ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၂/ ၂၀၂၀
ပြည်တွင်း၊ ပြည်ပ ငါးခြောက်ဈေးကွက် အရောင်းထိုးဆင်းနေသဖြင့် ရခိုင်ရှိ ငါးခြောက်ကုန်သည်များ အခက်တွေ့နေ ကြောင်း သတင်းရရှိသည်။
“ငါးခြောက်တွေက အရောင်းမထွက်တော့ ပုံနေတာပေါ့။ ဒီကငါးခြောက်တွေကို ဘင်္ဂလားဒေရှ့်ဘက်က ဝယ်ယူတဲ့ ဈေးကွက်က အကြီးဆုံးပဲ။ အခု အဝယ်လုံး၀ ရပ်သွားတယ်။ ကုန်စည်ပို့ဆောင်ရေးမှာလည်း အခက်အခဲ ဖြစ်တယ်။ စစ်စဖြစ်တဲ့ အချိန်လောက်တည်းက ဈေးကျနေတာ။ အခု ပိုထိုးဆင်းသွားတယ်” ဟု စစ်တွေမြို့မဈေးကြီးမှ ငါးခြောက်ဒိုင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူ ဒေါ်မဝါနုက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်မှ ငါးခြောက်များအား ယခုနှစ်အတွင်းတွင် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ ဝယ်ယူမှု ရပ်ဆိုင်းလာနေပြီး ပြည်တွင်းတွင်လည်း ရန်ကုန်၊ မန္တလေး တို့ဘက်မှ အများဆုံးဝယ်ယူကြသော ကြက်စာငါးခြောက် ဈေးကွက်မှာလည်း အဝယ်ရပ်နေသဖြင့် ရခိုင်မှ ငါးခြောက်ကုန်သည်များ အခက်တွေ့နေသည်ဟု ဆိုသည်။
၇ခိုင်ပြည်နယ်ဘက်မှ ပြည်ပသို့ အများသို့ တင်ပို့သော ငါးခြောက်များမှာ ငါးနီတူခြောက်နှင့် တူးသေးခြောက်( ငါးကြောညိုခြောက်) တို့ဖြစ်ကြပြီး ပြည်တွင်းတင်ပို့သောငါးခြောက်မှာ ကြက်စာငါးခြောက်များ ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
“ကျွန်တော့တို့ ရခိုင်က ငါးခြောက်တွေက ဘင်္ဂလားဒေရှ့် ဘက်က အဓိက ဝယ်နေတာပါ။ အခု အဲဒီဘက်က မဝယ်တော့ ထိုင်နေရတာပေါ့။ ငါးခြောက်ပွဲစားလုပ်လာတဲ့ ဆယ်နှစ်တာအတွင်းမှာ အတော်အရောင်းထိုင်း တဲ့ အချိန်တစ်ခုပါ။ ဘင်္ဂလားဒေရှ့်ငွေဈေးနှုန်းတတ်ရင်လည်း အဝယ်ရပ်တတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဘက် စစ်ဖြစ်နေတော့ လမ်းခရီးကအဆင်မပြေဘူးလေ”ဟု ငါးခြောက်ပွဲစားတစ်ဦးဖြစ်သူ ကိုမောင်မဲ ကပြောသည်။
၂၀၁၉ နှစ်ဦးပိုင်းလောက်တွင် ငနီတူ ငါးခြောက်အား အရောင်း တစ်ပိဿာ(၆၀၀၀) ကျပ်ခန့်ရှိရာမှ ယခုတစ်ပိဿာ(၄၀၀၀) ကျပ်ခန့်သာရောင်းနေပြီး၊ တူးသေးခြောက်( ငါးကြောညိုခြောက်)ကို (၂၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်ဖြင့်သာရောင်းနေ၇ကာ ကြက်စာ တစ်ပိဿာ (၁၅၀၀)ကျပ် ခန့်ရှိခဲ့ရာမှ ယခု (၉၀၀)ကျပ်နီးပါးအထိ ဈေးနှုန်း ထိုးကျနေကြောင်းသိ၇သည်။
-------------------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၂၂/ ၂၀၂၀