စနေ၊ ဒီဇင်ဘာလ ၉ရက်၊ ၂၀၂၃

မြန်မာဘက်က ဆန်တန်ချိန် ၂၁၀၀၀ ဘင်္ဂလားဒေရှ်ကိုတင်ပို့၊ ရခိုင်ကဆန်တန်ချိန် ၂၅၀၀ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဝယ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

 

နိရဉ္စရာ၊ အောက်တိုဘာ၁၃/ ၂၀၂၂

 

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၁၀၀၀ ကို တင်ပို့ရန် သဘောတူညီထားပြီးနောက် ယခု အခါ ၎င်းဆန်များကို စတင် တင်ပို့နေပြီဖြစ်ကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)သို့ ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် တစ်တန်ကို ဒေါ်လာ ၄၀၀ နူန်းဖြင့် ပို့ကုန် အရည်အသွေးမှီ ဆန်တန်ချိန် ၂၅၀၀ အားရောင်းချခွင့်ရရှိထားသည်ဟု သိရသည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်း အရောက် တစ်တန်လျှင် ၄၆၅.၅ ဒေါ်လာနှုန်းဖြင့် ရောင်းချရန် ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူညီမှုရရှိထားကြောင်း RSCCI တွင် သတင်းဖော်ပြထားသည်။

 

ရခိုင်ပြည်နယ်တွင် ပို့ကုန်အရည်အသွေးမှီ ကြိတ်ခွဲနိုင်သော အင်္ဂါရပ်ပြည့်စုံသည့် ခေတ်မှီ ဆန်စက်ကြီး (၇) လုံးရှိပြီး ယင်းတို့မှာ ကျောက်တော်မြို့နယ်တွင် ၃ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂)လုံးနှင့် စစ်တွေမြို့နယ်တွင် (၂)လုံးရှိကာ ဆန်များကို အသုတ်လိုက်ရောင်းချမည်ဟု ၎င်း သတင်းတွင် ဖော်ပြသည်။

 

ဘင်္ဂလားဒေ့ရှ်သို့ တန်ပို့မည့် ဆန်များအထဲမှ တန်းမြင့်ဆန်တန်ချိန် ၂၀၃၀၀ ကို ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းတွင် ရောက်ရှိနေသည့် MV VTC Ocean သင်္ဘောဖြင့် ပို့ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်း စစ်ကောင်စီပိုင်သတင်းစာတွင် ယမန်နေ့က ဖော်ပြထားသည်။

ဆက်စပ် သတင်းများ