Preview

စစ်ဘေးရှောင်စခန်းမှ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး တုတ်ကွေးဖြစ်၍ သေဆုံး

စက်တင်ဘာ ၁၄/ ၂၀၁၉ | ကြည့်ရှုသူ :1934
မှုခင်း သတင်း

နီမင်းထွန်း
နိရဥ္စရာ၊ စက်တင်ဘာလ၁၄ /၂၀၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နရမ်းရွာကြီးကျေးရွာ စစ်ဘေးရှောင် စခန်းတွင် အသက် ၃နှစ်အရွယ် စစ်ဘေးရှောင်ဒုက္ခသည် ကလေးတစ်ဦး တုတ်ကွေးရောဂါဖြင့် သေဆုံး သွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသော ကလေးသည် မင်းပြားမြို့နယ် လက်ခုတ်ကျေးရွာမှ စစ်ဘေးရှောင်လာသော ဦးထွန်းလင်း၏သမီး မဖြူဖြူချေ ဖြစ်သည်။ ၎င်းကလေးငယ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညည့် ၁၂ နာရီအချိန်ခန့် မင်းပြားမြို့ပြည်သူ့ဆေးရုံးကြီးတွင် သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ နရမ်းကြီးကျေးရွာ စစ်ဘေးရှောင် စခန်းမှ စခန်းတာဝန်ခံ ဦးမောင်သာညွန့်က “စက်တင်ဘာ ၉ ရက်ကတည်းက ကလေး နေမကောင်းဖြစ်တာ။ အဲဒီနေ့ကပြီး ဆေးရုံတင်ခဲ့တယ်။ ဟိုတစ်ရက်နေ့က ဆရာဝန်က စစ်တွေကိုပို့၇မည်လို့ပြောတယ်။ ကျနော်တို့ စစ်တွေပို့ဖိုံ စီစဉ်နေတုန်း ညည့် ၁၂ နင်္ာရီလောက်မှ ဆေးရုံက ဖုန်းဆက်တယ်။ ကလေး တုတ်ကွေးရောဂါနဲ့ ဆုံးသွားပြီလို့ သတင်းပို့ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးကြောင်း နေရပ်စွန့်ခွာထွက်ပြောနေရသော စစ်ဘေးရှောင် ဒုက္ခ ၆ သောင်းခွဲကျော်ရှိပြီး စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားဝတ်နေရေး  အခက်အခဲဖြစ်နေသကဲ့သို့ ကျမ်းမာရေး စောင့်ရှောက်မှု အားနည်းကာ  ဆေးဝါးများလည်း လုံလောက်မှုမရှိဟု သိ၇သည်။

#ကျန်းမာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.