အောင်သူငြိမ်း
နိရဉ္စရာ၊ မတ် ၂၃/၂၀၂၃
တနင်္လာနေ့ကဝန်ကြီးချုပ်ပရာယွတ်က လွှတ်တော်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် သူကနောက်အစိုးရမတိုင်မီ အထိ ဝန်ကြီးချုပ်အနေနဲ့ ဆက်ရှိမှာပါ။ သူ့ကက်ဘိနက်ကလည်းအိမ်စောင့်အစိုး၇သဖွယ် ကြားကာလမှာ ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။
လွတ်တော်မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲကော်မရှင်က ခွဲခြားသတ်မှတ်ပြီးလည်း ဖြစ်လို့၊အခုလွှတ်တော် ဖျက်သိမ်းလိုက်တဲ့အခါ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ မြင်းတွေကိုဇောင်းကနေ လွှတ်ပေး လိုက်တဲ့ အလား ဖြစ်သွားပါပြီ။ [အောက်လွှတ်တော်အမတ်နေရာ ၄၀၀ ကို မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းတွေ တင်သွင်း ပြိုင်ဆိုင်သွားမှာဖြစ်ပြီး၊ ကျန်အမတ်နေရာ ၁၀၀ ကို ပါတီကတင်သွင်းတဲ့စရင်း Party lists အပေါ်မူတည်ရွေးချယ်မှာပါ။ လူထုက အကြိုက်များမဲရတဲ့ ပါတီမဲအချိုးအပေါ် အခြေခံရွေးချယ်ပါမယ်။ ဝန်ကြီးချုပ်ရွေးချယ်တဲ့အခါ အထက်လွှတ်တော် ၂၅၀ (ဆီးနိတ်) ကပေါင်းပြီး၊ ထက်+အောက်လွှတ်တော် အမတ် ၇၅၀ ကနေ ရွေးချယ်၇မှာ ဖြစ်ပါတယ်။
အထက်လွှတ်တော်ဆီးနိတ်ကတော့ ရွေးကောက်ပွဲနဲ့ မဟုတ်ပါဘူး။ လူထုလူတန်းစားအလိုက် ရွေးချယ်ထားတဲ့ appointedခန့်အပ်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။]
ထိုင်းနိုင်ငံရေးမှာလွှတ်တော်သက်တမ်းအပြည့်၄- နှစ် တာဝန်ထမ်းခွင့်ရရင် ကံထူးလို့ “၇ခဲပေစွ ဒုလ္လဘ” လို့ အောက်မေ့နိုင် ပါတယ်။ ပရာယွတ် အတွက်ကတော့ အခု သက်တန်း၄-နှစ်ပါတွက်ရင် ၈- နှစ် ‘ဝါ’ရှိခဲ့ပါပြီ။ဝါရင့်နိုင်ငံရေးသမားတဦးလို့ တောင် ဆိုနိုင်ပါပြီ။ အသက်အရွယ်အရတော့ ပရာယွတ်က ၆၉နှစ်လို့ ဖော်ပြပါတယ်။ တလောတုန်းက အရင် စစ်အစိုး၇ ကာလ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တာတွေပါ တွက်ချက်ပြီး၊ ၈-နှစ် ပြည့်ပြီ နားပေတော့ဆိုပြီးလွှတ်တော်ထဲမှာ အဆိုတင်ခဲ့ကြတာ ရှိပါတယ်။ ဖွဲ့စည်းပုံ (၂၀၁ရ) အ၇ဝန်ကြီးချုပ်ဖြစ်သူဟာ ၄- နှစ်သက်တန်း ၂-ခုပဲ (၈-နှစ်) လုပ်ခွင့် ရှိပါ တယ်။ဖွဲ့စည်းပုံ ခုံရုံးက ကြားနာ စစ်ဆေးနေဆဲကာလမှာ သူ့ဝန်ကြီးချုပ်တာဝန်ကိုပါဆိုင်းငံ့ခံခဲ့ရပါသေးတယ်။ နောက်ဆုံး ဖွဲ့စည်းပုံ စတင်ရာ ၂၀၁၇ ကို အခြေခံပြီးတွက်ချက်ပါတယ်။ ဒါဆိုရင် သူအကယ် ၍ နောက်တကြိမ် ဝန်ကြီးချုပ်အဖြစ် ရွေး ချယ်ခံရရင်၂- နှစ်ပဲ တာဝန်ထမ်းခွင့် ရှိပါတော့တယ်။ သူသာ ဝန်ကြီးချုပ် ထပ်ဖြစ် ခဲ့ရင် ၂ နှစ်အပြီးတက်လာမယ့် နောက် ဆက်ခံမည့်သူ တဦးကိုလည်း လျာထား၇တော့မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရေးမှာရင့်ကျက်မှုတစုံတရာတော့ ရှိခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဝန်ကြီးချုပ် ပရာယွတ် ကာလမှာလွှတ်တော်ထဲ ၄- ကြိမ်တိုင်တိုင် အယုံအကြည်မရှိ အဆို တင်သွင်းခံရပါတယ်။သူနိုင်ခဲ့တယ်ဆိုပေမယ့် အတော်ခေါင်းစားပြီး ဖြေရှင်းခဲ့ရပါ တယ်။ အကယ်၍မြန်မာနိုင်ငံမှာ ဘယ်သူ နိုင်ငံခေါင်းဆောင်ဖြစ်ဖြစ်၊ စစ်ဗိုလ်ချုပ်ဟောင်းတွေပဲဖြစ်ဖြစ်၊ ဒီမိုကရက် အုပ်စုထဲကပဲ ဖြစ်ဖြစ်၊ အဲသလို “အယုံအကြည်မရှိ”အဆိုတင်သွင်းခံရတဲ့အခါ ထိုင်းလို ခေါင်းစားခံ၊ သည်းညည်းခံ ဖြေရှင်းဖို့ဆန္ဒရှိပါ့မလားဆိုတာ သံသယဖြစ်မိပါတယ်။
စီးပွားရေးအ၇
ရွေးကောက်ပွဲတွေကပိုက်ဆံကုန်လှပါတယ်။ ပါတီတွေကလည်း အပြိုင် အဆိုင် ငွေသုံးကြမှာပါ။ ရွေးကော်ကရွေးကောက်ပွဲ ဘတ်ဂျက်အဖြစ် ဘတ် ၅ ဒဿမ ၉ဘီလီယံ လျာထားပါတယ်။ ၂၀၁၉ ရွေးကောက်ပွဲထက်စာရင် ၄၀% မြင့်မားလာပါတယ်။ အကြောင်းကတော့မဲဆန္ဒနယ် ၃၀၀ ကနေ ၄၀၀ တိုးများလာလို့ ဖြစ်ပါတယ်။
၂၀၂၃ဖေဖေါ်ဝါရီ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာတော့ အခု ရွေးကောက်ပွဲကြောင့်ထိုင်းစီးပွားရေးထဲ ဘတ်ငွေ ၆၀-၇၀ ဘီလီယံလောက် ထပ်ဖြည့်ဆည်းလာဖွယ် ရှိတယ်လို့ဆိုပါတယ်။ အသုံးစရိတ်များလာတာကြောင့် စီးပွားရေးအတွက် တစုံတရာ လှုံ့ဆော်မှုဖြစ်လာဖွယ်လည်း ရှိပါတယ်။ ထိုင်းစတော့ ဈေးကွက်ကလည်း ပြန်လည်ခေါင်းထောင်လာဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ တပတ်မှာ ထိုင်းစတော့ဈေး ၂.၁%မြင့်လာမယ်။ ရွေးကောက်ပွဲအပြီး တလမှာတော့ ၅.၁% မြင့်လာမယ်လို့ ခန့်မှန်းထားပါတယ်။ရွေးကောက်ပွဲပြီး အာဏာလွှဲပြောင်းရေး ချောမွေ့မယ်ဆိုတဲ့ သတင်းကောင်းပါပဲ။ သေချာတာကမဲရောင်း- မဲဝယ်၊ လာဘ်ထိုးကြတဲ့ ကိစ္စတွေလည်း မလွဲမသွေ ရှိမှာပါပဲ။
တလောကအတိုက်အခံ ဖွေ့ထိုင်းပါတီ (Pheu Thai Party) ခေါင်းဆောင် သူဌေးကြီး ဆရီထာ (SretthaThavisin) ကငွေပေးပြီး မဲဝယ်မယ်ဆိုတဲ့ လူထုရှေ့အပြောအဆို စကားတခုကြောင့် တိုင်ကြတောကြရှိခဲ့ပါသေးတယ်။
ရေပန်းစားလူကြိုက်များနေသူတွေ
ခုတလောမှာပဲထိုင်းနိုင်ငံက National Institute of Development Administration (Nida) က ရွေးကောက်ပွဲနဲ့ပတ်သက် လို့ လူထုစစ်တမ်းတခု ကောက်ယူခဲ့ပါတယ်။ မဲဆန္ဒရှင် ၄၉ ဒဿမ ၇၅% က အတိုက်အခံဖွေ့ထိုင်းပါတီ (Pheu Thai) ကိုမဲပေးကြ မယ်လို့ ဆိုပါတယ်။ ကျန်ပါတီတွေထဲမှာ ၂ ခုသာ ရာခိုင်နှုန်းဆယ်ဂဏန်းကျော်ရုံသာ ဆန္ဒပြုကြပါတယ်။ လူငယ်ခြေတက် တွေ ဦးဆောင်တဲ့ အတိုက်အခံရှေ့သို့ချီပါတီ (Move Forward) ကိုမဲပေးမယ်လို့ ၁၇ဒဿမ ၄%ဆန္ဒပြုကြပြီး၊ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ဦးဆောင်တဲ့ UTN ပါတီ (United Thai Nation) ကို ၁၁ ဒဿမ ၇၅% ကဆန္ဒပြုကြပါတယ်။ လက်ရှိအာဏာရပါတီ ဖလမ် ပရာချာရတ်သ်ပါတီ Palang PracharathParty (PPRP) ကိုတော့မဲပေးမယ် ဆန္ဒပြုကြသူက ၂ % ကျော် သာ ရှိပါတယ်။
ဝန်ကြီးချုပ်ဖြစ်ဖို့နာမည်တင်သွင်းထားသူတွေ ကြားထဲမှာတော့ အရင်ဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ် သက်ဆင်ရဲ့သမီးအငယ်ဆုံး မစ္စ ပေတုန်တန် (Ms Paetongtarn) က ၃၈ ဒဿမ ၂ % နဲ့ ရေပန်းစားထိပ်ကပြေးနေပါတယ်။ သူ့နောက်မှာတော့ ရှေ့သို့ချီ လူငယ် ပါတီက ပီတာ (PitaLimjaroenrat of Move Forward party) က၁၅ ဒဿမ၇၅% နဲ့ ဒုတိယလိုက်ပါတယ်။ ပရာယွတ်ကတော့ ၁၅ ဒဿမ ၆၅%၊အာဏာ၇ PPRP ပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာဝစ် (Gen Prawit Wongsuwon) ကတော့ မထင်မရှားပါပဲ၊ “အခြား” သူများအုပ်စုထဲပေါင်း၃ ဒဿမ၃% ထဲမှာပဲပါဝင်ပါတယ်။ မစ္စ ပေတုန်တန် ရေပန်းစားနေပေမယ့် ဝန်ကြီးချုပ် ဖြစ်လာမယ် လို့ တပ်အပ်မပြောနိုင်သေးပါဘူး။ ထိုင်းနိုင်ငံရေးက အဲသလောက် မရိုးရှင်းဘူးလို့ပဲပြောချင်ပါတယ်။
၂၀၂၃ခုနှစ် ရွေးကောက်ပွဲရဲ့ အဓိပ္ပါယ် နဲ့ စွန့်စား၇မှုတွေ
ဘန်ကောက်ပို့စ်သတင်းစာထဲမှာပဲ ချူလာလောင်ကောင် တက္ကသိုလ်က ပါမောက္ခ သစ်ထိနန် (ThittinanPongsuhirak) သုံးသပ်ရေးထားတဲ့ ဆောင်းပါးက ကောင်းပါတယ်။ သူက လတ်တလောကာလ ထိုင်းနိုင်ငံရေးသမိုင်းကြောင်းနဲ့ ရွေးကောက်ပွဲတွေ အကြောင်းကို သုံးသပ်ဖော်ပြခဲ့ပါတယ်။
ပထမအချက်အနေနဲ့၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို တပွဲထိုး တဖြတ်တည်း (standalone) ကြည့်မြင်လို့မဖြစ်နိုင်ပါဘူး။ လာမယ့် ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ကာလအတွင်းဖြစ်ပျက်ခဲ့တဲ့ ထိုင်းနိုင်ငံရေးရဲ့ အနာဂတ်ကို ဆုံးဖြတ် ပေးနိုင်ဖို့ရေရှည်အားပြိုင်မှု၊ နှစ် ၂၀ ဖြစ်ရပ်တွေရဲ့အဆက်လို့ ကြည့်မြင်ရင် ပိုလို့မှန်ကန်နိုင်ပါတယ်။ အကြောင်းကတော့ ဒီတကြိမ်မှာပဲ အတိုက်အခံ ဖွေ့ထိုင်းပါတီ (PheuThai Party) ကနှစ် ၂၀ အတွင်း ရွေးကောက်ပွဲတွေမှာ နိုင်ခဲ့သလိုပဲ အခု တကြိမ်မှာလည်း မဲဆန္ဒနယ်အများစုမှာ နိုင်ဖို့လည်း များပါတယ်။
ပြောရရင်အရင်က ထိုင်းဝန်ကြီးချုပ် သက်ဆင်ဦးဆောင်တဲ့ ထိုင်းရတ်ထိုင်း (ထိုင်းကထိုင်းကိုချစ်သည် ပါတီ) က ရေပန်းစား လူကြိုက်များတဲ့ ပါတီတခု ဖြစ်ခဲ့ပါတယ်။ အဲဒီထိုင်းရတ်ထိုင်းပါတီ (Thai Rak Thai) နဲ့ ဖလန် ပရာချာချွန် (ပြည့်သူ့အာဏာ) Palang Prachachon(People's Power) တို့ကနေအခု ဖွေ့ထိုင်းပါတီ ပေါက်ဖွားလာခဲ့တာပါ။ အဲဒီ အရင်ပါတီတွေက ၂၀၀၇ ခုနှစ်၊ မေလ နဲ့၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ အသီးသီး ဖျက်သိမ်းခံခဲ့ကြရပါတယ်။ ဖော်ပြခဲ့တဲ့ ပါတီတွေကပြီးခဲ့တဲ့ ရွေးကောက်ပွဲ တွေမှာ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီနဲ့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ၊ ၂၀၁၁ ဇူလိုင်၊ ၂၀၁၉ မတ်လ ရွေးကောက်ပွဲတွေမှာ မဲ အများနဲ့အနိုင်ရခဲ့ကြပါတယ်။ အနိုင်၇တဲ့ မဲ အနည်း-အများ ဒီဂရီတော့ ကွာခြားမှုတော့ ရှိပါတယ်။ဆိုချင်တာ လူကြိုက်များတဲ့ ပါတီတွေ ဖြစ်ခဲ့တယ် ဆိုတာပါပဲ။ [၂၀၀၅ နဲ့ ၂၀၁၁ရွေးကောက်ပွဲတွေမှာ မဲအများစုနဲ့ တောင်ပြို ကမ်းပြို နိုင်ခဲ့ကြပါတယ်။ ၂၀၀၁ခုနှစ်နဲ့ ၂၀၀၇ ရွေးကောက်ပွဲတွေမှာ အများစုနီးပါး ၇လောက်အောင် နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၉ ရွေးကောက်ပွဲမှာလည်း ဖွေ့ထိုင်းပါတီက ထိပ်ပြေးသလောက်ပါပဲ။သူတို့ပါတီက ကိုယ်စားလှယ် ၁၃၆ ဦးနိုင်ပြီး ထိပ်က ပြေးပါတယ်၊ အာဏာ၇ PPRP ပါတီက ၁၁၆ ဦးပဲအနိုင်၇ပါတယ်။ ဒါပေမယ့် ညွန့်ပေါင်းဖွဲ့ကြတဲ့အခါ PPRP က ကိုယ်စားလှယ် အများကိုစုပြီးအစိုး၇ဖွဲ့နိုင်တဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။] [ပူးတွဲဖော်ပြထားတဲ့ TheEconomist ဂျာနယ်ကမြေပုံကို ကြည့်ရင် သမိုင်းကြောင်းအ၇ မြောက်ပိုင်းတခွင်လုံး ‘နီ’ခဲ့တဲ့ အနေအထားက ထင်ရှားပါတယ်။]
ပြီးခဲ့တဲ့ကာလတွေမှာ ဖွေ့ထိုင်းနိုင်ခဲ့သလိုပဲ၊ အခုကာလမှာလည်း မီးထဲကငှက် တဖန်ပြန်လည်ရှင်သန်ထမြောက်လာမှာလား ဆိုတာ စဉ်းစားရပါမယ်။ လူထုက ထောက်ခံပေမယ့်ကံမကောင်းခဲ့တာလည်း ရှိပါတယ်။ ဖွေ့ထိုင်း (သူ့အရင် ဆက်ခံရာပါတီ) တွေ မဲအများစုအနိုင်၇ပေမယ့် ၂၀၀၇-၂၀၀၈ မှာ ဖွဲ့စည်းပုံ ခုံရုံးက အကြောင်းပြချက်တွေနဲ့ ပါတီကို ၂ကြိမ် ဖျက်သိမ်းခဲ့ပါ တယ်။ စစ်အာဏာသိမ်းမှုတွေနဲ့ ၂၀၀၆ စက်တင်ဘာလ နဲ့ ၂၀၁၄ မေလမှာအစိုးရကို ဖြုတ်ချအာဏာသိမ်းတာ ခံရပါတယ်။ အခု ရွေးကောက်ပွဲဟာလည်း နှစ် ၂၀ ခရီးထိုင်းနိုင်ငံရေး ဖြတ်သန်းမှုရဲ့ အဆက်အဖြစ် ပြန်ကြည့်၇မှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့သက်ဆင်နဲ့ အပေါင်းပါ အုပ်စု နိုင်ငံရေးပါတီတွေကို ဘာဖြစ်လို့ လူကြိုက်များထောက်ခံကြပါသလဲ။ အကြောင်းက သူတို့က မဲဆန္ဒနယ်တွေကို အမှန်တကယ် အသည်းနှလုံးထဲကပြန်ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။ မြောက်ပိုင်းခရိုင်တွေက သူတို့ ခံတပ် အမာခံထုတွေဖြစ်ပါတယ်။ သူတို့တွေရဲ့ နစ်နာခံစားမှုတွေကို ဒီပါတီတွေက ဖြေရှင်းပေးနိုင်ရေးကြိုးစားကြတယ်။ ပိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြပါတယ်။သက်ဆင်ရဲ့ မူဝါဒတွေကို လူပြိန်းကြိုက်ဝါဒ (Populist policies) တွေလို့လည်းဝေဖန်ကြပါတယ်။ ကျန်နိုင်ငံရေးပါတီတွေကတော့ ဘန်ကောက်နဲ့ တောင်ပိုင်းဒေသကိုအခြေပြုထားကြပါတယ်။ အခုတော့ ရွေးကောက်ပွဲမှာ ပါတီတွေ အားလုံးလိုလိုကလူထုသည်းခြေကြိုက်မူဝါဒ တွေကို ပြောဆိုနေကြတာပါပဲ။
ဒါပေမယ့်ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ထိုင်းလူ့အဖွဲ့အစည်းက ပြောင်းလဲ တိုးတက်ခဲ့ပြီလားဆိုတာမေးခွန်းထုတ်စရာတော့ ဖြစ်ပါတယ်။ ပြောင်းလဲလာခဲ့ပြီလို့လည်း ဆိုကြပါတယ်။ အရင်ကဘေးဖယ်ချန်ထားခဲ့ရစ်တဲ့ လူထုတွေက ပြောရေးဆိုခွင့် ပိုရလာကြတယ်။ ရွေးကောက်ပွဲတွေအခွင့်အခါ ကြုံလာတိုင်း သူတို့ပြောရေးဆိုခွင့်ကို အသုံးချကြတယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့်ထိုင်းနိုင်ငံရဲ့ တည်ဆဲနိုင်ငံရေး အခင်းအကျင်းတွေက ဒီအပြောင်းအလဲကိုခွင့်ပြုနိုင်မှာလား ဆိုတာကလည်း မေးခွန်း ရှိပါတယ်။ သူတို့က ရာစုနှစ်တဝက်ကျော်ကြာတည်မြဲနေခဲ့တဲ့ အာဏာအခင်းအကျင်းဟောင်းကို ပြန်လည် ထူထောင်ရေး နဲ့ထိန်းသိမ်းကာကွယ်ရေးပဲ ဆက်လုပ်ချင်နေကြတာပါ။ ဖွေ့ထိုင်းပါတီ အနိုင်ရလာမှာကိုစိုးရိမ်မှု ရှိကြ ပါတယ်။
နောက်တခုကတော့လူငယ်ခြေတက် Future forward ပါတီကအချိန်တိုအတွင်း လူကြိုက်များ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သိသိသာသာနေရာအများအပြား ရရှိလာခဲ့ကြပါတယ်။ ဒါပေမယ့် ပါတီခေါင်းဆောင်တွေက ပါတီ ဥက္ကဋ္ဌ ဆီကငွေကြေးချေးယူထားတဲ့ ကိစ္စ၊ ပါတီခေါင်းဆောင်တွေက မီဒီယာ ကုမ္ပဏီတခုမှာရှယ်ယာပါဝင်နေကြတယ်ဆိုတဲ့ ကိစ္စတွေနဲ့ တရားရုံးချုပ်က ဖျက်သိမ်းခံခဲ့ရပါတယ်။ဒါနဲ့ပဲ လက်ကျန်ကိုယ်စားလှယ်တွေနဲ့ ရှေ့သို့ချီ ပါတီ Move Forward Party(MFP) အဖြစ်ဆက်လက်ရပ်တည်နေ၇တာပါ။
ထိုင်းနိုင်ငံရေတိုသမိုင်းမှာ လူကြိုက်များ မဲနိုင်အာဏာရပါတီတွေက အစိုးရတွေ ဖွဲ့ခဲ့ကြပါတယ်။ဒါပေမယ့် ဖွဲ့စည်းပုံခုံရုံး/ တရားရုံးက ပြန်လည်ဖြုတ်ချခဲ့ကြတာမျိုးတွေရှိခဲ့ကြသလို၊ စစ်အာဏာသိမ်းမှုနဲ့ ပြန်လည်ဖြုတ်ချတာလည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါကို တရားခုံရုံးတွေရဲ့ တက်ကြွလွန်မှု (judicialactivism) လို့ခေါ်ကြပါတယ်။ (၂၀၀၈ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၁၄ မေလမှာ တရားရုံးဆုံးဖြတ်ချက်တွေနဲ့အစိုး၇ကို ဖျက်သိမ်းခဲ့ကြတာပါ။)
ဒီလိုဆိုရင်အခု ရွေးကောက်ပွဲအသစ်ကရော ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပုတ်သိုးဆွေးမြေ့နေမှု (moresigns of political decay) လက္ခဏာတွေကိုဖော်ပြမှုအသစ် ဖြစ်မှာလား၊ တချိန်က ကြုံခဲ့ရဖူးတဲ့ အဖြစ်ကိုနောက်တခါပြန်မြင်၇သလိုမျိုး (a case of déjà vu) ဖြစ်ဦးမှာလား ဆိုတာစောင့်ကြည့်၇ပါလိမ့်မယ်။
အောင်သူငြိမ်း