Preview

ဂွမြို့နယ်တွင် စက်လှေနစ်မြုပ်၍ လူ ၂ ဦးပျောက်ဆုံးနေ

သြဂုတ် ၀၅/ ၂၀၁၉ | ကြည့်ရှုသူ :2221
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၅/ ၂၀၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ချောင်းသာကြီးကျေးရွာတွင် စက်လှေနစ်မြုပ်၍ လူ ၂ ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဂွမြို့ တစ်ဖက်ကမ်းရှိ ချောင်းသာကြီးကျေးရွာမှ စက်လှေဖြင့် ကွမ်းညွှန့်ခူး၍ ဂွမြို့သို့ ပြန်လာစဉ် ချောင်းသာကြီးကျေးရွာအုပ်စု အုန်းပင်ချောင်း၀အနီးတွင် ယနေ့ နေ့လယ် ၂ နာရီခန့် အချိန်တွင် စက်လှေနစ်မြုပ်သွား ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ဂွမြို့ရဲစခန်းမှ ဒုရပ်အုပ် အောင်ဖြိုးဝေက နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

 “ကျွန်တော်တို့လည်း မနေ့က ညနေ ၅ နာရီလောက်ကပဲ သိ၇တာပါ။ ပျောက်နေတဲ့ ၂ ယောက်ကို ရှာနေတာ ခုထိမတွေသေးပါဘူး။ ပင်လယ်မှာလည်း လှိုင်းကတအားကြီးနေတာဗျ။ အခုဒီဘက်မှာ ရာသီဥတုအရမ်းဆိုးရွားနေပါတယ်”ဟု ဒုရပ်အုပ် အောင်ဖြိုးဝေက  ပြောသည်။

အဆိုပါ စက်လှေတွင် စီးနှင်းလိုက်ပါလာသူများမှာ ချောင်းသာကြီးကျေးရွာအုပ်စု ကျောက်တန်း ကျေးရွာမှ ဦးလှမြင့်(၄၅)နှစ်၊ စက်လှေ မောင်းသူ မောင်အေးမင်းထွန်း(၂ရ)နှစ်နှင့် ဂွ မြို့ပေါ်  ရွာမရပ်ကွက်မှ ဦးဇော်နိုင်ဦး (၃၀)နှစ် တို့ဖြစ်ကြောင်း သိရသည်။

ဂွမြို့ရှိ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က “သူတို့က ကွမ်းခြံကို ကွမ်းညွှန့်သွားချိုးကြတာ။ ဂွမြို့ပေါ်ကို အလာ လမ်းမှာ ရာသီဥတုဒဏ်ကြောင့် အဲဒီလှေထဲ ရေဝင်ပြီး လှေနစ်သွားတာပါ။ အဲဒီထဲက ကျွန်တော်တို့ ရပ်ကွက်က တစ်ယောက်ကတော့ တစ်ဖက်ကမ်းကို ကူးနိုင်ခဲ့လို့ အသက်ရှင် ကျန်ခဲ့တယ်။ ကျန် နှစ်ယောက်က ရှာမတွေ့သေးပါဘူး”ဟု ပြောသည်။

၄င်းတို့ ၃ ဦးမှာ စက်လှေနစ်မြုပ်ချိန်တွင် ဦးဇော်နိုင်ဦးသာမှာ ချောင်းတစ်ဖက်ကမ်းသို့ ကူးခတ်ရောက်ရှိကာ အသက်ရှင်ခဲ့၇ကြောင်း၊ ကျန် ၂ ဦးမှာ ပျောက်ဆုံးလျှက်ရှိ၍ ဂွမြို့နယ်မီးသတ်ဌာနမှ တာဝန်ရှိသူများအပါအဝင် ဂွမြို့ရဲစခန်းမှ တာဝန်ရှိသူများပါ ရှာဖွေကယ်ဆယ်ရေးများလုပ်နေကြောင်း သိရသည်။

အလားတူ ယခုနှစ် ဇူလိုင်လအတွင်း ရမ်းဗြဲ၊ ကျောက်ဖြူ၊ ပေါက်တောမြို့နယ်တို့တွင်လည်း စက်လှေနစ်မြစ်မှု ရှိခဲ့ပြီး လူ ၆ ဦးအထိ သေဆုံးမှုရှိခဲ့ကြောင်းသိ၇သည်။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.