Preview

ကျောင်းတက်လမ်းမှာ ကြွေခဲ့ရတဲ့ ဥယျာဥ်မှူး

စက်တင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1695
ဆောင်းပါး

ရေးသူ - လင်းအာရုံသစ်

၇သေ့တောင်မြို့နယ်၊မယူကမ်းဒေသမှာ စက်တင်ဘာလ ၁၆ ရက် နေ့ မနက်ပိုင်းက၃၆ နှစ်အရွယ် ကျောင်းဆရာမတစ်ဦး စာသင်ကျောင်းကို သွားတဲ့လမ်းမှာ သတ်ဖြတ်ခံခဲ့၇ပါတယ်။

 

ကျောင်းဝတ်စုံ အင်္ကျီဖြူဟာ သွေးတွေနဲ့ ရဲရဲနီနေပြီး လုံချည်စိမ်းကလည်းဖရိုဖရဲ နဲ့ လည်ပင်းလှီးအသတ်ခံထားရတဲ့ ဆရာမ ရဲ့ ဓာတ်ပုံ ကို မြင်ရသူတိုင်း မချိတင်ကဲခံစားရကြရပြီးတရားခံကို အမြန်ဆုံးဖော်ထုတ်ပြီး အပြစ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

 

"ဆရာမကိုသတ်တာဟာ ကလေးတွေရဲ့ ပညာရေးကိုသတ်တာပဲ။ဆရာ၊ဆရာမ အားလုံးကို သတ်လိုက်တာပဲ။"

 

" ဆရာမ  မုဒိန်းကျင့်သတ်ဖြတ်ခံ၇တဲ့ အမှုကို  မဖော်ထုတ်နိုင်ဆိုရင်နောက်မကြာခင်မှာ ကျွန်တော်တို့ အကိုတို့ညီမ၊ အစ်မတွေအလှည့်ရောက်လာမှာပဲ။"

 

"ရင်နာလိုက်တာ ဘ၀ဆက်တိုင်း ဒီလို အဖြစ်ဆိုး မကြုံပါ၇စေနဲ့။ ကောင်းရာသုဂတိရောက်ပါ စေဆရာမလေး"

 

" ဆရာ ဆရာမတွေ ဒီကိစ္စကိုပေါ့ဆဖို့မသင့် အားလုံးဝန်းရံသင့်ပါတယ်"

 

"လုံခြုံရေး က စိတ်ပျက်စရာ ကောင်းနေပြီ။ ဘယ်သူ့မှာတာဝန်ရှိသလဲ ။ အမှုမှန်ပေါ်ပေါက်ပါစေ"

 

"ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးပြီး ထိရောက်တဲ့ ပြစ်ဒဏ်ပေးစေချင်တယ်။"

 

ဆရာမလေး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ခံစားရသူတိုင်း အွင်လိုင်းပေါ်မှာဝမ်းနည်းတာ၊ ဒေါသဖြစ်တာ၊ ခံပြင်းတာ ၊ ရှုတ်ချတာ ၊ ဝေဖန်ပြစ်တင်တာ တွေ ကို ဖော်ပြနေကြပါပြီ။

 

အမျိုးသမီးတွေ သတ်ဖြတ်ခံနေ၇တယ်

 

ရခိုင်မှာအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေအပါအဝင်တက္ကသိုလ်ကျောင်းသူတွေ၊ပညာရေးဝန်ထမ်းတွေထိ အတင်းအဓမ္မပြုကျင့်သတ်ဖြတ်ခံနေကြ၇ပါတယ်။

 

ဘူးသီးတောင်မြို့နယ်၊ကကျက်ဘက်ကံပြင်အုပ်စု၊တပ်ရာ(တိုးချဲ့)ရွာမှာလည်းစက်တင်ဘာလ ၄ ရက်နေ့က အသက် ၁၁ နှစ်အရွယ်၊မိန်းကလေး တစ်ဦး အတင်းအ ဓမ္မပြုကျင့်  ခံခဲ့၇ပါတယ်။

 

ယင်းမတိုင်ခင်  ပြီးခဲ့တဲ့မ တ်လ ၁၆ ရက်နေ့က စစ်တွေမြို့၊မင်းဂံအကွက်၁၃၊၇ထားသံ လမ်းဘေးမှာ၊အသက် ၁၁ နှစ်အရွယ် မိန်းခလေးငယ် မသန္တာဝင်း  အုပ်စုဖွဲ့အတင်းအဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့၇ပါတယ်။

 

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံးအနီးလူသုံးကုန်ပစ္စည်း အရောင်းဆိုင် တစ်ခုက  အရောင်းဝန်ထမ်း အသက် ၁၈ နှစ်အရွယ်  မနွယ်သန္တာဝင်း သတ်ဖြတ်ခံခဲ့၇ပါတယ်။

 

၂၀၂၀ ပြည့်နှစ်ကလည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်းက  ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ မုန့်လက်ကောက်ရောင်းတဲ့  ဆယ်ကျော်သက် အရွယ် မိန်းကလေးငယ်တစ်ဦး ရက်စက်စွာအသတ်ခံခဲ့၇ပါတယ်။

 

ဒီဖြစ်ရပ်တွေဟာ သိသာထင်ရှားတဲ့ မှုခင်းတွေ ဖြစ်ပါတယ်။ နောက်ပြီးရခိုင်ကအမျိုးသမီးတွေဟာလိင်ပိုင်းဆိုင်ရာထိပါးစော်ကားနှောက်ယှက်ခံရမှုတွေနဲ့ အကြမ်းဖက်ခံရမှုတွေက အများကြီးရှိနေတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။

 

များမကြာသေးခင် ကလည်း အမျိုးသမီးတစ်ဦးကို အက်ဆစ်နဲ့ ပက်တဲ့ အလွန်ရက်စက်တဲ့ဖြစ်ရပ်တစ်ခု ၇ခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဖြစ်ခဲ့ပါသေးတယ်။

 

အမျိုးသားတစ်ဦးဟာ တောင်ကုတ်မြို့မှ အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို  ဩဂုတ်လ ၂၇ ရက်ညနေက ကားတင်ပြေးဖို့ကြိုးစားခဲ့ရာ ငြင်းဆန်တဲ့အတွက် အသင့်ပါလာတဲ့အက်စစ်ရည်နဲ့ ပက်ခဲ့တာဖြစ်ပါတယ်။

 

အက်စစ်နဲ့ပါပက်ခဲ့တဲ့ တောင်ကုတ်မြို့က ဦးသက်ဦးဆိုသူဟာ လည်း အက်စစ်ရည်သောက်ပြီးသတ်သေ မိမိကိုယ်ကို  သေဆုံးသွားခဲ့ပါတယ်။

 

ဒါ့အပြင် အမျိုးသမီး ၄၀ ကျော် ကို ခြိမ်းခြောက် အဓမ္မပြုကျင့်  ကျူးလွန်မှုတစ်ခုလည်း စစ်တွေ မြို့နယ်က မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဖြစ်ပွားခဲ့ပါသေးတယ်။

 

စစ်တွေမြို့ ဖွဲ့ရာကုန်း မွတ်ဆလင် ဒုက္ခသည်စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီဟာစခန်းအတွင်းက အသက်မပြည့်သေးတဲ့ အမျိုးသမီးများ၊ မသန်စွမ်းအမျိုးသမီးများအပါအဝင် မွတ်ဆလင်အမျိုးသမီး၄၅ ဦးကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း တုတ်၊ ဓားတွေနဲ့ ခြိမ်းခြောက်ပြီးအတင်းအဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဥ် ကြီးပါ။

 

ကျူးလွန်ခံခဲ့၇တဲ့ မွတ်ဆလင် အမျိုးသမီး ၁၀ ဦးက တရားမျှတမှုအတွက် ၂၀၂၃ ခုဖေဖော်ဝါရီလမှာ တောင်းဆိုခဲ့ကြပါတယ်။

 

အမျိုးသမီးအတွက် လုံခြုံမှု မရှိ

 

ကတ်ဘေး၊ ပဋိပက္ခဘေး၊ စစ်ဘေးဒဏ်ကို နှစ်ရှည်လများခံစားနေရတဲ့ ရခိုင်ပြည်နယ်မှာတရားဥပဒေ စိုးမိုးမှု ၊ အမျိုးသမီးတွေ ရဲ့ လုံခြုံမှုအတွက် ဘယ်လောက် ထိ ဆိုးရွားနေသလဲဆိုတာကိုဒီဖြစ်ရပ်တွေက မီးမောင်းထိုးပြနေပါတယ်။

 

အဲဒီအပြင် မှုခင်းတွေဖြစ်လာရင်လည်း ဘယ်အဖွဲ့အစည်းက တာဝန်ယူကာ ကျူးလွန်သူအမှန်ကို ဖော်ထုတ် မလဲ ဆိုတာကလည်း ပြည်သူလူထုကြားမှာ ဇဝေဇဝါ ဖြစ်နေ၇ပါတယ်။

 

ကျူးလွန်သူကို အမြန်ဆုံး ရှာဖွေ ဖမ်းဆီး ၊ ထိရောက်တဲ့ ပြစ်ဒဏ်စီရင်မှုတွေမှာကြံ့ကြာနေတာက  နောက်ထပ်ကျူးလွန်မှုတွေကို ထပ်မံဖြစ်ပေါ်လာစေတယ်လို့ဆိုကြပါတယ်။

 

အခက်အခဲအကျပ်တည်းကာလမှာ အမျိုးသမီးတွေ  နည်းမျိုးစုံနဲ့အကြမ်းဖက်ခံလာ၇ပါတယ်။  ဥပမာ မုဒိမ်းကျင့်ခံရတာ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခံရတာနဲ့ အသတ်ခံရတာတွေထိ ရှိလာပါတယ်။ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေကို ဒုက္ခရောက်စေတဲ့အပြင် တစ်ဖက်မှာလည်းနိုင်ငံရေး မတည်ငြိမ်ကြောင့် အမျိုးသမီးတွေ လုံခြုံမှုမရှိတာတွေကိုလည်း ခံစားနေကြ၇ပါတယ်။

 

အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ပြည်နယ်ဆင်းရဲမွဲတေမှု၊ ပညာရေးပိုင်းနိမ့်ကျမှုကလည်း အမျိုးသမီးတွေကို အကျိုးသက်ရောက်မှု ကြီးမားစေတယ်လို့ ဆိုပါတယ်။

 

အမျိုးသမီးတွေ အကြမ်းဖက်ခံ၇မှု ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်မှုပေါင်းစုံ ရှိနေတတ်ပေမယ့်  အများစုမှာအရင်းနှီးဆုံး နဲ့  အတူနေအမျိုးသားတွေရဲ့ အကြမ်းဖက်မှုကို ခံ၇ခြင်းပင်ဖြစ်ပါတယ်။

 

သမီးရည်းစားချစ်သူစုံတွဲတွေ အိမ်ထောင်ရှင် အမျိုးသား နဲ့ မိသားစုဝင်တွေ အကြားဖြစ်ပေါ်တဲ့အိမ်တွင်းအကြမ်းဖက်မှုတွေမှာ သမားရိုးကျဖြစ်စဉ်ကဲ့သို့ ရှိနေပြီး တိမ်မြုပ်ပျောက်ကွယ်လျက်ပင်ရှိ နေပါတယ်။

 

အသံတွေ ထွက်လာ

 

ရခိုင်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ လာတာနဲ့အတူ အမျိုးသမီးကျူးလွန်ခံ၇တဲ့ပြစ်မှုတွေ ယခင်ထက် သိသိသာသာ များလာပါတယ်။

 

ဒီလို ဖြစ်ရပ်တွေ ကြောင့် ရခိုင်ကအတင်းအဓမ္မပြုကျင့်လူသတ်မှုကျူးလွန်ခဲ့သူတွေကိုချက်ချင်း သေဒဏ်အပြစ်ပေးဖို့ ရခိုင်ကအမျိုးသမီးထုနဲ့၇ခိုင်ပြည်သူတွေ တောင်းဆိုသံတွေ ကျယ်ကျယ်လောင်လောင်ေါ်ထွက်လာပါတယ်။

 

အဲဒီလိုပြစ်မှုကျူးလွန်ခဲ့ကြသူတွေကိုသေဒဏ်ပေးပြီးနောက်ထပ်မကျူးလွန်ရဲအောင်နမူနာပြအရေးယူသင့်တာလို့ရခိုင်အမျိုးသမီးထုတစ်ရပ်လုံးက တောင်းဆိုနေကြပါတယ်။

 

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)ရဲ့အာရက္ခပြည်သူ့အစိုးရဲ့အာဏာသိမ်းစစ်တပ်တို့ကြားနှစ်ဘက်စလုံးက အုပ်ချုပ်ရေး၊တရားစီရင်ရေးတွေပြုလုပ်နေကြပေမယ့် ပြစ်မှုကျူးလွန်ခဲ့သူတွေကိုထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာအရေးယူပြတာတွေ မရှိသေးဘူးလို့၇ခိုင်ပြည်သူတွေကဝေဖန် ထောက်ပြကြပါတယ်။

 

အဲဒီအပြင် နောက်ထပ်အမျိုးသမီးတွေ ခုလိုမျိုးကျူးလွန်မခံရစေဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ၇ခိုင်ပြည်သူတွေက ထောက်ပြကြပါတယ်။

 

ဆရာမနှင်းယုနွယ်ဟာ   စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်မှာ မိမိနေထိုင်ရာ ကျွန်းပေါ် ပေါက်တော ရွာကလေးကနေ  ခြေလျင် တစ်နာရီသာသာလျှောက်သွားရတဲ့ ပန်းဖော်ပြင်ကျေးရွာ စာသင်ကျောင်းကို စာသင်ဖို့ သွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဘယ်တော့မှ အိမ်ပြန်ခွင့်မ၇တဲ့ လမ်းကို သွားနေတယ်ဆိုတာကိုမသိခဲ့ပါဘူး။

 

ကလေးတွေ ကြိုလင့်နေမယ့်ပုံရိပ်တွေ၊ စာသင်ခန်းမှာ ကလေးတွေ ပျော်နေမယ့် ပုံရိပ်တွေကို တွေးရင်း သူနေ့စဥ် သွားနေခဲ့တဲ့ လမ်းမှာပင် သတ်ဖြတ်ခံခဲ့ရပြီး သူချစ်ခင်သူတွေနဲ့ ဝေးရာ ဘ၀တစ်ပါးကို မချိမဆန့်ဝေဒနာကို ခံစားရင်း သွားခဲ့၇ပါတယ်။

 

ဆရာမနှင်းယုနွယ်အလောင်း ကို ကားလမ်းဘေးစောင်း မှာ သွေးအလူးလူးနဲ့ တွေ့ခဲ့၇တာပါ။ ဥယာဥ်မှူး ဆရာမကို သတ်တဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးပြီး  ထိထိရောက်ရောက် အရေးယူပေးဖို့ ၇ခိုင်ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

 

(ပြီး)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.