လင်းအာရုံသစ်
နိရဉ္စရာ(ဆောင်းပါး) ဩဂုတ် ၁၇/ ၂၀၂၃
ရွေးကောက်ပွဲ မဲမသာမှုကို အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကိုကျင်းပပြီး အနိုင်၇ပါတီကို အာဏာလွှဲပေးမယ်ဆိုတာကို တတွတ်တွတ်ပြောပြီး ၄င်းတို့အာဏာကိုသက်တမ်းတိုး ဆက်ယူနေပါတယ်။
စစ်ကောင်စီက ဇူလိုင်၃၁ ရက်နေ့မှာအမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးခေါ်ဆိုပြီး ‘သာမန်မဟုတ်သည့်အခြေအနေ’ဆိုတဲ့အကြောင်းပြချက်နဲ့ နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ်ကာလ ၁ နှစ် သက်တန်းသတ်မှတ်ထားတဲ့စစ်ကောင်စီဟာ တစ်နှစ် ပြည့်ပြီးနောက်မှာလည်း ခြောက်လတကြိမ်သက်တမ်းတိုးမှုက ၄ ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အချိ
မိုခါ မုန်တိုင်းတိုက်ပြီးနှစ်လပြည့်ဖို့ ရက်ပိုင်းအလိုမှာ စစ်ကောင်စီဥက္ကဋ္ဌ ရခိုင်ကိုရောက်လာပါတယ်။ အဲဒီခရီးစဉ် မှာ ရွေးကောက်ပွဲ ကိစ္စ ထပ်ပြောတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လျာထားကြောင်းပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲကိုစီစဉ်ထားတဲ့အတိုင်း ၂၀၂၃ ခုနှစ်အတွင်းမှာ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှာစစ်ကောင်စီခေါင်းဆောင်က ရုရှားသတင်းဌာနနဲ့ တွေ့ဆုံရာမှာ လည်းပြောခဲ့ပါသေးတယ်။
မကြာခဏပြောနေတဲ့ ရွေးကောက်ပွဲ အာမခံချက်
“နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု
ပြီးခဲ့တဲ့ မေ၂၂ ရက်က ပဲခူးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းကအသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံရာမှာစစ်ကောင်စီခေါင်းဆောင် က ရွေးကောက်ပွဲပြန်လည်ကျင်းပပြီးရွေးကောက်ခံ အစိုးရကို နိုင်ငံ့တာဝန်တွေ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်
(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား
ရွေးကောက်ပွဲအာမခံချက် ဘယ်လောက်ပင်ပေးပေးနိုင်ငံတကာကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ် ပြုဖို့မရှိသေးပါဘူး။ ရွေးကောက်ပွဲကျင်းပဖို့ ဆိုတာကလည်း နိုင်ငံတည်ငြိမ်ရေးနဲ့တိုက်ရိုက် သက်ဆိုင်နေပါသေးတယ်။
လုံခြုံရေးအခြေအနေ
စစ်ကောင်စီဟာ တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့ တိုင်းကိုးခုမှ မြို့နယ်၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
ရန်ကုန်တိုင်းက ခြောက်မြို့နယ်၊ချင်းပြည်နယ်က ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်၊ပဲခူးတိုင်းက ငါးမြို့နယ်၊ မကွေးတိုင်းက ငါးမြို့နယ်၊ ကယားပြည်နယ်က လေးမြို့နယ်၊မွန်ပြည်နယ်က တစ်မြို့နယ်၊ ကရင်ပြည်နယ်က နှစ်မြို့နယ် နဲ့ တနင်္သာရီတိုင်းကနှစ်မြို့နယ်တို့ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထား၇တာပါ။
တစ်နိုင်ငံလုံးမြို့နယ်၃၃၀ ရှိတဲ့ထဲက ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းတဲ့ မြို့နယ် ၁၉၈မြို့နယ်ရှိပြီး လုံခြုံရေး အလေးထားဆောင်ရွက်၇မယ့် မြို့နယ် ၆၇ မြို့နယ်၊လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်၇မယ့် မြို့နယ် ၆၅မြို့နယ်ရှိတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးမှာပြောသွားပါတယ်။
ရွေးကောက်ပွဲအတွက်ပြင်ဆင်
ဒါပေမယ့် စစ်ကောင်စီဟာသူတို့ ပြောနေသလို ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်စရာတွေကိုဆက်တိုက်လုပ်နေတာတွေ့ရပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ပြဋ္ဌာန်းပြီး တည်ဆဲနိုင်ငံရေးပါတီတွေကို ပြန်လည်လျှောက်ထားစေခဲ့ပါတယ်။
UEC ကို လာလျှောက်ထားတဲ့နိုင်ငံရေးပါတီ ၆၃ ပါတီ ရှိတဲ့အထဲက မေ ၂၂ ရက်အထိ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၁၈ ပါတီသာရှိသေးပြီး ကျန်ပါတီတွေကိုစိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စိစစ်ဆဲပါတီစာရင်းမှာ ရခိုင်က အင်အားအကြီးဆုံး ရခိုင်အမျိုးသားပါတီ ( ANP) ပါဝင်နေသေးပြီး ဒေါက်တာအေးမောင်ခေါင်းဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ အပါအဝင် ၇ခိုင်က မျိုးနွယ်စုပါတီငယ်၅ပါတီကို ပါတီ မှတ်ပုံတင်ခွင့် ချပေးထားပါတယ်။
မှတ်ပုံတင်ချပေးထားတဲ့ပါတီတွေကိုလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ မပတ်သက်ဖို့ဖိအားပေးပြောဆိုတာတွေ လုပ်နေပါသေးတယ်။
ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ကြားလူသားချင်း စာနာထောက်ထားမှုလိုအပ်ချက် ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က စလို့အခုချိန်ထိ အပစ်ရပ်ထားပါသေးတယ်။
လက်ရှိအနေအထားမှာ ရခိုင်မှာရက္ခိုင့်တပ်တော်က ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်သူ့အစိုးရ ကို လူထုထောက်ခံမှုရှိနေပြီးရွေးကောက်ပွဲ ကျင်းပဖို့ဆိုရင်တောင် ရက္ခိုင့်တပ်တော်ရဲ့သဘောထားက အက္ခရာကျလှပါတယ်။
UEC က လက်ရှိကာလကို ရွေးကောက်ပွဲအကြိုကာလအဖြစ်သတ်မှတ်ထားပြီး အခြေခံမဲဆန္ဒရှင် စာရင်းကောက်တာ တွေ၊ ပါတီတွေနဲ့ တွေ့ပြီး လမ်းညွှန်ချက်တွေ ပေးနေတာတွေ လုပ်နေပါတယ်။
စစ်ခေါင်းဆောင် ပြောနေသလိုရွေးကောက်ပွဲကျင်းပနိုင်ဖို့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကအဓိကကျပါတယ်။ အခုလို နိုင်ငံတဝန်းမှာ တော်လှန်ပုန်ကန်မှုတွေ ဆက်ရှိနေတဲ့ကာလမှာ ရွေးကောက်ပွဲဖြစ်လာစရာ မမြင်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေကပြောပါတယ်။
စစ်ကောက်စီသက်တမ်းတိုး အကြောင်းပြချက်များ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၂၅ မှာ အရေးပေါ်သက်တမ်းကို(၆)လ၊ (၂)ကြိမ်တိုးနိုင်တယ်လို့ဖေါ်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မဲစာရင်းများစစ်ဆေးအတည်ပြုခြင်း
အာဏာသိမ်း ၆ လပြည့်စစ်ကောင်စီဥက္ကဋ္ဌမိန့်ခွန်းမှာ “ရွေးကောက်ပွဲအတွက်ပြင်ဆင်ချိန် ၆ လပေးပြီးဆောင်ရွက်၇မည်ဖြစ်ကြော
အရေးပေါ်ကာလ ၁နှစ်ပြည့်ပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၃၁ ရက် ကာလုံအစည်းအဝေးမှာ အရေးပေါ်အခြေအနေကာလကို(၆)လသက်တမ်း တိုးခဲ့ပြီး အချိုးကျ ကိုယ်စားပြု စနစ် (PR) ကို ပြောင်းလဲပြီးရွေးကောက်ပွဲကျင်း
နောက် ၆လအကြာ ၂၀၂၂ ဇူလိုင်လ ၃၁ ရက်နေ့မှာလည်း ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲစနစ်နှင့် ဆီလျော်ရန်ပြုပြင်ခြင်း ၊ လူထုကို အသိပညာပေးရန် ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောက်ထပ်အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်တိုးပြန်ပါတယ်။
၂၀၂၃ ဇန်နဝါရီ ၃၁ ရက်ကာလုံအစည်းအဝေးမှာလည်း သာမန်မဟုတ်သည့် အခြေအနေဆိုကာ ၃ ကြိမ်မြောက် အရေးပေါ်ကာလ ၆ လထပ်တိုးခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ရေး တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်မြှင့်ရန် လိုသေးတယ်ဆိုပြီး၂၀၂၃ ခု ဇူလိုင်လ ၃၁ ရက်နေ့ ကာလုံအစည်းအဝေးမှာ အရေးပေါ်ကာလ သက်တမ်း ၆ လကို လေးကြိမ်မြောက်ထပ်တိုးခဲ့ပြန်ပါတယ်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု
စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲ နဲ့ တရုတ် ရဲ့ ပတ်သက်မှု
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အယုံအကြည်မရှိဘူးလို့အနောက်နိုင်ငံတွေအပါအဝင် ကမ္ဘာက ပြောနေချိန်မှာ တရုတ်နိုင်ငံကတော့စစ်ကောင်စီနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးနေပါတယ်။
“စစ်ကောင်စီကသူ့သက်တမ်းကို နောက်ထပ်ခြောက်လတိုးခဲ့သလို ရွေးကောက်ပွဲလုပ်နိုင်ရေးကိုလည်
စစ်ကောင်စီရွေးကောက်ပွဲ အစီအစဉ်ထဲမှာတရုတ်ရဲ့ပါဝင်ပတ်သက်မှုဟာ အာဏာသိမ်းပြီးနောက် တစ်နှစ်ပြည့်ပြီးချိန် ၂၀၂၂ ဧပြီလက စတယ်လို့ ဆို၇ပါမယ်။
ရွေးကောက်ပွဲကျင်းပနိုင်ရေး ဥပဒေနဲ့နည်းဥပဒေတွေပြင်ဆင်ပြဌာန်းတာ၊ မဲဆန္ဒရှင်စာရင်း ပြုစုတာ၊ နိုင်ငံရေးပါတီတွေစိစစ်ရေး အခြေအနေ တွေကို သိရှိဖို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုး ဆီကို တရုတ် သံအမတ် မစ္စချန်းဟိုင်က ၂၀၂၂ ခု ဧပြီ ၂၀မှာသွားရောက်မေးမြန်းတာစလုပ်ပါ
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ ပြင်ဆင်မှုအခြေအနေတွေကို သိနိုင်ဖို့ဆိုပြီး တရုတ်သံအမတ်ဟာ ၂၀၂၃ခုနှစ်၊ မတ်လ ၈ ရက်နေ့ မှာ ဦးသိန်းစိုးကို ဒုတိယအကြိမ် သွားမေးပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်၂၁ ရက်နေ့ မှာတော့ တရုတ်နိုင်ငံ၊ ကွမ်ရှီး(ကျွမ်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ချန်းဟိုင်ကျွမ့် ကို နန်နင်းမြို့အခြေစိုက်တွင် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်း က တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေးအခြေအနေတွေကိုတင်ပြတယ်လို့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
ပြီခဲ့သည့် ဇူလိုင်၂၆ ရက်နေ့ကလည်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ဖိတ်ကြားချက်အရ စစ်ကောင်စီပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှ
ဩဂုတ်လ ၁ ရက်နေ့ကလည်းရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ
ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံက ကူညီပေးနေပေမယ့် နိုင်ငံတဝန်း စစ်မီးဟုန်းဟုန်း တောက်နေချိန်မှ
စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် အချို့ကိုလျှော့ပေးခဲ့ပါတယ်။ ယင်းမတိုင်ခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်နဲ့ တွေ့ခွင့်ပေးခဲ့ပါသေးတယ်။
စစ်ကောင်စီက သူတို့အကျပ်အတည်းကနေရုန်းထွက်ဖို့ နိုင်ငံရေး စတိုရီတစ်ပုဒ်ရေးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချလာနေတာဟာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ စစ်ခေါင်းဆောင်တွေရဲ့လုပ်ရိုးလုပ်စဉ်သာဖြစ်တယ်လို့ မြန်မာနိုင်ငံရေးလေ့လာသူတွေကပြောဆိုပါတယ်။
စစ်ကောင်စီဥက္ကဌကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစဉ်းစားချက် နှစ်မျိုးရှိနေပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်မလာရင် မတည်ငြိမ်တဲ့ဒေသကိုချန်ပြီး သူတို့ထိန်းချုပ်နိုင်တဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့စဉ်းစားချက်ပါ။ ဒါကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ပြုလုပ်တဲ့အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးမှာရွေးကောက်ပွဲအခင်းအကျင်းနှစ်ခု
ဒီလိုအခြေအနေနဲ့ဆက်သွားရင် ရွေးကောက်ပွဲဆိုတာဖြစ်မလာနိုင်သလို ၊ဖြစ်အောင် လုပ်လို့ရတယ် ဆိုပေမယ့် တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်သလို စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ဆိုတာလဲဖြစ်လာမှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိပါတယ်။
“သာမန်မဟုတ်တဲ့ အခြေအနေ”ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီဟာ ၄င်းတို့ အဓမ္မ သိမ်းထားတဲ့ အာဏာကို ဆက်လက် ဆုတ်ကိုင်ထားဖို့ပဲရှိတယ်လို့ သုံးသပ်နေကြပါတယ်။
(ပြီး)