အောင်ကြည်မိုး (သင်းပုန်းတန်း)
ပွဲအစီစဉ်ကြေညာသူမှ Winner ဆုကို ကြေညာလိုက်သည့်အချိန်မှာ ခန်းမတစ်ခုလုံး လက်ခုပ်သံများ သောသောညံသွားသည်။ ဝမ်းသာလွန်း၍ ပါးထက်မှာ မျက်ရည်များစီးကျလာပြီး ငယ်အိပ်မက်တစ်ခုက အမှန် တကယ်ဖြစ်လာခဲ့ပြီမို့ သူမဘ၀တွင် ဘယ်လိုမှ ပြောမပြတတ်သည့် ပျော်ရွှင်မှုနှင့် စိတ်ခံစားမှု ဖြစ်ပေါ်ခဲ့၇ပါသည်။ ပြိုင် ပွဲဝင်များအကြား ရေပန်းမစားခဲ့သော်လည်း သူမ၏ ကြိုးစားအားထုတ်မှု၊ လေ့လာထားမှုတို့ကြောင့် Miss TMT 2023 ပြိုင်ပွဲ၌ ပန်းဦးသ၇ဖူဆောင်းနိုင်ခဲ့လို့ Miss တစ်ဦးဖြစ်လာ၇ပြီ။ သူမ၏ လှပကျော့ရှင်းသော ရုပ် လွှာနှင့် Winner ဆုကြောင့် ၇ခိုင်အခြေစိုက်သတင်းဌာနများတွ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ကျင်းပခဲ့သော Miss TMT 2023ပြိုင်ပွဲတွင် Akyab StarsArts and Talent Centre မှ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်တွေမြို့မှ အလှမယ်မစိုးထက်နွယ် က Winner ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ Miss TMT 2023 ပြိုင်ပွဲကို အနယ်အနယ်အရပ်ရပ်မှ အလှမယ် ၂၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ မစိုးထက်နွယ်သည် ၎င်းပွဲမှ Winner ဆုအပြင် MissFriendship Award၊ Miss Congeniality Award နှင့် MissIntelligence Award တို့ကိုလည်း ရရှိခဲ့သည်။
မစိုးထက်နွယ်ကို အဖ ဦးမောင်ဖြူကြီး၊ အမိ ဒေါ်ဖြူမ တို့မှ ၁၉၉၇ ခုနှစ်၊ ဧပြီလ(၁၂) ရက်၊ စနေနေ့၊ စစ် တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်တွင်မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ ညိုညို ဖြစ်သည်။ မွေးချင်း (၆)ဦး အထဲ (၅) ဦးမြောက် သမီးဖြစ်သည်။ ငယ်စဉ်က မူလတန်းနှင့်အလယ်တန်းပညာကို အ.လ.က (၆) စစ်တွေ၊ အထက်တန်းပညာကို အ.ထ.က(၅)၊ စစ်တွေ တို့၌ ပညာသင်ကြားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆယ်တန်းအောင်မြင် ခဲ့သည်။ စစ်တွေ တက္ကသိုလ်တွင် ပထဝီအထူးပြုဘာသာရပ်ဖြင့် ပညာသင်ကြားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ကို ရရှိခဲ့သည်။ စစ်တွေတက္ကသိုလ်တွင် ပညာသင်ကြားခဲ့စဉ် ပထမနှစ်တွင် Beauty Queen ဖြစ်ခဲ့သည်။ Miss TMT 2023 ပြိုင်ပွဲမှ Winnerဆုအပြင် အခြားဆုများကိုလည်း ပိုင်ဆိုင်ထားသည်။ လက်ရှိတွင် သူမ သည် စစ်တွေမြို့ရှိ Winner ကိုယ်ပိုင်မူလတန်းကျောင်းတွင် ကျောင်းဆရာမတစ်ဦးအဖြစ်လုပ်ကိုင်နေသူ လည်းဖြစ်ပြီးThe Model Tachileik Organization(TMT) နှင့်အတူ အနုပညာလုပ်ငန်းများကိုလုပ်ကိုင်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေသူဖြစ်သည်။
ငယ်စဉ်က အနေအေး၍ ပြင်ပလောကနှင့် ထိတွေ့မှုနည်းခဲ့ပြီး ကျောင်းစာကလွဲပြီး အခြားအလုပ်များ သည် သူနှင့် မဆိုင်သလိုဖြစ်ခဲ့သည်။စစ်တွေတက္ကသိုလ်၌ ပထမနှစ် တက်ရောက်စဉ်က ဘာသာရပ်ဆိုင်ရာ အလိုက် အလှမယ် ရွေးပွဲ၌ Queen ဖြစ်ခဲ့ရာမှ Miss တစ်ဦးဖြစ်လာဖို့အတွက် ငယ်စဉ်ကမက်ခဲ့သည့် အိပ်မက် ကို အကောင်အထည် ဖော်ဆောင်ဖို့ စိတ်အားထက်သန်လာခဲ့သည်။နောက်တစ်ခုက စစ်တွေတက္ကသိုလ်၌ Queen အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့စဉ် ပထမဆုံးရရှိလိုက်သည့်အတွေ့အကြုံ
အလှမယ်ဖြစ်ရေးအိပ်မက်ကို တစ်ချိန်က ရန်ကုန်၊မန္တလေး စသည့် မြို့ကြီးများမှ မိန်းကလေးများသာ မက်ခွင့် ရှိခဲ့သော်လည်း ယခုအချိန် မြန်မာနိုင်ငံ၏ နယ်မြို့များတွင် အလှမယ်ရွေးချယ်ပွဲများ ပြုလုပ်နေသော ကြောင့် စစ်တွေမြို့မှ မစိုးထက်နွယ်တို့လို မိန်းကလေးအများစုအတွက် အလှမယ်ဖြစ်ရေး အိပ်မက်များကို အကောင်အထည်ဖော်လာနိုင်ခြင်းဖြစ်
ခုနှစ်တန်းလောက်ကစပြီး TV မှ လာသော အလှမယ်ပြိုင်ပွဲများကို ကြည့်ဖြစ်ခဲ့ရာ သူမ အလှမယ်တစ်ဦး ဖြစ်ချင်နေခဲ့သည်။ သည်လိုနှင့် ကျောင်းပြီးသည့်အချိန်တွင် စစ်တွေမြို့ရှိ၊ Akyab Stars Arts and Talent centre မှ မော်ဒယ်စံသာနှင့် ဆက်သွယ်ခဲ့သည်။ တက္ကသိုလ်တက်နေရင်း ကျောင်းပိတ်ရက်များတွင် INGOs များ၌ ဝင်ရောက်လုပ်ကိုင်ရာမှရရှိလာခဲ့သောငွေကြေးဖြင့် ဝတ်ဆင်ထားသည့် လက်စွပ်ကို ရောင်းချကာ မော် ဒယ်စံသာထံ Batch 2 ၌ သင်တန်း တက်ရောက်ခဲ့သည်။သူမအနေဖြင့် ထိုသင်တန်း၌ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်နေခဲ့၇သည်။
စိုးထက်နွယ်၏မိဘများက ငွေကြေးမပြည့်စုံသော်လည်း ငယ်စဉ်ကတည်းက အိပ်မက်အဖြစ်ရှိနေခဲ့ သည့် အလှမယ်တစ်ယောက်ဖြစ်၇မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အလှမယ် Miss တစ်ယောက်မှာ ရှိထား၇ မည့် B လေးလုံး ဖြစ်သည့် Beauty/Body/Brainၕ/Behavior ကို ပြည့်စုံနေဖို့ လေ့ကျင့်ထားခဲ့သူဖြစ်သည်။Brain လို့ ခေါ် ကြသည့် ဉာဏ်ပညာစွမ်းရည် ထက်မြက်မှုကို ယှဥ်ပြီးပြသနိုင်ဖို့ရာ အင်္ဂလိပ်စကားကျွမ်းကျင်မှု အတွက် sky၊ Everest စသည့် အင်္ဂလိပ်စကားပြောသင်တန်းများ၌ တက်ရောက်သင်ကြားခဲ့သလို အထွေထွေ ဗဟုသုတအတွက် စာအုပ်၊စာပေ များကို ဖတ်ရှုရင်း ဝမ်းစာဖြည့်ထားခဲ့သည်။Winner ကိုယ်ပိုင်ကျောင်းတွင် ကလေး ငယ်များကို စာသင်ကြားပြီးသည်နှင့် Body လှပဖို့အတွက် Gym (အားကစားခန်းမ)ကို နေ့တိုင်း အချိန်မပျက် ညနေတိုင်း၌ သူမ သွားရောက်လေ့ကျင့်နေခဲ့သည်။
Miss စိုးထက်နွယ်က “ဒီလောကထဲကို ဝင်ရောက်ဖို့ ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ မိဘများ ငွေကြေး မပြည့်စုံမှုကြောင့် ကျောင်းပြီးကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ အလှမယ်တစ်ဦးဖြစ်လာဖို့အကောင်းဆုံးကြိုးစားခဲ့တယ်။ ကျွန်မရဲ့ အရပ်အမောင်း ပြိုင်ပွဲက ခွင့် ပြုထားတဲ့ စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ၅ ပေ၊ ၃ လက်မ ဖြစ်နေပေမဲ့ ကိုယ့်ရဲ့ အရပ်အမောင်းကို စိတ်တိုင်း မကျခဲ့။ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ အဆီမရှိအောင် ထိန်းသိမ်းခဲ့တယ်။ လမ်းလျှောက်ခြင်း၊ စကားပြောခြင်းနဲ့ လူမှု ဆက်ဆံရေးကဲ့သို့ ပြိုင်ပွဲမှာ ပြုလုပ်၇မဲ့အချက်တွေကို အကောင်းဆုံးကြိုးစားနေတဲ့အတွက် ယုံကြည်မှုတော့ အပြည့်အ၀ရှိနေခဲ့တယ်။ လိုအပ်ချက်တွေကို ကျွန်မဘက်က အတတ်နိုင်ဆုံး ကြိုးစားပြီး လေ့လာနေခဲ့တယ်။ Miss ဆိုတဲ့ Crown ကို ၇ယူနိုင်အောင် မနှစ်က Miss Universe ပြိုင်ပွဲမှာ Top 10 ထဲ ဝင်ခဲ့တဲ့ အတွေ့ အကြုံကိုယူပြီး ဒီနှစ် ၂၀၂၃ မှာ သွားပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မလျော့သော ဇွဲ၊လုံလ၊ဝိရီယ လေ့ကျင့် ပြင် ဆင်ထားတဲ့အစွမ်းအစနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ချပြ၊ယှဉ်ပြိုင်နိုင်ခဲ့လို့ Winner ဖြစ်ခဲ့၇ခြင်းပါ။ ကျွန်မ ကို ယုံကြည်စိတ်ချစွာနဲ့ ပြိုင်ပွဲဝင်ဖို့စေလွှတ်ခဲ့တဲ့ Akyab Stars Arts and Talent centre မှ ဆရာစံသာနဲ့ အဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိ၇ပါတယ်။တာချီလိတ်မြို့မှာ ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ကာလတစ်
၇ခိုင်ဒေသ၌ Akyab Stars Arts and Talent centre ဖွင့်လှစ်ထား၍ လူငယ်များအတွက် မော်ဒယ်နှင့် အလှမယ်ဖြစ်ဖို့ အခွင့်အရေးပိုရှိလာနေပြီး ပုခက်လွဲနေ၇သော အိမ်ထောင်သည် အမျိုးသမီးများ၏ စွမ်း ဆောင်ရည်ကို ဖော်ထုတ်ပြသနိုင်ဖို့လည်း အိမ်ထောင်သည် အလှမယ်ပြိုင်ပွဲမျ
၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ (၁၄)နှစ်အတွင်း မြန်မာနိုင်ငံတွင် မောင်မယ်ရွေးပွဲများ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၌ ရုပ်ရှင်မင်းသမီးခင်သန်းနုသည် ၁၉၆၁ ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။ ၁၉၆၂ခုနှစ်တွင် ကျင်းပသည့် မယ်ရွေးပွဲ၌ ပထမ၇သူ ခင်မြင့်မြင့်က မြန်မာနိုင်ငံ၏ နောက်ဆုံးမယ် ဖြစ်သည်။ ထိုအချိန်က ပြည်ထောင်စုမယ် မသန်းသန်းအေး၊မစိန်အေး၊ မီနီပုတို့သည် ကမ္ဘာ့အဆင့် အလှမယ် ပြိုင်ပွဲများဖြစ်သည့် မယ်စင်္ကြာ၀ဠာ(Miss Universe) နှင့် မယ်ကမ္ဘာ(Miss World) ပြိုင်ပွဲများ ဝင်ရောက် ယှဉ် ပြိုင်ခဲ့ကြဖူးသည်။ ၁၉၆၀ နှစ်တွင် ဒေါ်မြင့်မြင့်မေက ကမ္ဘာ့မယ်စကြာ၀ဠာပြိုင်ပွဲမှာ Miss Congeniality ဆု ကို ရရှိခဲ့ဖူးသည်။
တော်လှန်ရေးအစိုး၇ တက်လာပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်၊ တွင် မယ်ရွေးပွဲများ ပျောက် ကွယ်သွား၇ကြောင်းကို ဖတ်ရှုနေ၇သည်။ မုဒုံမယ်တင်တင်မူ၊ ဖျာပုံမယ်တင်တင်အေး၊ ရှန်ဟိုင်းမယ်မေရီမြင့်၊ မယ်ဗမာနော်လွီဇာဘင်ဆင်၊ ပြည်ထောင်စုမယ်ခင်သန်းနု စသူတို့က ရုပ်ရှင်လောကတွင်းသို့ ဝင်ရောက်ပြီး အောင်မြင်ခဲ့ကြသည်။ ၁၉၆၁-ခုနှစ် မယ်စကြ၀ဠာ ပြိုင်ပွဲပြီးကတည်းက မြန်မာနိုင်ငံမှ အလှမယ်များ နိုင်ငံတ ကာ၌ ယှဉ်ပြိုင်ခြင်းမရှိပဲ အလှမယ် မိုးစက်ဝိုင်သည် ၂၀၁၃-ခုနှစ် မယ်စကြာ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဦးဆုံးသော ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ နာမည်ကြီးအလှမယ် နန်းခင်ဇေယျာမှာလည်း (၂၀၁၁)ခုနှစ်တွင် ခရီးသွားမယ်ရွေးချယ်ပွဲမှတစ်ဆင့်
၇ခိုင်ပြည်နယ်မှ အလှမယ်များလည်း ဖူးပွင့်ဝေဆာခဲ့ကြသည်။ အလှမယ် ဇွန်သံစဉ်က Miss UniverseMyanmar 2017 Winner သ၇ဖူကို ရရှိခဲ့သည်။ Miss Universe Sittwe ချိုချိုထွန်းသည် MissUniverse Myanmar 2015 တွင် Top 2 နှစ်ဦးထဲတွင် မေဘ၇ဏီသော်နှင့်အတူ ရွေးချယ်ခံ၇ပြီး ဆုနှင့် လွဲချော်ခဲ့၇သော် လည်း Second Runner ဆုနှင့် Miss Famous ဆုတို့ကို ရရှိခဲ့သည်။ Miss Grand Myanmar World 2017 ၏ သ၇ဖူကို ၇ခိုင်လူမျိုး အလှမယ်အိကျော့ခိုင်က ရရှိခဲ့ဖူးသည်။ ၇ခိုင်ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည် အလှမယ်ရွှေအိမ်စည်သည် Miss GoldenLand Myanmar 2018 အလှမယ်သ၇ဖူ ဆောင်းခဲ့သူဖြစ်၍ ပိုလန်နိုင်ငံတွင်ကျင်းပခဲ့သော Miss Supranational 2018 တွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရော
အလှမယ် စိုးထက်နွယ် Miss TMT 2023 ပြိုင်ပွဲတွင် Miss ဆုရရှိခြင်းနှင့် ပတ်သက်၍ AkyabStars Arts and Talent centre ဖွင့်လှစ်တည်ထောင်ထားသူ မော်ဒယ်စံသာက’’ သူမရဲ့ မလျော့သော ဇွဲ၊လုံလ၊ဝိရီယနဲ့ MissTMT 2023 ပြိုင်ပွဲကြီးအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ ထိုက်တန်စွာ Winner Crown ကြီးကို ရရှိပိုင်ဆိုင် ခဲ့တဲ့အတွက် ကျွန်တော်တို့ ပျိုးထောင်ပေးလိုက်သည့် ပန်းတစ်ပွင့် Miss ပန်းခင်းထဲ အရောင်သွေး စုံလင်စွာ ပွင့်ဖူးလန်းဆန်းမှုရှိလာလို့ ဝမ်းသာမှုဖြစ်၇ပါတယ်။ ဒီ့အပြင် AKYAB STARS Arts and Talents မှ ပထမ ဦးဆုံး မွေးထုတ်ပေးထားတဲ့ အလှမယ်တစ်ဦးက ပထမဆုံးသော Crown ကို မိမိတို့၇ခိုင်ဒေသသို့ အ၇ယူ ဆောင်နိုင်ပေးလို့လည်း အထူးကျေးဇူးတင်ရှိ၇သလို ဂုဏ်ယူဖြစ်ပါတယ်။ ပြီးတော့ သူက တကယ့်အရည်အ ချင်းရှိသူ၊ ကြိုးစားတယ်။ ကျွန်တော်တို့ သင်ပေးတာကိုလည်း အကြိမ်ကြိမ် လေ့ကျင့်တယ်။ ဒါကြောင့်လည်း Winner ဖြစ်လာ၇ခြင်းပါ။ နောက်လူငယ်တွေအတွက်လည်း သူက စံပြ ဖြစ်သွားပါပြီ။ နောက်ပြီးတော့ ကျွန် တော်တို့ ၇ခိုင်ပြည်နယ်မှာ လှပတဲ့သူတွေ အများကြီး ရှိနေတယ်။ သူတို့ကို ရှေ့ထွက်လာစေချင်တယ်’’ဆိုပြီး ပြောဆိုထားသည်။
အချုပ်အားဖြင့် ငယ်စဉ်က အိပ်မက်ကို အကောင်ထည်ဖော်နိုင်ခဲ့လို့ ကျောင်းဆရာမဘ၀ကနေ အလှမယ် စိုးထက်နွယ် ဆိုပြီး ဖြစ်လာခဲ့၇သူသည် သူ့၏ အရပ်အမောင်းကို စိတ်တိုင်းမကျခဲ့သော်လည်း အလှမယ်တစ် ယောက်ဖြစ်ဖို့ အရည်အချင်းများစွာနှင့် ကြိုးစားမှုက သက်ဆိုင်နေကြောင်းကို သက်သေပြနိုင်ခဲ့ပြီလည်းဖြစ် သည်။ အလှမယ် Miss တစ်ယောက်ဖြစ်လာဖို့ လှပပြေပြစ်ရုံ၊ ခန္ဓာကိုယ် အချိုးအစားကျရုံဖြင့် မရရှိသေး။ အမှတ်ပေးဒိုင်များမှ မေးမြန်းသည်ကို သွက်သွက်လက်လက် ဖြေကြ၇သည့်အတွက် အထွေထွေဗဟုသုတ ရှိနေဖို့လည်း လိုအပ်ပါသည်။ အလှမယ်ရွေးချယ်ပွဲသည် မိမိတို့၏ပင်ကိုယ်ထူးချွန်ပြီး တိမ်မြုပ်နေသည့် အရည်အသွေးများကို ဖော်ထုတ်ပြသနိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။ မစိုးထက်နွယ်အနေဖြင့် သေချာထိန်း သိမ်းထားသောခန္ဓာကိုယ်နှင့် ရုပ်ကလည်း ကြည့်ပျော်ရှုပျော် ရှိနေပြီး မလျော့သော ဇွဲ၊လုံလ၊ ဝိရီယ နှင့် အတူ လေ့ကျင့်ပြင်ဆင်ထားသော ကိုယ်ရည်ကိုယ်သွေးများကို ချပြယှဉ်ပြိုင်နိုင်ခဲ့၍ အလှမယ်တစ်ယောက် ဖြစ်၇မည်ဆိုသည့် ငယ်ဘ၀အိပ်မက် ရည်ရွယ်ချက်အားအကောင်ထည်ဖော်နိုင်ခဲ့ပြီကို တင်ပြရင်း.......။
အောင်ကြည်မိုး(သင်းပုန်းတန်း)