ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား ၄သိန်းကျော် ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 316

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၇/၂ဝ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လသာကျေးရွာမှ စက်တင်ဘာ ၆ ရက်နေ့ ညဉ့် ၁ဝ နာရီခန့်တွင် စိတ်ကြွဆေးပြား ၄၅၄၆၇ဝ ပြားအား ဖမ်းဆီးရမိကြောင်းသိရသည်။

မောင်တောမြို့နယ် မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ လသာကျေးရွာနေ ဆွေယောဒူယောင်း(၄ဝ)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွယ်ရာ မီးဖိုချောင်အတွင်း ထင်းပုံအောက် မြေကြီးထဲမှ ပလက်စတိတ်အိတ်ဖြင့်ထုတ်လျက်WY စိတ်ကြွဆေးပြား ၈၁၇ဝ ပြားနှင့် အဆိုပါ နေအိမ်အရှေ့ဘက်ရှိ ၄င်း၏ သမီးတော်စပ်သူ မမီနာယာ(၂၂)နှစ် အိမ်အားဆက်လက် ရှာဖွယ်ရာ အိပ်ခန်းအတွင်း မြေကြီးထဲမှ ဆာလာအိတ်၂အိတ်ဖြင့်ထည့်လျက် WY စိတ်ကြွဆေးပြား ၄၄၆၅ဝဝ ပြားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ မောင်တောမြို့မရဲစခန်းမှ တာဝန်ရှိသူအာ နိရဥ္စရာ သတင်းဌာနမှမေးမြန်းရာ ၎င်းက “ဖမ်းဆီး ရရှိတာဟုတ်ပါတယ်။ သူတို့က တစ်ဖွဲ့တည်းလို့ပြောလို့ရပါတယ်။ သားအဖတော်စပ်တယ်လို့သိရတယ်။ ဆေးပြားက စုစုပေါင်း  ၄သိန်းကျော်ဆိုတော့ အတော်များများဖမ်းမိတာပါ။ ကျနော်တို့ရဲတပ်ဖွဲ့က အမှုဖွင့် ဆောင်ရွက်နေပါတယ်” ဟုပြောသည်။

ဆက်လက်၍ စစ်ဆေးပေါ်ပေါက်ချက် အရ အပေါင်းအပါများ ဖြစ်ကြသော ပစ္စည်းပိုင်ရှင် င်္ဆီရာဇူအီစ္စလာမ်(ခ) ကိုနို်င်(၄ဝ)နှစ်နှင့် ၄င်း၏ညီဖြစ်သူ ဖွေယော့ဇူအီစ္စလာမ်(၃၈)နှစ်တို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စက်တင်လာလ ၆ ရက်ည ၁၁ နာရီတွင်၄င်းတို့၏ နေအိမ်တွင် င်္ဆီရာဇူအီစ္စလာမ်(ခ) ကိုနို်င်အား ဖမ်းဆီးရမိခဲ့ပြီး ဖွေယော့ဇူအီစ္စလာမ် မှာထွက်ပြေးလွတ်မြောက် သွားကြောင်းသိရသည်။

အဆိုပါ  တရားခံများဖြစ်သော ဆွေယောဒူယောင်းပါ ကျား(၃)ဦး (ဖမ်းမိ ၂၊ ဖမ်းမမိ ၁) တို့အား အမှုအားမောင်တောမြို့မ ရဲစခန်း မယ(ပ)၃၄/၂ဝ၁၉ ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း၊ မမီနာယာအား မယ(ပ)၃၅/၂ဝ၁၉ ၊ မူး/စိတ် ပုဒ်မ ၁၉(က) တို့ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆက်စပ် သတင်းများ