Preview

အပိုင်း (၂)

ဆောင်းဦးမာန် | နိုဝင်ဘာ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :1969
ဆောင်းပါး

အပိုင်း (၂)

မောင်တောမြို့သိမ်းတိုက်ပွဲ

မောင်တောမြို့နယ်တိုက်ပွဲတွေအထဲမှာအာရက္ခတပ်တော် (AA)  ပမထဆုံးအောင်ပွဲရလိုက်တာကမောင်တောမြို့နယ်မြောက်ပိုင်းမှ  ဒုံးညို"နယ်ခြားစောင့်တပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ (၁၆) ရက်နေ့နံနက် (၁၀) နာရီခန့်မှစတင်ထိုးစစ်ဆင်ခဲ့ပြီး "နိုဝင်ဘာ (၁၇) ရက်နေ့နေ့လယ် (၁) နာရီအချိန်တွင်AA က မောင်တောမြို့နယ်မှာ ပွဲဦးထွက်အဲဒီဒုံးညိုစခန်းကိုစတင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ပြီးဘင်္ဂလားဒေ့ရှ်နဲ့ကပ်ရပ်တည်ရှိတဲ့မောင်တောမြို့မြောက်ပိုင်းရှိနယ်ခြားစောင့်တပ်စခန်း(သို့မဟုတ်)  ဗျူဟာစခန်းနှစ်ခုဖြစ်ကြတဲ့ တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အားရက္ခိုင့်တပ်တော်မှ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊နံနက် (၅) နာရီ (၁၀) မိနစ်တွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းနှစ်ခုလုံးကိုစတင်တိုက်ခိုက်ပြီး(၁၂) နာရီအတွင်းညနေ (၆) နာရီခန့်မှာရက္ခိုင့်တပ်တော်မှအလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

တောင်ပြို (လက်ယာ) ကိုအပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက်တစ်ဆက်တည်း၌ပင်ဖေဖော်ဝါရီလ (၆) ရက်နေ့၊ညနေပိုင်းတွင်တောင်ပြို (လက်ဝဲ) စခန်းကိုလည်းအပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

မောင်တောမြို့နယ်၊ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိစစ်ကောင်စီ၏စခန်းကို အာရက္ခတပ်တော်က ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊နံနက် (၇) နာရီခန့်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး (၉) နာရီအကြာထိုးစစ်အပြီးညနေ (၄) နာရီ (၃၀)မိနစ်မှာ အဲဒီစခန်းတစ်ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

မောင်တောမြို့မြောက်ပိုင်း ၈မိုင်အကွာမှ ကျီးကန်းပြင်ဌာနချုပ်ကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

အာရက္ခတပ်တော်ဟာ စစ်ကောင်စီရဲ့ မောင်တောဒေသရှိ ဗောဓိကုန်းစခန်းအား ဖေဖော်ဝါရီလ (၁၅) ရက်၊နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။  ထိုးစစ်ဆင်တိုက်ခိုက်ချိန်၂၄နာရီကျော်အကြာ ဖေဖော်ဝါရီလ (၁၆) ရက်၊နံနက် (၆) နာရီခန့်အချိန်မှာ အဲဒီ စခန်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်သိမ်းပိုက်ခဲ့တာက  “တာဝါတိုင်စခန်း”ကို  ဇွန်လ (၂) ရက်၊ ညနေ (၅) နာရီအချိန်မှာ သိမ်းပိုက်ခဲ့သလို  ကျောက်ပန္ဒူစခန်း” အား ဇွန်လ (၃) ရက်၊ နံနက် (၅) နာရီ (၄၀) မိနစ်မှာ သိမ်းပိုက်ခဲ့ပါတယ်။

“ခွဆုံပြင်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၅) မိနစ်အချိန်မှာ သိမ်းပိုက်ပြီး “မြင်းလွှတ်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။

“အင်းဒင်စခန်း” (သို့မဟုတ်) “နခခ (၆) စခန်း”ကို ဇွန်လ (၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်မှာ သိမ်းပိုက် ရရှိခဲ့ပြီး  “နခခ (၉) စခန်း” အား ဇွန်လ (၇) ရက် နေ့လယ် (၃) နာရီအချိန်မှာ အသီးသီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။  

မောင်တောမြို့နယ်အတွင်းရှိ (၁) “နခခ (၄) တပ်ရင်းဌာနချုပ်”ကို ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်မှာ သိမ်းပိုက်ပြီး  “အလယ်သံကျော်စခန်း”ကို  ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

“မောရဝတီဗျူဟာ” ကို ဇွန်လ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်မှာ သိမ်းပိုက်ရရှိခဲ့ပြီး  “နခေါင်းတိုစခန်း” အား ဇွန်လ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်မှာ အသီးသီး ထပ်မံ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

မောင်တောမြို့၊ရန်အောင်ပြင်ကင်းစခန်းအားဖေဖော်ဝါရီလ (၂၃) ရက်၊နံနက် (၇) နာရီ (၃၂) မိနစ်မှာ စတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင်၎င်းစခန်းအားအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်။

စစ်ကောင်စီရဲက လက်ကျန်စခန်းတွေ အထဲက တစ်ခုဖြစ်တဲ့ မောင်တော၊ကြိမ်ချောင်းဗျူဟာ စခန်းကြီးကို အာရက္ခတပ်တော်က ၂၀၂၄ခုနှစ်၊ဧပြီလ (၁၂) ရက်နေ့မှာ  အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

မောင်တောမြို့ကအရေးပါတဲ့ နခခ (၂) နယ်ခြားစောင့် တပ်စခန်းကိုတော့ ၂၀၂၄ခုနှစ်၊ဇူလိုင်လ (၆) ရက်နေ့၊နေ့လယ် (၁) နာရီ (၄၀) မိနစ်အချိန်မှာ AA ကသိမ်းပိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း  ရန်သူ့အလောင်း (၃၅၀) ကျော်၊လက်နက်ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့နှင့်အတူသိမ်းဆည်းရမိခဲ့တယ်လို့AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မောင်တောမြို့နယ်အတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ နယ်ခြားစောင့်စခန်းတွေကတော့ (၁) ဥဒေါင်း-ညောင်ချောင်းကျော်လမ်း၊ကင်းစခန်း (၂) ရွာသစ်ကေကင်းစခန်း (၃) နခခ (၁) လက်အောက်ခံ၊အောင်ဗလရွာကင်းစခန်း (၄) နခခ (၁) လက်အောက်ခံ၊အောင်ဗလချောင်းဝကင်းစခန်း (၅) နခခ (၁) လက်အောက်ခံ၊ရွှေဇားစစ်ဆေးရေးဂိတ်ကင်းစခန်း (၆) နခခ (၁) လက်အောက်ခံ၊ပြာသားရွာကင်းစခန်း (၇) နခခ (၄) လက်အောက်ခံ၊ရွှေရင်အေးကင်းစခန်း (၈) နခခ (၄) လက်အောက်ခံ၊ခရေမြိုင်ကင်းစခန်း (၉) နခခ (၄) လက်အောက်ခံ၊ဂေါ်ဒူသာရကင်းစခန်း (၁၀) နခခ (၄) လက်အောက်ခံ၊ရွှေဗဟိုကင်းစခန်း (၁၁) နခခ (၄) လက်အောက်ခံ၊သရီကုန်ဘောင်ကင်းစခန်း (၁၂) နခခ (၆) လက်အောက်ခံ၊သဝင်ချောင်းကင်းစခန်း (၁၃) နခခ (၆) လက်အောက်ခံ၊ခွဆုံပြင်ကင်းစခန်း (၁၄) နခခ (၄) လက်အောက်ခံ၊နှာခေါင်းတိုကင်းစခန်း (၁၅) ကျောင်းတောင်တံတားစစ်ဆေးရေးဂိတ်စခန်း (၁၆) ကင်းချောင်းစခန်း (၁၇) သီဟိုဠ်ခြံကင်းစခန်း (၁၈) ဂြင်းတောကင်းစခန်း (၁၉) ကင်းချောင်းရွာကင်းစခန်း (၂၀) ရီနောက်ငါးသားရွာ၊ဘုန်းကြီးကျောင်းတောင်ကုန်းစခန်း (၂၁) နခခ (၇) လက်အောက်ခံ၊ရေတွင်းပြင်ချောင်းဝစခန်း (၂၂) နခခ (၇) လက်အောက်ခံ၊ဇီးပင်ချောင်း (ချောင်းဝ) စခန်း (၂၃) နခခ (၇) လက်အောက်ခံ၊ဖက်လိပ်ပြင်ချောင်းဝကင်းစခန်း (၂၄) နခခ (၇) လက်အောက်ခံ၊ကျောက်ချောင်း (ချောင်းဝ) စခန်း (၂၅) နခခ (၇) လက်အောက်ခံ၊ထန်းချောင်း (ချောင်းဝ) စခန်း (၂၆) နခခ (၇) လက်အောက်ခံ၊သဲချောင်း (ချောင်းဝ) စခန်း (၂၇) နခခ (၂) လက်အောက်ခံ၊သင်္ဘောလှချောင်းဝစခန်း (၂၈) နခခ (၂) လက်အောက်ခံ၊ ကွမ်းသီးပင်ချောင်းဝ ကင်းစခန်း (၂၉) နခခ (၂) လက်အောက်ခံ၊မီးတိုက်ချောင်းဝကင်းစခန်း (၃၀) အောင်ဇံကင်းစခန်း (၃၁) ဝက်ကျိန်းဘုရားတောင်ကင်းစခန်း (၃၂) စံကားပင်ရင်းကင်းစခန်း (၃၃) သာယာကုန်း နခခရဲကင်းစခန်း (၃၄) သင်္ဘောလှကျေးရွာကင်းစခန်း (၃၅) မီးတိုက်ကျေးရွာရဲကင်းစခန်း (၃၆) အောက်ပြူးမ ကင်းစခန်း (၃၇) လောင်းဒုံကင်းစခန်း (၃၈) ရေမျက်တောင်ကင်းစခန်း (၃၉) စံပယ်ပင်ရင်း ကင်းစခန်း (၄၀) အောက်ပြူးမချောင်းဝ ကင်းစခန်း (၄၁) ကျားခေါင်းတောင်ကင်းစခန်း (၄၂) သက်ကိုင်ညာကင်းစခန်း (၄၃) ဖားဝပ်ချောင်းကင်းစခန်း (၄၄) ဘော်ဒူလာကင်းစခန်း (၄၅) ငန်းချောင်းရေကျော်ကင်းစခန်း (၄၆) သုပဏ္ဏက ကင်းစခန်း (၄၇) အောင်ချမ်းသာစခန်း (၄၈) ခြံပြင်ချောင်းဝကင်းစခန်း (၁) (၄၉) ရွက်ညိုတောင်ချောင်းဝ (၅၀) သရက်အုပ်ကင်းစခန်း (၅၁) စံကားပင်ရင်းအမှတ် (၁) ကင်းစခန်း (၅၂) နံသာတောင်ချောင်းဝ (၅၃) ခြံပြင်ကင်းစခန်း (၅၄) မင်းခမောင်းစခန်း (၅၅) မင်္ဂလာညွန့်စခန်း (၅၆) ကြက်ရိုးပြင်စခန်း (၅၇) မောင်နီရွာကင်းစခန်း (၅၈) (၅) မိုင်ကင်းစခန်း (၅၉) နခခ (၆) လက်အောက်ခံ၊ သင်္ဘောကွေ့ကင်းစခန်း (၆၀) ကျောက်ပန်းဒူချောင်းနားကင်းစခန်း (၆၁) နခခ (၄) လက်အောက်ခံ၊ မှောင်ဝင်ချောင်းဝကင်းစခန်း (၆၂) ဇော်မတက် ကင်းစခန်းတို့ဖြစ်ကြပါတယ်။

လက်ရှိမောင်တောမြို့နယ်မှာတစ်ခုတည်းသောစစ်ကောင်စီလက်ကျန်စခန်းနခခ (၅)ကို  အာရက္ခတပ်တော်ကဝိုးင်းရန်ပိတ်ဆို့တိုက်ခိုက်နေသလိုစစ်ကောင်စီဘက်ကလည်းလေကြောင်းကနေအပြင်းအထန်ခုခံကာကွယ်နေပါတယ်။

အမ်းမြို့ သိမ်းတိုက်ပွဲ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

၂၀၂၄ခုနှစ်၊ဇွန်လ (၂၃) ရက်နေ့၊နံနက် (၉) နာရီ (၅၆) မိနစ်အချိန်တွင်အမ်းမြို့နယ်ရှိ  စစ်ကောင်စီရဲ့ ရှေ့တန်းတပ်မအထိုင်ဗျူဟာစခန်းကြီးဖြစ်တဲ့  "တောဟိန်းတောင်ဗျူဟာ" ကို အာရက္ခတပ်တော်မှအပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဧပြီလ (၁၅) ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရတဲ့  စစ်ရေးအရ အရေးပါတဲ့ တောဟိန်းတောင် ဗျူဟာကုန်းကြီးတစ်ခုဖြစ်ပါတယ်။  အာရက္ခတပ်တော် စစ်သည်တော်တွေရဲ့  ထိုက်သင့်တဲ့ ပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဝင်နိုင်မှုအောက်မှာ  အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။  

အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းတွေထဲက  တစ်ခုဖြစ်တဲ့  မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနဲ့  ၎င်းအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းတွေအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ ညနေ (၃) နာရီ (၅၀) မိနစ်မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

လက်ရှိအာရက္ခတပ်တော်ဟာအမ်းမြို့ရှိစကစတပ်ရင်းများ အမှတ် (၂) တပ်ဆေးရုံ၊ ခမရ (၃၇၃) တပ်ရင်း၊ကံ့ကော်တထောင်ဘုရားဗျူဟာကုန်း၊ပလောင်တောင်ဘုရားဗျူဟာကုန်း၊ ကမ်ဒိတ်တောင်ဗျူဟာကုန်း၊  မိုက်ကရိုဝှေ့တောင်ဗျူဟာကုန်း၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း၊အမှတ် (၉၆၄) ဆောက် - အင်ဂျင်နီယာတပ်ရင်း၊အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ် (COD) ၊စရဖတပ်ဖွဲ့၊ခမရ (၃၇၁) တပ်ရင်း၊အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊အမှတ် (၇၅၇) အလုပ်ရုံတပ်၊အမှတ် (၈) ဆက်သွယ်ရေးတပ်တွေကိုသိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။

လက်ရှိအာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကခမရ (၃၇၂) တပ်ရင်း၊အမှတ် (၉၂၆) ထောက်ပို့တပ်နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တို့သာကျန်ရှိနေတော့တယ်လို့သိရပါတယ်။

ဂွမြို့သိမ်းတိုက်ပွဲ

ဂွမြို့နယ်တိုက်ပွဲဟာ  ၂၆ မိုင်ခန့်အကွာ ချင်းကွင်းရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို AA က ဩဂုတ်လ ၈ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စတင်ခဲ့ပါတယ်။

အခုလက်ရှိဂွမြို့နယ်အတွင်းအာရက္ခတပ်တော်ရဲ့ထိုးစစ်ဟာဂွမြို့မြောက်ဘက်မိုင် (၂၀) ခန့်အကွာဆပ်သွားတိုက်နယ်ကျေးရွာကြီးထိရောက်ရှိလာနေပြီဖြစ်ပါတယ်။

ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုံးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းကို  ဖြတ်သန်းတည်ဆောက်ထားတဲ့ ကုလားပြင်တံတားအား ၂၀၂၄ အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲ ဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့  စခန်းတွေ ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ အဲဒီတံတားကို  ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခဲ့ပါတယ်။

ဂွမြို့အခြေစိုက်ခမရ (၅၆၂)နဲ့ခမရ (၅၆၃)တပ်ရင်းတို့တည်ရှိပါပြီး နောက်ဆုံး ရရှိတဲ့ သတင်းအရ အကြီးအကျယ်အင်အားတွေ ဖြည့်တင်းပြီး ခံစစ်ပြင်နေတယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ

လက်ရှိ တောင်ကုတ်မြို့မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ အာရက္ခတပ်တော် (AA)တောင်ကုတ်စကခ(၅)နဲ့လက်အောက်ခံခြေမြန်တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ(၃၄၆)နဲ့ ခမရ(၅၄၄)တို့ကို  နိုဝင်ဘာ ၉ ရက်မှစတင်ပြီးအနီးကပ်ဆုံးထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်။

အာရက္ခတပ်တော် (AA) ဟာ  တောင်ကုတ်တက္ကသိုလ်အနီးဦးထွန်းလှိုင်ရာဘာခြံတောင်မှလက်နက်ကြီးအထိုင်တပ်၊တက္ကသိုလ်ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်ကာကင်း၊တက္ကသိုလ်ဝင်းထဲအထိုင်ချထားသည့်စစ်တပ်နှင့်ပန်းမြောက်တောင်အမြောက်တပ်တို့ကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဒါ့ပြင် တန်းလွှဲရွာမမြို့ကိုလည်း တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။  

ကျောက်ဖြူမြို့အခြေအနေ

ကျောက်ဖြူမြို့ဟာ ရခိုင်ပြည်က တရုတ်စီမံကိန်းကြီးရှိရာ မြို့တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ ကျောက်ဖြူမြို့မှာ  စစ်အင်အားအများအပြား တိုးချဲ့ချထားပြီး ရေတပ်စစ်ရေယာဉ်တွေနဲ့ ကာရန်ထားပါတယ်။   စစ်ကောင်စီရဲ့  အကြီးဆုံး ဓညဝတီရေတပ်ဌာနချုပ်ဟာ ကျောက်ဖြူမြို့ သစ်ပုတ်တောင်မှာ တည်ရှိပါတယ်။  

ကျောက်ဖြူမြို့မှာတော့ ခလရ (၃၄)၊ ခမရ (၅၄၃)၊  ခမရ (၅၄၂)၊ အမှတ် (၃၂) ရဲတပ်ရင်းနဲ့  ဓညဝတီရေတပ်ဌာနချုပ်တို့ တည်ရှိပါတယ်။

ဒါ့အပြင်မြို့ချောင်းရဲစခန်း၊ စနဲရဲစခန်း၊  ဇင်ချောင်းရဲစခန်း၊ မင်းပြင်ရဲစခန်း၊ ကပိုင်ချောင်းရဲစခန်း၊ ကွမ်းချောင်းရဲစခန်းနဲ့ ကျောက်ဖြူရေကြောင်းရဲတပ်ဖွဲ့ရုံးတို့တည်ရှိပြီး နယ်ရဲစခန်းတွေကိုတော့ အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထားပါတယ်။  

စစ်တွေမြို့ အခြေအနေ

စစ်တွေမြို့မှာပွဲဦးထွက်တိုက်ပွဲကတော့  ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၉ ရက်၊ နေ့လယ် (၃)နာရီ ခန့်က မင်းလှ(ခေါ်) မီးလောင်ရွာမှာဖြစ်ပွားခဲ့ပါတယ်။အဲဒီကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့အာရက္ခတပ်တော် (AA) တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ 

ပွဲဦးထွက်တိုက်ပွဲဟာ အစကောင်းခဲ့သလို စစ်ကောင်စီ တပ်သား အလောင်း ၃၀ ကျော်နဲ့ လက်နက် ၅၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာသို့ အတည်ပြုပြောဆိုပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့်လည်း နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

 စစ်တွေမြို့မှာ လက်ရှိ အခြေစိုက်ထားတဲ့ တပ်ရင်းတွေကတော့ အမှတ်(၂၀) ခြေလျင်တပ်ရင်၊  အမှတ်(၂၃၂) ခြေလျင်တပ်ရင်း၊ အမှတ်(၂၇၀) ခြေလျင်တပ်ရင်း၊ အမှတ်(၃၄၄) ခြေမြန်တပ်ရင်း၊  အမြောက်တပ်ခွဲ - (၁)ခွဲ (အမှတ်(၃၇၃)အမြောက်တပ်ရင်း)၊ သံချပ်ကာတပ်ခွဲ - (၁)ခွဲ၊ စစ်ဆေးရုံ (ကုတင်-၁၀၀) - (၁)ရုံ၊ ထောက်ပံ့နဲ့  ပို့ဆောင်ရေးတပ်ခွဲ - (၁)ခွဲ၊  စစ်လက်နက်ပစ္စည်းတပ်ခွဲ - (၁)ခွဲ၊ လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်ခွဲ - (၁)ခွဲ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်စု - (၁)စု၊  ဆက်သွယ်ရေးတပ်စု - (၁)စု၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်စု - (၁)စု၊ တပ်ထိန်းတပ်ဆွယ် - (၁)ဆွယ်တို့ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ် မြို့တော်ကိုလည်း အမ်းကို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

မာန်အောင်မြို့ အခြေအနေ

ရခိုင်ပြည်က မာန်အောင်ကျွန်းပေါ်က မြို့နယ်တစ်ခုအဖြစ် တည်ရှိနေတဲ့ မာန်အောင်မြို့နယ်မှာ အခုအချိန်ထိတော့တိုက်ပွဲဖြစ်ပွားတာ မရှိသေးပါဘူး။ ဒါပေမယ့် စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ခရီးသွားလာခွင့်၊ သယ်ယူပို့ဆောင်ခွင့်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပါတယ်။ ဒါပြင် ဧည့်စာရင်းစစ်တာတို့၊ တစ်ရွာနဲ့ တစ်ရွာ သွားလာတို့၊ ငါးဖမ်းခွင့်တို့ကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ မာန်အောင်မြို့နယ်မှာ မျှော်တော်ဦးစစ်ကောင်စီ ရေတပ်စခန်း တစ်ခုတည်ရှိပြီး တစ်ခြား တပ်ရင်းတချို့လည်း လက်ရှိမှာအခြေစိုက် လှုပ်ရှားမှုတွေရှိနေပါတယ်။ ဒါ့ပြင် ရမ်းဗြဲကျွန်းနဲ့ မာန်အောင်ကျွန်းအကြားရှိ ရေလက်ကြားမှာလည်း ရေတပ်စစ်ရေယာဉ်တွေကို တိုးချဲ့ချထားပြီး လုံခြုံရေးကို နေ့ညမပြတ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ကိုးကား- အာရက္ခတပ်တော် (ပြန်ကြားရေး)၊ Wikipedia နဲ့ Narinjara

#သတင်း#စစ်ကောင်စီ#အာရက္ခတပ်တော်#တစ်ကျော့ပြန်စစ်ပွဲ#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.