Preview

ကျောက်တော်မြို့နယ်တွင် လူငယ် ၁ ဦး ရေနစ်သေဆုံးပြီး ၁ ဦးပျောက်ဆုံးနေ

သြဂုတ် ၂၉/ ၂၀၁၉ | ကြည့်ရှုသူ :5445
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၈/ ၂၀၁၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပုဏ္ဏားကျေးရွာမှ လူငယ် ၁ ဦးမှာ ရေနစ်သေဆုံးသွားပြီး နောက်ထပ် ၁ ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က ကျောက်တော်မြို့နယ် ပီကောက်ချောင်းထဲသို့ ပုဏ္ဏားကျေးရွာမှ လူငယ် ၆ ဦး ငါးရှာဆင်းစဉ်  ရေအနက်ထဲသို့ ကျသွားသောကြောင့် အဆိုပါ လူငယ် ၆ ဦးအနက် ၁ ဦးသေဆုံးပြီး ၁ ဦးမှာ ယနေ့အချိန်အထိ ပျောက်နေသေးကြောင်း သိ၇သည်။

သေဆုံးသွားသူမှာ ပုဏ္ဏားကျေးရွာမှ ဦးဝင်းမသန်းနှင့် ဒေါ်အညွှန့်ချေတို့၏ သား မောင်ဦးမောင်ဆန်း (၁၅) နှစ် ဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ဦးမောင်သိန်းထွန်းနှင့် ဒေါ်အတုတ်ချေတို့၏ သား မောင်ဦးအေးလိူင် (၁၉) နှစ် ဖြစ်ကြောင်း သိ၇သည်။

“သူတို့က အဖွဲ့လိုက်နေကြပါတယ်။ ၆ ယောက်တစ်ဖွဲ့ နွားကျောင်းဖို့ သွားကြတာ။ အဲဒီမှာ နွားကျောင်းရင်း ငါးရှာပြီး ကင်စားဖို့ဆိုပြီး ချောင်းထဲဆင်းပြီး ရေငုတ်တယ်လို့ ပြောပါတယ်။ ရေအနက်ထဲကို ရောက်သွားတော့ အခုလို ဖြစ်တာပါ”ဟု သေဆုံးသူ မောင်ဦးမောင်ဆန်း၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ဦးထွန်းသာလှက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါသေဆုံးသူ မောင်ဦးမောင်ဆန်း၏ အလောင်းအား ယနေ့ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်က င/တပေါင်းကျေးရွာ အနီး ကုလားတန်မြစ်ကမ်းစပ်တွင် ငါးဖမ်းပိုက်တစ်ခုအတွင်းမှ ရရှိခဲ့ကြောင်း သိ၇သည်။

“ ၄ ယောက်ကတော့ ဘာမှမဖြစ်လိုက်ပါဘူး။ အဲဒီ ၄ ယောက်လာပြောလို့ ကျွန်တော့်တူလေးနဲ့ ပျောက်သွားတဲ့ တစ်ယောက်ကို  ရေနစ်ကျန်ခဲ့တယ်ဆိုတာ  သိ၇တာပါ။ သူတို့ ၄ ယောက်ကလည်း ရေအနက်ထဲရောက်သွားတဲ့ သူတွေကို ဆွဲငင်လို့မ၇ခဲ့ဘူးလို့ပြောပါတယ်။”ဟု ဦးထွန်းသာလှက  ဆက်ပြောသည်။

သေဆုံးသူအား ပုဏ္ဏားကျေးရွာ သင်္ချိုင်းတွင် ယနေ့ နေ့လယ်  ၂ နာရီခွဲအချိန်ခန့်တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးနေသူ မောင်ဦးအေးလိူင်အား မိသားစုဝင်များနှင့် ကျေးရွာသားများက လက်ရှိအချိန်ထိ ဝိုင်းဝန်းရှာဖွေနေကြောင်းလည်း သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.