English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၁၉ သိန်း ၁ သောင်းအထိ တဟုန်ထိုးမြင့်တက်
စက်တင်ဘာ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :3165
စီးပွားရေး သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/ ၂၀၂၁
ယခုအပတ်အတွင်း ရွှေဈေးနှုန်းများတရိတ်ရိတ်မြင့်တက်လာခဲ့ရာမှ ယနေ့တွင် ၁၆ ပဲရည် ၁ ကျပ်သားကို ကျပ် ၁၉ သိန်း ၁ သောင်းအထိ တဟုန်ထိုး မြင့်တက်သွားသည်ဟု သတင်းရရှိသည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီနောက်ပိုင်းတွင် ၁၆ ပဲရည်ရွှေစင် ၁ ကျပ်သားကို ၁,၉၁၀,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့သည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
စစ်တွေရှိ မြင့်မိုရ်ရိပ် ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်မေကျော်က “ဒီနေ့ နေ့လယ်မှ ဈေးတက်သွားတာပါ။ မနက်ကတော့ ၁၈ သိန်း ၅ သောင်းဈေးနဲ့ဈေးဖွင့်တာပေါ့။ ဒါပေမဲ့ ဝယ်သူတစ်ယောက်မှ မရှိပါဘူး။ ရွှေဈေးကွက် ဘယ်လိုဖြစ်မလဲမသိတော့ဘူး”ဟု ပြောသည်။
စစ်တွေရှိ လှိုင်ရတနာရွှေဆိုင်ပိုင်ရှင် ဦးမောင်လှတင်ကလည်း ယနေ့ ၁၆ ပဲရည် ၁ ကျပ်သားကို ၁၉ သိန်း ၁ သောင်းထိုးတက်သွားခဲ့သည်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။
ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ၁၆ ပဲရည် ၁ ကျပ်သားကို ၁,၈၀၂,၀၀၀ ကျပ်ခန့်ရှိခဲ့ရာမှ ယင်းနေ့ မွန်းတည့် ၁၂ နာရီနောက်ပိုင်းတွင် ၁,၈၅၀,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့ကြောင်း သိ၇သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့တွင် ၁၆ ပဲရည် ရွှေ ၁ ကျပ်သားကို ၁,၆၅၀,၀၀၀ ကျပ်ရှိခဲ့ရာမှ ယနေ့အတွင်း တစ်ကျပ်သားကို ကျပ် ၃ သိန်းဝန်းကျင်အထိ တဟုန်ထိုး ထိုးတက်သွားခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက နိရဥ္စရာအား ပြောသည်။
#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.