ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်တွေဘုမေရွာတွင် သမီးရည်းစားစကားများရာမှ သံဆူးချွန်ဖြင့် ထိုး၍ အမျိုးသမီးဖြစ်သူ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 759

နိရဥ္စရာ၊ ဇွန် ၁၈/ ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေရွာတွင် သမီးရည်းစားချင်း စကားများရာမှ သံဆူးချွန်ဖြင့် ထိုးသဖြင့် အမျိုးသမီးဖြစ်သူမှာ သေဆုံးသွားကြောင်း ရဲဇာနည်ဖေစ့်ဘုတ်တွင် သတင်း ဖော်ပြသည်။

၎င်းဖြစ်စဉ်မှာ ၂ဝ၁၉ ခုနှစ်၊ ဇွန်လ၁၅ရက်နေ့ ည ၁ဝ နာရီ ၃ဝ မိနစ်အချိန်ကစစ်တွေမြို့နယ် ဘုမေ ကျေးရွာနေ မရုန်းနာရာဘေဂေါင်(၂၂)နှစ်သည် တစ်ရွာတည်းနေရည်းစားဖြစ်သူ ဇော်မီဟူးဆောင်း (၂၁)နှစ်နှင့် နေအိမ်ခြံဝင်းအတွင်း၌စကားများရန်ဖြစ်စဉ် ဇော်မီဟူးဆောင်းကအရှည် ၁၂ လက်မခန့်ရှိ သံဆူးချွန်ဖြင့် ထိုးခဲ့သည်ဟု ဆိုသည်။

မရုန်းနာရာဘေဂေါင်တွင် ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။

ဇော်မီဟူးဆောင်းအား စစ်တွေမြို့ မရဲစခန်း (ပ)၁၁၁၅/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။

ဆက်စပ် သတင်းများ