English Edition
အင်္ဂါနေ့၊ မေလ ၁၃ရက်၊ ၂၀၂၅
လှူရန်
Preview
၇ခိုင်ဒေသထွက် အုန်းသီးခြောက် တန်ချိန် ၃၀၀ ကျော်အား ဇန်နဝါရီလအတွင်း ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နိုင်ခဲ့
ဖေဖော်ဝါရီ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :5071
စီးပွားရေး သတင်း
ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၂
၇ခိုင်ဒေသထွက် အုန်သီးခြောက် တန်ချိန် ၃၀၀ ကျော်ကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလအတွင်း တင်ပို့နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိ၇သည်။
ထိုအုန်းသီးများကို မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန် ကုန်သွယ်ရေးစခန်းနှင့် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
ယင်းသို့တင်ပို့ရာတွင် မောင်တောမှ အုန်းသီးခြောက်တန်ချိန် (၅၇)တန်နှင့် စစ်တွေမှ တန်ချိန် (၂၆၁.၈) တန်တို့ပါဝင်သည်ဟုလည်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။
“ ဇန်နဝါရီလက ပထမဆုံးအကြိမ် တင်ပို့တာပါ။ အခုက ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် တန်ချိန် ၃၀၀ ကျော်တင်ပို့နိုင်တယ်ဆိုတာကလည်း သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ဒီဘက်မှာက အများကြီး စုဆောင်းထားတာမရှိဘူး။ အုန်းသီးတွေကို လိုက်ပြီးစုဆောင်းနေရတဲ့အခြေအနေမှာပဲရှိသေးတယ်” ဟု ပြောသည်။
တစ်ဖက်နိုင်ငံသို့ အုန်းသီးခြောက်များကို တင်ပို့ရာတွင် ရခိုင်ရှိ အုန်းပင်အုန်းတောအများအပြားရှိသည့် မာန်အောင်၊ သံတွဲ၊ ဂွ စသည့်မြို့နယ်များမှ အုန်းသီးခြောက်များနှင့် ကျန်သည့်မြို့နယ်များမှ အနည်းငယ်ပါဝင်ကြောင်း သိ၇သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အုန်းသီးအခြောက်တစ်လုံးလျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၄၈ တာကာအထိ ပေါက်ဈေးရှိပြီး ၇ခိုင်တွင်ဆိုလျှင် ၅၅၀ ကျပ်သာ ပေါက်ဈေးရှိကြောင်းလည်း သိ၇သည်။
ဦးအောင်အောင်က “ကျနော်တို့ ရခိုင်ပြည်နယ်မှာက အုန်းသီး အစိမ်း၊ အခြောက် ပွဲရုံဆိုပြီးမရှိဘူး။ မာန်အောင်တို့ သံတွဲတို့မှာက အုန်းဆီထုတ်တဲ့အခါ အုန်းသားလုပ်ဖို့အတွက် စုထားတဲ့ စက်ရုံတွေက ဝယ်တာဖြစ်နိုင်တယ်။ စစ်တွေ၊ မြောက်ဦးဘက်တွေမှာက အုန်းပင်တော့ရှိတယ်။ ဒါပေမယ့် နည်းတယ်” ဟု ပြောသည်။
အုန်းသီးများကို စုဆောင်းရသည့်အခါတွင်လည်း ပွဲရုံမရှိသည့်အတွက် ကိုယ်စားလှယ်များမှ တဆင့်ဝယ်ရခြင်းကြောင့် အချိန်ကြန့်ကြာမှုရှိကြောင်း ဆက်ပြောသည်။
#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.