Preview

မင်းပြားမြို့နယ်တွင် ပုတ်ပွနေသည့် လူသေအလောင်းတွေ့ရှိ

သြဂုတ် ၂၁/ ၂၀၁၉ | ကြည့်ရှုသူ :8865
မှုခင်း သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၂၁/၂၀၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကင်းပွန်းချောင်းဖျားတွင် ပုတ်ပွနေသည့် လူသေအလောင်း တစ်လောင်းတွေ့ရှိရကြောင်း သတင်းရရှိသည်။

အဆိုပါလူသေအလောင်းမှာ မင်းပြားမြို့နယ် ဖလောင်းပြင်ကျေးရွာမှ မောင်ဆန်းဝင်း (၄၀)နှစ် (ဘ)ဦးသံခဲ ဖြစ်ကြောင်းသိ၇သည်။

သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က ရမန်ဆည်နှင့် ကျားပိုက်ကေကြားတွင် အဆိုပါ အလောင်းအား တွေ့ရှိ၇ကြောင်း၊ နေအိမ်မှပျောက်ဆုံးနေခြင်းမှာ ၅ ရက်ခန့်ကြာပြီးဖြစ်ကြောင်း၊ မိသားစုဝင်များလိုက်လံရှာဖွေ ခဲ့သော်လည်း မတွေ့ရှိခဲ့ရကြောင်း ဖလောင်းပြင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစံသိန်းအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“သူက အရက်လည်း နည်းနည်းသောက်တတ်တယ်။ အရက်နည်းနည်း သောက်တတ်တယ် ဆိုတော့ ဦးဏှောက်ကလည်း နည်းနည်းမကောင်းလို့သိရပါတယ်။ အဲ့လိုအရက်သောက်ပြီး မူးလို့လဲလို့ရေနစ်ပြီး သေသွားတာလား မသိဘူး။ အလောင်းက ပုတ်ပြီး အရည်ပျော်သွားပါပြီ” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ထိုလူသေအလောင်းနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းရန် ဖလောင်းပြင်အုပ်စု ခေါင်းလောင်းချောင်း နယ်မြေခံရဲကင်း စခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရဲကင်းစခန်းမှူးက သေဆုံးသွားသူမှာ ဖလောင်ပြင်ကျေးရွာမှ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“သူက စိတ်ကလည်း မနှံ့။ နောက်ပြီးတော့ အရက်ကလည်း နည်းနည်းသောက်တယ်။ နှလုံးရောဂါလည်း အခံရှိတယ်လို့သိရပါတယ်” ဟု ခေါင်းလောင်းချောင်း ရဲကင်းစခန်းမှူး ကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မိသားစုဝင်များက တရားဝင်အမှုဖွင့်ခြင်း၊ တစ်စုံတရာ တိုင်ချက်ဖွင့် ကြောင်းကြားခြင်း မရှိကြောင်း ရဲကင်းစခန်းမှူးက ပြောသည်။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.