English Edition
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တော ခရေမြိုင်မှ ငါးရှာသွားစဉ်ပျောက်ဆုံးနေသည့် အမျိုးသမီးအလောင်းတွေ့ရှိ
သြဂုတ် ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :3408
မှုခင်း သတင်း
သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၈/ ၂၀၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ခရေမြိုင်ကျေးရွာမှ ငါးရှာသွားစဉ် ပျောက်ဆုံးနေသည့် အမျိုးသမီး အလောင်းကို ယနေ့နံနက် ၁၁ နာရီက ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
၎င်းအမျိုးသမီးမှာ ခရေမြိုင်ကျေးရွာမှ ဦးချင်းတောင်း၏ ဇနီး ဒေါ်မမြစိန်(၃၉) နှစ်(ဘ) ဦးအောင်သန်း ဖြစ်ကြောင်း၊ ယမန်နေ့က ငါးရှာသွားစဉ် ပျောက်ဆုံးနေခဲ့ကြောင်း မိသားစုများက ပြောကြားသည်။
“ကျနော့်အမျိုးသမီးကနေပြီးတော့ မနေ့က နနက်ပိုင်း ၆နာရီခွဲခန့်မှာ ငါးရှာသွားတယ်။ ငါးရှာဖို့ သွားတဲ့အချိန်မှာ ကျနော်ကလည်းနေမကောင်းဘူး။ ကျနော်က အိမ်ရှင်မကို ရာသီဥတု မကောင်းလို့ မသွားနဲ့လို့ တားပါသေးတယ်။ သွားတာလည်း သူတစ်ယောက်တည်း မဟုတ်ဘူး။ တစ်ခြား အဖော် ရွာက အမျိုးသမီးတွေနဲ့သွားတာကြတာပါ။ မနေ့က ရွာသားတွေ အကုန်လုံး ပြန်ရောက်ပေမယ့် သူက ပြန်ရောက်မလာခဲ့ဘူး” ဟု လင်ဖြစ်သူ ဦးချင်းတောင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
၎င်းအမျိုးသမီးအား ယမန်နေ့ကတည်းက လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ ရှိခဲ့ကြောင်း၊ သို့အတွက် ခရေမြိုင်ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း၊ ယနေ့ နံနက် စောစောက ကျေးရွာကအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ရွာမှလူများနှင့် ထပ်မံလိုက်လံ ရှာဖွေခဲ့ရာ အဆိုပါ အမျိုးသမီး ရုပ်အလောင်းအား ဂေါ်ဒူသာရ ချောင်းစပ်တစ်နေရာတွင် သေဆုံးလျှက် တွေ့ရှိခဲ့ရကြောင်း ခင်ပွန်းဖြစ်သူက ဆက်လက် ပြောဆိုသည်။
ဦးချင်းတောင်းက “ ရေနစ်လို့ တွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ ဒဏ်ရာရထားမျိုးတော့ မရှိဘူး။ ဘာကြောင့်သေတယ်ဆိုတာတော့ တိတိကျကျ မသိပါဘူး။ ဘယ်ဘက်မျက်လုံး တစ်လုံးတော့ ပါမလာဘူး။ ငါးတို့၊ ကဏန်းတို့ စားပစ်သလား မသိဘူး။ ဆေးရုံက ဆေးစစ်ပြီးမှ သိ၇မှာပါ” ဟု ပြောဆိုသည်။
သူမအလောင်းအား ယနေ့ နံနက်ပိုင်း ၁၁ နာရီခန့်တွင် ဂေါ်ဒူသာရ ချောင်းစပ်တစ်နေရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ခရေမြိုင်ကျေးရွာ အုပ်ချုပ်ရေး ဦးထွန်းလှအောင်ကလည်း အတည်ပြု ပြောဆိုသည်။
ဦးထွန်းလှအောင်က “ ငါးရှာဖို့သွားတာကလည်း ရွာက လူအများကြီး သွားကြပါတယ်။ ပင်လယ်ကမ်းစပ်ကို ရောက်သွားတော့ ကိုယ့်နည်း ကိုဟန်နဲ့ကို ငါးရှာကြတယ်။ ထိုသွား ဒီသွား နဲ့ သူကတော့ တစ်ယောက်တည်း ကွဲပီး ကျန်သွားတဲ့ ပုံစံကျတာပေါ့။ အဖော်ကွဲပြီး ပျောက်ဆုံးခဲ့တာပါ” ဟု ပြောသည်။
သေဆုံးသွားသည့် ထိုအမျိုးသမီး ရုပ်အလောင်းအား မကျည်းချောင်း နယ်မြေရဲစခန်းက တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ပြီး မောင်တောပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားသည်ဟု ဦးထွန်းလှအောင်က ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အား သိရှိနိုင်ရန် မကျည်းချောင်း နယ်မြေရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့ပါသဖြင့် မေးမြန်း တင်ပြနိုင်ခြင်း မရှိသေးပါ။
#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.