English Edition
တနင်္လာနေ့၊ မေလ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
စက်သုံးဆီဈေးနှုန်းစံချိန်တင်မြင့်တက်နေ၍ ရခိုင်တွင် အကန့်အသတ်ဖြင့်ဝယ်ယူနေရဟုဆို
မတ် ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :7390
စီးပွားရေး သတင်း
ထက်အောင်
နိရဥ္စရာ၊ မတ် ၄/ ၂၀၂၂
ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းနှင့်အတူ ၇ခိုင်တွင်လည်း စက်သုံးဆီဈေးနှုန်းတစ်လီတာလျှင် အမြင့်ဆုံး ကျပ် ၂ ထောင်ကျော်အထိ စံချိန်တင်မြင့်တက်လာ၍ စက်သုံးဆီကို အကန့်အသတ်ဖြင့် ဝယ်ယူနေ၇ကြောင်း စက်သုံးဆီသုံးစွဲသူများက ပြောသည်။
ကျောက်တော်မြို့နယ်မှ စက်သုံးဆီသုံးစွဲသူ ဦးအောင်ကျော်သာက “မနေ့ကစပြီးတော့ စက်သုံးဆီဈေးနှုန်း တက်သွားတော့ တချို့ဆိုင်တွေမှာ လိုသလောက်ဝယ်လို့ရတယ်။ တချို့ဆိုင်တွေမှာတော့ အကန့်အသတ်နဲ့ ဝယ်၇တယ်” ဟု ပြောသည်။
စစ်တွေမြို့ရှိ ရွှေရိုးမ စက်သုံးဆီအရောင်းဆိုင်တွင်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်လာသည့်အတွက် ယမန်နေ့က အကန့်အသတ်ဖြင့်ရောင်းချခဲ့၇ပြီး ယနေ့တွင် လိုသလောက်ဝယ်ယူနိုင်ပြီဟု ပြောသည်။
ထိုကဲ့သို့ စက်သုံးဆီများကို အကန့်အသတ်ဖြင့် ရောင်းချရခြင်းမှာ ဆီဈေးနှုန်းများ ယခုထက်ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်သဖြင့် ဝယ်ယူသူများအနေဖြင့် ပုံမှန်ထက် ကျော်လွန်ဝယ်ယူခြင်းများကြောင့်ဟု ရောင်းချသူများက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် လောင်စာဆီများဖြစ်သည့် ဒီဇယ်၊ ပရီမီယမ် ဒီဇယ်၊ အောက်တိန်း 92၊ အောက်တိန်း 95 ဆီအမျိုးအစားအားလုံးမှာ တစ်လီတာ ကျပ် ၂၀၀၀ ကျော်ဖြစ်သွားပြီဟု သိ၇သည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ တစ်နေ့တခြား မြင့်တက်လာသည့်အတွက် ပြည်သူများအနေဖြင့် ရေရှည်တွင် အခက်အခဲများနှင့် ရင်ဆိုင်လာရမည့်အခြေအနေရှိနေကြောင်း စက်သုံးဆီသုံးစွဲသူများက ပြောသည်။
စက်သုံးဆီသုံးစွဲသူ ဦးအောင်ကျော်သာက “အခု ခရီးသွားလာရေးကအစ စစ်တွေနဲ့ ကျောက်တော်ခရီးစဉ်ဟာ အရင်တုန်းက စစ်တွေ- ရန်ကုန်ခရီးစဉ်လို ဈေးနှုန်းက အရမ်းမြင့်သွားပြီ။ လယ်ယာသုံးပစ္စည်းတွေဝယ်တဲ့အခါလည်း အခက်အခဲတွေရှိလာပါပြီ” ဟု ပြောသည်။
စက်သုံးဆီဈေးနှုန်းများသည် ယခင်က တစ်လီတာလျှင် ပျဉ်းမျှ ကျပ် ၁ ထောင်ကျော်သာရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုဖြစ်စဉ်အပြီးတွင် တရိတ်ရိတ်မြင့်တက်လာနေခြင်းဖြစ်သည်ဟု သိ၇သည်။
#စက်မှုလက်မှု/စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.