Preview

စစ်တွေ ဆန်ဈေးနှုန်း မြင့်တက်၍ စိုးရိမ်မှုများရှိ

မတ် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :2307
စီးပွားရေး သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မတ် ၂၅ / ၂၀၂၀

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်း အနည်းငယ် မြင့်တက်လာသဖြင့် လက်လုပ်လက်စားနှင့် ဆင်းရဲသားများအတွက် စိုးရိမ်စရာ ရှိနေကြောင်း သတင်းရရှိသည်။

စစ်တွေဆတ်ရိုးကျမှ ကိုမောင်သန်းကျော်က ̏ ဆန်ဈေးက တအားထိုးတက်သွားတယ်။ ချက်ချင်းကို ဈေးတက်သွားတာ။ ငစိန်ဆန်ဆိုလို့ရှိရင် ယခင်က ၂၄၀၀၀ ဈေးနဲ့ ကျနော်တို့ ဝယ်စားရတယ်။ အခုဆိုရင် ၂၉၀၀၀၊ ၃၀၀၀၀ အထိ ထိုးတက်သွားတယ် ˝ဟု ပြောသည်။

ယခုကဲ့သို့ ဆန်ဈေးတက်သွားခြင်းမှာ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူနှစ်ဦးရှိသည်ဟု သတင်းထုတ်ပြန်ပြီးနောက် လူများ စိုးရိမ်မှုနှင့် အတူ ဆန်နှင့် မီးဖိုချောင်းသုံး ရိက္ခာများ ဝယ်ယူသူများလာရာမှ ဖြစ်ကြောင်း သိ၇သည်။

ရခိုင်ဆေးမဲကြီး ဆရာကြီးဦးအေးသိန်းက ̏ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်လူနာ နှစ်ယောက် တွေ့ရှိရတယ်ဆိုပြီး သတင်းကြားရတယ်။ နောက်ပြီးတော့ လူစုလူဝေးတွေကို မသွားရဆိုတဲ့ သတင်းတွေကြားရတဲ့အတွက် ကုန်ပစ္စည်းတွေကို ကြိုတင်ပြီးတော့ ဝယ်ထားတာဖြစ်တယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေကလည်း တဟုန်ထိုးဈေးတက်သွားတယ်။ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ယခင်ကဆိုရင် ၃၂၀၀၀ လောက်ဘဲရှိတယ်။ အခုဆိုရင် ၄၀၀၀၀ အထိ တက်သွားတယ်။ ကျနော်တို့ရခိုင်ပြည်မှာ စစ်ဘေးရှောင်တွေနဲ့ အလုပ်လက်မဲ့ဖြစ်နေသူတွေက တအားများတယ်။ ဒီလိုမျိုးကုန်ပစ္စည်းတွေ ဈေးတက်သွားလို့ရှိရင် စစ်ဘေးရှောင်တွေနဲ့ ဆင်းရဲသားပြည်သူတွေ အခက်အခဲဖြစ်မှာကို စိုးရိမ်တယ်˝ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း ဈေးဆိုင်များနှင့် ဆေးဆိုင်များတွင် ယခင်ကထက် ဝယ်ယူသူများပြားလာကြောင်း သတင်းရရှိသည်။

စစ်ဘေးရှောင်အရေးလိုက်ပါဆောင်ရွက်နေသူ ကိုအမ်းသားကြီးက ̏ ဒီလိုမျိုးဈေးတက်သွားလို့ရှိရင် စစ်ဘေးရှောင်စခန်းမှာရှိတဲ့လူတွေနဲ့ ဆင်းရဲသားတွေဟာ ရောဂါမဖြစ်ရင်လည်း အငတ်ဘေးနဲ့ ရင်ဆိုင်ရမှာ ဆိုတာ သေချာနေတယ်။ ပင်ရင်းကဈေးမတက်ဘဲနှင့် ကုန်သည်တွေကို ဈေးတင် မရောင်းဖို့လည်း ကျနော်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ဈေးမတက်ဘဲနဲ့တောင် စစ်ဘေးရှောင်စခန်းတွေမှာ စားရေး သောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ယခုလိုမျိုးဈေးတက်သွားလို့ ကတော့ အငတ်ပြဿနာကို ရင်ဆိုင်၇မှာ သေချာတယ်˝ဟု ပြောသည်။

စစ်တွေမြို့တွင် ဆန်အပါအဝင် တစ်ခြားရိက္ခာများလည်း သိသိသာသာ ဈေးနှုန်းမြင့်တက်နေသည်ဟု မြို့ခံများက ပြောသည်။

ရခိုင်ပြည်နယ် လူ့အခွင့်ရေး ကာကွယ်မြင့်တင်သူများ အဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ̏ အခုက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်သူတွေက ရိက္ခာတွေကို တင်ကြိုလို့ ဝယ်ယူနေတယ်လို့ သိရတယ်။ အဲဒါကိုအကြောင်းပြပြီးတော့ တချို့စီးပွားရေးအတ္တသမားအချို့က ကုန်ဈေးနှုန်းတွေကို မြင့်တင် လိုက်တယ်လို့ ကြားရတယ်။ ဒါကြောင့် ဆင်းရဲသားတွေနဲ့ စစ်ဘေးရှောင်တွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်။ အဲဒါကို သက်ဆိုင်ရာပြည်နယ်အစိုးရက နေပြီးတော့ ဖြေရှင်းပေးဖို့လိုတယ်˝ဟု ပြောသည်။

စစ်တွေမြို့ပေါ်တွင် ယခင်က mask တစ်ခုကို ငွေကျပ် ၂၀၀ ကနေ့ ၅၀၀၊ ၁၀၀၀ အထိထိုးတက်သွားပြီး နေရာတိုင်းတွင် အလွယ်တကူ ဝယ်၍ မရတော့ဟု သိ၇သည်။

-------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၅ / ၂၀၂၀











#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.