများဆုံးအနိုင်ရသည့်ပါတီသည် အစိုးရဖွဲနိုင်မည်ဖြစ်သည်။ထိုကြောင့် စစ်ခေါင်းဆောင် အနေဖြင့် ပြည်သူ လွှတ်တော် မဲဆန္ဒနယ်များအား PR စနစ်ဖြင့်ကျင့်သုံးရန်ပြောင်းလဲခဲ့သည်။

PR စနစ်ဖြင့်ကျင်းပသော ရွေးကောက်ပွဲတွင် ဥပမာအားဖြင့် NLD ပါတီအနေဖြင့် မြို့နယ် ၃၃၀ လုံးတွင် အနိုင်ရသည်တိုင် လွှတ်တော်ကိုယ်စားလှယ် ၃၃၀ မဖြစ်တော့ပေ။ ခရိုင်ပေါင်း ၁၂၁ ခရိုင်အား ပြည်သူလွှတ်တော်မဲဆ န္ဒနယ်အဖြစ်သတ်မှတ်လိုက်သည့်အတွက် NLD ပါတီအနေဖြင့် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် မြိုနယ် ၃၃၀ လုံး နိုင်သည့်တိုင် ၁၂၁ ဦးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတော့မည်။ထိုကြောင့် ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးပေါင်းလိုက်ပါက ၂၈၉ ဦးသာ ရရှိတော့ မည်ဖြစ်သည်။တနိုင်ငံလုံးရှိမြိုနယ်ပေါင်း ၃၃၀ လုံးအတွင် အနိုင်ရရှိသော်လည်း အစိုးရဖွဲနိုင်မည်မဟုတ်တော့ ပေ။

သိုသော်ကြံခိုင်ရေးပါတီအတွက်မူ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိနေသည့်အတွက် PR စနစ်အရ ရှုံးလဲအစိုးရ ဖွဲနိုင်မည်ဖြစ်သလို့ နိုင်လျင်လည်းအစိုးရဖွဲနိုင်မည်ဖြစ်သည်။ထိုကြောင့်လဲ စစ်တပ်က ၂၅ရာခိုင်နှုန်း အသာစီး ရယူထားသည့် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေရှိနေသရွေ့အချိုးကျ ကိုယ်စားပြု စနစ် ( PR ) စနစ်ဖြင့် ရွေးကောက်ပွဲ မကျင်းပသင့်ကြောင်းပညာရှင်များကထောက်ပြခဲ့သည်။ ထိုကြောင့်လဲ ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့်ရွေးကောက်ပွဲသည့် မြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် ဆောင်ရွက်ခြင်း သာဖြစ်ပေတော့သည်။

Share: