Preview

မင်းပြားမြို့တွင် ရတန်းကျောင်းသားတစ်ဦး ရာမောင်မြစ်ထဲ ပျောက်ဆုံးနေ

ဇွန် ၂၅/ ၂၀၁၉ | ကြည့်ရှုသူ :8646
မှုခင်း သတင်း



ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၅⁄ ၂၀၁၉


ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ရ တန်းကျောင်းသား လူငယ်တစ်ဦး ရာမောင်မြစ်ထဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။


ပျောက်ဆုံးနေသောကလေးငယ်မှာ မင်းပြားမြို့ ပြည်တော်လှရပ်ကွက်နေ ဦးလှသိန်းထွန်းနှင့် ဒေါ်စောခင်သန်းတို့၏သား ၇ တန်းတက်နေသူ မောင်အောင်မျိုးလင်း အသက်(၁၄)နှစ် ဖြစ်သည်။


 သူသည်  ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မင်းပြားမြို့ရှိ ရာမောင်မြစ်ထဲသို့ ရေဆင်းချိုးရာမှ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိ၇သည်။


“ သူ့သူငယ်ချင်းတွေနဲ့ အဲဒီမြစ်ထဲကို  ရေဆင်းချိုးကြတာပါ။ ပြောပုံအရဆိုရင် သူက အပေါ်ကနေ  ဒိုင်ဗင်ထိုးလိုက်တော့ အောက်က ကလေးတစ်ယောက်ရဲ့ ခေါင်းနဲ့ ဆောင့်ကျသွားတယ်။  အဲဒီမှာ နာပြီးတော့ ရေထဲကို နစ်ဆင်းသွားပြီး ပြန်မပေါ်လာတော့ဘူးလို့ သူနဲ့အတူ ရေသွားချိုးတဲ့ ကလေးတွေက ပြောပါတယ်”ဟု ပြည်တော်လှရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။


ပျောက်ဆုံးနေသူအား ယနေ့ နေ့လယ်ပိုင်းအထိ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က စက်လှေများဖြင့် ရှာဖွေနေကြကြေင်း သိ၇သည်။


“ကျွန်တော်တို့လည်း ရပ်ကွက်က လူတွေနဲ့ ပူးပေါင်းပြီး ရှာဖွေကြပါတယ်။ အခုထိတော့ မတွေ့သေးဘူး။ ပျောက်တဲ့နေ့ကဆို ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရှာကြတာပေါ့။ ”ဟု မင်းပြားမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးကျော်လင်းက ပြောသည်။


ယခင်ကလည်း ရာမောင်မြစ်တွင် ရေနစ်သေဆုံးမှုများ နှစ်စဉ်လိုလိုဖြစ်ပွားမှုရှိကြောင်း သိ၇သည်။


 အလားတူ ဇွန်လ ၁၂ ရက်နေ့တွင်လည်း မင်းပြားမြို့ဈေးဟောင်းပိုင်းရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ဦး မြို့ပေါ်ရှိ စမ္ဘလေချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.