English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
စားအုန်းဆီ တစ်ပိဿာ ၃,၇၀၀ ကျပ်ဖြင့်ရောင်းချရန်ထုတ်ပြန်ထားသော်လည်း စစ်တွေတွင် ၅,၅၀၀ ကျပ်အထိ ဈေးမြင့်တက်နေ
အောက်တိုဘာ ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :9359
စီးပွားရေး သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ ၊ အောက်တိုဘာ ၇/ ၂၀၂၁
စားအုန်းဆီ တစ်ပိဿာကို ၃,၇၀၀ ဖြင့် ရောင်းချရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ထုတ်ပြန်ထားသော်လည်း ၇ခိုင်ပြည်နယ် စစ်တွေမြို့ဈေးကွက်တွင် တစ်ပိဿာလျှင် ၅,၅၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည်ဟု သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စားအုန်းဆီ တစ်ပိဿာကို ၃,၇၀၀ ဖြင့် ရောင်းချရန် ထုတ်ပြန်ထားမှုကို သိရှိခြင်းမရှိဟုလည်း စစ်တွေမြို့မဈေးကြီးမှ ကုန်စုံဆိုင်ရောင်းချသူအမျိုးသမီးတစ်ဦးက နိရဥ္စရာကိုပြောသည်။
“အခုလို သတ်မှတ်ထားတာကိုလည်း မသိဘူး။ ဆီဈေးတက်တာ တစ်ပတ်လောက်ရှိနေပြီ။ ဈေးတက်တော့ အရောင်းအဝယ်တွေ ပါးတယ်”ဟု ပြောသည်။
ပြည်သူများသက်သာသောဈေးနှုန်းများဖြင့်ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃,၇၀၀ နှုန်းဖြင့် စက်တင်ဘာလ ၂၀ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဖြန့်ဖြူးရောင်းချခဲ့ပြီးဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ဆိုထားသည်။
ရခိုင်ပြည်နယ်မှ စားသုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း စားအုန်းဆီတစ်ပိဿာလျှင် ၃,၇၀၀ ကျပ်နှုန်း(ရန်ကုန် အထိုင်ဂိုဒေါင်ဈေး)ဖြင့်ဝယ်ယူနိုင်ရေး ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံ အောက်တိုဘာ ၁၁ ရက် နောက်ဆုံးထားစာရင်းသွင်းရန် ယင်းအသင်းက ယမန်နေ့ အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.