English Edition
ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
၂၀၂၄ ရခိုင်စစ်ရေးမှတ်စု (၁ ဇန်နဝါရီမှ ၃၁ ဒီဇင်ဘာထိ)
Web Master
| ဇန်နဝါရီ ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :3470
ဆောင်းပါး
၂၀၂၄ ရခိုင်စစ်ရေးမှတ်စု (၁ ဇန်နဝါရီမှ ၃၁ ဒီဇင်ဘာထိ)
ဇန်နဝါရီလ
(၂-၁-၂၀၂၄) ပလက်ဝမြို့နယ် ခမောင်းဝစခန်းကုန်းကို အာရက္ခတပ်တော် (AA) အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။
(၂-၁-၂၀၂၄) တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးတွင်တည်ရှိသည့် ပလက်၀မြို့နယ်မှ “ခမောင်း၀စခန်း”အား ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၆၈) ရက်မြောက် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(၃-၁-၂၀၂၄) ၂၀၂၄ခုနှစ်ဇန်နဝါရီလ (၃) ရက်နေ့မှာ ချင်းလက်ဝစခန်းကုန်းအား အာရက္ခတပ်တော် (AA) အပြီးသတ် သိမ်းပိုက်ခဲ့သည်။
(၇-၁-၂၀၄) မြောက်ဦးမြို့နယ်တွင် ထမဆုံးစခန်းအဖြစ် သင်းကျစ်တော်တောင်စခန်းကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၇) ရက် ညနေ (၄) နာရီအချိန်မှာ အာရက္ခတပ်တော် (AA) အပြီးသတ် သိမ်းပိုက်ခဲ့သည်။
(၁၂-၁-၂၀၂၄) ဇန်နဝါရီလ (၁၂) ရက်၊နံနက် (၁၁) နာရီအချိန်ခန့်မှာတော့ နောက်ထပ် ကာကင်းစခန်းတစ်ခုဖြစ်တဲ့ မြောက်ဦးမြို့နယ် လင်းမြွေတောင်စခန်းကို အာရက္ခတပ်တော် (AA) ထပ်မံသိမ်းပိုက် ရရှိခဲ့သည်။
(၁၃-၁-၂၀၂၄) ပလက်မြို့နယ် "မီးဝဗျူဟာ"စခန်းကုန်းကြီးကိုလည်း ဇန်နဝါရီလ (၉) ရက်နံနက် (၁၀) နာရီ (၂၈) မိနစ်ခန့်အချိန်မှာစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၁၃) ရက်၊ညနေ (၆) နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့သည်။
(၁၄-၁-၂၀၂၄) "နှမဒါဗျူဟာ” ဗျူဟာစခန်းကိုတော့ ဇန်နဝါရီလ (၁၄) ရက်၊နေ့လည် (၃) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။
(၁၄-၁-၂၀၂၄) ပလက်ဝမြို့အတွင်းပေါ်ရှိ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်နှင့် ပလက်၀မြို့ပေါ်ရှိ တပ်စခန်းများကို ဇန်နဝါရီလ (၁၄) ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပြီး ပလက်၀မြို့နယ်တစ်ခုလုံး အာရက္ခတပ်တော် (AA) လက်ထဲကျရောက်ခဲ့သည်။ အဲဒီ ဒေသတစ်ခုလုံးဟာ ပထမဆုံး “စစ်ကောင်စီလုံးဝကင်းစင်သောဒေသ” ဖြစ်လာခဲ့သည်။
(၁၄-၁-၂၀၂၄) ကျောက်တော်မြို့ အခြေစိုက်အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အမှတ် (၃၇၇) အမြောက် တပ်ရင်းကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။
(၁၄-၁-၂၀၂၄) ရသေ့တောင်မြို့နယ်မြောက်ပိုင်း “ရီစိုးချောင်းဗျူဟာကုန်း” ကို ဇန်နဝါရီလ (၁၄) ရက်၊နေ့လယ် (၁၂) နာရီတိတိအချိန်မှာ အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။
(၁၆-၁-၂၀၂၄) ရသေ့တောင် အခြေစိုက် ခမရ (၅၃၉) တပ်ရင်းကို အာရက္ခတပ်တော် (AA) က အပြီးသတ် ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။
(၁၉-၁-၂၀၂၄)၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ပေါက်တောမြို့အားအာရက္ခတပ်တော် (AA) သိမ်းပိုက်ခဲ့သည်။
(၂၄-၁-၂၀၂၄ ) ရက္ခိုင့်တပ်တော်(AA) သည် ရခိုင်ပြည်မှ ပေါက်တောမြို့အား အလုံးစုံထိန်းချုပ် ထားလိုက်ပြီ ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့ စစ်ဆင်ရေး (၉၀) ရက်မြောက်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာသည်။
(၂၈-၁-၂၀၂၄ ) ရက္ခိုင့်တပ်တော် (AA) သည် မင်းပြားမြို့အခြေစိုက် ခမ၇ (၃၈၀) တပ်ရင်းအား အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဇန်ဝါရီ ၂၈ ရက်နေ့ ညီနောင်မဟာမိတ်သုံးဖွဲ့မှ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
(၂၈-၁-၂၀၂၄) မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံခမရ (၃၈၀) တပ်ရင်းကို စစ်ကောင်စီက ကြည်း၊ရေ၊လေသုံးခုပေါင်းပြီး အပြင်းအထန် ခုခံကာကွယ်နေတဲ့ကြားက ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့မှာ အာရက္ခစစ်သည်တော်များမှ ရဲရင့်ပြောင်မြောက်စွာနဲ့ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။
(၃၀-၁-၂၀၂၄ ) ကျောက်တော်အခြေစိုက် ခမ၇ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ဇန်နဝါရီလ (၃၀) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA)မှ သတင်းထုတ်ပြန်သည်။
(၃၀-၁-၂၀၂၄) ကျောက်တော် အခြေစိုက်ခမရ (၃၇၄) တပ်ရင်းကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့မှာ အာရက္ခတပ်တော် (AA) အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။
(၃၀-၁-၂၀၂၄) အာရက္ခတပ်တော်ဟာ မြောက်ဦးမြို့ပေါ် အခြေစိုက်ခမရ (၅၄၀) တပ်ရင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အာရက္ခတပ်တော် (AA) အပြီးပိုင် သိမ်းယူနိုင်ခဲ့သည်။
ဖေဖော်ဝါရီလ
(၁-၂-၂၀၂၄) ရခိုင်ရှေးဟောင်းမင်းနေမြို့တော်မြောက်ဦးအခြေစိုက် ခမ၇ (၅၄၀) ကို အလုံးစုံ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က သတင်း ထုတ်ပြန်သည်။
(၂-၂-၂၀၂၄) ကျောက်တော် အခြေစိုက် ခမရ (၃၇၆) ကို ဖေဖော်ဝါရီ ၂ရက်နေ့ သိမ်းယူကြောင်း အာရက္ခတပ်တော် (AA) ထုတ်ပြန်သည်။
(၂-၂-၂၀၂၄) ရက္ခိုင့်တပ်တော် ( AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘီဘီစီ(မြန်မာပိုင်း)နှင့် ဖေဖော်ဝါရီ ၁ရက်နေ့က ပြုလုပ်သည့် အင်တာဗျူးတွင် “ ယခုအချိန်တွင် လွတ်လပ်ရေး ကြေညာမည့် အစီအစဥ်မရှိသေးသလို ယခင်ကလည်း လွတ်လပ်ရေး ကြေညာဖို့ မပြောခဲ့ကြောင်း” ထုတ်ဖော် ပြောဆိုခဲ့သည်။
(၄-၂-၂၀၂၄)ရက္ခိုင့်တပ်တော် (AA) သည် မောင်တောမြို့နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ် တည်ရှိသည့် တောင်ပြို(လက်ယာ) စခန်းကို ၁၂ ရက်ကြာတိုက်ခိုက်ပြီး ဖေဖော်ဝါရီ၄ ရက် ညနေ ၆ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်လိုက်သည်။
( ၅-၂-၂၀၂၄) မြောက်ဦး ခမရ (၃၇၈) တပ်ရင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အာရက္ခတပ်တော် (AA) အပြီးသတ် သိမ်းယူခဲ့သည်။
(၆၂-၂၀၂၄) စကခ (၉)လက်အောက်ခံ မင်းပြားမြို့ အခြေစိုက်ခမရ (၃၇၉) နဲ့ ခမရ(၅၄၁) တပ်ရင်း တို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အာရက္ခတပ်တော် (AA) သတင်းထုတ်ပြန်သည်။
(၆-၂-၂၀၂၄) ဖေဖော်ဝါရီလ (၆) ရက်နေ့၊ညနေပိုင်းတွင်တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အာရက္ခတပ်တော် (AA) အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။
(၆-၂-၂၀၂၄) အမ်းမြို့နယ်၊ တပ်တောင်မြို့ မှစစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် စခန်းမှဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
(၆-၂-၂၀၂၄) ဘူးသီးတောင်မြို့ တောင်ဘက်မှအရေးပါသည့် တံတားတစ်စင်းဖြစ်သည့် စိုင်းတင်တံတားကို တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
(၇-၂-၂၀၂၄) ဘူးသီးတောင် အခြေစိုက် ခမရ (၃၇၇) ကိုဖေဖော်ဝါရီ ၇ ရက်နေ့တို့မှာ အပြီးသတ် သိမ်းပိုက်ခဲ့သည်။
(၇-၂-၂၀၂၄) ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ရက်နေ့တွေ အတွင်းမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့ကိုလည်း ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီးမှာ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဲဒီ သင်္ဘော (၃) စီးစလုံးကို ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။
(၈-၂-၂၀၂၄) မြောက်ဦး ခမရ (၃၇၇)တပ်ရင်းနဲ့ ရဲတပ်ရင်း(၃၁)ကို ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် အာရက္ခတပ်တော် (AA) အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။
(၈-၂-၂၀၂၄) ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရခိုင်ရှေးဟောင်းမင်းနေမြို့တော် မြောက်ဦးမြို့ကို အာရက္ခတပ်တော် (AA)က အပြီးသတ် သိမ်းပိုက်ခဲ့သည်။
(၈-၂-၂၀၂၄) ၇ခိုင်ပြည်မောင်တောမြို့ နယ်မြောက်ပိုင်း နယ်မြေ (၄) စခန်းမှ နယ်ခြားစောင့်စခန်းနှင့် ဇီးပင်ချောင်း နယ်ခြားစောင့်စခန်းမှအင်အား ၂၀၀ ကျော်စခန့်သည် စခန်းကိုစွန့်ခွာသွားသည်။
(၈-၂-၂၀၂၄) ရခိုင်ပြည်၊မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
(၁၀-၂-၂၀၂၄) ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြား စောင့်စခန်းမှစစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ကျော်ကို အာရက္ခတပ်တော် (AA) အရှင်ဖမ်းမိပြီး လက်နက် ၁၀၀ ကျော်သိမ်းဆည်းရမိသည်။
(၁၁-၂-၂၀၂၄)ရခိုင်မှ နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံထားရသည့် ကိုရင်ဆို့နှင့် ကိုဖိုးသီဟ အပါအဝင် နိုင်ငံရေးအကျဉ်းသား(၉) ဦးအား စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) သတင်းနှင့် ပြန်ကြားရေးမှ ဖေဖော်ဝါရီ၁၁ ရက်နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။
(၁၃-၂-၂၀၂၄) ကျောက်တော်မြို့နယ် တစ်လုံးလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အာရက္ခတပ်တော် (AA)က သမိုင်းဝင်အောင်ပွဲအဖြစ် သတင်းထုတ်ပြန်ခဲ့သည်။
(၁၃-၂-၂၄) ကျောက်တော် အခြေစိုက်စစ်ကောင်စီရဲ့ ခမရ (၃၇၄)၊ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ်စကခ (၉) တို့ကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်ချေမှုန်းပြီးနောက် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းမီးကျောက်များကို ဖေဖော်ဝါရီ၁၃ရက်နေ့ AA က ထုတ်ပြခဲ့သည်။
(၁၃-၂-၂၀၂၄) ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာလည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောနောက်ထပ် (၁) စီးကို AA ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
(၁၄-၂-၂၀၂၄) မင်းပြားမြို့ကို ရက္ခိုင့်တပ်တော် ( AA)က သိမ်းပိုက်ပြီးနောက် ရက္ခိုင့်တပ်တော်က ရေတပ်သင်္ဘောနှစ်စီး နစ်မြုပ်ဖျက်ဆီး ပစ်ခဲ့သည်။
(၁၅-၂-၂၀၂၄) မြေပုံမြို့အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မြေပုံမြို့က စစ်ကောင်စီ၏ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းများကို သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ထုတ်ပြန်သည်။
(၁၆-၂-၂၀၂၄ ) အာရက္ခတပ်တော်ဟာ မောင်တောဒေသရှိ ဗောဓိကုန်းစခန်းအား ဖေဖော်ဝါရီလ (၁၆) ရက်၊နံနက် (၆) နာရီခန့်အချိန်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။
(၂၂-၂-၂၀၂၄) ပုဏ္ဏားကျွန်းမြို့အတွင်း မြို့မ ရဲစခန်းကိုတော့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က အာရက္ခတပ်တော်က သိမ်းပိုက်ထားနိုင်ခဲ့သည်။
(၂၆-၂-၂၀၂၄) မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိစစ်ကောင်စီရဲ့ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း” (သို့မဟုတ်) "တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း "ကို ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ (၂၆) ရက်၊ညနေ (၇) နာရီအချိန်ခန့်မှာ အာရက္ခစစ်သည်တော်တွေက အလုံးစုံသိမ်းပိုက်ခဲ့ပြီး မင်းပြားမြို့နယ် တစ်ခုလုံးကိုအာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။
(၁၉-၂-၂၀၌) မောင်တောမြို့နယ်၊ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိစစ်ကောင်စီ၏စခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ရယူခဲ့သည်။
မတ်လ
(၄-၃ -၂၀၂၄) ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းကို အာရက္ခတပ်တော်က ဖေဖော်ဝါရီလ (၂၁) ရက်နေ့က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကာလ ၁၃ ရက်အကြာ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့မှာ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးသည် အာရက္ခတပ်တော် လက်အောက် ကျရောက်ခဲ့သည်။
(၅-၃၀၂၀၂၄) စခန်းသိမ်းတိုက်ပွဲအတွင်း (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် (၄၂) ၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်သည်.။
(၈-၃-၂၀၂၄)မင်းပြား တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့ကို အသေဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်အထဲတွင် ဓားစာခံများကို ဦးဆောင်ခေါ်ယူသွားသော တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူးဖြစ်သော ကြည်း/၃၁၀၄၆ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း နှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့ကို မတ်လ (၈) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အသေဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြသည်။
(၁၁-၃-၂၀၂၄) ရမ်းဗြမြို့ကိုအာရက္ခတပ်တော်က ရက်ပေါင်း (၈၅) ရက်အကြာ မြို့တွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ (၁၁) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း AA ကထုတ်ပြန်သည်။
(၁၃-၃-၂၀၂၄)စစ်ကောင်စီတပ်၏ သတ်ဖြတ် အလောင်းဖျောက်ခြင်းကို ခံခဲ့ရသည့် မြောက်ဦးမြို့မှ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ အဆိုတော် ကိုကျော်ဇံဝေ (ခ) ရင်ဆို့၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်းတို့ကို မင်းသားကျွန်းသင်္ချိုင်း၌ တစ်နေရာတည်းတွင်ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။
(၁၇-၃-၂၀၂၄) ရသေ့တောင်မြို့အတွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းများ ဖြစ်ကြသည့် (၅၃၆)၊ (၅၃၇)၊ (၅၃၈) တွေကို ၂၀၂၄ ခုနှစ် မတ် (၁၇) ရက် ညနေ၄နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရသေ့တောင်မြို့နယ်ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်သည်။
(၂၅-၃-၂၀၂၄) ဘူးသီးတောင်မြို့နယ် တောင်ဘဇား အခြေစိုက် တပ်ရင်းတစ်ခုဖြစ်တဲ့ခမရ (၅၅၂) တပ်ရင်းကို ၂၀၂၄ခုနှစ်၊မတ်လ (၂၅) ရက်နေ့မှာ အာရက္ခတပ်တော်ကသိမ်းပိုက်ရရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။
(၂၆-၃-၂၀၂၄) ရခိုင် အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနေရာတွင် တိုင်းမှူးအသစ်မှာ ဗိုလ်မှူးချုပ်ကျော်စွာဦး ဖြစ်ကြောင်း မတ် ၂၅ ရက်နေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။
ဧပြီလ
(၅-၄-၂၀၂၄) ဘူးသီးတောင် အခြေစိုက် ခမရ (၅၆၄) တပ်ရင်းကို ဧပြီလ (၅) ရက်နေ့တွင် အာရက္ခတပ်တော် ( AA) က သိမ်းယူသည်။
(၁၀-၄-၂၀၂၄) ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက်နေ့ တွင် ကျရောက်သည့် (၁၅) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပေးပို့သော သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်အစား အာရက္ခတပ်တော်ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။
(၂၄-၄-၂၀၂၄) ဘူးသီးတောင် ခမရ (၅၆၅) တပ်ရင်းကို ဧပြီလ (၂၄) ရက်နေ့တွင် အာရက္ခတပ်တော် ( AA) က သိမ်းယူသည်။
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှ တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော် တပ်စွဲနေရာ ယူထားသည့် ကြိမ်ချောင်းစခန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ သတင်းထုတ်ပြန်သည်။
(၂၃-၄-၂၀၂၄) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့် ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ ကျီးကန်းပြင် ဌာချုပ်အနီးရှိ အောင်မင်္ဂလာကျေးရွာ နယ်ခြားစောင့် စခန်းသည် ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်း၌ အာရက္ခတပ်တော်ထံ လက်နက်ချခဲ့သည်။
မေလ
(၂-၅-၂၀၂၄) စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်ကို မေလ (၂) ရက်နေ့တွင် အာရက္ခတပ်တော် ( AA) က သိမ်းယူသည်။
(၂-၅-၂၀၂၄) ဘူးသီးတောင် ခမရ (၅၅၁) တပ်ရင်းကို မေလ (၃) ရက်နေ့တွင် အာရက္ခတပ်တော် ( AA) က သိမ်းယူသည်။
(၁၃-၅-၂၀၂၄) အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ GE တပ်ရင်း၊ နခခ (၃) တို့ကို မေလ၁၃ ရက်နေ့မှာ အာရက္ခတပ်တော် ( AA) က အသီးသီး သိမ်းပိုက်ခဲ့သည်။
(၁၄-၅-၂၀၂၄) မေလ (၁၄) ရက်နေ့မှာတော့ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နဲ့ ခလရ (၂၃၃) တို့ကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။
(၁၆-၅-၂၀၂၄) မေလ (၁၆) ရက်နေ့မှာတော့ ဘူးသီးတောင် နခခ (၈) စခန်းကို သိမ်းပိုက် ရရှိခဲ့သည်။
(၁၈-၅-၂၀၂၄) အာရက္ခတပ်တော်ဟာ ခမရ (၃၄၅)၊ခမရ (၃၅၂)၊ ခလရ (၂၃၄)၊နှင့်အမတ (၃၇၈)၊ ထောက်ပို့တပ်ရင်း နဲ့ GE တပ်ရင်းတို့အပါဝင်ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီရဲ့ ဘူးသီးတောင် ဗျူဟာ ဌာနချုပ် အပါအဝင်တပ်ရင်း၊တပ်စခန်းတွေ အားလုံးအား၂၀၂၄ခုနှစ်၊ မေလ (၁၈) ရက်၊မွန်းတည့် (၁၂) နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်ရယူခဲ့ကြောင်း အာရက္ခတပ်တော် ( AA) က ထုတ်ပြန်သည်။
(၁၈-၅-၂၀၂၄) စကခ(၁၅) အပါအဝင်တပ်ရင်းပေါင်း ၂၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို၂၀၂၄ခုနှစ် မေလ ၁၈ ရက်နေ့မှာ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်သွားပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA) သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။
ဇွန်လ
(၂-၆-၂၀၂၄) မောင်တောမြို့နယ် “တာဝါတိုင်စခန်း”ကို ဇွန်လ (၂) ရက်၊ ညနေ (၅) နာရီအချိန်တွင် အာရက္ခတပ်တော် ( AA) က သိမ်းပိုက်ခဲ့သည်။
(၃-၆-၂၀၂၄) မောင်တောမြို့နယ် ကျောက်ပန္ဒူစခန်း” အား ဇွန်လ (၃) ရက်၊ နံနက် (၅) နာရီ (၄၀) မိနစ်မှာ အာရက္ခတပ်တော် ( AA) က သိမ်းပိုက်ခဲ့သည်။
(၄-၆-၂၀၂၄) မောင်တော “ခွဆုံပြင်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၅) မိနစ်အချိန်မှာ အာရက္ခတပ်တော် ( AA) က သိမ်းပိုက်ခဲ့သည်။
(၄-၆-၂၀၂၄) “မြင်းလွှတ်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်မှာ အာရက္ခတပ်တော် ( AA) က သိမ်းပိုက်ရရှိခဲ့သည်။
(၆-၆-၂၀၂၄) “အင်းဒင်စခန်း” (သို့မဟုတ်) “နခခ (၆) စခန်း”ကို ဇွန်လ (၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်မှာ အာရက္ခတပ်တော် ( AA) က သိမ်းပိုက် ရရှိခဲ့သည်။
(၇-၆-၂၀၂၄) “နခခ (၉) စခန်း” အား ဇွန်လ (၇) ရက် နေ့လယ် (၃) နာရီအချိန်တွင် အာရက္ခတပ်တော် ( AA) က အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။
(၁၀-၆-၂၀၂၄) မောင်တောမြို့နယ်အတွင်းရှိ (၁) “နခခ (၄) တပ်ရင်းဌာနချုပ်”ကို ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်မှာ အာရက္ခတပ်တော် ( AA) က သိမ်းပိုက်ခဲ့သည်။
(၁--၆-၂၀၂၄) “အလယ်သံကျော်စခန်း”ကို ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်တွင် အာရက္ခတပ်တော် ( AA) က သိမ်းပိုက်နိုင်ခဲ့သည်။
(၁၃-၆-၂၀၂၄) “မောရဝတီဗျူဟာ” ကို ဇွန်လ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်မှာ သိမ်းပိုက်ရရှိခဲ့သည်။
(၁၃-၆-၂၀၂၄) “နခေါင်းတိုစခန်း” အား ဇွန်လ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်မှာ အာရက္ခတပ်တော် ( AA) က ထပ်မံ သိမ်းပိုက်ရယူနိုင်ခဲ့သည်။
(၂၃-၆-၂၀၂၄) ဧပြီလ (၁၅) ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရသော စစ်ရေးအရ အရေးပါတဲ့ တောဟိန်းတောင် ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့၊နံနက် (၉) နာရီ (၅၆) မိနစ်အချိန်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။
(၂၇-၆-၂၀၂၄) သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိခဲ့သည်။
ဇူလိုင်လ
(၅-၇-၂၀၂၄) ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနဲ့ အဲဒီ အနီး ပတ်ဝန်းကျင်များကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်ပြီး ငပလီ(မဇင်) လေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့သည်။
(၅-၇-၂၀၂၄) သံတွဲ လေယာဉ်ကွင်းကိုလည်း ဇူလိုင်လ (၅) ရက်နေ့မှာ အာရက္ခတပ်တော်က ထိန်းချုပ်ထားနိုင်ပြီးမြန်မာနိုင်ငံမှာ ပထမဆုံးလေယာဉ်ကွင်း ထိန်းချုပ်နိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်လာသည်။
(၆-၇-၂၀၂၄) မောင်တောမြို့ကအရေးပါတဲ့ နခခ (၂) နယ်ခြားစောင့် တပ်စခန်းကို ၂၀၂၄ခုနှစ် ဇူလိုင်လ (၆) ရက်နေ့၊နေ့လယ် (၁) နာရီ (၄၀) မိနစ်အချိန်မှာ အာရက္ခတပ်တော် ( AA) က သိမ်းပိုက်ခဲ့သည်။
(၉-၇-၂၀၂၄) သံတွဲမြို့နယ်အတွင်း စစ်ကောင်စီရဲ့ သံတွဲအခြေစိုက် တပ်ရင်းများထဲက လက်ကျန် တပ်ရင်း တစ်ခု ဖြစ်သော ခလရ (၅၅) တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
သြဂုတ်လ
(၂၉-၈-၂၀၂၄) ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ (၃) နာရီ ခန့်က စစ်တွေမြို့နယ်၊ မင်းလှ (ခေါ်) မီးလောင်ရွာ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စကစတပ်နှင့် ပွဲဦးထွက် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၃၀ ကျော် အလောင်းနှင့် လက်နက် ၅၀ ကျော် သိမ်းဆည်းရမိကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာသို့ အတည်ပြုပြောဆိုသည်။
(၃၁-၈-၂၀၂၄) မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့ တစ်ခုဖြစ်သည့် ARA ( Arakan Rohingya Army) ၏ စစ်ဦးစီးချုပ် နာဘီဟူစိန် ( Nabi Hussain) အပါအဝင် သူအစ်ကိုဖြစ်သူအား လက်နက်များနှင့် အတူ ဖမ်းဆီးရမိကြောင်း ဒေသအတွင်းက သတင်းဌာနတစ်ခုဖြစ်သည့် အိုကီးယားနယူးစ်တွင် ဓာတ်ပုံနှင့်တကွ သတင်းဖော်ပြသည်။
(၃၀-၈-၂၀၂၄) လူပေါင်း ၇၆ ဦးသတ်ဖြတ်ခံခဲ့ရသော စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ ရွာသား၁၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
စက်တင်ဘာလ
(၂ -၉- ၂၀၂၄) မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်ကြသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/ AA) တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာ ၂ ရက်တွင် အကြမ်းဖက် စစ်ကောင်စီမှ ကြေညာသည်။
(၃-၉- ၂၀၂၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် RSO အဖွဲ့က ချောင်းမြောင်းပစ်ခတ်၍ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရ ရှိခဲ့သည်။
(၅-၉-၂၀၂၄) မောင်ရွှေလေးရွာ နဲ့ ကွင်းဝိုင်းရွာအကြားမှာ တည်ရှိသော ရေတပ်စခန်းကို တစ်လနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီ အချိန်မှာ အပြီးသတ် သိမ်းပိုက်ခဲ့သည်။ အာရက္ခတပ်တော် ( AA)သည် သံတွဲ စစ်ကောင်စီရေတပ်ကို ထိန်းချုပ်လိုက်နိုင်သဖြင့် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရေတပ်ဌာနချုပ်တစ်ခုကို ထိန်းချုပ်နိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။
(၅-၉-၂၀၂၄) ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင် စစ်ကောင်စီ၏ ရေတပ်စခန်း တစ်ခုဖြစ်သည့် နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် ( AA)က သိမ်းပိုက်လိုက်သဖြင့် သံတွဲတစ်မြို့နယ်လုံးမှာ AA လက်ထဲကို ရောက်ရှိသွားပြီး သံတွဲမြို့နယ်မှာ (၁၁) ခုမြောက် အာရက္ခတပ်တော် ( AA) သိမ်းပိုက်ခဲ့သည့် ရခိုင်က မြို့နယ်တစ်ခု ဖြစ်လာသည်။
(၁၉-၉-၂၀၂၄) ရခိုင်ပြည်သို့ နိုင်ငံခြားထုတ်၊ ပြည်မထုတ်၊ အရက်၊ ဘီယာ၊ ဝိုင်အပါအဝင် ယစ်မျိုးကုန်မှန်သမျှ (၃)လအတွင်း အပြီးသတ်ကုန်အောင်ရောင်းချကြရမည်ဖြစ်ပြီး ၃ လကျော်လျှင် တင်သွင်းခွင့်မပြုတော့ဟု ULA ၏ ဗဟိုဌာနရုံးချုပ်အတွင်းဝန်ရုံးမှ အမိန့်ထုတ်ပြန်သည်။
အောက်တိုဘာလ
(၇-၁၀-၂၀၄) အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ မဲတောင်ဗျူဟာ စခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းတွေအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ ညနေ (၃) နာရီ (၅၀) မိနစ်မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော် သတင်းနှင့် ပြန်ကြာရေးက ထုတ်ပြန်သည်။
(၇-၁၀-၂၀၂၄) ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရ များစွာရှုံးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းကို ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား ၂၀၂၄ အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲ ဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာ သွားခဲ့သည်။
(၂၆-၁၀-၂၀၂၄) အမ်းမြို့ အခြေစိုက် ခမ၇ (၃၇၃)တပ်ရင်းမှူး နိုင်ဇော်အောင်နှင့် စစ်ဗျူဟာကို ကိုင်ထားသည့် G1 အရာရှိကြီးနှစ်ဦးသည် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်းရရှိခဲ့သည့် ဒဏ်ရာများဖြင့်အမ်းမြို့ အထက (၂)တွင် ဖွင့်လှစ်ထားသည့် ယာယီစစ်ဆေးရုံတွင် သေဆုံး သွားခဲ့သည်။
နိုဝင်ဘာလ
(၅-၁၁-၂၀၂၄) - နပခဌာနချုပ်၏ အရေးအကြီးဆုံး တပ်တစ်ခုဖြစ်သည့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ကို အာရက္ခတပ်တော် (AA)မှသိမ်းပိုက်ခဲ့သည်။
(၆-၁၁-၂၀၂၄) အမ်းနပခဌာနချုပ်၏လက်ရုံးတပ်များဖြစ်ကြသည့် ခမရ (၃၇၁) နှင့် စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ကို အာရက္ခတပ်တော် (AA)မှ သိမ်းပိုက်ခဲ့သည်။
(၁၃-၁၁-၂၀၂၄) အမ်း အခြေစိုက် ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၂။ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း ၃။ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၄။ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၅။ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ ၇။ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ် ၈။ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
(၂၄-၁၁-၂၀၂၄) တောင်ကုတ်မြို့ရှိ (၁) တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ (၂) တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့သော တက္ကသိုလ်ကျောင်းဆောင်များ၊ (၃) အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ (၄) ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်း နှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများ၊ (၅) တောင်ကုတ်မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ (၆) တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ (၇) ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ၏ စခန်း၊ (၈) ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီ၏စခန်း၊ (၉) သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းနှင့် (၁၀) တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်း တို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင်မှ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့သည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်သည်။
(၂၄-၁၁-၂၀၂၄) ၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့၍ ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ သုံးရက် အတွင်း မိမိတို့သိမ်းဆည်းရမိသော ရန်သူ့အလောင်း (၁၂၀) ကျော်၊ စစ်သုံ့ပန်းအချို့ နှင့် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများကို သိမ်းဆည်းရမိသည်။
ဒီဇင်ဘာလ
(၆-၁၂-၂၀၂၄) နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုမှလွဲ၍ - (၁) ဆလအခွဲ (၉၄၆) - အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ (၂) ခမရ (၃၇၁) - အမှတ် (၃၇၁) ခြေမြန်တပ်ရင်း (၃) ခမရ (၃၇၂) - အမှတ် (၃၇၂) ခြေမြန်တပ်ရင်း (၄) လလစ (၇၅၇/၂) - အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ (၅) ထပခ (၉၂၆) - အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (၆) ဆသလ (၉) - အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း (၇) အဆရ (၈) - အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (၈) တထခ (၁၀) - အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ (၉) စအရ (၉၁၉) - အမှတ် (၉၁၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၁၀) လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော ရန်သူ့စခန်းငယ်များအပြင် (၁၁) ကို သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်သည်။
(၈-၁၂-၂၀၂၄) မောင်တောမြို့ ၌ တစ်ခုတည်း ကျန်ရှိနေခဲ့သော နခခ (၅) စခန်းကြီးကို အာရက္ခတပ်တော်မှ အပြီးသတ်ချေမှုန်း တိုက်ခိုက်ပြီး မောင်တောမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
(၁၀-၁၂-၂၀၂၄) နခခ (၅) အားကြီးကြပ်ကွပ်ကဲခဲ့သည့် ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ( ကြည်း/ ၂၆၈၉ရ) ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်)ကြည်း/၆၁၃၃၅) (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့် RSO၊ ARSA၊ ARA နှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်သည်။
(၁၄-၁၂-၂၀၂၄) တောင်ကုတ်အခြေစိုက် အမှတ် (၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၊ ညနေ (၄) နာရီ (၁၀) မိနစ်အချိန်တွင် အာရက္ခတပ်တော်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဟု ဦးခိုင်သုခ အတည်ပြုသည်။
(၁၇-၁၂-၂၀၂၄) မောင်တော (နခခ-၅) မှ လက်နက်ချ အညံ့မခံဘဲ ထွက်ပြေး လွတ်မြောက်နေသော တပ်မမှူးတစ်ဦးဖြစ်သည့် အမှတ် (၂၂) ခြေမြန် တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခတပ်တော် ( AA) က ထုတ်ပြန်သည်။
(၂-၁၂-၂၀၂၄) နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိခဲ့သည်။
(၂၀-၁၂-၂၀၂၄) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက် လိုက်ပြီ ဖြစ်ကြောင်း အာရက္ခတပတော်(AA)က အတည်ပြုထုတ်ပြန်သည်။
(၂၉-၁၂-၂၀၂၄) ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့တွင် တည်ရှိသည့် စစ်အခြေစိုက် စခန်းများဖြစ်ကြသည့် ခမရ (၅၆၂) နှင့် (၅၆၃) အပါအဝင် တပ်ရင်း (၁၁) ရင်ကို အာရက္ခ တပ်တော်(AA) က ချေမှုန်းတိုက်ခိုက်ရှင်းလင်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းဦးခိုင်သုခက အတည်ပြုပြောဆိုသည်။
(၂၉-၁၂-၂၀၂၄) ရခိုင်ပြည်အတွင်း စစ်ရေးထက် နိုင်ငံရေးနည်းနှင့် ဖြေရှင်းလိုကြောင်း အာရက္ခတပ်တော် ကျေညာချက် ထုတ်ပြန်သည်။
#စစ်ရေး
#အေအေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.