သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မာန်အောင်ပင်လယ်ပြင်တွင် သင်္ဘောတိုက်ခံရသော ငါးဖမ်းစက်လှေပေါ်မှ လူတစ်ဦးပျောက်ဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 3.9k


နိရဥ္စရာ၊ ဇွန် ၂၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပင်လယ်ပြင်တွင် သင်္ဘောတစ်စီးမှ ငါးဖမ်းစက်လှေတစ်စီးအား ဝင်တိုက်မိရာမှ စက်လှေပေါ်မှ ရေလုပ်သားတစ်ဦးရေထဲပြုတ်ကျပြီး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။


ပျောက်ဆုံးနေသူမှာ ချစ်လုံး (၃၈)နှစ် ဖြစ်သည်။


ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဝက်စုကျေးရွာနေ ဦးဝင်းနိုင် ပိုင်ငါးဖမ်းစက်လှေသည် မာန်အောင်မြို့နယ်၊ ချောင်းဝကျေးရွာ စက်လှေဆိပ်မှ အရှေ့ဘက် ရေမိုင် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ငါးဖမ်းပိုက်ချနေစဉ် ကျောက်ဖြူဘက်မှ ရမ်းဗြဲဘက်သို့ မောင်းနှင် လာသော သင်္ဘောတစ်စီးမှ ငါးဖမ်းစက်လှေ၏ နောက်ယာဘက်ခမ်းခေါင်မိုးအား ပွတ်တိုက်သွားခဲ့သည်ဟု ဆိုသည်။


စက်လှေပေါ်ပါ ရေလုပ်သား(၅)ဦးပါရှိပြီး ထိုအထဲမှ ချစ်လုံး (၃၈)နှစ်မှာ ရေထဲပြုတ်ကျသွားပြီး ပျောက်ဆုံးနေသည်ဟု သိရသည်။


ပင်လယ်အတွင်းပြုတ်ကျပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေလျက်ရှိကြောင်းနှင့် မအီမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲဇာနည်ပေ့ချ်တွင် သတင်းဖော်ပြထားသည်။

ဆက်စပ် သတင်းများ