"လှောင်ချိုင့်မြို့မှသားကောင်များ"
ရေးသားသူ - အေးမြတ်ခိုင်
သာယာလှပသည့် ပင်လယ်ကမ်းနားမြို့တော်မှသည် စစ်မက်ရေးရာများဖြင့်မလုံခြုံသော မြို့တော်တစ်ဖြစ်လဲ စစ်တွေမြို့ကို စစ်ကောင်စီက မြန်မာနိုင်ငံ သမိုင်း၏ ပထမဦးဆုံး ထွက်လမ်းမဲ့လှောင်ချိုင့်မြို့အဖြစ် အသက်သွင်းပုံဖော်ခဲ့လေသည်။
ရခိုင်ပြည်၏ပင်မစီးပွားရေးမြို့တော်ဖြစ်ခဲ့သော ပင်လယ်ကမ်းခြေနဘေးတွင် တည်ရှိသည့် စစ်တွေမြို့သည် လက်ရှိမှာ တိုက်ပွဲများမရှိသေးသော်လည်း တိတ်ဆိတ် ခြောက်ကပ်နေသည့် ထွက်လမ်းမဲ့လှောင်ချိုင့်သာသာမြို့ပျက်တစ်ခုပမာဖြစ်နေလေပြီ။ အဆိုပါမြို့ပျက်ကြီးထဲမှာ လှောင်ပိတ်ခံထားရဆဲ အကျဉ်းစံမြို့ခံတချို့လည်း ရှိနေသည်။ ယင်းအထဲတွင် စစ်တွေမြို့ခံ အသက် ၂၀ ကျော်အရွယ် မွတ်ဆလင်လူငယ် ကိုရော်ဖိခ် (အမည်လွဲ)လည်းပါဝင်သည်။
“စစ်ကောင်စီဘက်က တခြားမြို့နယ်တွေမှာ မလုပ်ဖူးတဲ့ တုံ့ပြန်မှုတွေကို စစ်တွေမှာ လုပ်လာမှာစိုးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်နေရာကိုမှ ထွက်လို့ မ၇ဘူး"
စစ်တွေမြို့မှာအရပ်သားများကိုဦးတည်သည့်စစ်ကောင်စီ၏ စစ်ရေး ပြင်ဆင်မှုများနှင့် မကြာခင်ကျရောက်လာမည့်စစ်တွေမြို့သိမ်း တိုက်ပွဲများကြောင့်ကိုရော်ဖိခ်တစ်ယာက် စိုးရိမ်သောကများဖြင့် ပြောပြနေခြင်းဖြစ်သည်။
စစ်တွေမြို့ခံလူငယ်တစ်ဦးလည်းဖြစ် စစ်တွေတက္ကသိုလ်ကျောင်းသားတစ်ဦးလည်းဖြစ်သည့် ကိုရော်ဖိခ်သည် ကမန် နှင့် မွတ်ဆလင်ကျောင်းသားများ တက္ကသိုလ်တန်းတူတက်ခွင့်ရရှိစေရေး ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြောင့်အများစု နှုတ်ဆိတ် နေရချိန်များတွင် မည်သူမှမလုပ်ဆောင်ရဲသောတက်ကြွလှုပ်ရှားမှုကို ရှားရှားပါးပါးလုပ်ဆောင်ခဲ့သည့် မွတ်ဆလင် လူငယ်တစ်ဦးလည်းဖြစ်သည်။
သူ၏ မိဘဘိုးဘွားများသည် ရခိုင်ပြည်တွင် ဘွဲ့ရပညာတတ်များအနေနှင့် နိုင်ငံသား မှတ်ပုံတင်ကဒ်ကိုင်ဆောင်ကာ ခေတ်အဆက်ဆက် နေထိုင်ခဲ့ကြသူများ ဖြစ်သော်လည်း ကိုရော်ဖိခ်အရွယ်ရောက်လာချိန်တွင် မွတ်ဆလင်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) မထုတ်ပေးသည့်အတွက် အထောက်အထားမဲ့ကာ နိုင်ငံလက်မဲ့ ဖြစ်လာ၇သည်။
"ဟိုးတချိန်က ကျနော့ အဘိုးအဖီးတွေ အစိုးရအရာရှိတွေ အနေနဲ့ လုပ်ခဲ့တာတွေ၊ ၁၉၆၃ လောက်က ကျနော့ အဖီးတို့ကို မြို့နယ်အထူးတရားသူကြီး လက်မှတ်နဲ့ နိုင်ငံသား ဖြစ်ကြောင်းထုတ် ပေးတဲ့ လက်မှတ်တွေလည်း ကျနော့မှာရှိတယ်။ အဘီးတို့မှာတောင်အမျိုးသားမှတ်ပုံတင်ကဒ်ရှိကြတယ်။ အားလုံးမှာ။ ကျနော့မိဘတွေလည်း ဘွဲ့ရပညာတတ်တွေပါပဲ။ သူတို့မှာလည်း ရှိတယ်။ ဒီလို အထောက်အထားတွေရှိပေမဲ့ ကျနော်ကတော့ (နိုင်ငံသားမှတ်ပုံတင်ကဒ်)လျှောက်ခွင့်ကို မရတာပါ" ဟု ကိုရော်ဖိခ်က ရင်နင့်စွာပြောဆိုခဲ့သည်။
အထောက်အထားမဲ့ ကိုရော်ဖိခ်အဖို့ စစ်တွေမြို့မှာ မည်သို့သောအခြေအနေ၊ အခက်အခဲများရှိနေပါစေ စစ်တွေမြို့မှလွဲ၍ မည်သည့်နေရာကိုမှ ထွက်ခွာခွင့် မရှိပေ။
စစ်တွေမြို့မှ မွတ်ဆလင်များကို စစ်ကောင်စီက ပေါ်လစီအရ ပိတ်လှောင်ထားသည် မှာကြာမြင့်ခဲ့ပြီဖြစ်သည်။ရခိုင်မှာ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွါးလာချိန်မှာလည်း အထောက်အထားမဲ့သူတို့အဖို့ ခိုလှုံရာမဲ့လမ်းပျောက်နေဆဲပင် ဖြစ်သည်။
“ ဒီမှာမွေးပြီး ဒီမြေမှာပင်သေရမယ့် တကျွန်းပို့ခံထား၇တဲ့ အကျဉ်းသားတွေလို ဖြစ်နေပါတယ်”ဟု သူက ဆိုသည်။
၇ခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
မှ စတင်ကာ လေကြောင်းမှလွဲ၍ တစ်ပြည်နယ်လုံးမှ ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ကာ စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ခဲ့သည်။
စစ်တွေခရိုင်အတွင်းမှ ပေါက်တော၊ ရသေ့တောင် နှင့် ပုဏ္ဏားကျွန်းမြို့များကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ပြီးနောက် စစ်တွေမြို့ဆီ စစ်ရိပ်သန်းလာချိန် စစ်တွေဒေသခံအများစုမှာ မြို့ကိုပိတ်ဆို့ထားသည့်ကြားက ငွေကြေးအမြောက်အမြားအကုန်အကျခံကာ မြို့မှ ခိုးထွက်ပြီး အေအေထိန်းချုပ်ရာ နယ်ဒေသများသို့ ထွက်ပြေးခဲ့ကြရသလို လေကြောင်းဖြင့် ပြည်မဘက်သို့လည်း တိမ်းရှောင်ခဲ့ကြသည်။
မတ်လ လလယ်လောက်ကစပြီး ယခင်က ဆရာဝန်နှင့် သူနာပြုဝန်ထမ်း ၄၀၀ ခန့်ရှိခဲ့သည့် စစ်တွေပြည်သူ့ဆေးရုံကြီးမှာလည်းဝန်ထမ်းဆယ်ဂဏန်း လောက်သာ ကျန်ရှိတော့သလိုသွားခွင့်မသာသည့် ဝန်ထမ်းတချို့မှလွဲ၍တခြားဌာနဆိုင်ရာဝန်ထမ်းများသည်လည်းအကြောင်းအမျိုးမျိုး ပြကာ မြို့ကို စွန့်ခွါသွားခဲ့ကြသည်။
သို့သော် မြို့ကိုစွန့်ခွာနိုင်သူလူအုပ်စုထဲ လက်လုပ်လက်စား၇ခိုင်ပြည်သူများ နှင့် မွတ်ဆလင်များ မပါဝင်နိုင်ခဲ့--------။
လေကြောင်းဖြင့် သွားလာရန် နိုင်ငံသားအထောက်အထားကဒ်လိုအပ်သည့်အတွက် အထောက်အထားမရှိသည့် မွတ်ဆလင် ၉၉ရာခိုင်နှုန်းမှာလေကြောင်းဖြင့် ထွက်ခွာ၍ မရသလို နယ်သို့တိမ်းရှောင်နိုင်ရန်လည်း အခက်အခဲများစွာရှိနေသည်ဟု ကိုရော်ဖိခ်က ပြောဆိုသည်။
"မွတ်စလင်တွေအထဲမှာတော့ သွားလို့ရတဲ့လူက အရမ်းနည်းပါတယ်။ မှတ်ပုံတင်ရှိတဲ့သူက တော်တော်နည်းတာကို။ အများစုကတော့ ကျန်ပါသေးတယ်။ တွက်ကြည့်ရင် ရန်ကုန်ကို သွားတာက ၁ ရာခိုင်နှုန်း လောက်တောင် ရှိမှာ မဟုတ်ပါဘူး" ဟုပြောသည်။
စစ်ကောင်စီက စစ်တွေမြို့အဝင်အထွက် တံတားများကို မိုင်းခွဲ ဖျက်ဆီးပြီး ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ကာ ပင်လယ်ကမ်းစပ် တလျှောက် ကိုလည်း ခြံစည်းရိုး ထိုးခဲ့သလို ဇွန်လကတည်းက ချောင်းစပ်၊ ကမ်းစပ် ဝင်ပေါက်များ ပါမကျန် မိုင်းများ ထောင်ခဲ့ကြသည်။
ထို့အပြင် မြို့ပတ်လည်ရေလမ်းကြောင်း တလျှောက်တွင်လည်း ရေတပ်သင်္ဘော အနည်းဆုံး ၅ စီးခန့်က ပုံမှန်စောင့်ကြည့်လျက်ရှိသည့်အတွက် လေကြောင်းဖြင့်သာ ပြည်မသို့တိမ်းရှောင်နိုင်ပြီး အေအေထိန်းချုပ်ရာဒေသများကို တိမ်းရှောင်ရန် လွန်စွာခက်ခဲသွားပြီဖြစ်သည်။
စစ်တွေမြို့တွင်းပိတ်လှောင်ခံထားရသည့် အပြစ်မဲ့ ပြည်သူများအနက် ထွက်ပြေးဖို့ကြိုးစားသူတချို့မှာဆိုးဝါးသည့်ကံကြမ္မာဆိုးများနှင့် ရင်ဆိုင်ခဲ့ကြ၇သည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့ညက စစ်တွေမြို့ထဲမှ ထွက်ပြေးခဲ့ကြသည့် ပြည်သူ အချို့ ကို စစ်ကောင်စီက လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဩဂုတ်လ ၃၁ ရက်ကလည်း ဆက်ရိုးကျချောင်းအနီး ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာ၇ပြီး ၅ ဦး ဖမ်းဆီးခံခဲ့ကြ၇သည်။
စစ်တွေမြို့တွင်းမှ AA ထိမ်းချုပ်ရာ နယ်မြေများသို့ ခိုးထွက်သူများထဲမှ အချို့မှာ မိုင်းထိ၍ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည့်အပြင် စစ်ကောင်စီ လက်ရ ဖမ်းဆီးရမိသွားသူများအားဖမ်းဆီးနှိပ်စက်ခြင်း၊ အကျဥ်းချခြင်းများ ပြုလုပ်လျက်ရှိသည်။
ဇွန်လ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ပါဒလိတ်၊ အောင်
တိုင် ကျေးရွာများမှ နီးစပ်ရာ ဒေသကို စစ်ဘေးရှောင်ကြသည့် ကလေးတစ်ဦး အပါအဝင် (၁၁)ဦးကိုစစ်ကောင်စီ နေဗီသင်္ဘောမှ ဖမ်းဆီးပြီး ၇ခိုင်အမျိုးသား၂ ဦးကိုပစ်သတ်ကာ ၇ခိုင် အမျိုးသမီး ၂ ဦးကိုဆက်လက် ဖမ်းဆီးထားခဲ့ပြီးကျန် အမျိုးသမီးများကို ကတုံးတုံး၍ ပြန်လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်ကလည်းစစ်တွေဒေသခံ ၁၃၀ ကျော် မြို့မှ ထွက်ခွါလာစဉ် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်သဖြင့် ကြောက်လှန့်ပြီး ကစဥ့်ကလျားထွက်ပြေးကြရာမှာမြို့ပတ်လည်မှာ ထောင်ထားသည့် မိုင်းများကို နင်းမိ၍ ၃ ဦးပွဲချင်းပြီး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး လူဦးရေ ၃၀ ကျော် ဖမ်းဆီးခံခဲ့၇သည်။
ထို့အပြင် မေလ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ရခိုင်ပြည်သူ ၇၆ ဦးတို့ကို စစ်ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသား ၂၀၀ခန့်ကိုလည်း စစ်ကောင်စီ ခလ၇ (၂၀)သို့ဖမ်းဆီးခေါ်
ဆောင်သွားကာ အမျိုးသမီး (၃)ဦးကိုလည်း မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ရွာသားများကပြောဆိုထားသည်။
နောက်ပြီး စစ်တွေမြို့စွန်မှ ကျေးတောပိုက်ဆိပ်၊ ရွှေပြည်သာ၊ ဗျိုင်းဖြူ၊ ရွှေမင်းဂံ၊ မင်းဒရားချိပ်၊ သုံးဆောင်ရွာ၊ ကြွီတဲ၊ ကြွီတဲပိုက်ဆိပ်ချေ၊ကြွီတဲ ပိုက်ဆိပ်ကြီး၊ အုံးရေပေါ် ၊ ပန္လင်ပြင်၊ အောင်တိုင်၊ အမြင့်ကျွန်း၊ပါဒလိတ်၊ ရေချမ်းပြင်၊ကျက်တောပြင်၊ ပျားလယ်ချောင်း (ရွာသစ်/ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင်၊ ချောင်းနွယ်၊ ရွာသစ်ကေ၊ နာရီကန်၊ ကျားမသောက် စသည့် ကျေးရွာများမှ လူဦးရေ ၅ သောင်း ကျော်ကိုလည်းမြို့အတွင်းသို့ အတင်းအဓမ္မရွှေပြောင်းစေခဲ့သည်။
ယခုကဲ့သို့ ဆိုးဝါးသောလုပ်ရပ်များသည် စစ်ကောင်စီအနေနှင့်အေအေက အလွယ်တကူ ဝင်ရောက်မတိုက်ခိုက်နိုင်စေရန် နှင့် မြို့အတွင်းက ပြည်သူများကိုဓားစာခံအဖြစ် မြို့ပြင်သို့မထွက်နိုင်အောင် ပိတ်လှောင်ထားခြင်းဖြစ်ပြီး မည်သည့်ဒေသကိုမှမလုပ်ဖူးသေးသောလူ့အခွင့်အရေးချိုးဖောက်မှုကြီးဖြစ်သည်ဟု ကိုရော်ဖိခ်က ပြောသည်။
ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ခံရမှု နှင့် စားဝတ်နေရေးအခက်အခဲမျေားကြာင့် အမျိုးသမီးများအပေါ် လည်း စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါသက်ရောက်မှုကြီးကြီးမားမားရိုက်ခတ်သည်ဟု ဆိုသည်။
"နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေ အတွက် ဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုပြီးတိုးလာတယ်။ နောက်ပြီးအမျိုးသမီးတွေမှာ လိုအပ်တဲ့ လိုချင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်လို့လည်းအဆင်မပြေဘူး။ ပစ္စည်းရှိရင်တောင်မှ ပိုက်ဆံမရှိလို့ မဝယ်နိုင်တဲ့ အနေအထားတွေရှိတယ်"ဟု သူမြင်တွေ့နေရသည့်အခြေအနေများကို ကိုရော်ဖိခ်က ပြောပြသည်။
လူသူနည်းပါးလာသည့် စစ်တွေ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင်မူ ခိုးဆိုး လုယက်မှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေပြီး မွတ်ဆလင်ကျေးရွာများတွင်လည်း ယခင်ကထက် ရာဇဝတ်မှုများ ပိုများလာသည်ဟု အမည်မဖော်လိုသည့် စစ်တွေဒေသခံ ကမန်အမျိုးသမီးတစ်ဦးက ပြောသည်။
"ကျန်းမာရေးလည်း အဆင်မပြေ ၊ စားဝတ်နေရေးလည်း အဆင်မပြေ ၊ ကလေးတွေ ပညာရေးလည်း အဆင်မပြေဘူး။ ထွက်ပြေးဖို့ကလည်း ဘယ်လို ပြေးမလဲ။ မှတ်ပုံတင်ရှိတဲ့ လူတွေ၊ ငွေရှိတဲ့ လူတွေကတော့ ပြေးကြတယ်။ မရှိတဲ့လူတွေက ဘယ်ပြေးမလဲ"ဟု စိတ်ပျက်အားငယ်နေသည့် လေသံဖြင့်သူမက ပြောဆိုသည်။
အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်များကြားက စစ်ကောင်စီက ဒေသခံများကို နေ့စဥ်ဖမ်းဆီးမှု၊ ငွေညှစ်မှု၊ သတ်ဖြတ်မှုများရှိနေသည့်အတွက် နေ့ရက်တိုင်းကို စိုးရိမ်သောကများဖြင့်စိုးတထိတ်ထိတ် နေထိုင်၇ကြောင်း သူမက ပြောသည်။
ဘူးသီးတောင်၊ မောင်တောမြို့သိမ်းတိုက်ပွဲများအတွင်း ဖြစ်ပွားခဲ့သည့် ရှုပ်ထွေးမှုများကြောင့် လူမျိုးရေးအရ ဆက်ဆံရေးတင်းမာမှုများရှိလာချိန်မှာ စစ်တွေတွင်လည်း အလားတူဖြစ်ရပ်မျိုးဖြစ်လာမှာကို ကိုရော်ဖိခ်နှင့်အတူ မွတ်ဆလင်ဒေသခံများ စိုးရိမ်နေခဲ့ကြ၇သည်။
စစ်တွေမြို့နယ်အတွင်း မွတ်ဆလင်လက်နက်ကိုင်များဖြစ်သည့် ARSA၊ RSO၊ ARA တို့မရှိသော်လည်း ပြည်သူ့စစ်အနေနှင့် မွတ်ဆလင်အရပ်သား ၃၀၀၀ ကျော်အထိ စုဆောင်း ခံထားရသည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလာပါက တခြားမြို့နယ်များထက် ပိုမိုရှုပ်ထွေးနိုင်သည်ဟု ကေိုရာ်ဖိခ်က ခန့်မှန်းထားသည်။
"စစ်တွေမှာတိုက်ပွဲဖြစ်ပြီဆိုရင် အရပ်သားတွေကို သေနတ်ပေးတဲ့ ကဏ္ဍအထိ ဖြစ်နိုင်ပါတယ်။ စစ်တပ်မှာလည်း သူတို့ဘက်တော်သားတွေ လိုတယ်ပေါ့လေ။ အဲ့ဒီလိုဖြစ်ပြီဆိုရင်တော့ CommunityBase Security ပေါ့လေ။ ပြောရမယ်ဆိုရင်တော့ ရွာသားတွေကို အသုံးချပြီး ရွာကိုကာကွယ်မယ်ဆိုတဲ့သဘောတွေဖြစ်လာနိုင်တယ်။ အဲ့လို System ကို စစ်တပ်က သုံးလာမယ်ဆိုရင် အရမ်းကို လူမျိုးရေး၊ ဘာသာရေးပြဿနာတွေရှုပ်ထွေးသွားနိုင်တယ်။ စစ်ကောင်စီကလည်း စစ်တွေကို ယုတ်မာတဲ့နည်းလမ်းတွေသုံးလာနိုင်တယ်။ ဒါကြောင့် တော်တော်ကို ရှုပ်ထွေးနိုင်တယ်လို့ ထင်ပါတယ်" ဟု သူကဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့နယ်၊ မင်းလှကျေးရွာအနီး စစ်ကောင်စီ နှင့် အာရက္ခတပ်တော် (AA)တို့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်တွေ မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်း မရှိသော်လည်း ကိုရော်ဖိခ် စိုးရိမ်သလို ချက်ချင်းဖြစ်လာခဲ့သည်။
သြဂုတ်လ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် သက္ကယ်ပြင်၊ ဘောဒူဘ စသည့်မွတ်ဆလင်ကျေးရွာများမှာ အရွယ် ရောက်ပြီးသူတိုင်း မြို့ကိုကာကွယ်ရန်စစ်မှုထမ်းဆောင်ရမည်ဟု စစ်ကောင်စီတပ်အရာရှိတချို့နှင့် ရဲမှူးတို့က လာရောက် သတိပေးခဲ့သည်။
ယခုကဲ့သို့ လာရောက်သတိပေးမှုများကြောင့် အတင်းအဓမ္မလက်နက်ကိုင်ရန် ဖိအားပေးစခိုင်းခံရမည်ကို စိုးရိမ်ထိတ်လန့်မှုများရှေိနကြသော်လည်း စစ်တွေက မွတ်ဆလင်အသိုင်းအဝိုင်းအနေနှင့် စစ်ကောင်စီဘက်က ရပ်တည်ရန်ဆန္ဒမရှိကြကြောင်း ကိုရော်ဖိခ်က ပြောသည်။
"ကျနော်တို့ သူတို့(စစ်ကောင်စီ)ဘက်ကို ရပ်တည်စရာတော့ မရှိဘူး။ နောက်တခုက ဘူးသီးတောင်၊ မောင်တောမှာလို ARSA/RSO ေတွလည်းမရှိဘူး။ စစ်တွေမှာ နေထိုင်တဲ့လူအများစုက ရခိုင်တွေနဲ့ပဲ ပေါင်းနေချင်တဲ့သဘောရှိတယ်။ နောက်တခုက မောင်တော၊ ဘူးသီးတောင်မှာ စစ်တပ်နဲ့ပေါင်းလို့ ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို စစ်တွေကလူတွေ ကောင်းကောင်းသိတယ်" ဟု ပြောသည်။
လူ့အခွင့်ရေးချိုးနှိမ်ကာ အသွားအလာ အလုပ်အကိုင် ကျောင်းတက်ခွင့်ကအစ ရိုက်ချိုးသန့်သတ်ခံထားရပြီး တိုက်ပွဲဖြစ်လာသောအချိန်ရောက်မှသာ လက်နက်ပေးကာ မွတ်ဆလင်များအား သေပွဲဝင်ခိုင်းခြင်းမှာ မွတ်ဆလင်များအပေါ်ထား သောစစ်ကောင်စီ၏ သဘောထားကို ကွက်ကွက်ကွင်းကွင်းမြင်သာစေသည်။
စစ်တွေတွင် သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဘ၊ အုန်းတစ်ပင်၊ ဆေးသမား၊ ရော်ဘာခြံအပါအဝင် ဒုက္ခသည်စခန်း စုစုပေါင်း ၁၄ ခုတွင် လူဦးရေ တစ်သိန်းသုံးသောင်းကျော်ခန့်ရှိကြောင်း သိ၇သည်။ အဆိုပါ စခန်းများတွင် လှုံခိုနေကြသူများမှာ ၂၀၁၂ ခုနှစ်ကတည်းက လူမျေိုးရး၊ ဘာသာရေးပဋိပက္ခဖြစ်စဉ်မျေားကြာင့် နေရပ်စွန့်ခွာခဲ့ကြသူများ ဖြစ်သည်။
၂၀၁ရ ခုနှစ်က နယ်မြေရှင်းလင်းမှုများကြောင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကို မွတ်ဆလင် ရ သိန်းခွဲခန့် ထွက်ပြေးခဲ့ကြရသည်။ သူတို့သည် လက်ရှိအချိန်အထိ နိုင်ငံရေး၊ စစ်ရေး၏သားကောင်အဖြစ် အသုံးချခံနေကြရဆဲပဲလို့ ကိုရော်ဖိခ်က ပြောသည်။
လူအခွင့်ရေးချိုးဖောက်ခံရသည်။ အနိုင်ကျင့်ခံ၇သည်။
ခွဲခြားဆက်ဆံခံရသည် ဆိုသောစကားလုံးများသည် ၇ခိုင်မှ မွတ်ဆလင်များအတွက် အထူးအဆန်းမဟုတ်တော့ပေ။
ယခုလည်း စစ်တွေတွင် စစ်ပွဲဖြစ်လျှင် ဒေသခံမွတ်ဆလင်များအဖို့ စစ်တပ်နှင့်အပေါင်းအပါများ၏အသုံချခံဖြစ်လာလိမ့်ဦးမည်မှာမြေကြီးလက်ခတ်မလွဲပေ။
ယခင်ကလည်းသင်ခန်းစာများရှိသည့်အတွက် သေဆုံးမှု အနည်း ဆုံးဖြစ်ပါစေဟု ကိုရော်ဖိခ်တို့ဆုတောင်းနေသည်။
အခုလိုအခြေအနေများကြောင့် အာရက္ခတပ်တော်အနေနှင့် အရပ်သားထိခိုက်မှု အနည်းဆုံး စစ်ရေးစီမံချက်များကို စနစ်တကျ ချမှတ်ဖို့လိုကြောင်း ဗမာ့ပြည်တွင်း စစ်ပြတိုက်၏ သုတေသီ ကိုရဲဟိန်းအောင်က ပြောသည်။
"အဓိက ကတော့ စစ်တွေမှာရှိနေတဲ့သူတွေပေါ့နော်။ ကျနော်တို့ မွတ်ဆလင် ပြည်သူတွေပဲ ဖြစ်ပါစေ။ ရခိုင်ပြည်သူတွေပဲဖြစ်ပါစေ။ အခြားလူနည်းစု ပြည်သူတွေပဲ ဖြစ်ပါစေပေါ့နော်။ ဒီလူတွေကို ပြည်သူတွေလို့ တစ်လုံးတစ်စည်းတည်း မြင်ဖို့လိုပါတယ်။ ပြည်သူတွေကို ကာကွယ်ဖို့အတွက်ကို ဘယ်လိုလုပ်မလဲ။ အရပ်သားထိခိုက်မှု အနည်းဆုံး စစ်ရေးစီမံချက်တွေကို ဘယ်လိုဆောင်ရမလဲဆိုတာကတော့ အဓိက ဒီအာရကန်ဒေသရဲ့ တိုက်ပွဲကို ဦးဆောင်နေကြတဲ့ အာရက္ခတပ်တော်ပေါ့နော်။ အာရကန် အာမီအနေနဲ့ စစ်ရေးစီမံချက်တွေကို စနစ်တကျ ချမှတ်ဖို့လိုတယ်လို့ ကျနော်သုံးသပ်ပါတယ်" ဟုဆိုသည်။
ရက္ခိတပ်တော် တပ်မှုးချုပ်ဗိုလ်ချုပ် ထွန်းမြတ်နိုင် က
“ကျွန်တော်တို့ရဲ့ ပထမ ဦးစားပေးကတော့ ရခိုင်ကို ဒေသ တွင်းမှာ ခိုင်မာတောင့်တင်းပြီးအချုပ်အခြာ အာဏာပိုင် စိုးမှု နဲ့ အတူ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးပြီး ဂုဏ်သိက္ခာ ရှိ ရှိ ရပ်တည်သွားနိုင်ဖို့ ဖြစ်ပြီး ရခိုင် ပြည်အတွင်း နေထိုင် ကြသူ အားလုံး တန်းတူရည်တူ အခွင့်အရေး တွေ ကိုယ်စီ ကိုယ်ငှ ၇ဖို့ ဆက်ပြီး တာဝန်ယူသွားမှာ ဖြစ်ပါတယ်” ဟု TheDiplomat သတင်းဌာနနှင့် စက်တင်ဘာလ ၆ ရက်က တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုထားသည်။
လက်ရှိမှာတော့ ထွက်လမ်းမဲ့ စစ်တွေမြို့အတွင်း ပိတ်မိနေသည့် ကိုရော်ဖိခ်နှင့် အတူ ဒေသခံများမှာ ရင်တထိတ်ထိတ်ဖြင့် စစ်ပွဲကိုထိုင်စောင့် နေကြပေသည်။
ပြေးစရာနေရာလည်း မရှိသလို ပြေးခွင့်လည်း မရကြသည့် ကန့်သတ်ခံရသော အသက်ရှိ အရုပ်များဖြစ်သည်။
စစ်ပွဲကို သူတို့မစတင်သလို ဖိတ်လဲမဖိတ်ခေါ်ခဲ့ဖူးပေ။ စစ်ပွဲအဆုံးသတ်ရန်လည်း သူတို့ မတတ်နိုင်ပေ။ သို့သော်သမိုင်းပေးစစ်ပွဲကို ဖြတ်ကျော်၇အုံးမည်မှာ ဧကန်မုချပင်ဖြစ်သည်။
သူတို့သည်လည်း စစ်ပွဲကြားက အပိတ်ဆို့ခံ မြေစာပင်များသာ ဖြစ်သည်။
သူတို့ မည်သို့လွတ်မြောက်နိုင်မည်နည်း။ စစ်ပွဲအတွင်းလား။ စစ်ပွဲ အပြီးတွင်လား ။ သို့မဟုတ် ဘယ်တော့မှမဖြစ်လာနိုင်ဘူးလား။ ဘယ်အခြေအနေမှာ ကိုရော်ဖိခ် တို့ လွတ်လပ်စွာပျံသန်းနိုင်မည်နည်း။
ဖြစ်ပွားလာမည့် စစ်ရေး၊နိုင်ငံရေးပဋိပက္ခများကို ရခိုင်ပြည်တွင်နေထိုင်သည့် ရခိုင်လူမျိုးဖြစ်စေ၊ မွတ်ဆလင်နှင့် တခြား လူမျိုးစုများပင်ဖြစ်စေ ရှေ့လျှောက်အတူတကွ
နေထိုင်သွားရမည့်သူများ ဖြစ်သည့်အတွက် အာဃာတများနှင့် စိတ်ခံစားချက်မထားဘဲ ငြိမ်ငြိမ်းချမ်းချမ်းကျော်လွှားနိုင်ရန် ကိုရော်ဖိခ်က မျှော်လင့်နေလေသည်။