Preview

ရခိုင်တွင် စက်သုံးဆီဈေးနှုန်း အနည်းငယ် ပြန်မြင့်တက်

ဇန်နဝါရီ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :5481
စီးပွားရေး သတင်း
ထက်အောင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၀/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း စက်သုံးဆီဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်သွားသည့်အတွက် စက်သုံးဆီအသုံးပြုနေသူများတွင် အခက်အခဲများရှိနေကြောင်း သိ၇သည်။
ယခုဇန်နဝါရီလအစပိုင်းတွင် အောက်တိန်း 92 တစ်လီတာကို ၁,၅၀၀ ခန့်နှင့် အောက်တိန်း 95 တစ်လီတာလျှင် ၁,၆၀၀ ကျပ်သာရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း 92 တစ်လီတာကို ၁,၅၅၀ ကျပ်နှင့် 95 တစ်လီတာလျှင် ၁,၆၂၀ ကျပ်အထိမြင့်တက်လာနေကြောင်း စစ်တွေရှိ ရွှေရိုးမစက်သုံးဆီအရောင်းဆိုင်မှ သိ၇သည်။
ယင်းအပြင် 92 တစ်လီတာလျှင် ပြင်ပဆိုင်များတွင် ၁,၇၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည်ဟုလည်း သိ၇သည်။
ကုန်ဈေးနှုန်းများအဆမတန်ဈေးမြင့်တက်နေချိန်တွင် ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေသည့်အတွက် စက်သုံးဆီအသုံးပြုနေရသည့် လက်လုပ်လက်စားပြည်သူများအနေဖြင့် အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရသည်ဟု သိ၇သည်။
စက်သုံးဆီဈေးနှုန်းမြင့်တက်နေသော်လည်း ခရီးသည်တင်ကားများအနေဖြင့် မိသားစုစားဝတ်နေရေးကို ရှေးရှူကာ ပုံမှန်ဈေးဖြင့်ပြေးဆွဲပေးနေရသည်ဟု ရခိုင်ပြည်နယ်၊ ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးချမ်းအေးက ပြောသည်။
“ကျနော်တို့မှာ တပည့်သားသမီးတွေရှိတယ်။ သူတို့တွေ စားဝတ်နေရေးအဆင်ပြေဖို့အတွက် ရှုံးရှုံးမြတ်မြတ် ပြေးဆွဲပေးနေရတဲ့အနေအထားမှာရှိပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းတက်လာခြင်းမှာ ဒေါ်လာဈေးတက်လာမှုနှင့် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းရသည့်အခါ နိုင်ငံခြားငွေကို ပေးချေနေရ၍ဟု ရခိုင်ပြည်နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးသိန်းရွှေက ပြောသည်။
“ နိုင်ငံခြားငွေကြေးဈေးနှုန်းမငြိမ်ရင်တော့ တက်လာမှာပဲလေ။ စက်သုံးဆီအမျိုးအစားတိုင်းမှာ တစ်လီတာကို ခန်းမှန်း ကျပ် ၄၀ လောက်ကနေ ၅၀ အထိတက်သွားတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြု၍ နိုင်ငံခြားငွေ ဈေးနှုန်းများမြင့်တက်ခဲ့သည့်အတွက် လက်ရှိအချိန်အထိ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်သည်ဟု သိ၇သည်။
မြန်မာ့နိုင်ငံရေးအကျပ်တည်မဖြစ်ပေါ်ခင်က စက်သုံးဆီ တစ်လီတာလျှင် အများဆုံး ကျပ် ၁ ထောင်ခန့်သာရှိခဲ့သည်ဟု သိ၇သည်။
#စက်မှုလက်မှု/စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.