ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အင်းဒင်ရွာတွင် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 2.8k

သန်းသန်း | စစ်တွေ၊ ဇွန် ၁၇ ၊ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပိုင်း  အင်းဒင်ကျေးရွာအုပ်စုတွင် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျပြီး သေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသွားသောကလေးငယ်မှာ အင်းဒင်ကျေးရွာအုပ်စု၊ ပဲရုံကျေးရွာနေ ဦးကျန်မောင်၏သား မောင်ဟိန်းထက်ကျော်ဖြစ်ပြီး ၄င်းကလေးမှာ ဆော့ကစားနေရင်း ရေထဲ ပြုတ်ကျ သေဆုံးသွားခြင်းဖြစ်ကြောင်း အဘိုးဖြစ်သူ ဦးလှထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဘိ်ုးဖြစ်သူက“ ကလေးက ကစားနေရင်း လွန်ပြီးလယ်ကွက်ထဲမှာရှိတဲ့တွင်းကို လယ်ကွက်မှန်း တွင်းမှန်းမသိဘဲ လားရာကနေ ရေနက်တွင်းထဲကျပြီး သေသွားတာပါ ”ဟု ပြောသည်။

နောက်နောင်ကို ထိုကဲ့သို့မဖြစ်ရအောင် ကလေးမိဘများအားလုံးနှင့် ပြည်သူများလည်း ဝိုင်းဝန်းပြီး ကလေးများအား ဂရုစိုက်ကြစေလိုသည့် ဦးလှထွန်းက ပြောသည်။

အဆိုပါဖြစ်စဉ်အား အင်းဒင်ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးကျော်စိုးမိုးအား ဆက်သွယ်မေးမြန်းခဲ့ရာ သူက  “ကလေး သေတာဟုတ်ပါတယ်။ ရေတွင်းထဲကျပြီး သေတယ်လိ်ု့သိရပါတယ်။ ကလေးသေတာနဲ့ ပတ်သက်ပြီး အမှူဖွင့်ထားတယ်။ မောင်တောပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံပို့ပြီး ရင်ခွဲစစ်ဆေးတာတို့ကို မောင်တောမြို့မှာ အားလုံးလုပ်ခဲ့ပါတယ်” ဟု ဆိုသည်။

သေဆုံးသွားသည့် အဆိုပါ ကလေးငယ်အား လွန်ခဲ့သည့် တနင်္ဂနွေနေ့ ညနေ ၅ နာရီကျော်တွင် သင်္ဂြိုလ်ခဲ့ကြောင်းသိရသည်။

ဆက်စပ် သတင်းများ