English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်သို့ ဧပြီလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၆၃ သန်းဖိုး တင်ပို့နိုင်ခဲ့
မေ ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :3072
စီးပွားရေး သတင်း
မြထွီးသျှင်
နိရဥ္စရာ၊ မေ ၅/ ၂၀၂၂
ရခိုင်နယ်စပ်ကုန်သွယ်ရေးမှ တစ်ဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ ဧပြီလ ၁ လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၆၃ သန်းဖိုး တင်ပို့နိုင်ခဲ့သည်ဟု သိ၇သည်။
စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၉ သန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း ကုန်သွယ်ရေးဇုန်ဆိပ်ကမ်း)မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ သန်းကုန်သွယ်နိုင်ခဲ့ကြောင်း ပြည်နယ်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ဧပြီလတွင် သင်္ကြန်ပိတ်ရက်များကြောင့် ကုန်သွယ်မှုအနည်းငယ်လျော့ကျသွားကြောင်း ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က နိရဥ္စရာသို့ပြောသည်။
“ဟိုဘက်မှာ အိဒ်ပွဲကျနေတာဆိုတော့ ဘဏ်လည်းမဖွင့်၊ အလုပ်လည်းနားကြတာရှိတော့။ ဒီမှာလည်း သင်္ကြန်နဲ့အလုပ်က ၁၉ ရက်လောက်နားလိုက်ကြတယ်။ ဟိုမှာလည်း ဧပြီလမကုန်ခင်လောက်ကနေ ပွဲနဲ့အလုပ်တွေနားထားကြတော့ အရင်လထက်တော့ နည်းသွားတယ်ကုန်သွယ်တာ”ဟု ပြောသည်။
မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ အဓိကတင်ပို့ကုန်များမှာ ရေချိုငါး၊ ငါးမြစ်ချင်း၊ ဒေသထွက် ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံကလေးခြောက်၊ ငမုတ်မဲ၊ ကြက်သွန်နီ၊ အုန်းသီး၊ ကွမ်းသီး၊ ဂျင်းအစို၊ ဇီးသီးခြောက်၊ ဇီးဖတ်၊ မကျည်းစေ့၊ ထန်းညက်၊ ဒညင်းသီး၊ ကုလားပဲ၊ သရက်သီး၊ စစ်တုံဥ၊ တံမြက်စည်း၊ ငရုတ်သီးခြောက်၊ ဇီးယိုထုတ်များနှင့် ပြည်တွင်းထုတ် လူသုံးကုန်ပစ္စည်းများပါဝင်ကြောင်း သိ၇သည်။
ရေထွက်ပစ္စည်းများတွင် ရိုးမအရှေ့ဘက်မှတင်သွင်းသည့် ရေချိုငါးများကို အများဆုံးတင်ပို့နိုင်ခဲ့ပြီး ဧပြီလအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖိုးရှိခဲ့ကြောင်း သိ၇သည်။
ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်အဖြစ် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဖြတ်ပြီးသား တီရှပ်အပိုင်းအစများကိုသာ ကန်ဒေါ်လာ ၀ ဒသမ ၀၀၁၀၅ သန်းဖိုး တင်သွင်းနိုင်ခဲ့ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း ကုန်သွယ်ရေးဇုန်ဆိပ်ကမ်း)သို့ PVC ပိုက်ဆက်ပစ္စည်းများ၊ ရေပေးရေဝေရေးလုပ်ငန်းသုံး ရေစုပ်မော်တာများနှင့် လက်နှိပ်ရေတုံကင်ပန့်များကို ကန်ဒေါ်လာ ၀ ဒသမ ၀၀၇၉ သန်းဖိုးတင်သွင်းနိုင်ခဲ့ကြောင်း သိ၇သည်။
ရခိုင်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုဗစ်တတိယလှိုင်းဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.