- Web Master
- ၀၈ စက်တင်ဘာ ၂၀၂၃
ရေးသူ - လင်းအာရုံသစ်
ဘွဲ့ဝတ်စုံကို လှလှပပ ဝတ်ဆင်ထားပြီး ပြုံးပြနေတဲ့ သမီးကို ကြည့်ရင်း အသက် ၄၅ နှစ်အရွယ် ဒေါ်မြအေး (အမည်လွှဲ) တစ်ယောက် ဝမ်းသာလို့ မဆုံး ပျော်ရွှင်နေပါတယ်။သမီးကို ကြည့်ရင်း သူမရဲ့ မျက်နှာပြင်ပေါ်က ကျက်သရေရှိလှတဲ့ အပြုံး၊ ရင်ထဲဖြစ်ပေါ်နေတဲ့ ဂုဏ်ယူမှု၊ ပြည့်စုံမှုတွေက သူမရုန်းကန်မှုတွေ နဲ့ ထိုက်တန်နေပြီဆိုတာ ပေါ်လွင်နေပါတယ်။
သူမရဲ့ နှစ် လေးဆယ်ကျော် မက်ခဲ့တဲ့ အိပ်မက် အတွက် သူမကျော်ဖြတ်ခဲ့ရတဲ့ ရုန်းကန်မှုတွေကို တိတ်တိတ်ဆိတ်ဆိတ် အသိအမှတ်ပြုခံနေပြီဆိုရင်လည်း မမှားပါ။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ယိုးချောင်းနံဘေး တောင်တန်းတွေကြားမှာ တည်ရှိနေတဲ့ ဆိတ်ငြိမ် ရွာကလေးဟာ မမြအေးရဲ့ ဇာတိရွာကလေးပါ။
မမြအေးဟာ ညီအစ်ကို မောင်နှမ ငါးယောက်ထဲမှာ ဒုတိယသမီးအဖြစ် မွေးဖွားလာသူဖြစ်ပြီး ပညာရေးအခွင့်အလမ်း အတွက် ကျားမတန်းတူမရှိလှတဲ့ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။
သူမရဲ့ အစ်ကိုတစ်ယောက်နဲ့ မောင်ငယ် ၂ ယောက်ကတော့ ပညာရေးဆိုင်ရာ အခွင့်ထူးတွေလို့ ဆိုရမယ့် အထက်တန်းပညာကို သင်ကြားခွင့်ရခဲ့ပေမယ့် သူမနဲ့ သူမရဲ့ ညီမအငယ်ဆုံး မိန်းကလေးကတော့ ရွာကျောင်းမှာပဲ မူလတန်းပညာရေး နဲ့သာ ဖြေသိမ့်ခဲ့ရပါတယ်။ သူမရဲ့ ငယ်ဘဝ ပညာရေး အိပ်မက်တွေဟာလည်း သူမရွာနံဘေး တောင်တန်းတွေပေါ်က မိုးရိပ်မိုးသားတွေလို ပျက်ပြယ်သွားခဲ့ရပါတယ်။
မမြအေးရဲ့ မိဘတွေဟာလည်း သူတို့နေထိုင်ရာ ပတ်ဝန်းကျင်က မိသားစု တွေလိုပဲ ရိုးရာကျားမ အခန်းကဏ္ဍကို လိုက်နာခဲ့ပြီး ပညာရေးဟာ အမျိုးသားတွေအတွက် အဓိက ဖြစ်တယ်လို့ ရှုမြင်ခဲ့ကြတာပါ။
သူမရဲ့ အစ်ကိုနဲ့ မောင်လေးတွေက မနက်တိုင်း ကျောင်းသွားတဲ့အခါတိုင်း သူတို့အတွက် ထမင်းဟင်းတွေကို သူမရဲ့ မိခင်နဲ့အတူ ပြင်ဆင်ချက်ပြုပ်ရပါတယ်။ တခါတလေ အလိုမကျ ငြူစူတဲ့စိတ်တွေ ရောပြွမ်းနေတဲ့ သူမဟာ သူ့အစ်ကိုနဲ့မောင်တွေနဲ့အတူ ရွာက သုံးမိုင်လောက်ဝေးတဲ့ အလယ်တန်းကျောင်းရှိရာ ရွာကြီးကို သွားပြီး ကျောင်းတက်ချင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ပညာရေး အိပ်မက တောင်းတတိုင်း ဖြစ်မလာဘဲ ငြင်းပယ်ခံခဲ့ရပါတယ်။
မိခင်တစ်ဦးရဲ့ အမျိုးသမီးတွေအတွက် ပညာရေးခရီး
နှစ်တွေကြာလာတာနဲ့အမျှ မမြအေး တစ်ယောက် အသက် ၂၀ မပြည့်မီမှာပဲ အိမ်ထောင်ကျပြီး မိခင်ဖြစ်လာပါတယ်။ သူမရဲ့ ခင်ပွန်းဟာ ငယ်စဉ်က ပညာထူးချွန်းပြီး အလယ်တန်း အောင်မြင်သည်အထိ ပညာသင်ခွင့်ရခဲ့ပေမယ့် ငွေကြေး မပြည့်စုံလို့ အထက်တန်း ပညာ သင်ကြားခွင့်မရဘဲ ကျောင်းထွက်လိုက်ရတဲ့သူပါ။ သူမရဲ့ ငယ်သူငယ်ချင်းတစ်ယောက်လည်း
ဖြစ်
သမီး မိခင်ဖြစ်လာတဲ့ မမြအေးဟာ သူမငယ်ဘဝမှာ မွတ်သိပ်ခဲ့တဲ့ ပညာရေးခရီးကို သူ့သမီးလေးကို ခြေလှမ်းခွင့်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။သမီး ကျောင်းနေအရွယ်သို့ ရောက်လာတဲ့အခါ မျှော်လင့်ချက်တွေ နိုးထခွင့်ရခဲ့ပြီး သူမရဲ့သမီးကို သူမတို့နေတဲ့ ရွာကျောင်းမှာ စတင် စာရင်းသွင်းခဲ့ပါတယ်။
မူလတန်းပညာပြီးလို့ အလယ်တန်းကျောင်းသွားတက်မယ့် သမီးဖြစ်သူကို ကျောင်းဝတ်စုံလေးနဲ့ ပထမဆုံး မြင်ခွင့်ရတဲ့ နေ့ဟာ သူမဘဝအတွက် လေးနက် တဲ့ အခိုက်အတန့်လို့ ပြောရင်မမှားပါဘူး။
မိန်းကလေးတစ်ယောက်အတွက် ကျောင်းယူနီဖောင်းဟာ ယူနီဖောင်းသက်သက် မဟုတ်တော့ဘဲ ရိုးရာနှောင်ကြိုးတွေက လွတ်မြောက်ခြင်း သင်္ကေတ၊ ကျားမတန်းတူ ရှိတဲ့ အနာဂတ်သင်္ကေတ တစ်ခုဖြစ်တယ်လို့ မမြအေး ခံစားခဲ့ရပါတယ်။
မစားကောင်းတဲ့အသီးတစ်လုံးလား
အမျိုးသမီးတွေ စာပေသင်ကြားရေးဟာ မစားကောင်းတဲ့ အသီး လို တားဆီးခံခဲ့ရတာဟာ ဘာသာတိုင်း လူမျိုးတိုင်း မှာ ရှေးခေတ်အဆက်ဆက်ကတည်းက တည်ရှိနေတာပါ။
မြန်မာ့ လူ့အသိုင်းအဝန်းသာမက ကမ္ဘာနေရာ
အနှံ့အပြား(အထူးသဖြင့် မွတ်ဆလင်နိုင်ငံတွေ)မှာ အမျိုးသမီးတစ်ယောက် ပညာတတ်ခြင်း၊ မတတ်ခြင်းဟာ
အမျိုးသားတစ်ယောက်လောက် အရေးမကြီးဆိုတဲ့ ရှေးရိုးစွဲ အယူအဆ ရှိပါတယ်။
ရှေးရိုးစွဲ အယူအဆတွေကြောင့်ပင် အမျိုးသမီးတွ၊ မိန်းကလေးငယ်တွေဟာ ယနေ့ထက်တိုင် အိမ်အလုပ်တွေဖြစ်တဲ့ အိမ်တွင်း အိမ်ပြင် သန့်ရှင်းရေးလုပ်တာ၊ ကလေး ထိန်းကျောင်းရတာ၊ အိမ်အတွက် ဝင်ငွေရှာရတာတွေကိုပါ လုပ်နေကြရပါတယ်။
မပြေလည်တဲ့
စီးပွားရေး အခြေအနေ ရင်ဆိုင်ရပြီဆိုရင်လည်း အိမ်အလုပ်တွေကို
ပိုလုပ်ပေးနိုင်ဖို့ မိန်းကလေးတွေကိုသာ ကျောင်းထုတ်ပစ်တတ်ကြတာဟာ
လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေဆဲပါ။
ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေမှာ အသက်အရွယ် ကြီးသူ အမျိုးသမီးတွေ ပညာရေး အခြေအနေနဲ့ ပက်သက်လို့ ၁၉၇၀ ကနေ ၁၉၉၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀ အတွင်း စာဖတ်နိုင်သူ၊ စာရေးနိုင်သူ ဦးရေ ၄၆ ရာခိုင်နှုန်းကနေ ၆၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး အပိုဒ် ၂၆ မှာ "လူတိုင်းလူတိုင်း ပညာသင်ကြားခွင့် အခွင့်အရေး" ကို အာမခံထားပြီး ပညာသင်ကြားခွင့်ဆိုင်ရာ ခွဲခြားဆက်ဆံမှု ပပျောက်ရေး စာချုပ် အပိုဒ် ၃ မှာလည်း " မည်သူမဆို မည်သည့် အရပ်ဒေသမှ လာသည်ဖြစ်စေ၊ မည်သည့် အရပ်ဒေသတွင် နေထိုင်သည် ဖြစ်စေကာမူ စာပေသင်ကြားပိုင်ခွင့် အခွင့်အရေး ရရှိပိုင်ဆိုင်ခွင့် ရှိသည်”လို့
ဖော်ပြထားပါတယ်။
ဒါပေမယ်လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး ပေါ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပေမယ့် တစ်ကမ္ဘာလုံးမှာ စာမဖတ်နိုင်သူ၊ စာမရေးနိုင်သူ စုစုပေါင်း (၁) ဘီလျှံ ရှိနေတဲ့အထဲ သုံးပုံ နှစ်ပုံဟာ
အမျိုးသမီးတွေဖြစ်တယ်လို့ စစ်တမ်းတွေကဆိုပါတယ်။
တကယ်တော့ အမျိုးသမီးတွေ ပညာသင်ကြားခွင့် မရလို့ တွေ့ကြုံနေရတဲ့ အတားအဆီးတွေဟာ အမျိုးသမီး တစ်ဦးတစ်ယောက်တည်းကို ဆုံးရှုံး နစ်နာစေတာမဟုတ်ဘဲ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကို ခြိမ်းခြောက်နေခြင်းပင် ဖြစ်ပါတယ်။
အမျိုးသမီးတွေ ပညာရေးကို ကောင်းကောင်းမွန်မွန် သင်ကြားခွင့်ရရင် လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးပါဝင်ပတ်သက်နိုင်မှု
အမျိုးသမီး တွေဟာ အမျိုးသား တွေနဲ့ ယှဉ်ရင် ခွန်အား နည်းတာကြောင့် ပညာကို အသုံးချပြီး လုပ်ရတဲ့ အလုပ်မျိုးတွေကို ရမှသာ အမျိုးသားတွေ နဲ့ ဝင်ငွေ ချင်း ယှဉ်နိုင်မှာ ဖြစ်လို့ ပညာတတ်ဖို့ အလွန် အရေးကြီးပါတယ်။
ဒီလိုအမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရှိအောင်လည်း အမျိုးသမီးတွေကပဲ ရဲရဲဝံ့ဝံံ့ ပြောဆို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
“ကလေး တယောက်၊ ဆရာ တဦး၊ စာတအုပ်နဲ့ ကလောင် တချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်”
လို့ မာလာလာဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။
၁၉၉၇ ဇူလိုင် ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မာလာလာ ဆိုသူဟာ ပါကစ္စတန်က ဆယ်ကျော်သက် ကျောင်းသူလေး တစ်ယောက်ဖြစ်ပါတယ်။ အမျိုးသမီးတွေ အတွက် ပညာရေး လှုပ်ရှားမှု ပြုလုပ်လို့ ၂၀၁၂ ခုနစ် အောက် တို ဘာ ၉ ရက်က ကျောင်းတက်ဖို့ ဘတ်စ် ကားနဲ့ ထွက်လာစဉ် မှာ ပါကစ္စတန်အခြေစိုက် တာလီဘန် အဖွဲ့က မာလာလာရဲ့ ဦးခေါင်းကို သေ နတ်နဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပါတယ်။
ဒဏ်ရာပြင်းထန်လို့ မာလာလာကို ဗြိတိန်နိုင်ငံ ကို ပို့ဆောင် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ခွဲစိတ်ကုသအပြီးမှာတော့ သူမရဲ့ ပညာရေး အိပ်မက်ကို တွင် ဗြိတိန်နိုင်ငံမှာပင် အကောင်အ ထည်ဖော်ခွင့်ရရှိခဲ့ပါတယ်။
မာလာလာဟာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရဖို့ လှုပ်ရှားမှုတွေကို သတ္တိရှိရှိကြိုးစား ဆောင်ရွက်ခဲ့လို့ အခုဆိုရင် ကမ္ဘာတဝန်း အမျိုးသမီးပညာသင်ကြားခွင့်ကို အလေးပေး လုပ်ဆောင်လာနေပါပြီ။ သူမ အသက် ၁၇ နှစ် အရွယ် ၂၀၁၄ အောက်တိုဘာ မှာ သူမကို နိုဘယ်ဆု ပေးခဲ့ပါတယ်။ မာလာလာဟာ အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်
လူ့ဘဝ တိုးတက်ဖွံ့ဖြိုးရေးမှာ ပညာရေးဟာ အဓိကလိုအပ်ချက်တခု ဖြစ်ပါတယ်။ ပညာတတ်ရင် အလုပ်ရဖို့ အခွင့်အလမ်း ပိုများလာတာမို့ အနှိမ့်ခံဘဝက လွတ်မြောက်နိုင်ပါတယ်။ မိသားစု ကျန်းမာရေးအကြောင်းကို
ကောင်းမွန်တဲ့ လူ့ဘောင်တည်ဆောက်ရာမှာ လိုအပ်တဲ့အတတ်ပညာနဲ့ ကျွမ်းကျင်မှုကို ပညာတတ်မှသာ ရနိုင်ပါတယ်။ အမျိုးသမီးတွေ ပညာမတတ်လို့ ခေတ်နဲ့အညီ အလုပ်မလုပ်နိုင်တာဟာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ စာတတ်တဲ့ အမျိုးသမီးဟာ သားဖွားမှုကို ထိန်းချုပ်နိုင်ပြီး အကြမ်းဖက်အနိုင်ကျင့်တာကို တွန်းလှန်နိုင်ပါတယ်။ စာတတ်တဲ့ အမျိုးသမီးကသာ နိုင်ငံရေးကို စိတ်ဝင်စားကြပါတယ်။
စာတတ်တဲ့အမျိုးသမီးဟာ ကျန်းမာရေးဘက်မှာလည်း အသိဉာဏ်ပိုရှိလာတဲ့အတွက် သားသမီး ကျန်းမာရေးကောင်းမွန်လာပါတယ်။ မူလတန်း ပညာလောက်သာတတ်ထားတဲ့ အမျိုးသမီးတွေဟာ ကူးစက်ရောဂါကာကွယ်ရေးကို ပိုမိုနားလည်သဘောပေါက်ကြပါတယ်။ အလယ်တန်းပညာ သင်ကြားထားတဲ့ အမျိုးသမီးတွေမှာ ကလေးအသေအပျောက်နှုန်း နည်းပါးကြပါတယ်။
၁၉၇၀ ကနေ ၂၀၁၀ အထိ အနှစ်
(၄၀) ကာလမှာ အမျိုးသမီးတွေ ပိုစာတတ်လာတဲ့အတွက်ကြောင့် (၅) နှစ်အောက် ကလေးသူငယ် သေဆုံးမှုနှုန်းဟာ သိသိသာသာ လျော့နည်းလာတယ်လို့ သုတေသန စာတမ်တွေအရသိရှိရပါတယ်။
အခု အခါ မှာတော့ ကမ္ဘာ နေရာအနှံ့အပြားမှာ အမျိုးသမီးတွေ စာပေသင်ကြားခွင့် အနည်းနဲ့အများ ရရှိလာပြီဖြစ်ပါတယ်။အဲဒီအနည်းနဲ့
ဒေါ်မြအေးရဲ့ ငယ်ဘဝမှာ ပညာရေးအတွက် ငြင်းပယ်ခံခဲ့ရပေမယ့် သူမကြီးပြင်းလာတဲ့အခါ ရိုးရာအစဉ်အလာကို ဖောက်ထွက်ပြီး သမီးဖြစ်သူကို ပညာတတ် တစ်ယောက် ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒေါ်မြအေးရဲ့ ရုန်းကန်မှု ဟာ အမျိုးသမီးတွေ ပညာသင်ကြားနိုင်စွမ်း အတွက် ဂုဏ်ယူဖွယ်ရာ သက်သေခံခြင်းပင်ဖြစ်ပါတယ်။ ရှည်လျားလှစွာ မက်ခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ့ ပညာရေးအိပ်မက်ဟာ လည်းအကောင်အထည် ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။
သူ့မရဲ့ငယ်ဘဝလို အထီးကျန်တာ၊ အားငယ်တာ၊ သိမ်ငယ်တာ၊ မဝံ့မရဲဖြစ်တာ၊ ကြောက်လန့်တာတို့ ကို သူ့သမီးလေး မခံစားရတော့ဘဲ မိသားစုအတွက်သာမက လူမှုပတ်ဝန်းကျင်အတွက်ပါ တာဝန်ယူနိုင်တဲ့သူ၊ ဦးဆောင်မှုတွေ ပေးနိုင်တဲ့သူ ဖြစ်လာတော့မယ်လို့ ဒေါ်မြအေး တစ်ယောက် ခိုင်ခိုင်မာမာယုံကြည်နေ ပါတော့တယ်။
(ပြီး)