Preview

မိုခါမွှေနှောက် ပြားပြား မှောက်ခဲ့ရသူများ

မေ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :950
ဆောင်းပါး

မိုခါကြောင့်အိမ်တစ်အိမ်လုံး ဘာမှ မကျန်ခဲ့ဘူး။ အကုန်လုံးပါသွားတာ။ အခုက ပြန်ဆောက်ဖို့ကလည်း မတတ်နိုင်သေးဘူး။စားဖို့အတွက်လိုနေလို့ သူများဆီမှာ အငှားလိုက်ပြီး စားဖို့ ရှာနေ၇သေးတယ်။ ပြိုပျက်နေတဲ့အိမ်ကိုလှည့်မကြည့်နိုင်သေးဘူး

 

လက်သမားဆရာဦးစိန်ငွေက ပြောပြသွားခြင်းဖြစ်သည်။ သူက စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာမှဖြစ်သည်။သူ့အမျိုးသမီးနှင့်အတူ အရွယ်မရောက်သေးသည့် သားနှင့်သမီးကို လက်သမားအလုပ်ဖြင့် ဝမ်းစာရှာဖွေကျွေးမွေးနေ၇သူလည်း ဖြစ်သည်။

 

ပြီးခဲ့သည့် မေလ ၁၄ ရက်က၇ခိုင်ပြည်အတွင်း တိုက်ခတ်မွှေနှောက်သွားခဲ့သည့် ဖျက်အားပြင်း မိုခါမုန်တိုင်းဒဏ်ကို ဦးစိန်ငွေတို့မိသားစုလည်းအများနည်းတူ အလူးအလဲခံခဲ့ရသည်။ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာထားသည့် သူတို့အိမ်ဂေဟာလေးမိုခါမုန်တိုင်းအောက် ပြားပြားမှောက်သွားခဲ့ရသည်။ အိမ်မိုးထားသည့် သံချေးတက်နေသောသွပ်ပြားဟောင်းတွေလည်း ဘယ်ဆီဘယ်ဝယ် လွင့်စဉ်သွားခဲ့သည်မသိ။ အစအန ရှာမ၇။ အိမ်တိုင်အိုတွေနှင့်အိမ်အပျက်အစီးတစ်ပုံသာ ကျန်နေခဲ့သည်။

 

ဦးစိန်ငွေတို့လက်သမားအလုပ်ဆိုသည်က ရရစားစားအလုပ်။ သည်နေ့ရသည့်လုပ်အားခ သည်နေ့စားဖို့မလောက်။ ယင်းကြောင့်ငွေပိုငွေလျှံစုမိဆောင်းမိသည်လည်း မရှိပေ။ သူများတွေလို သွပ်ပြားအသစ်တွေနှင့် ဝါးတွေအသစ်ဝယ်ခြမ်းမိုးဖို့ဆိုသည်ကလည်း မဖြစ်နိုင်။ ပြိုပျက်သွားခဲ့သည့် အိမ်မှ သွပ်ပြားဟောင်းတွေနှင့်ဝါးထရံဟောင်းတွေဖြင့် ဖြစ်သလို ကာရံနေဦးမည်ဆိုပါကလည်း အစအနရှာမရတော့၍ အခက်တွေ့နေရသည်။အိမ်နီးချင်းတစ်ဦး၏ ကူညီပေးကမ်းထားသော တာပေါ်လင်စလေးဖြင့်သာ ပြိုပျက်နေသည့်အိမ်အိုကလေးကိုဖြစ်သလို မိုးထား၇သည်။

 

ဦးစိန်ငွေကဘ၀မှာ တစ်ကနေ ပြန်စရတော့မှာပေါ့။အကုန်လုံး ပျက်စီးဆုံးရှုံးကုန်ပြီ။ ကျနော့်အမျိုးသမီးဆို တငိုငို၊ တရယ်ရယ်၊ တမှိုင်မှိုင်တတွေတွေနဲ့ပေါ့ဟုပြောသည်။

 

ဦးစိန်ငွေတို့မိသားစုအပါအဝင် ၇ခိုင်တစ်ပြည်လုံးနီးပါး ခုလို အခက်အခဲအကျပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့သည့် မိုခါမုန်တိုင်းသည် ပြီးခဲ့သည့်မေလ ၁၄ ရက်တွင် တိုက်ခတ်သွားခဲ့ခြင်းဖြစ်သည်။ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ဖြင့် တိုက်ခတ်သွားခဲ့ခြင်းလည်းဖြစ်သည်။

 

မိုခါဖြတ်ကျော်ဝင်ရောက် တိုက်ခတ်ခံခဲ့ရ၍ စစ်တွေ၊ ကျောက်ဖြူ၊ ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံမြို့တို့အပါအဝင် ရခိုင်မြို့အများအပြားတွင်ပျက်စီးဆုံးရှုံးမှု ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု ပြည်နယ်အစိုး၇က ဆိုသည်။

 

မိုခါကြောင့်လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ ပြိုပျက်ကာရစရာမရှိ ဖြစ်သွားခဲ့ရသည်။ လမ်းများ၊ လျှပ်စစ်တာဝါတိုင်များနှင့် လျှပ်စစ်မီးတိုင်များ၊ဓာတ်အားခွဲရုံများ၊ ဖုန်းတာဝါတိုင်များ ပြိုလဲကျိုး ပျက်စီးခဲ့ရသည်။ အရာအားလုံး တစပြင်လို ဖြစ်သွားခဲ့၇သည်။

 

၇ခိုင်တွင်မိုခါကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးပြီး ကျွဲ၊ နွားကောင်ရေ သောင်းနှင့်ချီ သေဆုံးခဲ့ရသည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။မုန်တိုင်းတိုက်နေစဉ် ကမ်းရိုးတန်းဒေသနေမြို့များတွင် ဒီရေမြင့်တက်မှုများလည်းရှိခဲ့သေးသည်။ယင်းကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို လေဘေးအပြင် ရေလွှမ်းမိုးမှုဒဏ်ကိုလည်း အနည်းနှင့် အများခံခဲ့ကြရပြန်သည်။ ရခိုင်တွင် မိုခါတိုက်ခတ်ခဲ့စဉ်လေဘေးနှင့် ရေဘေးဒဏ်ခံခဲ့၇သူ ၁၁ သိန်းကျော်ရှိခဲ့သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။အိမ်၊ ရုံး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတို့ပါဝင်သည့် အဆောက်အအုံပေါင်း ၂ သိန်း ၄သောင်းကျော်နှင့် ရေယာဉ်+ကားစီးရေ ၇၀၀ ကျော် ပျက်စီးခဲ့၇သည်ဟုလည်း ဆိုသည်။

 

မိုခါတိုက်ခတ်မှုအပြီးစစ်ကောင်စီက မုန်တိုင်းဒဏ်ခံရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း ရ သောင်းကိုပြည်နယ်အစိုးရအဖွဲ့မှတဆင့် ထောက်ပံ့ခဲ့သည်။ ယင်းအပြင် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များလှူဒါန်းငွေများကိုလည်း လက်ခံရေးကော်မတီအဖြစ် ပြည်နယ်အစိုး၇ ပြောခွင့်၇သူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာမေလ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီထံသို့ ရခိုင်ပြည်ပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပမှ အလှူငွေများ သိန်းကို ထောင်နှင့်သောင်းနှင့်ချီ ဝင်ရောက်လျက်ရှိနေပြီဖြစ်သည်။ယင်းအပြင် အိမ်နီးချင်း ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံအပါအဝင် အမေရိကန်နိုင်ငံတို့ကလည်းလူသားချင်းစာနာထောက်ထားမှုဖြင့် ထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများ၊ လူ့အသုံးအဆောင်များလည်းနေ့စဉ်နှင့်အမျှ ဝင်ရောက်လျက်ရှိသည်ဟု စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြလျက်ရှိသည်။သို့ရာတွင် အဆိုပါ အလှူငွေများကို မည်သို့ မည်ပုံ စီမံခန့်ခွဲနေကြသည် မသိ။ မိုခါမုန်တိုင်းတိုက်ခတ်သွားခဲ့သည်မှာ ရက်သတ္တပတ် ()ပတ်သာကျော်သွားသည်။ လေဘေး၊ ရေဘေးသင့် ရခိုင်ပြည်သူအများစု အစိုးရထံမှ အရေးပေါ်ထောက်ပံ့ ပစ္စည်းများ မ၇ကြသေးဟု ဆိုကြသည်။

 

လက်သမားဆရာ ဦးစိန်ငွေက အစိုးရဆီကအမိုးအကာတွေနဲ့ စားဖို့ သောက်ဖို့ ကယ်ဆယ်ရေးတွေပေးမယ်လို့တော့ ပြောသံကြားတယ်။ အခု မိုခါတိုက်သွားတာနှစ်ပတ်ကျော်သွားပြီ။အစိုးရဆီက ဘာကယ်ဆယ်ရေးမှ မ၇သေးဘူး။ ပြင်ပအဖွဲ့တွေက လာလှူတဲ့ ဆန်၊ ကြက်ဥ၊ ဆီ၊ ဆားတွေနဲ့မ၀ရေစာ ချွေတာစားနေ၇တာဟုပြောသည်။

 

ဦးစိန်ငွေတို့လိုအစိုးရထံမှ ထောက်ပံ့ပစ္စည်းများ မရသေးသူတွေအထဲ မြောက်ဦးမြို့နယ်၊ အထက်စည်းမောင်းကျေးရွာသားတွေလည်းပါဝင်သည်။ ထိုကျေးရွာသည် မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်အကြားတွင်တည်ရှိပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ကျေးရွာဖြစ်သည်။ အိမ်ခြေ ၁၆၀ ခန့်ရှိသည့်အနက် ၁၅၀ ခန့်မှာမိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရသည်။ လက်ရှိတွင် မိုခါတိုက်ခတ်သွားသည်မှာ ရက်သတ္တပတ်(၂)ပတ်ကျော်လာပြီဖြစ်သော်လည်း အစိုးရ၏ကယ်ဆယ်ရေးပစ္စည်းများကို တစ်စုံတစ်ရာမရသေးဟု ရွာသားများကပြောသည်။

 

အထက်စည်းမောင်းကျေးရွာမှဒေါ်လှစောရီက အစိုးရကဘာမှ လာမပေးသေးဘူး။ တခြားအဖွဲ့တွေလည်း ဘာမှ လာမပေးဘူး။ အဒေါ်တို့ရွာက လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့လက်ရှိမှာ တော်တော်လေးကို အခက်အခဲဖြစ်နေရပါတယ်။ အိမ်တွေက ပြို၊ နေစရာမရှိသလို စားစရာလည်းမရှိဖြစ်နေပြီဟုပြောသည်။

 

ရခိုင်မှမုန်တိုင်းသင့်ပြည်သူများမှာ လက်ရှိတွင် စားဝတ်နေရေးခက်ခဲနေကြသလို အမိုးအကာများ ပြန်လည်ပြုပြင်ရန်သွပ်များ၊ သစ်၊ ဝါးများစသည့် အိမ်ဆောက်ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိနေကြသည်။ ပိုက်ဆံတတ်နိုင်သူများတွင်ဈေးကြီးပေး၍ ဝယ်ယူနိုင်ကြသော်လည်း လက်လုပ်လက်စားများတွင်မူ ပြန်လည် ထူထောင်ရေး ခက်ခဲနေကြဆဲဟုဆိုကြသည်။ အမိုးအကာ အဆင်ပြေသည့် ဆွေမျိုးများ၏နေအိမ်များတွင် ခက်ခဲကျပ်တည်းစွာ ခိုလှုံနေကြ၇သည်ဟုလည်းပြောကြသည်။

 

ပုဏ္ဏားကျွန်းမြို့နယ်၊ကုလားချောင်းကျေးရွာသားတစ်ဦးက နေရေးထိုင်ရေးကတော့အခုလက်ရှိ အတိုင်းအတာအရဆိုရင် အိမ်တွေပြိုသွားတော့ လုံး၀အမိုးမရှိဘူးလေ။ ဆိုတော့ အခုလက်ရှိခံစားနေရတာက မိုးရွာတယ်ဆိုရင် နေဖို့၊ ထိုင်ဖို့မရှိဘူး။ ညဉ့်ဆို ပိုဆိုးပါတယ်။ ကလေးတွေ၊သက်ကြီးတွေလည်းရှိတော့ ပိုပြီး ဒုက္ခအများကြီးရောက်တယ်ဟု ပြောသည်။

 

မိုခါမုန်တိုင်းဒဏ်ကိုခံခဲ့ကြရသည့် မြို့နယ်တစ်မြို့နယ်စီကို ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီအရာရှိ တစ်ဦးကျစီဖြင့်တာဝန်ယူကာ စစ်ကောင်စီက ကြီးကြပ်ခိုင်းထားသည်။ ထောက်ပံ့ပစ္စည်းများကိုသယ်ဆောင်ထားသည့်စစ်ရဟတ်ယာဉ်များသည်လည်း စစ်တွေမြို့ ဝေဟင်ပေါ်မှ နေ့စဉ်နှင့်အမျှ ပျံသန်းထွက်ခွာနေကြသော်လည်းမုန်တိုင်းသင့်ပြည်သူအများစုမှာ အစိုးရ၏ထောက်ပံ့ပစ္စည်းများကို မ၇ကြသည့်အပေါ် မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

 

မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်အခြားမြို့နယ်များကိုထားအုံး။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ ပြည်နယ်၏မြို့တော်စစ်တွေမြို့ပေါ်တွင်မှာပင် အစိုးရ၏အရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို ယခုထိ ရရှိခြင်းမရှိသေးဟုစစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်နေ ကိုမောင်မောင်လှက ပြောသည်။

 

ဘယ်ကလာအစိုးရဆီက ကယ်ဆယ်ရေးပစ္စည်းတွေ ရမလဲ။ ဘာတစ်ခုမှ မရသေးဘူး။ ပြိုသွားတဲ့အိမ်ကို ပြန်လည်တည်ဆောက်ဖို့ကလည်းအခက်အခဲအများကြီးနဲ့မို့ ဒီအတိုင်း ပစ်ထားရသေးတယ်။ အမိုးအကာ နည်းနည်းခိုင်ခံ့တဲ့ဆွေမျိုးတွေအိမ်မှာပဲကပ်ခိုနေနေရသေးတယ်။ အရမ်းကို အခက်အခဲဖြစ်နေ၇ပါတယ်ဟု ပြောသည်။

 

ယင်းသို့အစိုးရကိုအားကိုးမရ၍ ပြိုပျက်သွားသည့်နေအိမ်များကို မိမိအစီအစဉ်ဖြင့် ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ရသူများလည်း အများအပြားရှိသည်။ အရေးပေါ်ကာလအတွင်း အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ ခေါင်ခိုက်အောင်မြင့်တက်ခဲ့ရသည့်ကြားက ပိုက်ဆံများချေးငှား၍ တစ်မျိုး၊ရွှေတိုငွေစပေါင်နှံ၍ တစ်ဖုံ၊ ကြံဖန်ကာ ဖြစ်သလို ပြန်လည်တည်ဆောက်ခဲ့ကြ၇ခြင်းဖြစ်သည်။

 

တစ်ဖက်တွင်လည်းအစိုးရက လူတစ်ဦးလျှင် ဆန်အပါအဝင် စားနပ်ရိက္ခာအချို့ကို အချို့မြို့ပေါ်များနှင့် အချို့ကျေးရွာများတွင်ခွဲဝေပေးနေမှုများလည်း ရှိနေပြီဟု ဒေသခံများက ပြောသည်။

 

သို့ရာတွင်မုန်တိုင်းသင့်ပြည်သူအများစုလိုချင်ကြသည်က မိသားစုတစ်စုလျှင်၊ လူတစ်ဦးလျှင် ဆန်ဘယ်လောက်၊ဆီဘယ်လောက်ဆိုပြီး လိုချင်ကြသည်မဟုတ်။ နေအိမ်များ ပြန်လည် တည်ဆောက်ရန် သွပ်နှင့်လိုအပ်သည့်ပစ္စည်းများကိုသာအရေးပေါ်လိုအပ်နေကြခြင်းဖြစ်သည်။ မိမိအစီအစဉ်ဖြင့်ပြန်လည်တည်ဆောက်ထားသူများတွင်လည်း ကုန်ကျခဲ့သည့် စရိတ်စခများကို တွက်ချက်ကာ အစိုးရက ထုတ်ပေးစေလိုကြသည်။ပြည်တွင်း၊ ပြည်ပအလှူရှင်များက ထောက်ပံ့ကူညီပေးထားသော ပြန်လည်တည်ဆောက်ရေးပစ္စည်းများကိုစစ်ကောင်စီက စနစ်တကျစီမံခန့်ခွဲကာ ခွဲဝေပေးစေလိုသည်ဟုလည်း မုန်တိုင်းသင့်ပြည်သူများကဆိုသည်။

 

မည်သို့ပင်ဆိုစေ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် ၇ခိုင်ပြည်အတွင်း တိုက်ခတ်ခဲ့သည့် မိုခါသည် ရခိုင်သမိုင်း၌ ဖျက်အားပြင်းမုန်တိုင်းအဖြစ်သမိုင်းတွင်ရစ်ခဲ့ပြီဖြစ်သည်။ မိုခါကြောင့် လူသေဆုံးမှု၊ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့၇သည်။

 

စစ်ကောင်စီကတော့မုန်တိုင်းသင့် ရခိုင်ပြည်ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်ကာလကို ၆ လသတ်မှတ်ထားသည်။မိုခါမဝင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအတွက် ပြန်လည် ထူထောင်ရေးကာလကိုတော့ ၃ နှစ်ဟု သတ်မှတ်ထားသည်။ယင်းကြောင့် မုန်တိုင်းသင့် ရခိုင်ပြည်ကြီး ပြန်လည်နေသားကျလာဖို့ ရခိုင်ပြည်သူတွေ အချိန်အတော်ကြာစောင့်ဆိုင်း၇ဦးမည်လည်း ဖြစ်သည်။

 

လက်သမားဆရာဦးစိန်ငွေတို့လို လက်လုပ်လက်စားပြည်သူများအတွက်ဆိုလျှင် မုန်တိုင်းသင့် ဘ၀မှနေ၍ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိလာစေဖို့များစွာ ခက်ခဲကျပ်တည်းနေအုံးမည် ဖြစ်သည်။မုန်တိုင်းကြောင့် ပြိုလဲသွားသည်မှာ နေအိမ်တစ်ခုတည်းသာ မဟုတ်။ စိတ်ဓာတ်တွေပါ ပြိုလဲသွားခဲ့ခြင်းဖြစ်သည်ဟုဦးစိန်ငွေက ဆိုသည်။ ယင်းကြောင့် နွေးထွေးသည့် မိသားစုဂေဟာလေး ဖြစ်လာအောင် ဦးစိန်ငွေတစ်ယောက် ရှေ့ဆက် ရုန်းကန်၇ပေအုံးမည်။

 

လက်သမားဆရာဦးစိန်ငွေက မိုခါကြောင့်စိတ်ဓာတ်တွေ ပြိုလဲကျဆင်းသွားခဲ့ပေမဲ့ ကိုယ့်နောက်မှာ မိသားစုရှိသေးတော့ အားတင်းထား၇တာပေါ့ဟု ပြောသည်။

 

မင်းအဂ္ဂ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.