- Web Master
- ၂၄ ဇွန် ၂၀၂၃
၂၀၂၁- ခုနှစ်
နိုင်ငံရေးအပြောင်းအလဲနောက်ပို
စာရေးသူ ပင်တိုင်ရေးနေသည့် နာမည်ကြီး သတင်းစာနှင့် ဂျာနယ်(၃) ခုသည်လည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရပ်နားသွားခဲ့ကြ၏။ သို့သော် ပြည်မနှင့် ဆန့်ကျင်စွာပင် ရခိုင်ဘက်တွင်တော့ စာပေလောက၏လှုပ်ရှားမှုက ယခင်ကထက် ပိုမိုသွက်လက်လာခဲ့သည်။ မြို့နယ်ထုတ်မဂ္ဂဇင်းများ အဆက်မပြတ်ထွက်ရှိလာရုံသာမကဘဲ စာရေးသူတချို့၏ ပင်ကိုယ်ရေး လုံးချင်းစာအုပ်များပါ ဟာတစ်အုပ် ဟာတစ်အုပ် ထွက်ရှိလာခဲ့သည်။ ယခင်ကာလများက အထွက်နှေးလှသော ရခိုင့်စာပေ ရထားကြီး၏ခုတ်မောင်းသံက တစစနှင့် ပိုမို ကျယ်လောင်လာခဲ့သည်မှာ အားရစရာ ဖြစ်ခဲ့သည်။
သို့သော် အရှိန်အဟုန်ကောင်းကောင်းနှင့် ထွက်ရှိလာသမျှသော ရခိုင့်စာအုပ်အများစုကို ပြန်ကြည့်လိုက်သည့်အခါ အားရစရာ ကောင်းလောက်သည့် မည်သည့်စာပေအရွေ့တစ်ခုကိုမျှ မမြင်တွေ့ရ။ နှစ်ပေါင်းများစွာတိုင်အောင်ပြောင်းလဲ ရွေ့လျားခြင်းမရှိခဲ့ဘဲ တစ်နေရာတည်းတွင် သည်အတိုင်းကျောက်ချရပ်နားနေသည့် ရခိုင့်စာပေလောကကို အံ့သြမင်သက်ရတော့သည်။
၂၁ ရာစု စာပေလောကသည် ဗမာပြည်မဘက်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းကာ တစ်နေ့ထက် တစ်နေ့ ဆန်းပြားတောက်ပ လာနေသော်လည်း ရခိုင်ဘက်တွင်တော့ ၁၉၆၀ ခုနှစ် ဝန်းကျင်လောက်၌ ကျောက်ချရပ်နား ကျန်နေရစ်ခဲ့သည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။
ဂျင်းပင်နှင့်
ကမ္ဘာပတ်နေကြသည့် စာပေလောကကိုမျက်ခြေပြတ်ကာ မဲပြာတောင်ရှည်ပုဆိုးတစ်ထည်နှ
ဖြစ်နိုင်ခြေက
အတော်ပင် များပါသည်။ ဝါရင့်သမ္ဘာရင့် စာရေးဆရာ၊ ဆရာမကြီးများနှင့် မြို့နယ် မဂ္ဂဇင်း
အယ်ဒီတာများ၏ ခေတ်သစ်စာပေ အရွေ့ကို မျက်နှာလွှဲမှု၊ စဉ်ဆက်မပြတ်ပြောင်းလဲရွေ့လျားနေ
သည်ဆောင်းပါးထဲတွင် ကျွန်တော် အဓိကပြောချင်သည်မှာ ဝတ္ထုတို တည်ဆောက်မှုအရွေ့နှင့် ရသဆိုင်ရာ ခံစားမှုအရွေ့ အကြောင်းကိုသာဖြ စ်ပါသည်။ ၂၀၂၂ တွင် ကျွန်တော်၏ ဇာတိကျွန်းမြို့နယ်ထုတ် မဂ္ဂဇင်းတစ်စောင်သို့ ဝတ္ထုတို အရွေ့အဆင့် (၄) လောက်ရှိမည့် ဝတ္ထုတိုတစ်ပုဒ်ကို ကျွန်တော် ပို့ဖြစ်ခဲ့သည်။
တစ်နေ့
ထိုမဂ္ဂဇင်းအယ်ဒီတာချုပ်ဟုထင်
သူ၏ သုံးသပ်ချက်ကို ဖတ်ကြည့်လိုက်မိသောအခါ ကျွန်တော်သည် ကိုယ့်နဖူးကိုကိုယ် အကြိမ်ကြိမ်ခတ်ကာ ဘုရားတမိပါတော့သည်။ အကြောင်းမှာ ကျွန်တော်၏ဝတ္ထုတိုကို ၁၈၀၉ ခုနှစ်လောက်က အဂ္ဂါအယ်လင်ပိုး၏ ပေတံမျိုးနှင့် တိုင်းတာ ဝေဖန်ထားသောကြောင့်ပင် ဖြစ်သည်။
အမှန်စင်စစ်
သူ့၏ သုံးသပ်ချက်အများစုမှာ ဒေသန္တရ ဓလေ့စရိုက်နှင့် ဗဟုသုတခေါင်းပါးမှု
အမှားများဖြစ်နေပြီး ကျန်သောအချက် နှစ်ချက်ခန့်မှာ ဝတ္ထုတည်ဆောက်မှုပုံစံကို
ချည်းကပ်မှုအမှားဖြစ်သည်။ သူ၏ သုံးသပ်ချက်နှင့် ပတ်သက်၍ ကျွန်တော်က
မြန်မာ့ဝတ္ထုတိုတည်ဆောက်မှုပုံ
ကျွန်တော့်ကိုအနိုင်ရလိုက်သည်ဟု
နောက်နှစ်လခန့် ကြာသောအခါ ထိုမဂ္ဂဇင်းမှ တခြားသော အယ်ဒီတာတချို့နှင့် ကျွန်တော် ဆုံဖြစ်ပြန်သည်။ ဝတ္ထုအကြောင်းကို စကားစမြည် ပြောဖြစ်ကြပြန်ရာ ထိုအယ်ဒီတာချုပ်ဆိုသူကြီးက ကျွန်တော့်နာမည်ကို မကြားချင်အောင်ခါးနေပြီး ကျွန်တော့်ဝတ္ထုကို လုံးဝ မသုံးဟု ဗီတိုအာဏာနှင့် ပယ်လိုက်ကြောင်း ရိပ်ဖမ်းသံဖမ်း ပြန်ကြားရလေသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်ပြုံးမိပါသည်။ လေးစားရသော ကဗျာဆရာကြီး ရွှေရစကားကို ငှားပြောရလျှင် ကျွန်တော့်ပါးစပ်က အနုပညာအကြောင်းပြောရန်နှင့် ထမင်းစားရန်အတွက်သာ ဖြစ်ပါသည်။ ထို့အတွက် အနုပညာကိုမသိသော စာပေသမားများနှင့် မည်သို့မျှ စကားမပြောချင်သည်မှာ အမှန်ပင် ဖြစ်သည်။
မြန်မာ့စာပေလောကတွင် ရသစာပေဆရာ၊ ဝတ္ထုဆရာနှင့် ဝတ္ထုသုတေသီဟု နာမည်ကြီးလွန်းခဲ့သော ဆရာငြိမ်းကျော်၏ ဝတ္ထုတိုသဘောတရားနှင့် မြန်မာ့ဝတ္ထုတိုအရွေ့ကို သုံးသပ်မှုကို ဤနေရာတွင် အလျင်းသင့် သလို အနည်းငယ် ကိုးကားပြသွားပါမည်။
ယနေ့ခေတ်မြန်မာ့စာပေလောကနှင့်
ရခိုင့်စာပေလောကတို့၏ ဆင့်ကဲရွေ့လျားလာမှုသည် မည်သည့်အဆင့်ကို
ရောက်ရှိနေခဲ့ပြီနည်း။ ရခိုင့်မော်ဒန် ကဗျာဆရာအများစုနှ
ကမ္ဘာပေါ်တွင် ဝတ္ထုတိုကို ပထမဦးဆုံး နည်းပညာပိုင်းဘက်မှ စကားပြောခဲ့သူမှာ Agga Alin Poe အဂ္ဂါအယ်လင်ပိုး(၁၈၀၉-၄၇) ဟုဆိုကြသည်။ အဂ္ဂါအယ်လင်ပိုး သည် ၁၈၄၂ ခုနှစ်တွင် နသန်နီယာယ်ဟိုသွန်း ၏ ဝတ္ထုတိုတစ်ပုဒ်ကို ယခုကဲ့သို့ ဝေဖန်ပြလိုက်သည်။
ပိုး ၏ ဝေဖန်မှုထဲတွင် ဝတ္ထုတိုဆိုသည်မှာ တစ်ခုတည်းသော အကျိုးသက်ရောက်ချက်ကိုသာ ပေးရမည်။ တစ်ထိုင်တည်း သို့မဟုတ် သုံးနာရီအတွင်း အပြီး ဖတ်ရှုပြီးစီးနိုင်ရမည်ဟု ပိုး က ဆိုသည်။ ဝတ္ထုတိုတစ်ပုဒ်၏ စာမျက်နှာ အတိုအရှည် စံသတ်မှတ်ချက်နှင့် ပတ်သက်၍ ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ်ဟုသာ ပြောရမည်ထင်သည်။
အင်္ဂလန်နိုင်ငံမှ
စာလုံးရေခြောက်လုံးသာ သုံးခွင့်ရှိသည့် ဝတ္ထုပြိုင်ပွဲတစ်ခုတွင်
အောက်ပါဝတ္ထုတိုများ ကမ္ဘာကျော်ခဲ့သည်။ Sorry Soldier, shoes sold
in Pairs.(
စိတ်မကောင်းပါဘူး ရဲဘော်…ဖိနပ်တွေကို အစုံလိုက်ပဲ
ရောင်းပါတယ်)။ Mom taught me how to shave. ( မုတ်ဆိတ်ဘယ်လိုရိတ်ရမယ်ဆိုတာ
မေမေ သင်ပေးခဲ့တယ်)။ Siri, delete Mom from my contant (ဆာရီ..ကျွန်တော့်ဆက်သွယ်ရေး နံပါတ်တွေထဲက အမေ့ကို ဖျက်ပေးပါ)။ သည်
ဝတ္ထုတိုများသည် စာလုံးရေခြောက်လုံးမျှသာဖြစ်သော်
ဒေါက်တာ ဗလင့်ကိုတန်
ဝီလစ်၏ ဝတ္ထုတိုအရေးကျမ်း(၁၉၀၇) တွင် ဝတ္ထုတိုသည် ဇာတ်ကောင်များကို အနုပညာမြောက်အောင်
အသုံးပြု၍ပြောပြခြင်းပင်ဖြစ်သည်
ထိုအချိန်က ဝတ္ထုတိုတစ်ပုဒ်ကို ဝေဖန်ရာတွင် “နေရာဒေသ၊ ကာလ၊ အဖြစ်အပျက်များ ဘယ်လို၊ ဇာတ်လမ်း၊ ဇာတ်အိမ်၊ ဇာတ်ကွက် ဘယ်လို၊ ဘယ်လိုအဖြစ်အပျက်ထဲတွင် ဘယ်လိုအပြောင်းအလဲဖြစ်လာစေရန် ဘယ်လို ရှုပ်ထွေးမှုများကို ထည့်ထား၊ ဘယ်လိုဆောင်ယူလာ၊ ဘယ်လိုဖြည့်ပေး၊ ဇာတ်လမ်းနောက်ကွယ်တွင် ထားရှိသည့် ရည်ရွယ်ချက်က ဘာ၊ စာရှုသူက ဝတ္ထုဖတ်ပြီးနောက် ဘယ်လိုသင်ခန်းစာကိုရရှိ…” စသဖြင့် တိုင်းတာကြသည်။
ဝတ္ထုတို
ဒုတိယအဆင့်တွင် ဝတ္ထုတိုသည် ဇာတ်လမ်းဇာတ်ကွက် အဓိကမဟုတ်။ ဇာတ်ဆောင်သာ အဓိက ဖြစ်သည်။ မည်သည့်အချက်ကို ပြောသနည်းဆိုသည်
ဝတ္ထုတို
တတိယအဆင့်တွင် ဝတ္ထုတိုကို စာဖတ်သူက မမှီခိုရဘဲ စာဖတ်သူ၏ စာပေအဆင့်အတန်း၊
တွေးခေါ်မြော်မြင်မှုနှင့် ရသခံစားမှု အဆင့်အတန်းကို ဝတ္ထုတိုကပြန်လည်
မှီခိုလာရသည်။ အနုပညာ အဆင့်အတန်းမြင့်မားလွန်း
၁၉၁၇၊ အောက်တိုဘာလောက်တွင် ဝတ္ထုတို စတုတ္ထအဆင့်အရွေ့ စတင်လာခဲ့သည်။ ဝတ္ထုတိုကို နိုင်ငံရေးဒသနများနှင့် စတင် တိုင်းတာလာကြသည်။ အနုပညာဆိုသည်မှာ ဝါဒဖြန့်ချိခြင်းအတွက် ဖြစ်သည် ဆိုသော အယူအဆက ဝတ္ထုတိုကို လွှမ်းမိုးလာခဲ့သည်။ အက်တန်ဆင်ကလဲယား(၁၉၇၈) ၏ “စာပေအားလုံး သည် ဝါဒဖြန့်ချိခြင်းဖစ်သည်” ဆိုသော စကားနှင့် ထိုစကားကို ပြန်လည် ချေပလိုက်သော လူရွင့် (၁၈၈၁-၁၉၃၆) ၏ “ ဝါဒဖြန့်ချိခြင်းအားလုံးသည် စာပေမဟုတ်” ဆိုသော စကားမှာ ဝတ္ထုတို စတုတ္ထအဆင့်ကို တစ်လှည့်စီကိုင်လှုပ်ခဲ့သည်။
တဖြည်းဖြည်းရွေ့လျားလာသော
စာပေပုံစံများအရ ဝတ္ထုတည်ဆောက်ပုံမှာလည်း တစစပြောင်း လဲလာခဲ့သည်။ ဂန္ထဝင်ဝတ္ထု
သို့မဟုတ် ခေတ်ဦး ဝတ္ထုများက အရိပ်နှင့် အကောင်ကို ပီပြင်အောင်ပြသည်။
ခေတ်သစ်ဝတ္ထုတိုတွင်တော့ အကောင်ပီသစေလောက်သည့် အရိပ်ကိုသာ ပြတော့ကြောင်း
ဆရာငြိမ်းကျော် က ကောက်ချက်ချသည်။
မော်ဒန်ခေတ်ဦးတွင်
ရှိရင်းစွဲကိုဖောက်ထွက်လာသည့်
နည်းစနစ်ပိုင်းများကြောင့် ဂန္ထဝင်နှင့် မော်ဒန် အငြင်းပွားစရာရှိခဲ့သော်လည်း
လေ့လာ လိုက်စားမှုနှင့် ခံစားမှုအားကောင်းသူများက မော်ဒန်အနုပညာတော်လှန်ရေးကို အင်တိုက်အားတိုက်
ဆင်နွှဲအောင်နိုင်လိုက်ကြသည်။ လက်ရှိ ဝတ္ထုတို စတုတ္ထအဆင့်တွင်တော့
ဝတ္ထုတိုတည်ဆောက်မှုပုံစံသည် အတင်းအကျပ်များ၊ ဘောင်နှင့် စည်းစနစ်များ
တစစပြေလျော့ကာ စိတ်ခံစားမှုရသဆီသို့သာ အဓိက ဦးတည်သွားတော့သည်။
ဆရာဇော်ဇော်အောင်၏
အယူအဆအရဆိုလျင် မော်ဒန်တွင် ပထမလူ၊ ဒုတိယလူနှင့် တတိယလူတို့မရှိတော့ဘဲ
စာရေးသူကိုယ်တိုင် တိုက်ရိုက်ပြောသော
အဆင့်ဖြစ်သွား၏။ စာရေးဆရာသည် ဇာတ်ကောင်ဖြစ်လေသည်။ ချုပ်ရလျှင် ဝတ္ထုတိုအဆင့်
တစ်ဆင့်ပြောင်းလဲလာရန်
အချိန်ကာလနှင့် အကျိုးအကြောင်းတရားများစွာ လိုအပ်ခဲ့သည်။ ထို့အတူ နဂို ရှိရင်းစွဲ
ဝတ္ထုတို နည်းစနစ်ပိုင်း၏ ပိုလျှံမှုနှင့် လိုအပ်မှုတို့ကို ခေတ်သစ်ဝတ္ထုတိုနည်းစနစ်များက
ဖျက်၊ပြင်၊ဖြည့်၊ ပယ် လုပ်လာခဲ့ကြရသည်။
သို့ဖြစ်၍ ၂၀၂၃ ဝတ္ထုတိုကို ၁၈၀၉ ခုနှစ်က ဝတ္ထုတိုပေတံနှင့် တိုင်းတာ၍ ရနိုင်၊
မရနိုင်ကို နဖူးပေါ်လက်တင်စဉ်းစားချိန်တန်
ရသပညာရှင် ဟူဂိုးမေယာ “လုံလောက်သင့်တင့်သော အတတ်ပညာနှင့်ကင်း၍ မည်သည့် အနုပညာကိုမျှ ဖန်တီး၍ မရ” ဟုဆိုကာ အနုပညာနှင့် အတတ်ပညာ ချိန်ခွင်လျှာကို ညှိပြခဲ့ပါသေးသည်။ သတိချပ်စရာပါပေ။
လက်ရှိ
ရင်ဆိုင်နေရသည့် ရခိုင့်စာပေလောကအရွေ့ ပြဿနာထဲတွင် အယ်ဒီတာကြီး တချို့၏ အရွေ့ ကို လက်ခံရန် ကြောက်အားလန့်အား ငြင်းဆန်နေမှု
အကယ်၍ စာရေးသူတစ်ဦးသည် ရခိုင်ပြည်နယ်ထဲမှ စာပေဆု ပြိုင်ပွဲများတွင် ဆုရွေးချယ်ရေး အဖွဲ့ဝင်ဖြစ်ခဲ့မည်ဆိုပါက သက်ဆိုင်ရာဘာသာရပ်၏ ခေတ်ကာလအလျှောက် ရွေ့လျားပြောင်းလဲနေသည့် နည်းစနစ်ပိုင်းများကို အနည်းဆုံး တီးမိခေါက်မိထားရန်လိုအပ်မည်ဖြစ်သည်။ သို့မှသာ အနုပညာ စစ်မှန်သော ဆုရစာပေများ ပေါ်ထွက်လာနိုင်မည်ဟု ယုံကြည်ပါသည်။
ရခိုင်စာပေဆုပြိုင်ပွဲများတွင် ကဗျာဆု(မော်ဒန်၊ ဂန္ထဝင် )၊ ဆောင်းပါးဆုနှင့် ဝတ္ထုဆုတို့ ပါဝင်ကြသည်ကိုတွေ့ရသည်။ တကယ်စင်စစ် ဆုရွေးချယ်ရသည့် ကိစ္စမှာ လုံးဝ မလွယ်ကူသည့်အပြင် အလွန်တရာ တာဝန်ယူ၊ တာဝန်ခံမှုကြီးမားသည့် ကိစ္စရပ်လည်းဖြစ်သည်။
ဆောင်းပါးတစ်ခုတည်း၌ပင် အတွေးအမြင်ဆောင်းပါး၊ သတင်းဆောင်းပါး၊ ပရိုဖိုင်း၊ ဖီချာ စသဖြင့် မျိုးစုံရှိနေသည်။ ထိုအထဲတွင်မှ အကြောင်းအရာ အရ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသားရေးစသဖြင့် ကဏ္ဍစုံလင်လှရာ အကောင်းဆုံးဆောင်းပါးအဖြစ် အကြောင်းအရာကိုရွေးမည်လား၊ နည်းစနစ်ပိုင်းတည်ဆောက်မှု ပုံသဏ္ဍာန်ကိုရွေးမည်လားဆိုသည်က ခက်ခဲလှပါသည်။ အကယ်၍ ဇကာတင်စာရင်းထဲတွင် အကြောင်းအရာ မတူသော ဆောင်းပါးတစ်ပုဒ်ထက်မကဘဲ ပါနေမည်ဆိုပါက မည်သည့်ပေတံနှင့် ထပ်မံတည်းဖြတ်ပါမည်နည်း။
ထိုအခါမျိုးတွင်
အယ်ဒီတာအဖွဲ့၏ စာပေနည်းစနစ်ပိုင်းအတတ်ပညာကျွမ်
၂၀၂၃ နှစ်ဦးပိုင်းက ကျွန်တော့်မြို့မှ စာပေသမားအများစုပေါင်းကာ တောင်ကုတ်အက်ဆေး စာအုပ်တစ်အုပ်ထုတ်ကြသည်။ ထိုစာအုပ်တွင် ကျွန်တော်က “ကမ္ဘာဦးစာပေဒိုင်နိုဆောများနဲ့ အနုပညာ အီးဗ လျူးရှင်း” ဆိုသော အမှာစာတစ်ခုကို ရေးလိုက်သည်။ ထိုအမှာစာထဲတွင် စာပေဂျင်းပင်နှင့် စာပေတောင်ရှည် ပုဆိုးဟူသော နှိုင်းယှဉ်မှုပြ ဝေါဟာရနှစ်ခုပါရှိနေသဖြင့် ကျွန်တော့်အပေါ်ပြန်လည်ဝေ ဖန်ကြသံ စွက်စွက်ညံသွားခဲ့ရလေသည်။ အမှန်စင်စစ် ထိုဝေါဟာရနှစ်ခုသည်လည်းကောင်း၊ ထိုအမှာစာတစ်ခုလုံးသည်လည်းကောင်း မည်သူ့ကိုမျှ စော်ကားတိုက်ခိုက်ခြင်းမဟုတ်ဘဲ ရခိုင့်စာပေလောက၏ အရွေ့ကို ရှေးရှုပြလိုခြင်းသာ ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ၊
စာပေအနုပညာအရာတွင် ပြီးပြည့်စုံသည့် ဆရာတစ်ဆူဆိုသည်မှာ ကမ္ဘာဦးမှစ၍
ယနေ့ချိန်ထိတိုင် မပေါ်ပေါက်သေးပါ။ အနုပညာသည် လည်းကောင်း၊ အနုပညာကိုဖန်တီးသူသည်
လည်းကောင်း ပိုမိုပြည့်စုံကောင်းမွန်မှုမျာ
ရက္ခ